16 01
အပိုင်း
(၁၆)
ချမ်းသာတဲ့
ဇနီး
“ကြည့်ရတာ ငါမသိဘဲ သတင်းမှားရလာမိသလားပဲ” လင်းဖုန်းရှောင်က ဆက်ပြောသည်။ “ဒါပေမဲ့ ကြယ်အစီအရင်ဆွဲနိုင်တဲ့ အရူးကိုတော့ ငါ မကြားဖူးဘူး”
အစ်မကြီးရေ
ပျော့ကွက်ကိုင်မိတာပဲ။
လင်ရှုက
ဒါကို ဘယ်လိုလုပ်ရမလဲ ကြံရတော့သည်။ လင်းဖုန်းရှောင်က “အဲတော့ ဆက်ပါဦး”
လင်ရှုက
“ကျွန်တော်က ရူးနေပေမဲ့ တစ်နေ့မှာ ရုတ်တရက် ပြန်ကောင်းသွားတယ်”
လင်းဖုန်းရှောင်
“ရှားပါးသားပဲ”
လင်ရှုက
“ကျွန်တော်က အကြီးအကဲတွေ ချန်ခဲ့တဲ့စာအုပ်တွေဖတ်ပြီး အဲ့ကြယ်အစီအရင်ကို
ဆွဲနိုင်ခဲ့တာ”
လင်းဖုန်းရှောင်က
သူ့ကျင့်ကြံခြင်းအဆင့်ကို လာစမ်းသပ်ဖို့ လုပ်တော့သည်။ ထိုအခါ သူ့ရဲ့မတည်ငြိမ်တဲ့ သွေးကြောတွေကိုသာ တွေ့တော့သည်။
“ဒီအခြေအနေနဲ့ အကယ်ဒမီကို ဘယ်လိုဝင်လာတာလဲ”
“ကျွန်တော် ဘာမှမလုပ်ခဲ့ပါဘူး။ ဆရာမုန့်က
အာရုံခံနိုင်စွမ်း မြင့်တယ်ဆိုပြီး ခေါ်လာတာပါ”
ဆရာမုန့်
တောင်းပန်ပါတယ်။ ကျွန်တော့်ကယ်နိုင်တာ ဆရာပဲရှိတော့တာပါ။
အဲ့လိုမပြောရင်
သူက မိုးကြိုးပစ်လိူ့ သာမန်ရူပဗေဒနည်းအရ ဒဏ်ရာရတာလို့ ပြောရမလား၊
သူလည်း မျက်နှာ အပျက်ဘယ်ခံချင်မှာလဲ။
“ထားပါ။ နင့်လို အားနည်းတဲ့ ဂျပုလေးက အကယ်ဒမီကို
ဘာဒုက္ခမှတော့ ပေးနိုင်မှာ မဟုတ်ဘူးလေ”
လင်ရှု
“....”
အားနည်းတာကို
သူလက်ခံတယ်လေ။ ဘယ်နားက ဂျပုလေးဆိုတာက ပါလာရတာလဲ။ ဒီမိန်းမ ပါးစပ်က တယ်ဆိုးသကိုး။
“တစ်ခုခု မေးချင်သေးလား”
လင်ရှု
“ဟင့်အင်း”
လင်ရှုက
သူမမေးခွန်းကို စောင့်နေတဲ့အချိန်မှာ လင်းဖုန်းရှောင်က ထရပ်ပြီး “နင့်ဒီနေ့စကားတွေကိုမှတ်ထား
ငါ့ကို လိမ်ရဲမယ်ဆိုရင်တော့”
ပြီးသည်နှင့် သူမက ထွက်သွားတော့သည်။ တံခါးမပိတ်ခင်မှာတော့ “သုံးရက်အတွင်း ဆရာမုန့်ကိုသွားတွေ့ပြီး
အတန်းချိန် စရမယ်”
“အင်း” ဒီတစ်ခါတော့ သူမ တကယ်သွားလိုက်ပြီ။
သူက
ဆေးကြောပြီး အိပ်ယာပေါ်ထိုင်လို့ ကျင့်ကြံခါနီးမှာမှ အတွေးဝင်တော့သည်။
လင်းဖုန်းရှောင်က သူမခင်ပွန်းလောင်းကို ရှာနေတုန်းလား။
အဲ့လို
ဘယ်သူမှ မခံနိုင်လောက်အောင် ဆိုးဝါးတဲ့ ဇနီးလောင်းက ရှာနေမှတော့ ညီအစ်ကိုရေ
သေလိုက်တာကမှ နားအေးဦးမယ်။
သူ့စိတ်ကူးအတွေးတွေကို ဖြတ်ချပြီးတဲ့နောက် သူယူလာတဲ့ကျမ်းကို စကျင့်ကြံတော့သည်။
ကျမ်းအရဆို
နေ့စဉ်ကျင့်ကြံခြင်းကနေ လူတစ်ဦးတစ်ယောက်ရဲ့ သွေးကြောအမြစ်တွေကို ခိုင်မာစေပြီး
သန့်စင်ခြင်းမရှိတဲ့ ခန္ဓာကိုယ်ကိုပါ သန့်စင်ပေးနိုင်တယ်တဲ့။
လင်ရှုက
စိတ်ကို ရှင်းရှင်းထားပြီး ကျမ်းထဲကနည်းအတိုင်း စပြီး အသက်ရှုသည်။
မကြာခင်မှာ တစ်နာရီဟာ ခဏလေးနဲ့ ကုန်သွားသလိုပင်။
သူက
လက်ကိုဆန့်ပြီး ကြည့်လိုက်တော့ လရောင်အောက်မှာ သူ့ရဲ့ ပိန်ကပ်ပြီး
ဖြူဖျော့နေတဲ့လက်ကတော့ ဘာမှပြောင်းမသွားဘူး။ သို့ပေမဲ့ သူ အပူကိူ ခံစားလိုက်မိသည်။ အတိအကျဆိုရင် ရှောက်ယန်နဲ့ ကျုံးချုံး အပ်စိုက် မှတ်နေရာက အကြောတွေက
ချီပမာဏနည်းနည်းကို စုထားနိုင်လိုက်သည်။
သူက
ခဏတွေးလိုက်ပြီး နောက်တစ်ပတ်လှည့်ဖို့ စဉ်းစားလိုက်သည်။ သို့သော် ဒီတစ်ခါမှာတော့ ချီအများစုက အလဟဿ ဖြစ်သွားသည်။
ဒါ
မဖြစ်သင့်ဘူး။
သူက
နောက်နေ့ကျ တစ်ခါထပ်စမ်းဖို့ ကြံလိုက်သည်။
16 02
နောက်နေ့တွင်တော့
လင်ရှုက စောစောနိုးလာသည်။ ပုံမှန်အချိန် မနက်လေးနာရီလောက်ဖြစ်သည်။ သူ ခေတ်သစ်မှာတုန်းကဆို ဒီအချိန်ထပြီး ဓားသိုင်း လေ့ကျင့်နေကျ။ အခု မလေ့ကျင့်တော့တာတောင်
သူ ပုံမှန်နိုးနေတုန်းပင်။
သူ့ညာဖက်လက်က
လုံးဝ အရင်လို ပြန်ဖြစ်သွားပြီဆိုပေမဲ့ သွေးကြော ပိတ်နေတာတချို့ကတော့
ပြန်ပွင့်သွားခဲ့ပြီ။ သူက ထပြီး တစ်ခေါက် ထပ်လှည့်ပတ်လိုက်သည်။
တစ်နာရီကြာပေမဲ့
သူ့သွေးကြောက ဒီအတိုင်းပါပဲ။
လင်ရှု
“...”
ဒါတော့
ဆန်းသွားပြီ။
သူက
မရတာကို အတင်းလုပ်မနေဘဲ နောက်နည်းလမ်းဖြစ်တဲ့ သွေးကြောသွန်းလုပ်နည်းကို စလုပ်သည်။
နာမည်က
ဆန်းနေပေမဲ့ တကယ်ကတော့ ဒါက သူ့သွေးကြောတွေကို
ပြင်ပခန္ဓာကိုယ်လေ့ကျင့်ခန်းလုပ်တဲ့နည်းနဲ့ သန့်စင်တာပင်။
သူ့အခုအခြေအနေနဲ့ တကယ်သင့်တော်သည်။ သို့ပေမဲ့ လေ့ကျင့်ခန်း လုပ်နေတုန်း ချီကို သွေးကြောတစ်လျောက် ဖြတ်စီးဖိူ့တော့
လိုသည်။ အခုတော့ သူ့မှာ ချီ မရှိသေးပင်။
သူက
တောင်ဖက်ကို မျက်နှာမူထားတဲ့ အခန်းမှာနေတာ။ သဘောက
လင်းဖုန်းရှောင်အခန်းနဲ့ ဆန့်ကျင်ဖက်ဖြစ်သည်။
မြင်နေရတဲ့ဝါးတောအလွန်က
လင်းဖုန်းရှောင်ပိုင်နက်လေ။ ယွဲ့ရို့ဟယ်ပြောစကားအရဆို ဝါးပင်တွေရှင်းပြီး
ပျိုနီပန်းတွေ စိုက်သွားကြတယ်တဲ့။ ဇာမဏီစံအိမ်က လူတွေ
သူတိူ့သခင်မလေးနဲ့ ဝါးတောနဲ့က မထိုက်တန်ဘူးလို့ ထင်နေသလားပဲ။ ပျိုနီပန်းတွေအလယ်မှာ
သူက အနီရောင်ဝတ်ထားတဲ့ ပုံရိပ်ကို မြင်လိုက်ရသည်။ သူအံ့ ဩရတာက လင်းဖုန်းရှောင်လည်း ထနေတာပဲ။ ကြည့်ရတာ ဓားသိုင်း လေ့ကျင့်နေတာ
ထင်သည်။
သူမလက်ထဲက
သုံးပေရှည်တဲ့ဓားက မြူတွေကြားမှ ကခုန်နေသလို ရှပ်ပြေးသွားသည်။
ထိုအရာကို ကြည့်ပြီး လင်ရှု ချက်ချင်း သူ့အခန်းထဲပြန်ဝင်ပြီး
ဆက်ကျင့်ကြံတော့သည်။
******