Ch 27
Viewers 4k

27 01

အပိုင်း (၂၇)


မီးတောက်အဆီအနှစ်


အကုန်အဆင်ပြေပြီဆိုတော့ လင်ရှုလည်း အိပ်မက်နယ်မြေထဲ ဝင်လိုက်သည်။ သို့သော် အထဲမှာက ဘယ်သူ့ကိုမှ မတွေ့ရသလို ဆရာမုန့်လည်း မရှိဘူး။


သူ အရင်တစ်ခါက ဆရာမုန့် ရပ်နေတဲ့ စင်မြင့်ပေါ် တက်သွားတော့ စာတစ်စောင် တွေ့လိုက်ရသည်။ “တအား မတည်ငြိမ်သေးတဲ့အတွက် ဆရာရှုကျီ လှည့်လည်စစ်ဆေးနေပါတယ်။ တစ်ခုခု အဆင်မပြေတာ မရှိဖို့ ဆုတောင်းပါတယ်”


လင်ရှုက တောင်ထိပ်ကို ပတ်ကြည့်တော့ တစ်ခါမှမမြင်ဖူးတဲ့ လမ်းသွယ်လေးတစ်ခုကို တွေ့လိုက်ရသည်။ သူက ခြုံတွေရှင်းပြီး ထိုလမ်းပေါ် တက်လိုက်သည်။ လမ်းက မြူဆိုင်းနေသလိုဆိုပေမဲ့ လမ်းပေါ်တက်လိုက်တာနဲ့ သူ့မြင်ကွင်းက ရှင်းသွားတော့သည်။


မြူတွေရှင်းသွားတော့ ကြေးမုံတစ်ချပ်ကို မြင်လိုက်ရသည်။ ဒါက ကျိုးထျန်းသိုင်းခြံဝန်းအကြောင်း မိတ်ဆက်မှာ သူဖတ်ဖူးသည်။


လင်ရှုက သူ့အရင်ဘဝကပုံကို ပြန်တွေးတော့ သူ့ပုံက ပြောင်းသွားတော့သည်။ ဒါပေါ့ အကယ်ဒမီဝတ်စုံကတော့ ဝတ်ထားသေးသည်။ မဟုတ်ရင် သူတစ်ယောက်ထဲ ထင်းနေမှာပေါ့။ သူက ကြေးမုံကို တွန်းဖယ်ပြီး ဆက်သွားတော့ မြူကမ္ဘာက ချက်ချင်းပြောင်းလဲသွားတော့သည်။


သူ ဘာမှမမြင်ရခင်မှာတင် အသံတွေ ကြားလာရသည်။


“ဟုန်ရှန်းဇစ်နဲ့ ယန်ရွှမ်ရဲ့ ယှဉ်ပြိုင်ပွဲကစပါတော့မယ်။ တစ်ခါလောင်း ကျောက်စိမ်းဝိဉာဉ်နှစ်ဆယ်ပါ”


“သင်ပြပေးပါ ညီအစ်ကို”


“ညီအစ်ကိုချင်ရဲ့ ရေပြင်ပေါ်ကနဂါးအက နည်းစနစ်က တကယ်ကောင်းတာပဲ”


“ဒီနေ့ အိပ်မက်နယ်မြေက မတည်ငြိမ်တော့ ညီအစ်ကိုမောင်နှမသစ်တွေက နောက်ကျလိမ့်မယ်။ ငါတို့ ကြိုဆိုကြရအောင်”


မြူရှင်းသွားတဲ့အချိန်မှာ အဆင့်ဇယား စီထားတာကို မြင်လိုက်ရသည်၊ ပထမဆုံးလူက ရှောင်ရှောက်လို့ခေါ်ပြီး သူ့နာမည်ကို စာလုံးအကြီးနဲ့ ရေးထားသည်။ ဒုတိယလူနာမည်က ပိုသေးသည်။ ပြီးတော့ တတိယ စတုတ္ထစသည်ဖြင့် ပိုသေးသွားသည်။ ပထမနေရာက နာမည်တင် မကဘူး။ ကျောက်စိမ်းဝိဉာဉ်တွေကိုပါ ဆုအဖြစ် ရနိုင်သည်။ လင်ရှုမှာ ကျောက်စ်မိးဝိညာဉ် ရနိုင်တဲ့လမ်းတစ်ခု ထပ်တိုးသွားပြန်ပြီပြောရမည်။ သူ ငမွဲလေးဖြစ်တော့မှာ မဟုတ်ဘူး။


သူ လှည့်ထွက်ဖို့ ပြင်လိုက်တဲ့အချိန်တွင် တစ်ယောက်ယောက်က သူ့ကို စိုက်ကြည့်နေတာကို သိလိုက်ရသည်။ ခံစားချက် သိပ်မကောင်းသောကြောင့် သူ လှည့်ကြည့်လိုက်တဲ့အချိန်မှာ ပြဿနာကြီးကြီးကို တွေ့တော့သည်။ သူ့ကို အံ့အားတကြီးနဲ့ စိုက်ကြည်နေတဲ့လူဆီမှာ သူ့အရင်ဘဝက မျက်နှာ ရှိနေသည်လေ။


သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တော့ သူ အတော်လန့်သွားသည်။ သူ ဝတ်ထားတဲ့အဝတ်က တအားဖြူဆွတ် လွန်းနေသည်။ ဖြူဆွတ်လွန်းလို့ မိန်းကလေးတွေပဲ ဝတ်မဲ့အမျိုးအစားမျိုး။


“နင်.....” သူ့ကို ကြည့်နေတဲ့လူက ပြောလာသည်။ “နင်သုံးနေတာ ငါ့ခန္ဓာကိုယ် ငါ့ကိုပြန်ပေး”


သူက ဘယ်လိုမှ မိန်းကလေးအဝတ် ဝတ်စရာ အကြောင်းကို မရှိတာ။ ဒါ့အပြင် သူ့ရှေ့ကလူပုံကလည်း သူ အခုလေးတင်မှ သေချာလုပ်ထားတဲ့ ပုံစံနဲ့ အဝတ်နဲ့ သဘောကတော့…


လင်ရှု “မင်းသုံးနေတာလည်း ငါ့ခန္ဓာပဲ”


လင်ရှုမျက်နှာနဲ့လူက “အင်း ငါလည်း ဘယ်လိုပြန်ပေးရမလဲ မသိဘူး။ နင့်ရုပ်က တအားဆိုးမနေရင် ကောင်းမယ်နော်”


သူက ရေပြင်ကို ပြေးကြည့်ပြီး “ရုပ်မဆိုးပေမဲ့ ယောက်ျားကြီး။ ငါ ယောက်ျားခန္ဓာကိုယ်နဲ့ မနေနိုင်ဘူး”


လင်ရှု သွားကြည့်တော့ သူက ဆံပင်တစ်ဖက် ချထားတဲ့ နတ်သမီးလေးလို လှတဲ့ပုံရိပ်ကို မြင်ရပါလေရော။

27 02

အင်းပေါ့လေ။ တစ်ဖက်က မိန်းကလေးဖြစ်မယ် ထင်တယ်။ လှတပတလေး သေချာပြင်ထားပေမဲ့ အခုတော့ ဘယ်ကမှန်းမသိတဲ့ လူဆီ ရောက်သွားပြီလေ။


အဲ့ကောင်မလေးက “အိပ်မက်နယ်မြေမှာ ပြဿနာရှိနေတယ်ဆိုပဲ တစ်ချက်ထွက်ပြီး ပြန်ဝင်ကြည့်ရအောင်” 


လင်ရှု “ကောင်းသားပဲ”


သူက အိပ်မက်နယ်မြေထဲကနေ သူ့အသိစိတ်ကို ခွာလိုက်ပြီး ပြန်ဝင်လိုက်သည်။ ဒီတစ်ခါတော့ ကြေးမုံဆီမရောက်ဘဲ စုဝေးရာနေရာကို ရောက်သွားသည်။ ကောင်မလေးက သူ့ခန္ဓာကိုယ်ကြီးနဲ့ သူ့ကို ကြည့်လာတယ်။ ဘာမှပြောင်းမသွားတော့ ထွက်ပြီး ပြန်ဝင်လို့လည်း မထူးဘူးပေါ့လေ။


အဲ့အချိန်မှာ လူတစ်ယောက်က ရုတ်တရက် ပေါ်လာပြီး အခြေခိုင်တာနဲ့ သူ့ခေါင်းကိူ စမ်းကြည့်ပြီး အော်ရင်း ရေအိုင်ဆီ ပြေးကြည့်တော့တယ်။


“ဘာဖြစ်တာလဲ ငါ့ပုံကိူ ကြည့်ကောင်းအောင် တမင်ပြင်ထားတာ။ ဘယ်လိုလုပ် ဒီလိုသောက်ကတုံး ဖြစ်သွားတာလဲ”


“ဆရာမုန့်ပြောတာတော့ ပြဿနာလေး နည်းနည်းရှိလို့ သည်းခံပေးဖို့ ပြောတယ်လေ”


လင်ရှုက “ငါတော့ ထွက်ပြီ”


လင်ရှုမျက်နှာနဲ့ကောင်မလေးကလည်း “ငါရောပဲ”


တတ်ယလူက “ဒီလို ပတ်ကတုံးပုံကြီး လက်မခံနိုင်ဘူး။ ထွက်ပြီကွာ”


လင်ရှုက အပြင်ကမ္ဘာကို ပြန်လာပြီးနောက် ဆရာမုန့် ပြန်မလာမချင်း လုံးဝမဝင်ဘူးလို့ တွေးလိုက်သည်။


မနက်မိုးလင်းသည်နှင့် ကြက်တွန်တာနဲ့တပြိုင်နက် လင်ရှုက ထုံးစံအတိုင်း ထလာပြီး ကျင့်ကြံ၊ ရေချိုးပြီးနောက် ထမင်းစားဆောင်ကို သွားသည်။


စောနေသေးတယ်ဆိုပေမဲ့ လူနည်းနည်းရှိနေပြီး ထိုကြားမှာ ဖီးနစ်ဗီလာက မိန်းကလေးတစ်စုကို တွေ့လိုက်ရတော့တယ်။ လင်းဖုန်းရှောင် မပါတာသိတော့ သူက စိတ်သက်သာရာရပြီး ထောင့်တစ်ထောင့်မှာ ထိုင်လိုက်တော့သည်။


ပြောရရင် သူက အစားစားတာ နှေးတဲ့လူလို့ ပြောလို့ရသည်။ ဘာလို့ဆို သူက စားနေရင်း အတွေထဲ မျောသွားတတ်တဲ့လူ။ ဒါပေမဲ့ သူ အဲ့အကျင့်ကိုပြင်ဖို့ ချက်ချင်း တွေးမိလိုက်သည်။ အကြောင်းက သူစားတာ တစ်ဝက် မကျိုးခင်မှာပဲ လင်းဖုန်းရှောင်က ကြာစေ့ဆန်ပြုတ်တစ်ပန်းကန်၊ သစ်ကြားသီးနဲ့ မက်မွန်တို့ဟူး တစ်ပန်းကန်နဲ့ လာထိုင်တော့သည်။


လင်ရှု တွန့်သွားပေမဲ့ ကံကောင်းတာက လင်းဖုန်းရှောင်က အစားစားနေတုန်း စကားမပြောအောင် သင်ကြားခံထားရတော့ သူ ဘာမှမကြားရတော့ဘူးပေါ့။


ခဏကြာတော့ ရှောင်လင်းယန်က ရောက်လာပြီး သူ့စားစရာရှိတာကို ထိုင်စားလာသည်။


လင်ရှုက အစားကို ဖြစ်နိုင်သမျှ ‘မြန်မြန်သွပ်’ ပြီး ထရပ်လိုက်သည်။


ဆန်ပြုတ် ကုန်သွားတဲ့ လင်းဖုန်းရှောင်ကလည်း သူမဇွန်းကို ချလိုက်ပြီး


“နင် ဘယ်သွားမလို့လဲ”


လင်ရှု “ဆေးဥယျာဉ်ကို”


ရှောင်လင်းယန်က “သွားဖို့ ယောင်လို့တောင် မတွေးနဲ့။ တုရိုကျန်းယန်က မင်းကို ပေးဝင်မှာ မဟုတ်ဘူး”


လင်ရှုက ရှောင်လင်းယန်ကို ဟောင်နေတဲ့ခွေးလို သဘောထားပြီး ထွက်လာခဲ့တော့တယ်။ ရှောင်လင်းယန်က လင်ရှုကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ပြီး ထလိုက်လာတော့သည်။


အထွက်ပေါက် ရောက်တော့ လေအေးတစ်ချက်အတိုက်မှာ လင်ရှု တုန်သွားမိသည်။ လင်းဖုန်းရှောင်က “ဆံပင်က မခြောက်ဘူး”


လင်ရှု “ကျွန်တော့်မှာ ဝိဉာဉ်စွမ်းအင် မရှိဘူးလေ”


ရုတ်တရက် ဆေးဖော်နည်းမိတ်ဆက် အတန်းတုန်းကလိူ အနီရောင်ဖျော့ဖျော့ ဝိဉာဉ်စွမ်းအင်က သူ့ကို ရစ်ပတ်လာပြီး သူ့ဆံပင်တွေ ခြောက်သွားတော့သည်။


“ကျေးဇူးတင်ပါတယ်”

27 03

“နင်က နေကောင်းတာ မဟုတ်ဘူး။ ကိုယ့်ဘာသာ ဂရုစိုက်တတ်အောင် နေစမ်းပါ” လင်းဖုန်းရှောင်က ပြောလိုက်သည်။ “တစ်ခုခုဆို နင်က အသက်ပါပါမှာ”


“ဟုတ်ကဲ့”


အရင်ဘဝကဆို သူ လုပ်နိုင်တယ်လေ။ ဒါပေမဲ့ သူ့ဆံပင်ကို ဝိဉာဉ်စွမ်းအင်နဲ့ မခြောက်ခဲ့ဘူး။ သူက သေမျိုးတွေကြား နေတာဆိုတော့ တဘက်နဲ့ပဲ သုတ်နေကျ။


အခုကလည်း သူ မလုပ်ချင်လို့ မဟုတ်ဘဲ ဒီကမ္ဘာမှာ ဒရိုင်ယာမှ မရှိတာ။


လင်းဖုန်းရှောင်က သူ့ရဲ့သဘောတူတဲ့ စကားကိုကြားတော့ “မဟုတ်ကဟုတ်ကတွေ”


လင်ရှု “....”


တော်သေးတာက လင်းဖုန်းရှောင်က တခြားကိစ္စကို ဆက်ပြောလာသည်။ “အိပ်မက်နယ်မြေရဲ့ မူမမှန်မှုက ဟွမ်သန့်တောင်ထွတ်ကြောင့်ဆိုပဲ။ ဟွမ်သန့်တောင်ထွတ် ပွင့်နေသ၍ ကောင်းကင်နန်း‌ဆောင်ကလည်း ဖွင့်ထားမှာတဲ့ သွားချင်လား”


ကောင်းကင်နန်းတော်ကို ပိုင်ရှောင်ရှန်းကျေးဇူးကြောင့် သူသိသည်လေ။


ဟွမ်သန့် တောင်ထွတ်က ကောင်းကင်နန်းတော် အောက်ခြေကို ထိနေသည်။ ထိုတောင်ထိပ်မှာ အိပ်မက်နယ်မြေတစ်ခုရှိပြီး အထဲမှာ ညရေတွက်မရတဲ့ ရတနာတွေ ရှိနေသည်။


ဒါပေါ့ အဲ့လိုရတနာတွေကို လွယ်လွယ်တော့ ဘယ်ရပါ့မလဲ။ ဖွင့်ပေးရင်တောင် တုံကင်ရှိတဲ့ အယောက်တစ်ရာပဲ ဝင်လို့ရခြင်းဖြစ်သည်။


ဝင်ခွငိ့ တုံကင်တွေကို တော်ဝင်ခုံရုံးက ထိန်းချုပ်ထားသည်။ အခုသုံးဆယ်ကို အဓိကဂိုဏ်းကြီး သုံးဆယ်ကို အကယ်ဒမီဆီ နောက်သုံးဆယ်ကို ဂိုဏ်းငယ်လေးတွေဆီ ကျန်တဲ့တစ်ဆယ်က တော်ဝင်ခုံရုံးကနေ နန်းတော်တွင်းက တပည့်တွေကိူ ရွေးချယ်ပေးသည်။


လင်ရှု သွားချင်မိသည်။ ဒါပေမဲ့ ဘာလို့ လင်းဖုန်းရှောင်က မေးရတာလဲ။


သူ တွေးနေတဲ့အချိန် လင်းဖုန်းရှောင်က


“နင်သွားချင်ရင် နင့်ကို ဖီးနစ်ဗီလာတုံကင် ပေးမယ်လေ”


အလိုအလျောက် ငြင်းမိလိုက်သည်။ “မလိုပါဘူး ကျေးဇူးပါ”


လင်းဖုန်းရှောင် “ဟင်.....”


လင်ရှု “တကယ် မလိုတာပါ”


လင်းဖုန်းရှောင်က ခေါင်းညိတ်ပြီး “အကယ်ဒမီထဲမှာ နေတာလညိး ကောင်းတာပါပဲ”


လင်ရှုက အသက်ရှုကြပ်သလို ခံစားလာရတော့သည်။


******