Ch 28
Viewers 4k

28 01

အပိုင်း (၂၈)


တိုက်ပွဲတစ်ရာ ရှုံးပွဲမရှိ


အဲ့လို ထင်မထားတဲ့ ကြင်နာမှုက သူ့ကို လန့်စေသည်။ လင်းပေါင်ချန်းနဲ့ရှောင်လင်းယန်ကြောင့် လင်းဖုန်းရှောင်က သူ့ကို ဘာလုပ်ချင်သလဲ မသဲကွဲတော့တာမလို့ သူ ထုတ်မေးလိုက်သည်။


“ဘာလို့ ကျွန်တော့်ကိူ ပေးတာလဲ”


လင်းဖုန်းရှောင်က သူ့ကို ကြည့်လာပြီး “နင်သာ တအား သာမန်ဆန်လွန်းနေရင် ငါ အရှက်ရလိမ့်မယ်”


လင်ရှု “?”


သူ သာမန်ဖြစ်တာ ဘာလို့ လင်းဖုန်းရှောင်က ရှက်ရမှာလား။


သူမရဲ့ညအခန်းဖော် စားပွဲခုံဖော်ဖြစ်ဖို့ သတ်မှတ်ချက်တွေ ရှိသေးတာလား။


ထိုင်ခုံဖော်လေး နင်မွဲလွန်းမနေဘူးလား ရော့ရော့ ဟွမ်သန်းတောင်ကို သွားလိုက် ငါ ပြောပေးထားတယ်။


အဲ့လိုလား။


သူ ပြန်ပေးဆပ်စရာမရှိတော့ လက်မခံတာ အကောင်းဆုံးပဲလေ။ အကယ်ဒမီတုံကင်သုံးဆယ်က သိုင်းပညာဆွေးနွေးပွဲရဲ့ ထိပ်ဆုံးအယောက်သုံးဆယ် ရမှာ။ ဆိုးတာက သူ အခုဟိုကောင်မလေးပုံ ဖြစ်နေတာလေ။


သူတို့တွေ အတွေးကိုယ်စီနဲ့သွားကြတာကြောင့် ဘာအသံမှမထွက်တဲ့အတွက် ရှောင်လင်းယန်ကပဲ ဒေါသတကြီး ဖြစ်လာသည်။


သူတို့ဆေးဥယျာဉ်ကို ရောက်တော့ တံခါးပေါ်က စာသားမှာက “ဒြပ်သဘာဝစိုးမိုးမှုအရ ဝိဉာဉ်ဆေးတွေက မီးဒြပ်သဘာဝကြောင့် အားနည်းနိုင်တာမလို့ ဖီးနစ်ဗီလာတပည့်တွေကို ဝင်ခွင့် မပေးပါဘူး”


ပြောရရင် လင်းဖုန်းရှောင် ဆေးမီးဖို မီးညှိကတည်းက သိသည်။ သူပြန်လာလို့ နားရမယ်ထင်ခဲ့ပေမဲ့ ဖီးနစ်ဗီလာက မိန်းကလေးတစ်အုပ်စု ရောက်လာပြီး သူ့အခန်းကို အလှဆင် ပန်းချီတွေချိတ်ပြီး နှစ်ငါးရာမီးတောက် အဆီအနှစ်ကိုပါ ပေးပြီး ထွက်သွားခဲ့သည်လေ။


သူ့သွေးကြောက သုံးမရသလောက်နီးပါးမှန်း လင်းဖုန်းရှောင်က သိနေတော့ ဒီဟာက အပူပေးပစ္စည်းအနေနဲ့ ရေအေးမချိုးရအောင် ဆံပင်အခြောက်ခံရအောင် ပေးသွားတာပေါ့။


လင်ရှုက စဉ်းစားရပြီ။


လင်းဖုန်းရှောင်က ဘာလုပ်ချင်နေတာလဲ။


သူ့ကို ပိုးမွေးသလို မွေးချင်တာလား။


သူ စဉ်းစားရ ကြပ်လာသည်။


သူ့အသက်က နှစ်ဆယ်ကျော်ပေမဲ့ လူမှုပေါင်းသင်းဆက်ဆံရေး အတွေ့အကြုံက ဘာမှမရှိပေ။


သူ တစ်ဖက်လှည့် တွေးပြန်သည်။


တကယ်လို့ လင်းဖုန်းရှောင် ငါ့ကို ပိုးမွေးသလိုမွေးချင်ရင် ငါ ဘာလုပ်လို့ရမလဲ။


တကယ်လို့ လင်းဖုန်းရှောင် ငါ့ကို ပိုးမွေးသလို မမွေးချင်ရင်ရော ငါဘာလုပ်လို့ရမလဲ။


ဘာမှလုပ်လို့ မရဘူးလေ။

28 02

တကယ်လို့ လင်းဖုန်းရှောင် ဆန္ဒရှိရင် သူ ငြင်းလို့ရမှာတဲ့လား။


တကယ်လို့ လင်းဖုန်းရှောင် ဆန္ဒမရှိရင်တော့ သူက မျက်နှာပြောင်တိုက်ပြီး ချမ်းသာတဲ့မိန်းကလေးနား ကပ်နေမဲ့လူ မဟုတ်ဘူးလေ။


သဘောက သူ ဘာမှမလုပ်နိုင်တာနဲ့ သူ ဘာမှမလုပ်မှာ‌ပဲလေ။


ထိုသို့ တွေးလိုက်တော့ သူ့ဘဝက ပြန်အေးချမ်းသွားသလို ခံစားလိုက်ရပြီး သူ စိတ်သက်သာရာ ရသွားတော့သည်။


သူက ရှန်းလင်းအိပ်မက်နယ်မြေထဲဝငိတဲ့ ကျောက်စိမ်းပြားကို ကိုင်ပြီး ခဏလောက် ချီတုံချတုံ ဖြစ်နေခဲ့သည်။ ပြီးနောက် သူက လိုချင်တဲ့ဓား ရောက်ချင်နဲ့ ကျင့်စဉ်အဆင့်တွေကို တွေးပြီး ပြတ်ပြတ်သားသား ဝင်လိုက်တော့သည်။


ပြောရရင် အခုပုံက သူမိနိးမလား ယောက်ျားလားဆိုတာက အပြင်ဘက်အခွံ သက်သက်ပဲလေ။ ပြီးတော့ ဒါနဲ့ဆို သူ့ကို လင်ရှုမှန်း ဘယ်သူမှမသိတော့ဘူးပေါ့။


အရင်တစ်ခါက သူ ပေါက်ကရဖြစ်ပြီး သေချာမလေ့လာလိုက်ရဘူး။ အဆင့်ဇယားက လူတွေရဲ့နာမည်တွေက များပေမဲ့ တစ်ယောက်ယောက်ကို အာရုံစိုက်လိုက်တာနဲ့ သူ့ရဲ့အချက်အလက်တွေ ပေါ်လာပြီး ကျန်တဲ့နာမည်တွေက ပျောက်သွားတော့သည်။


ဆောင်းဦးမြေမှုန့်။


နှစ်ပေရှည်တဲ့ဓားတဲ့ မြန်ဆန်တဲ့တိုက်ခိုက်ပုံ ရှိတယ်။တစ်ရာခုနစ်ဆယ့်လေးပွဲ နိုင်ထားတယ်။ တစ်ရာ့တစ်ပွဲရှုံးပြီး ဆယ့်ခြောက်ပွဲ သရေကျတယ်။ သူ့အဆင့်က ၂၄၅၇မြောက်။


အခုက သူ့နာမည်က ရွှေရောင် လင်းနေသည်။ သဘောက သူအိပ်မက်နယ်မြေထဲမှာရှိပြီး လင်ရှုက သူ့ကို စိန်ခေါ်လို့ရတယ်ဆိုတာပင်။


သူ နှိပ်လိုက်တော့ သူ့နာမည်ထည့်ဖို့ အကွက်တစ်ခု ပေါ်လာသည်။ လင်ရှုက နှစ်ခါမတွေးဘဲ ရေးချလိုက်တော့သည်။


ဝါးခေါက်။


ခဏကျတော့ ကျောက်တုံးပေါ်မှာ စာက ပေါ်လာတော့သည်။ ဝါးခေါက်က ဆောင်းဦးမြေမှုန့်ကို စိန်ခေါ်ပါသည်။


လင်ရှုက သူ ဟွမ်သန်းတောင် ဝင်ခွင့်ရပါ့မလားလို့ တွေးလိုက်မိသည်။


သူသာ အခုပွဲနိုင်ရင် သူ့အဆင့်က ၂၄၀၀လောက် ခုန်တက်သွားမှာ။ ပြီးရင် သူ 1200 က လူကိုစိန်ခေါ် နိုင်ရင် 600 ကို။ ဒါက မော်ဒန်နည်းနဲ့ ဖြတ်လမ်းလိုက်တာပင်။ သူ မော်ဒန်နည်းတွေ မုန်းပေမဲ့ အသုံးဝင်တာကိုတော့ ငြင်းလို့မရဘူး။


ခဏကျတော့ ဆောင်းဦးမြေမှုန့်က လက်ခံပြီး ဆယ့်တစ်ခုမြှောက်ကွင်းမှာ စောင့်နေတာကို သိလိုက်ရသည်။


တိုက်ပွဲကွင်းအလယ်မှာတော့ အပြာရောင်ဝတ်ရုံနဲ့ ဓားသမားက စောင့်နေသည်။ သူ့လက်နက်ရွေးချယ်မှု နှစ်ပေအရှည်ဓားက လင်ရှုရဲ့ သုံးပေရှည်ဓားထက်တိူပြီး အနီးကပ်တိုက်ပွဲတွေမှာ သုံးလေ့ရှိသည်။


လင်ရှုကိုမြင်တော့ သူက ဦးညွှတ်ရင်း “တာအိုရောင်းရင်း”


လင်ရှုကလည်း သူ့လို ပြန်နူတ်ဆက်လိုက်သည်။ “တာအိုရောင်းရင်း”


“ဂိုဏ်းတူညီမ ဖြစ်နေတာပဲ”


လင်ရှု “ဂိုဏ်းတူအစ်ကို”


အိုးက ကွဲပြီးနေပြီလေ။ သူ့ကို ဂိုဏ်းတူညီမလို့ ခေါ်ချင်လည်း ခေါ်ပါစေပေါ့။ ဆရာမုန့် ပြန်ရောက်လာပြီးရင် သူက ဝါးခေါက်မှန်း ဘယ်သူမှ မသိတော့ဘူး။


“သင်ပြပေးပါဦး ဂိုဏ်းတူညီမ” ဆောင်းဦမြေမှုန့်က သူ့ဓားကို ဆွဲထုတ်လိုက်သည်။


“ဂိုဏ်းတူအစ်ကို အရင်စပါ”


ဆောင်းဦးမြေမှုန့်က သူ့ဓားကို ဝေ့ရမ်းပြီး လင်ရှုနားကိူ လျှပ်တပြက် ကပ်လာသည်။ သူ့ဓားက မိုးစက်တွေကို လေကဝေ့လိုက်သလိုမျိုး လှုပ်ရှားသွားပြီး သူ့ဓားအနောက်ကနေ ပုံရိပ်ယောင်တွေကို ပေါ်လာစေသည်။

28 03

လင်ရှုက သူ့၏ဓားကို လျပ်တပြက်ဆွဲပြီး ခုခံလိုက်ကာ သူ့ဓားက ဆောင်း‌ဦးမြေမှုန့်ရဲ့ ဓားနဲ့ပွတ်တိုက်သွားပြီးနောက် အသံကျယ်နဲ့အတူ ပုံရိပ်ယောင်တွေက လွှင့်ပြယ်သွားတော့၏။


“ကောင်းလိုက်တဲ့တိုက်ကွက်”


သူတို့က ပြီးတာနဲ့ တဆက်ထဲ တိုက်ကွက်တွေ ဖလှယ်ကြတော့သည်။


သူ့ဓားက မြန်တယ်။


လင်ရှုကျတော့ မနှေးမမြန်ပဲ။


ဆောင်းဦးမြေမှူန့်ဓားကွက်တွေက ရှူပ်ထွေးပြီး လှပသည်။


လင်ရှုကတော့ ခုတ်တာ ထိုးတာလောက်ပဲ။ ဘာမှ မထူးခြားဘူး။


လင်ရှုက တစ်ဖက်လူတိုက်ကွက်ရဲ့ ‌အားနည်းချက်နေရာကို ရှာပြီး ပိတ်ဆို့ကာ ပြန်တိုက်ခိုက်သည်။


သူ့ကို ဆွဲချနေတဲ့ ခန္ဓာကိုယ်မရှိတာ တအားကောင်းတာပင်။


ဆောင်းဦးမြူမှုန့်ရဲ့ဓားကွက်တွေက ကောင်းပေမဲ့ အားနည်းချက်ကြီးကြီး ရှိ၏။ သူ့တိုက်ကွက်တွေက အားပြင်းတဲ့အပြင် မယုံနိုင်စရာအရှိန်ကို သုံးသည့်အတွက် သူ့ဓားကွက်တွေက စွမ်းအင်စားလွန်းသည်။ တိုက်ကွက်တစ်ရာမှာ မသိသာပေမဲ့ တစ်ထောင်လောက်ကျရင်တော့ သိသိသာသာကြီး နှေးကျလာလိမ့်မည်။


အားနည်းချက်ကို တွေ့အပြီးမှာ ခံစစ်နဲ့ တန်ပြန်နေရာကနေ လင်ရှုက တိုက်စစ်ကို ပြောင်းလာပြီး တစ်ကွက်နှစ်ကွက်ထဲနဲ့ သူ့ဓားဦးကို နှလုံးဆီ တေ့ပေးလိုက်နိုင်ခဲ့သည်။


ဆောင်းဦးမြေမှုန့်က


“ဂိုဏ်တူညီမ သိုင်းပညာက ပိုစွမ်းလွန်းပါတယ်”


ပြောရရင် လင်ရှုက တိုက်ပွဲအတွေ့အကြုံ သိပ်မရှိဘူး။ သဘောက သူသာရှိရင် ဒီထက် မြန်မြန်တိုက်ပွဲပြီးခဲ့မှာလေ။ သူ့ဓားပညာက အရင်ဘဝက သူ့ဆရာနဲ့ကလွဲရင် လေ့ကျင့်စရာမရှိတော့ ဂိုထောင်နောက်မှာ တည်ဆောက်ပြီး ဂိုထောင်ထဲက လုံးဝအပြင်မထုတ်တဲ့ ကားတစ်စီးလိုမျိုး သေချာအလုပ်လုပ်ပါ့မလားဆိုတာ ဘယ်သူမှ မသိသလိုမျိုးပဲ။


ထိုအချိန်မှာ သူတို့ လှမ်းမြင်နိုင်တဲ့ တိုက်ပွဲကွင်းပြင်တစ်ခုထဲကို လူတစ်ယောက်က ဝင်လာသည်။


“ကန်မင်က ရှောင်ရှောက်ကို စိန်ခေါ်ပါတယ်”


လင်ရှုက အဲ့နှစ်ယောက်က ပထမနဲ့ ဒုတိယဆိုတာကို သတိထားမိလိုက်တယ်လေ။


ဆောင်းဦးမြေမှုန့်က “မင်း မသိဘူးလား ကန်မင်က တိုက်ပွဲရူးလေ၊ ရှောင်ရှောက်ကတော့”


သူက ခဏရပ်သွားပြီးမှ “ပြောရရင် ဇာတ်လမ်းအရှည်ကြီးပဲ။ သူက အရင်လကမှ ပေါ်လာပြီး တစ်ယောက်ပြီးတစ်ယောက် သူ့ကို စိန်ခေါ်ကြလို့ ထိပ်ဆုံးရောက်လာတာ။ သူကစပြီး ဘယ်သူ့ကိုမှ စိန်မခေါ်ဖူးဘူး။ ဒါပေမဲ့ တစ်ခါမှ အဆင့်မကျဖူးဘူးလေ”


သူက သက်ပြင်းချပြီး “အခုအထိ သူ့တိုက်ပွဲမှတ်တမ်းက ရှုံးပွဲမရှိဆိုတော့ ဘယ်သူကမှ စိန်မခေါ်တော့ဘူး။ အဲဒီကန်မင်ကလွဲရင်ပေါ့။ ညီမဝါးခေါက် သူတို့တိူက်ပွဲကို ငါ သွားကြည့်မလို့ လိုက်ကြည့်ဦးမလား”


“လိုက်မယ်လေ”


ရှောင်ရှောက်က စိန်ခေါ်ပွဲကို လက်ခံပါသည်။


သူတို့ရောက်သွားတော့ တိုက်ပွဲကွင်းပြင်အလယ်က မီးခိုးရောင်ဝတ်ရုံနဲ့ ထိပ်ချွန်ဓားရှည်ကို ကိုင်ထားတဲ့လူကို တွေ့လိုက်ရသည်။ သူက ကန်မင်ပင်။


ခဏအကြာမှာတော့ လေထဲကနေလွှင့်မြောပြီး လူတစ်ယောက်ပေါ် လာသည်။ သူက အနက်ရောင်ဝတ်ရုံကို ဝတ်ထားပြီး လက်မှာ ကျောက်စိမ်းပုလွေတစ်ချောင်း ကိူင်ထားသည် ။ ခန္ဓာကိုယ်က သေးသွယ်ပြီး လက်တွေက လှပသည်။ သူက မျက်နှာကိုအုပ်ဖို့ ငွေရောင်မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားတဲ့ပုံက လင်ရှုကို နွေခေါင်ခေါင် အင်္ကျီအထပ်ထပ် လုံအောင်ဝတ်တဲ့ လင်းဖုန်းရှောင်ကို သတိရသွားစေသည်။


လင်းဖုန်းရှောင်တဲ့လား။ ယွဲ့မောင်နှမနဲ့ ဆရာမုန့်ဆီကနေ လင်းဖုန်းရှောင် သိုင်းပညာတော်ကြောင်းတွေ ကြားပြီး အကျင့်လည်းတူ သိုင်းပညာလည်းကျွမ်းတဲ့ ဒီလူကို မြင်တော့ ကြောင်သွားတာ နေမှာ။


ဘယ်လိုပြောပြော ရှောင်ရှောက်က ယောက်ျားကြီးလေ။ လင်းဖုန်းရှောင်နဲ့ ဆိုင်စရာအကြောင်း မရှိပါဘူး။


ဒါပေမဲ့ သူကြည့်လေ ရှောင်ရှောက်ကို သဘောမကျ ဖြစ်လေ ဖြစ်လာတော့သည်။


******