29 01
အပိုင်း (၂၉)
နင့်ကိုစိုးရိမ်လို့
………
ကန်မင်က “သင်ပြပေးပါ”
အသွားမဲ့ထိပ်ချွန်ဓားက အသွားမရှိသောကြောင့် သူက သူ့ချီပင်လယ်ထဲက ချီတွေကို ဓားတစ်လျောက်စီးစေပြီး ထိုးလိုက်သည်။
လင်ရှုက ကြည့်ရုံနဲ့ ဓားကို သွန်းလုပ်ထားတဲ့
ပစ္စည်းကြောင့် ဓားက ပေါင်ရာချီလေးပြီး ချီစီးဆင်းလိုက်တဲ့အခါ ပိူလေးသွားစေတာက
စွမ်းအားကြီးပြိုင်ဖက်နဲ့ တိုက်ခိုက်ဖို့ သင့်တော်တာ သိနိုင်သည်။
လင်ရူက သူသာ ရှောင်ရှောက်နေရာမှာဆို
ဘယ်လိုပြန်တိုက်ခိုက်ရမလဲလို့ တွေးလိုက်မိသည်။
သူသာဆို ပထမဆုံး
ဒီလောက်စွမ်းအားကြီးကြီး ပါလာတဲ့ဓားနဲ့ အထိုးမခံရအောင် ရှောင်မည်။ ထို့နောက် ဒုတိယအနေနဲ့
ဓားထဲစီးနေသည့် ချီလမ်းကြောင်းကို နှောက်ယှက်ဖို့ ကြိုးစားမည်။ ဒီလောက်ဆို သူ့တိုက်ကွက်က ဖရိုဖရဲဖြစ်လောက်ပြီ။ သို့ပေမဲ့ ဒီကိစ္စက
လွယ်ကူတဲ့အရာတော့ မဟုတ်ပေ။
လင်ရှုက တွေးတာရပ်ပြီး တိုက်ပွဲကွင်းပြင်ကို
ပြန်အာရုံစိုက်လိုက်သည်။ ကန်မင်က
ရှောင်ရှောက်ရဲ့ဘယ်ပခုံးကို ချိန်ပြီး ထိုးလိုက်သည်။ ဒီအား၊ ဒီလောက်အရှိန်နှင့် ဒီလောက်အထိ စွမ်းအားပြင်းတဲ့
ဝိဉာဉ်ချီပါနေတာကို မည်သူကမှ ရှောင်နိုင်မယ် မထင်မိပေ။
ရှောင်ရှောက်က တုပ်တုပ် မလှုပ်ပေ။
ကန်မင်က ထိပ်ချွန်ဓားရှည် သူက
ကျောက်စိမ်းပုလွေ စလာကတည်းက သူ အရေးနှိမ့်နေပေမဲ့ ဘာမှအာရုံမစိုက်တဲ့ပုံမျိုးပင်။ အခုချိန်တွင် ကန်မင်က မုန်တိုင်းနှင့်တူပြီး ရှောင်ရှောက်ကတော့ လှေငယ်လေးလိုပင်။
ဓားထိပ်က ဖြတ်ကနဲအလင်းက တိုက်ပွဲဒီရေကို
ရုတ်တရက် တက်လာစေပြီး ရှောင်ရှောက်က ငြိမ်နေရာကနေ
လုံးဝမရှောင်ဘဲ ဓားတည့်တည့် တိုးဝင်သွားသည်။ အဲဒါက ပရိတ်သတ်တွေကို ထိတ်လန့်သွားစေပေမဲ့ ရှောင်ရှောက်က အလကားသက်သက်
သေလမ်းရှာတာ မဟုတ်ဘူးလေ။
မျက်တောင်တစ်ခတ်အတွင်းမှာ သူက ကျောက်စိမ်းပုလွေနဲ့ ကန်မင်ရဲ့ ဓားကို
လွဲရိုက်လိုက်သည်။ ဓားနဲ့ ပုလွေထိခတ်သံနဲ့အတူ
ဝိဉာဉ်စွမ်းအင်လှိုင်းလုံးကြီးက ရုတ်တရက် သူတို့ကိုပါ ရိုက်ခတ်လာ၍ လင်ရှုသည် စပ်ဖျဉ်းဖျဉ်း ခံစားလိုက်ရသည်။ ကန်မင်သည် ထိုအားကို
အနီးဆုံးကနေ တည့်ခံလိုက်ရသည်။
ထိုလှိုင်းလုံး ပျောက်သွားသည်နှင့် သူက ဓားကို ပုလွေနဲ့ထောက်ပြီး မတင်လိုက်သည်။ ခုနက
အားပြင်းလွန်းတဲ့ဓားက သာသာယာယာ မတင်ခံလိုက်ရသည်။
ကန်မင်က ဓားကို ပြန်ဆွဲယူပေမဲ့ ရှောင်ရှောက်
ခွင့်ပြုဦးမှလေ။
သူက ပုလွေကိုလှည့်ပြီး ကန်မင်ရဲ့လက်ကောက်ဝတ်ကို ရိုက်ချလိုက်သည်။ ကန်မင်က ချက်ချင်းပဲ
အကာအကွယ်လုပ်ပြီး ဓားကိူပြန်ဆွဲယူကာ
ထိုးခုတ်လိုက်ပြန်သည်။ ထိုအရာက ကျောက်စိမ်းပုလွေငယ်လေးနှင့်
ဓားကို အံတုနေတဲ့ပုံမျိုးပင်။
ရှောင်ရှောက်က လုံးဝဂရုမစိုက်သလိုမျိုး
သူ့ပုလွေကို ပစ်ထုတ်လိုက်တော့သည်။
ပုလွေရဲ့ဦးတည်ရာသည် ဓားဆီသို့ပင်။ ကန်မင်ရဲ့ဓားက ဝိဉာဉ်ချီတွေ ပြည့်လာတော့သည်။ သို့သော် ထိုအရာကို ပုလွေက ဝင်တိုက်လိုက်သောအခါ လှိုင်းထသလိူမျိုး အကုန်ဖရိုဖရဲ ဖြစ်ကုန်တော့သည်။
လင်ရှု ထိုအချိန်
သတိထားမိသည်က ရှောင်ရှောက်ရဲ့လက်တွေသည် စန္ဒရားတီးတဲ့လက်၊ စစ်တုရင်ကစားတဲ့လက်၊ လက်ရေးလှရေးတဲ့ လက်အမျိုးအစားပင်။ သိူင်းသမားတစ်ယောက်ဖြစ်ဖိူ့ လက်တွေက လှပလွန်းနေသည်။ သို့သော် သူ့ရဲ့ သန်မာဟန်ရှိတဲ့ ခန္ဓာကိုယ်နဲ့ လိုက်ဖက်နေပြန်သည်။
ဝိဉာဉ်စွမ်းအားတွေ
အေးခဲသွားပြီးနောက် မကြာခင်မှာ ထိပ်ချွန်ဓားပေါ်တွင် အက်ရာတွေပေါ်ပြီး နောက်ဆုံး ပျက်ဆီးသွားတော့သည်။ ကျောက်စိမ်းပုလွေသည် သူ့လက်ထဲ ပြန်ရောက်သွား၏။
“ကျေးဇူးတင်ပါတယ် ရောငိးရငိး”
29 02
အစကတည်းက ဒီပွဲက တစ်ဖက်သတ် စိန်ခေါ်ပြီး တိုက်ပွဲမှာ ဉာဏ်အလင်းရယူဖို့ ကြိုးစားခဲ့တာပင်။
တိုက်ပွဲပြီးသွားသည်အထိ လင်ရှုက အံ့အားသင့်နေတုန်းပင်။ သူက အကယ်ဒမီရဲ့
ထိပ်တန်းကျောင်းသားတွေကို တွေ့ခဲ့ရတာဖြစ်၏။ ကန်မင်ကတောင် မယုံကြည်နိုင်စရာဖြစ်နေပြီး ရှောင်ရှောက်ဆို ဒဏ္ဍာရီတွင်နိုင်တဲ့အဆင့်ပင်။
လင်ရှုက အစစ်အမှန်ကမ္ဘာကို ပြန်ရောက်လာတော့သည်။
အလယ်ဘုံအခန်းမှာ
ရှောင်လင်းယန် မရှိတော့ဘဲ လင်းဖုန်းရှောင်တစ်ယောက်ထဲ
မကြည်မသာနဲ့ စာအုပ်သိမ်းနေပုံ ထောက်ရင် သူ့မောင် ဒီနေ့ စာသေချာမလုပ်ဘူး
ထင်၏။
ရှောင်ရှောက်က သူမ မဖြစိနိုင်ဘူးမလား။
လင်းဖုန်းရှောင်က သူ့ကို တွေ့သွားပြီး “လာခဲ့”
သူ တခြားလုပ်စရာရှိမနေတာကို သူမတွေ့သွားတော့
သူ မတတ်နိုင်ဘဲ သွားလိုက်ရတော့သည်။
“ဟွမ်သန်းတောင် ဝင်ခွင့်ကို လက်မခံဘူးလား”
“ဟုတ်တယ်”
ပြောရရင် သူ ထိပ်ဆုံး အယောက်သုံးဆယ်ကို
သေချာပေါက် ရောက်နိုင်သည်။
“ဒီတစ်ကြိမ်ပြီးရင်
တောင်က လုံးဝပိတ်သွားတော့မှာ”
“ဘာလို့လဲ”
“ပုံမှန်ဆို တောင်က
ဒီဇင်ဘာလမှာဖွင့်တာ အခုက အောက်တိုဘာလလယ်ကတည်းက ဝင်လို့ရမယ်” သူမ ကရပ်လိုက်ပြီး “မနေ့ညက တောင်စောင့်က
ကောင်းကင်ကို တက်လှမ်းတော့မယ်လို့ သတင်းရလိုက်တယ်”
ထာဝရအသက်ရဖို့ နောက်ဆုံးအဆင့်ပေါ့။
“ပြောရရင် သူကလွဲပြီး ဘယ်သူကမှ
တောင်စောင့်ဖြစ်ဖို့ အရည်အချင်း မပြည့်မှီဘူး။ အဲတော့
လုံးဝပိတ်သွားလိမ့်မယ်။ အင်းးး
ပြီးတော့ သူက အစွမ်းအထက်ဆုံးပုဂ္ဂိုလ်ကြီးလေ။ သူ့ကြောင့်သာ ပေ့ရှားနဲ့ ရှင်းကျန်းက
အချင်းချငိး အမြင်မကြည်ပေမဲ့ စစ်မဖြစ်ကြတာ သူသာ မရှိတော့ရင် နန်ရှားက အေးချမ်းမှာ မဟုတ်ဘူး။ နင့်ကို ငါစိုးရိမ်တယ်”
******