17 01
အပိုင်း
(၁၇)
ရတနာခန်းမ
လင်ရှုက
ကျင့်ကြံပြီးတော့ အခန်းနောက်က ကျောက်စိမ်းဇလားထဲကို ကျနေတဲ့ ဝိဉာဉ်စမ်းရေနဲ့
ဆေးကြောလိုက်သည်။ ဘယ်လောက်ကောင်းတဲ့ဟာပဲနေနေ ဒီလိူအချိန်ကြီးကျတော့ ရေက အေးချက်ပင်။ သူ နှာတောင် ချေမိသည်။
သူ
အိပ်ယာကို အမြန်ပြေးသွားပြီး စောင်နဲ့လုံးလို့ ယူလာတဲ့ကျမ်းတွေကို ဖတ်နေလိုက်သည်။
ခဏအကြာတွင် ပင်မအခန်းမှ လင်းပေါင်ချန်း၊
လင်းပေါင်ချင်းနှင့် ယွဲ့မောင်နှမအသံကို ကြားရပြီး ဇာမဏီစံအိမ်က နှစ်ယောက်ကလည်း လင်းဖုန်းရှောင်ကို ရှာရင်း သူ့အခန်းနဲ့ နီးလာသည်။
သူ
နှာထပ်ချေလိုက်ပြီး မနက်စာ သွားစားဖို့ ကြံလိုက်သည်။
သူပဲ
ကံဆိုးတာလား ပြဿဒါးနေ့ ဖြစ်နေလို့ပဲလား မသိပေမဲ့ လင်းဖုန်းရှောင်တို့
မိန်းကလေးတစ်စုနဲ့ သွားတိုးတော့သည်။ သူ ရှောင်သွားချင်ပေမဲ့
လင်းပေါင်ချန်း ဖြတ်တားတာ ခံရပြန်၏။
“လင်ရှု ငါနင့်ကို သုံးရာသီလောက် မတွေ့ရပေမဲ့ မနေ့ကမှ တွေ့ထားသလို ခံစားနေရတုန်းပဲ စကားမစပ် ဒီဝတ်စုံနဲ့
နင့်နဲ့လိုက်သား”
လင်ရှုလည်း
ဘာမှမတတ်နိုင်ပဲ ပြန်ပြောလိုက်ရ၏။ “မင်းတို့လည်း ကြည့်ကောင်းပါတယ်”
မိန်းကလေးတွေ
ကရယ်ပြီး “စကားချိုချိုလေးတွေ ပြောတတ်သားပဲ။ အစ်မကြီး ရှိနေမှတော့
ဘယ်သူကများ သူတိူ့ကိုယ်သူတိူ့ လှတယ်ပြောရဲမှာလဲ”
အဲ့အချိန်မှာ
သူတို့က လင်းဖုန်းရှောင်ရဲ့ဆံပင်ကို ဖြီးလို့ပြီးသွားတော့သည်။
အဲဒါကြည့်ပြီး လင်ရှု တစ်ချက် တောင့်သွားသည်။
လင်းဖုန်းရှောင်က တကယ်လှတာပဲ။ လင်းပေါင်ချန်း လင်းပေါင်ကျင်းတိူ့က လှပေမဲ့
လင်းဖုန်းရှောင်နဲ့ ယှဉ်လို့မရဘူး။
သူက
ခေါင်းခါရင်း မနက်စာစားဖို့နေရာကို ဦးတည်ခဲ့လိုက်သည်။ လမ်းမှာ
ယွဲ့ရို့ဟယ်နဲ့ ယွဲ့ရို့ယွင်တိူ့က လိုက်လာကြပြီး သူ့နဲ့ တစ်ဝိုင်းထဲ ဝင်ထိုင်လိုက်ကြသည်။
ယွဲ့ရို့ဟယ်က
“ညီအစ်ကိုလင် မင်း ဇာမဏီစံအိမ်က မိန်းကလေးတွေနဲ့ ရင်းနှီးလား”
“နည်းနည်းပါ”
“မိုက်လိုက်တာ” ယွဲ့ရို့ဟယ်က အော်ပြီး “ညီအစ်ကိုလင် ကျုပ်ကိုတစ်ယောက်နဲ့ မိတ်ဆက်ပေး”
လင်ရှုရဲ့
ဇဝေဇဝါအမူအရာကို ကြည့်ပြီး သူက “မသိဘူးလား”
လင်ရှု
မသိပါဘူး။ ယွဲ့ရို့ယွင်က “ဘာလဲ”
“နင် နားထောင်မရဘူး”
“ညီအစ်ကိုလင် အနာဂတ်လက်တွဲဖော်ရှာရင် ဇာမဏီစံအိမ်ကိူ စဉ်းစားသင့်တယ်။ အခွင့်အရေးကို အမိအရယူပြီး ဇာမဏီစံအိမ်နဲ့ ဆက်ဆံရေးလုပ်သင့်တယ်။ ဇာမဏီစံအိမ်ရဲ့သမက်က ဆေးတွေ ကျင့်ကြံခြင်းအရင်းအမြစ်တွေ လစ်လပ်နေမှာ မဟုတ်ဘူးလေ။ နှစ်လေးဆယ်စာလောက် ကျင့်ကြံချိန် ပိုတိုသွားလိမ့်မယ်”
လင်ရှုအနေနဲ့ဆိုရင်တော့
အဲဒီလို ဇနီးကို မှီခိုပြီး ကျင့်ကြံခြင်းကို ပိုမြန်အောင်လုပ်မဲ့အစား
နှစ်လေးဆယ်ပဲ ကျင့်ကြံလိုက်ချင်သည်။
စားပြီးတော့
လင်ရှုက ရတနာခန်းမကို ဦးတည်သွားလိုက်သည်။ ရတနာခန်းမက နာမည်အလိုက်
အင်မော်တယ်ရတနာတွေနဲ့ ပြည့်နေတဲ့နေရာပင်။ အထပ်ဆယ်ထပ်ရှိပေမဲ့
ပထမဆုံးသုံးထပ်ကိုပဲ ဝင်ခွင့်ရသည်။ အကယ်ဒမီမှာ
တစ်နှစ်နေပြီးတိုင်း တစ်ထပ် ပိုဝင်ခွင့်ရသည်။
ဆယ်ထပ်မြောက်ကိုပဲ ဘယ်သူ့ကိုမှ ပေးမဝင်တာဖြစ်သည်။
တစ်ကမ္ဘာလုံးမှာ
တွေ့နိုင်သမျှ ရွှေ၊ ငွေ၊ ဆေး၊ လက်နက်၊ ဝိဉာဉ်သားရဲတွေကအစ ရှိသည်။
ဒါပေမဲ့
လိုချင်တာရှိရင် လုပ်ပေးရမှာတွေလည်း ရှိတာပေါ့။
17 02
လင်ရှုအမြင်အရတော့
ရတနာခန်းမက ပွိုင့်လဲလှယ်တဲ့စနစ်လို အလုပ်လုပ်တာပင်။
ပထမထပ်မှာတော့
ကျောက်စိမ်းပြားတွေ ချိတ်ထားတာ တွေ့ရသည်။ အဲဒီအပေါ် ရေးထားတာတွေက ဟယ်ရွီထျန်းနန်းတော်ဝန်းအား လှည်းကျင်းပါ၊
ဝိဉာဉ်သားရဲပိုင်နက်အတွင်းက တိရိစ္ဆာန်များကို ရှင်းလင်းပါ၊ ဆေးပင်ခူးပါ၊
မီးဖိုဆောင်အတွက် အသီးအရွက်လှီးပေးပါတို့လိုပေါ့။ ထိုအရာတွေပြီးရင်
ခက်ခဲမှုအလိုက် ရှန်းလင်းကျောက်စိမ်းဝိဉာဉ်လေးတွေ ရခြင်းဖြစ်သည်။
ကျောက်စိမ်းဝိဉာဉ်တွေက
ဝိဉာဉ်စွမ်းအားပါရုံမကဘဲ အကယ်ဒမီတွင်း ငွေကြေးလည်း ဟုတ်သည်။ ရတနာခန်းမရဲ့
ရတနာတွေနဲ့ လဲလှယ်လို့ရသည်။
လင်ရှုကြည့်လိုက်တော့
ကျောက်စိမ်းဝိဉာဉ်ရနှုန်းတွေကို ကြီးစဉ်ငယ်လိုက် စီထားတာကို တွေ့လိုက်ရသည်။ သာမန်အလုပ်လေးတွေက ကျောက်စိမ်းဝိဉာဉ်ရဖို့ ခက်ခဲသည်။ ဥပမာဆို အသီးအရွက်လှီးပေးတာက နှစ်ရက်မှ ကျောက်စိမ်းဝိဉာဉ်တစ်ခုပင်။
နံရံရဲ့အမြင့်မှာချိတ်လေ
ရတဲ့ ကျောက်စိမ်းဝိဉာဉ်က များလေပဲဖြစ်သည်။
ဥပမာ
အစစ်အမှန်ဆရာသခင် တုလော်အား ကူညီလို့ ဒုတိယ ကောင်းကင်ဆေးစိုက်ခင်းအား ကြည့်ရှုပါ၊
ကီရင်ချိုင့်ဝှမ်း၌ ကီရင်သားပေါက်အကြေးခွံများကို ရှင်းလင်းပါ၊ အစစ်အမှန်ဆရာသခင်
ကျူးထင်းကို ဆေးမီးဖို၌ ကူညီပါနဲ့၊ ဆရာလျုကို စာလိပ်စီစဉ်ကူပါက
တစ်ရက် ဆယ်ခုစီ။
အပေါ်ဆုံးမှာတော့
ကပ်ဘေးဖြေရှင်းရတာတွေ အကယ်ဒမီကို ကူညီရတာတွေ ပြည့်နေပြီး ထောင်ချီရကြသည်။
******