14 01
အပိုင်း
(၁၄)
ငါးဆားနယ်
နောက်ဆုံးတော့
ယွဲ့ရို့ဟယ်က သူ့ကို လွှတ်ပေးလိုက်တော့သည်။ ညစာကို
ဟေဇယ်ကောင်းကင်မှာ သွားစားဖို့တော့ ဖိတ်လာလေရဲ့။
ပြောရရင်
ယွဲ့ရို့ဟယ်က လူတကာကို အေးစက်စက်ဆက်ဆံတဲ့ အခန်းဖော်မျိုး မဟုတ်ဘူးလေ။ တစ်ခါတလေ
ထငြင်းတာတို့ ဖဲ့သလို ရွဲ့သလိုနဲ့ သူ့နဲ့ငြင်းခုံလာအောင် လမ်းကြောင်းတာတို့တော့ ရှိတာပေါ့။
ပြောရရင် ယွဲ့ရို့ဟယ်က စကားတအားများတယ်လို့ ပြောလို့ရတဲ့ အခြေအနေဆိုပေမဲ့ လင်ရှု ဘာမှပြန်မပြောတာအတွက်
ကသိကအောက်ဖြစ်ပုံတော့ မရှိဘူး။
ယွဲ့ရို့ဟယ်
ထွက်သွားပြီးတော့ လင်ရှုလည်း အကယ်ဒမီဝတ်စုံကို လဲဝတ်လိုက်သည်။
ဝတ်စုံက အောက်ခံအဖြူမှာ အပြာနုရောင်ရောနေပြီး အပြာနုရောင် အပေါ်ဝတ်ရုံပါ ပါသည်။ ထို့နောက် သူ ရောက်တက်ရာရာ တွေးနေရင်း ယွဲ့ရို့ဟယ်
ပြောခဲ့တဲ့စကားကို သတိရလိုက်တော့သည်။
“အစ်မကြီးက လူတွေတွေ့ရတာ များနေတာကွ”
လင်းဖုန်းရှောင်က
လူတွေ အများကြီး တွေ့နေရတယ်ဆိုတဲ့သဘောက တစ်နေ့တစ်နေ့ ဂိုဏ်းဝင်လာတဲ့ လူတွေပဲနေမှာ။ သူ့ကို ဒီအထိ လိုက်ပို့ပေးတာက
မျက်နှာသာပေးတယ် ဆိုတာမျိုးများလားပဲလို့ တွေးမိပေမဲ့ တကယ်တန်းကျ တာဝန်သက်သက်ပဲ နေမှာလေ။
လင်းဖုန်းရှောင်ဆီက သူ ဘာမှမမျှော်လင့်ပေမဲ့ အခုဟာတွေးမိတော့ နည်းနည်းတော့ စိတ်ပျက်မိသလိုပါပဲ။
ညနေကျတော့
ဆည်းဆာနေရောင်အောက်က ကျယ်ပြန့်တဲ့ဝါးတောထဲတွင်…
“ငါတို့က အိပ်မက်ခန်းမက အစိမ်းရောင်ဝတ်တယ်။ ဖီးနစ်အိမ်တော်က အနီ အဲ ဟိုက
ပြာပြာပြာပြာနဲ့ဟာတွေက တောင်ပိုင်းဓားဂိုဏ်းက ငနဲတွေ”
ယွဲ့ရို့ဟယ်က သူ့ညီမ ယွဲ့ရို့ယွင်နဲ့ ဝါးတောထဲ လမ်းလျောက်နေရင်း ပြောလာသည်။
ကျောက်စိမ်းကောင်းကင်က
လူတွေ စည်ကားလှပေမဲ့ မြူဆိုင်းကောင်းကင်ကတော့ အရောင်တွေ ပိုတိုးလာသည်။
ကွန်ဖြူးရှပ်ဝါဒသမားတွေက
သူကောင်းမျိုးတွေ သူတို့ဝတ်ရုံတွေက အင်မော်တယ်တာအိုက လူတွေနဲ့ မတူပေမဲ့ အရောင်ကတော့
လင်ရှုနဲ့တူနေသည်။
ဘယ်လိုပြောပြော
ကန်တင်းမှာကတော့ အကုန်လုံး အတူတူထိုင်နေကြတာက လင်ရှုကို ပိုင်ရှောင်ရှန်းရဲ့
ရှန်းလင်းအကယ်ဒမီရှင်းတန်းကို သွားသတိရစေသည်။
ပြောရရင်
ကွန်ဖြူးရှပ်ဝါဒီတွေနဲ့ထိုင်ရတာက စကားသုံးလေးခွန်းစရင် စတင်ဆွေးနွေးကြတာနဲ့
အဆုံးသတ်တတ်ကြသည်လေ။ တော်သေးတာက
လူတိုင်းက စာပေသမားတွေဖြစ်ပြီး ဓားသမား မပါတာပင်။
သို့ပေမဲ့လည်း သူတို့ဆက်ဆွေးနွေးလိူ့ မနိုင်တော့ရင် တစ်ယောက်ကိုတစ်ယောက် မကျေမချမ်းကြည့်ကြ
ပြီးရင် အင်မော်တယ်တာအိုက သူငယ်ချင်းတွေ ပြေးခေါ်ပြီး
အဲ့နှစ်ယောက်ကို တိုက်ခိုက်ခိုင်း။ နောက်ဆုံးကျ
အကြီးအကဲတွေလက်ထဲ အပြစ်ပေးခံရရော။ အဲဒီကနေ ပြန်ထွက်လာရင်
မှတ်ကြလားဆို မမှတ်ဘူး။ ထပ်ဆွေးနွေးငြင်းခုံ ထပ်ရန်ဖြစ်
ထပ်အပြစ်ခံ တကယ့်သံသရာပဲ။
အခုလည်း
လင်ရှု ထိုင်လိုက်တုန်းပဲရှိသေး။ တစ်ယောက်က တူကိူ ချပြီးပြောလာပြီ။ “ဘယ်အရာမှာမဆို ခေါ်ဆိုဖို့ နာမည်ဆိုတာပေးရတယ်။ ဒါပေမဲ့
ပေးတဲ့နာမည်က မှားနေရင် ပြောတဲ့စကားရော မှန်ပါ့မလား”
သူ့နဲ့ဆန့်ကျင်ဖက်ကလူက
“ကြားတာနဲ့ မြင်တာနဲ့ကိုခွဲခြားသိရမှာပဲ မဟုတ်ရင် ဘယ်လိုလုပ် နားလည်နိုင်ပါတော့မလဲ။ မြင်းဖြူတွေကလည်း မြင်းဖြစ်နေတုန်းပဲလေ”
ယွဲ့ရို့ဟယ်က
“ငါ သူတို့နဲ့ သွားငြင်းဦးမယ်”
“အကြီးအကဲပြောတာ မကြားဖူးဘူးလား။
ကွန်ဖြူးရှပ်ကငနဲတွေကို မနိုင်ရင် သွားမငြင်းနဲ့။ ရှုံးလာရင်
အိပ်မက်ခန်းမ နာမည်ပျက်တယ်”
“ငါ့သိုင်းပညာကိုသုံးပြီး ငြင်းမှာကွ အနိုင်က အနိုင်ပဲ”
“ပါးစပ်နဲ့ ဆွေးနွေးတာမှာ နိုင်ခြင်းရှုံးခြင်း ရှိလို့လားဟဲ့”
“အဲ့လိုမှာ တိုက်ခိုက်လို့ရှုံးရင်လည်း စိတ်ဓာတ်ကကျဦးမယ်။ ငြင်းခုံလို့ရှုံးရင်လည်း စိတ်ဓာတ်ကကျမှာပဲ နင့်အတွက်
အရှုံးချည်းပဲ”
“ငါ့ကိုယ်ငါ ယုံကြည်တယ်။ ပြီးတော့ ယောက်ျားတစ်ယောက်အတွက် ဆယ်နှစ်ဆိုတာ လက်တုန့်ပြန်ဖို့
ကောင်းတဲ့အချိန်ပဲကွ”
“နင်သခင်မလေးလင်းရဲ့ ခွန်အားကို သိတယ်မလား။
အဆင့်ဆယ်ဆင့်ကို ဘာမဟုတ်သလိုတက်တဲ့ အိပ်မက်ခန်းမရဲ့ ပါရမီရှင် သူ့လိုသာဆိူရင်
နင့်ကိုငါလည်း ယုံကြည်မှုရှိမှာပဲ”
“ငါက အခုဆိုရင် သခင်မလေးလင်းနဲ့ တစ်ခြံထဲနေရပြီကွ။
သူ့ဆီကနေ နေ့စဉ်သင်ပြမှုသာရရင် ငါ ဘယ်လောက်တိုးတက်မလဲ။
အဲ့ဒါကြောင့် ငါ့ကိုယ်ငါ ယုံကြည်တာ”
လင်ရှု
“.....”
14 02
သူက
ထိုမောင်နှမ ငြင်းနေတာကို အကြောင်သားပဲ ငေးနိုင်တော့ကာ
အစားအသောက်သာ သွားယူလိုက်တော့သည်။
တကယ်တန်းကျ
ဆရာမုန့်ပြောသလိုဆို “လင်းမိသားစုရဲ့ ဖီးနစ်မလေးက သိုင်းလောကတစ်ခွင် ကျော်ကြားတယ်” တဲ့ သူ့အရင်ဘဝက ကျင့်ကြံခြင်းအဆင့်နဲ့ဆို ဘယ်လိုနေမလဲ သိချင်မိသည်။
သို့ပေမဲ့ ဒီနေ့ ဝါးတောမှာ ဝါးရွက်တွေနဲ့ တိုက်ခိုက်ဖို့ လင်းဖုန်းရှောင် လုပ်ခဲ့တဲ့ပုံအရဆို
သူမ ဓားသုံးတာ မတွေ့ဖူးရင်တောင် သူမရဲ့ ဓားကျွမ်းကျင်မှု အတိမ်အနက်ကို သိနိုင်ပေသည်။
သူ
အစားအသောက်နဲ့ ရောက်လာတဲ့အချိန်အထိ အဲ့မောင်နှမက ရန်ဖြစ်ကောင်းနေတုန်း သူကတော့ တိတ်တဆိတ်နဲ့
စစားပြီး တစ်ဝက်မကျိုးခင်မှာ ယွဲ့ရို့ဟယ်က ကွန်ဖြူးရှပ်ဆိုင်ရာ ခေါင်းစဉ်ကြီး ဆွဲထုတ်လာသည်။
“တကယ်လို့ မင်း အဲ့ထဲ ဝင်ရောချင်ရင် အဝတ်ပါလဲရမယ်။ အိပ်မက်ခန်းမကမှန်း မသိအောင်”
ယွဲ့ရို့ဟယ်က
ဆက်ငြင်းချင်ပေမဲ့ ယွဲ့ရို့ယွင်က “ငါ ဗိုက်ဆာပြီ
ဆက်မငြင်းတော့ဘူး”
သူတို့က
အစားသွားယူပြီး ပြန်လာပြီးစားနေတဲ့အချိန် အရင်စားတဲ့ လင်ရှုက
ပြီးသွားပြီလေ။ သူက ခဏတွေးပြီး စာကြည့်တိုက်ကို
အရင်သွားဖို့ကြံပြီး
“ဒါဆို ငါ စာကြည့်တိုက် အရင်သွားဦးမယ်”
ယွဲ့ရို့ဟယ်က
ပလုတ်ပလောင်းအသံနဲ့
“ဟုတ်ပြီလေ နောက်မှတွေ့မယ်”
“နောက်မှတွေ့မယ်”
******