15 01
အပိုင်း
(၁၅)
မီးရောင်ကြားမှ
ယဉ်လှသူ
အငြင်းသန်မောင်နှမက
ရေပက်မဝင်အောင် စကားပြောရတာ ကြိုက်ပေမဲ့ တကယ်တမ်း အစားစားတဲ့အခါမှာတော့
စားနေတုန်း စကားမပြောရဆိုသည့် စည်းကမ်းကို သေချာလိုက်နာပေသည်။
လင်ရှုက
ယွဲ့ရို့ဟယ် သူ့ကို ထမင်းစားခေါ်တာက ယဉ်ကျေးမှုအရ ဖြစ်နေလောက်မယ်လို့ တွေးမိသွားသည်။
တကယ်ဆိုလည်း လင်ရှုက စကားကို ဘယ်အချိန်မှာ ဘာပြောရမယ်ဆိုတာနဲ့ စကားဝိုင်း ဆက်နေအောင်
မလုပ်တတ်ဘူး။ လူတွေနဲ့ ဘယ်လို ပေါင်းသင်းဆက်ဆံရမလဲ မသိဘူး။ အခုဘဝမှာတောင် လူတွေက
သူ့အပေါ် ကောင်းပေးတာ မဟုတ်ရင်တောင် ဆိုးတာလည်း မလုပ်ကြဘူးလေ။ သာမန်အတိုင်း ရောနှောပေါင်းသင်းဆက်ဆံဖို့ကိုလည်း သူ မလုပ်နိုင်နေဘူး။ သူ့အရင်ဘဝကလိုပဲ ပေါင်းသင်းဆက်ဆံတာမရှိဘဲ နေလိုက်သင့်သလား။
သူက
ဆယ့်လေးထပ်ရှိတဲ့ စာကြည့်တိုက်ကို ရောက်လာခဲ့သည်။ ပေါင်ရှောင်ရှန်း ပြောစကားအရဆို
ကွန်ဖြူးရှပ်ဝါဒစာအုပ်တွေက ပထမခြောက်ထပ်မှာ။ ကျောင်းတော်သားစာအုပ်တွေက ခုနစ်ထပ်ကနေ
ကိုးထပ်အထိ ပြီးမှ ကျန်တဲ့ ငါးထပ်က အင်မော်တယ်တာအိုအတွက်ပင်။
သူက
ဆယ်ထပ်မြှောက်အထိ တက်လာပြီးနောက် အသက်ထွက်မတတ် မောနေတော့သည်။ ထိုအပေါ်မှာ တာအိုပစ္စည်းတွေ စာအုပ်တွေ စုံနေအောင်ရှိပြီး
သူ့နေရာနဲ့သူ ထားထားကြသည်။ လင်ရှုလည်း သူလိုချင်တဲ့စာအုပ်ကို
ရှာလိုက်သည်။
သူ
ပထမဆုံးလုပ်သင့်တာက ခန္ဓာကိုယ်သန်မာလာဖို့ပင်။ သူက
သွေးကြောသန့်စင်ကျမ်းကို ကြည့်လိုက်သည်။ ဒီကျမ်းက
ခန္ဓာကိုယ်သန်မာစေအောင် သွေးကြောတွေကို သန့်စင်ပေးတာမျိုးပင်။
သူက ဓားပြန်ကိုင်နိုင်မလားဆိုတာ ဘယ်သူသိမှာလဲ။
အင်မော်တယ်လမ်းစဉ်ကို
လျောက်လှမ်းချင်ရင် အခြေခံတည်ဆောက်ရမည်။ အကောင်းဆုံး အခြေခံတည်ဆောက်နည်းက သွေးကြောတွေ ဖွင့်ဖို့ပင်။
အင်မော်တယ်အဖြစ် ကျင့်ကြံနိုင်စွမ်း ရှိတဲ့လူတွေရဲ့သွေးကြောက အဖြူရောင်ရောနေတဲ့ ကျောက်စိမ်းလိုဖြစ်နေတတ်ပြီး ချီတွေကို လှည့်ပတ်နိုင်စွမ်း ရှိသည်။
သွေးကြောတွေ ပွင့်ပြီဆို ရက်တစ်ရာ အခြေခံတည်ဆောက်ခြင်း လုပ်ရုံပဲ။
တကယ့်ကို သဘောဝက ပေးတဲ့ လက်ဆောင်လိုမျိုးပေါ့။
သို့ပေမဲ့ အဲ့လို မဟုတ်တဲ့လူတွေကတော့ ဆယ်စုနှစ်ချီပြီး သွေးကြောဖွင့်ဖို့ ကြိုးစားရသည်။
ထိုထက် ဆိုးတဲ့လူတွေကတော့ အခွင့်ကောင်းမှမကြုံရင် သာမန်လူအဖြစ်ပဲ
ဘဝဆုံးသွားလိမ့်မည်။ လင်ရှုရဲ့အခြေအနေကတော့ အခုလေးတင် ပြောခဲ့သည့် နောက်ဆုံးလောက် အခြေအနေမျိုးပင်။
သူက
စာအုပ်စင်ကို မွှေနေရင်း တစ်နေရာမှာတော့ ကျင့်ကြံခြင်းအတွက်
သွေးကြောနက်များသန့်စင်ခြင်းဆိုတဲ့စာအုပ်ကို တွေ့သွားတော့သည်။
သူ
ဖတ်ကြည့်တော့ သွေးကြောတွေက သိပ်မကျယ်ဘူးလို့ထင်တဲ့ ကျင့်ကြံသူတွေအတွက်မှန်း သိလိုက်ရသည်။ ထူးထူးဆန်းဆန်း သူ့နဲ့ တအားသင့်တော်နေသည်လေ။ တစ်အုပ်လုံးမှာ အခန်းငါးခန်းပါပြီး အနာကင်းနတ်ဆေး၊ နွေဦးနတ်ဆေး၊ ကျောက်စိမ်းနတ်ဆေး၊
နတ်ဆေးဖော်နည်းနဲ့ အထွေထွေလို့ ခေါ်သည်။
သူ
ပြန်ထွက်လာတော့ ညတောင် ရောက်နေပြီဖြစ်သည်။ ပြောရရင် မြူဆိုင်းကောင်းကင်က ကျောက်စိမ်းကောင်းကင်နဲ့
သလင်းကျောက်ကောင်းကင်တို့နဲ့အတူ ထိပ်ဆုံးမှာ ဆောက်ထားပြီး အလယ်မှာရှိတဲ့
ဟယ်ဇီကောင်းကင်ကို ဝန်းရံနေတဲ့ပုံလေ။ အနားမှာ ကြယ်ရောင်တွေ ဖြာကျနေတဲ့ ရေကန်ရှိပြီး ပိုင်ရှောင်ရှန်းစကားအရဆို ဒါက
ရှင်းလော့ရေကန်ပဲဖြစ်လောက်သည်။
သူက
ရေကန်နဲ့ ကြယ်စုံတဲ့ ညကောင်းကင်အလှကို အားရအောင်ခံစားပြီးမှ သူ့အိပ်ဆောင်ရှိတဲ့
ဝါးတောလေးကို သူ ပြန်သွားလိုက်တော့သည်။ သူက သူ့ဝါးအိမ်လေးရဲ့
တံခါးကိုဖွင့်ပြီး ဝင်လာတော့ အခန်းအလယ်မှာ ထိုင်နေပုံရတဲ့ဆီကနေ အသံထွက်လာတော့သည်။
“ဒီတော့ မင်းက ပြန်လာဖို့ သတိရသေးတယ်ပေါ့”
လင်းဖုန်းရှောင်ရဲ့ အတော်လေး စိတ်မသက်မသာ ဖြစ်နေတဲ့အသံက ထွက်ပေါ်လာတော့သည်။
“အယ်”
သူများအခန်း
မှားဝင်တာလား။
15 02
ဘာလို့လင်းဖုန်းရှောင်က
ဒီရောက်နေရတာလဲ။
သူမက
သူ့များ စောင့်နေတာလား။
အခုအခြေအနေက
အခန်းမှားဝင်တာထက် ဆိုးတာတော့ လင်ရှုသိတယ်လေ။ ဘာလို့ စီနယာအစ်မကြီးက သူ့ကို စောင့်နေရတာလဲ
မသိပေမဲ့ သူမရဲ့စိတ်မရှည်မှုနဲ့ဆို သူတော့ သွားပြီပဲ။
သူက
တွန့်ဆုတ်ဆုတ်နဲ့ “ကျွန်တော့်ကို ရှာနေတာလား”
လင်းဖုန်းရှောင်
“မဟုတ်ရင် ဘာများလဲ”
လင်ရှု
“ဟုတ် ဘာကိစ္စလဲဗျ”
သူမက
ဖယောင်းတိုင်ကို မီးညှိလိုက်တော့ အခန်းက လင်းသွားပြီး မီးရောင်ကြောင့်
တရုတ်ရိုးရာဝတ်စုံဝတ်ထားတဲ့ လင်းဖုန်းရှောင်က ယဉ်ယဉ်လေးနဲ့ လှနေသည်။
သူက
ရုတ်တရက် လင်းဖုန်းရှောင်က လူတွေကို ညဖက်သွားရှာပြီး လုပ်ဖူးတဲ့အပြစ်တွေ
ဝန်ခံခိုင်းတယ်ဆိုတဲ့ဟာကို တွေးမိသွားသည်။
ဒါပေမဲ့
သူမျက်စိနှောက်အောင် မနေခဲ့သလို ယွဲ့ရို့ဟယ်လောက်လည်း စကားမများဘူးလေ။
“မေးစရာရှိလို့” သူတွေးနေတုန်းမှာ လင်းဖုန်းရှောင်က
စကားစလာတော့သည်။
“ဟုတ်”
“နင့်ရွာမှာလေ” လင်းဖုန်းရှောင်က ပြောလိုက်သည်။ “လွန်ခဲ့တဲ့ဆယ်နှစ်က ထူးခြားတာ တစ်ခုခုဖြစ်လား”
လင်ရှုက
ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။ “ကျွန်တော် မသိဘူး”
လင်းဖုန်းရှောင်က
သေချာနားထောင်နေသလိုမျိုး သူမရဲ့ မျက်ခုံးတွေ ပင့်တက်လာသည်။
“ရူးနေတာ”
လင်းဖုန်းရှောင်က
ခါးထောက်လိုက်ပြီး
“နင်ငါ့ကို အရူးလို့ ပြောလိုက်တာလား”
“မဟုတ်ပါဘူး” လင်ရှုက အမြန်ဖြေရှင်းလိုက်သည်။ “အဲဒီအချိန်လောက်က ကျွန်တော်
ရူးသလို ဖြစ်နေခဲ့တာ”
“အခုလည်း သိပ်မထူးပါဘူး” လင်းဖုန်းရှောင်က အေးစက်စက် ပြောလိုက်သည်။
“သဘောက အဲ့တုန်းကအကြောင်း နင် ဘာမှမသိဘူးပေါ့”
လင်ရှု
ခေါင်းညိတ်လိုက်သည်။ သူ တကယ်လည်း မသိဘူးလေ။
******