Ch 18
Viewers 4k

18 01

အပိုင်း (၁၈)

 

ဝါးခေါက်ဓားရှည်

 

လင်ရှုကြည့်လိုက်တော့ အမြင့်ဆုံးတာဝန်တွေက ကျူးလင်နယ်မြေ ပြောင်းလဲနေပါတယ် လူတွေပျောက်နေပါတယ် အကူအညီလိုပါတယ်။

 

ဧကရာဇ်က အခွန်ခကို ပြောင်းချင်နေတယ် အကြံဉာဏ် လိုအပ်ပါတယ်။

 

ရှုရှီမြစ်ရေကြီးပြီး ဆည်ကျိုးပါတော့မယ် ကူညီပါ။

 

ဒါတွေက နန်ရှားတော်ဝင်ရုံးတော်က အကူအညီ တောင်းစာတွေလေ။

 

စာပေရော သိုင်းပညာပါနှံ့စပ်တာက အင်ပါယာအတွက် အထောက်အကူပြုလိမ့်မယ်

 

လင်ရှုက ရုတ်တရက်ပေါ် လာတဲ့အသံနောက်လိုက်ကြည့်တော့ မီးခိုးရောင်ဝတ်ရုံနဲ့လူကို မြင်လိုက်ရသည်။ သူက လင်ရှု လှည့်ကြည့်တာမြင်တော့ ကျုပ်ဘာသာ စကားပြောမိတာပါ စိတ်မရှိပါနဲ့

 

ရပါတယ်

 

ပထမနှစ်လား

 

ဟုတ်ကဲ့

 

ဒါဆိုရင် ညီအစ်ကိုက အစစ်အမှန်ဆရာသခင်တုရိုလို စိတ်ရှည်တဲ့လူ မဟုတ်ရင် ဆရာကွမ်းလျူလို ပြောရဆိုရလွယ်တဲ့လူတွေရဲ့ တာဝန်ကို လုပ်သင့်တယ်

 

ကျေးဇူးပါ

 

“ကိစ္စမရှိပါဘူး

 

လင်ရှုက တုရိုနဲ့ နံပါတ်သုံးဆေးစိုက်ခင်းကို ပြုစုဖို့နဲ့ စာကြည့်တိုက်ဆယ်ထပ်မြှောက်ရဲ့ စာအုပ်တွေကို ဆည်းဆာချိန်တိုင်း ပြန်စီပေးဖို့ဆိုတဲ့ နှစ်ခုကို ရွေးလိုက်သည်

 

ဆေးစိုက်ခင်းကနေ တစ်ရက်ကို ကျောက်စိမ်းဝိဉာဉ်ငါးခု စာအုပ်စီတာကနေသုံးခု သူမှန်းထားတာထက်တော့ နည်းနေသေးသည်

 

သူ လက်နဲ့ကျောက်စိမ်းပြားကိုဖိတော့ ကျောက်စိမ်းပြားက လင်းလာပြီး ဒီတာဝန်ကိူ ယူသွားသည့် လူရှိမှန်းသိအောင် လုပ်ပေးလိုက်သည်

 

ထိုနှစ်ခုက တစ်ရက်ကို နှစ်နာရီလောက် အချိန်ကုန်နိုင်သောကြောင့် သူ အတန်းတက်ရမှာပါ ထည့်တွက်ရင် သူ ထပ်မယူသင့်တော့ဘူး။

 

အကယ်ဒမီမှာ အဆင့်တွေက က ခ ဂ ဃ င အဖြစ် ခွဲထားတယ်။ အဆင့် က ရတဲ့လူတွေက ကျောက်စိမ်းဝိဉာဉ် တစ်ထောင် ခက သူ့တစ်ဝက် ငါးရာ ဂက ခရဲ့တစ်ဝက် ဃ က ဂရဲ့တစ်ဝက် င ကတော့ ဘာမှမရ‌ဘူး။

 

သူလိူတဲ့ လေဟာနယ်ဆေးပင်ရိုင်းနဲ့ ကောင်းကင်သွေးကြောသောက်ဆေးက ကျောက်စ်မိးဝိဉာဉ်နှစ်ရာလောက် လိုသည်ထိုထက် ဈေးကြီးတာတွေကိုတော့ သူ တကယ် မတတ်နိုင်သေးဘူး။

 

သူ တာဝန်လက်ခံပြီး ပြန်အထွက်မှာ ကွန်ဖြူးရှပ်ဝါဒတပည့် တားတာ ခံလိုက်ရသည်

 

ညီအစ်ကို နေပါဦး

 

သူ ရှာနေတာကိူ သိရတဲ့အခါ

 

မြောက်ကိုငြိမ်သက်စေလို့ အနောက်ကို နှိမ်နင်းတယ် မဟာရှားမင်းဆက်ရဲ့ ဂုဏ်သရေကို ပြန်လည်ထိန်းသိမ်းတယ်

 

ထိုနောက်မှာတော့ သူတို့နှုတ်ဆက်လိုက်ကြသည်

 

သူက ဘာကိုမှမသိချင်သလို ဘာကိုမှလည်းင်မပါချင်ဘူး။ ငါးဆားနယ်လေးလိုပဲ ဖြည်းဖြည်းချင်း ကျင့်ကြံလို့ ဆေးတွေဝယ် တတိယထပ်က ကျောက်စိမ်းဝိဉာဉ်တစ်သောင်းနဲ့ ဓားကိုယ်ဖို့ပဲ စိတ်ထဲ ရှိသည်

 

လင်ရှုက ထွက်သွားဖို့ ကြံလိုက်ပေမဲ့ ခဏစဉ်းစားအပြီးမှာတော့ သူက တတိယထပ်ကို တက်သွားလိုက်သည်။ သူဓားကို မြင်ချင်မိသည်

 

နာခန်းမတစ်ခုလုံးက လင်းလက်နေပြီး ဆေးပစ္စည်းတွေ ရတနာတွေ အဆောင်တွေ ဝိဉာဉ်သားရဲတွေနဲ့ ဝိဉာဉ်ဆေးတွေနဲ့ ပြည့်နေ။ ပြောရရင် အရင်ဘဝက ကျင့်ကြံသူရှားပါးတဲ့အတွက် ဒီလိုဟာတွေလည်း သူမရှိသလို သူနဲ့လည်း မရင်းနှီးခဲ့ပေ

18 02

ဒါပေမဲ့ တစ်ခုကတော့ သူ့နဲ့ရင်းနှီး

 

ဓားတွေ။

 

သူ ကြည့်လိုက်တော့ ဓားထောင်ပေါင်းများစွာထဲမှာမှ ထိုဓားကိုပဲ သူ သတိထားမိလိုက်သည်

 

အရှည်သုံးပေ သာမန်ထက်ကျဉ်းတဲ့ဗျက်ရှိတဲ့ ဓားတစ်လက်ပင်။ သေးသွယ်ပါးလျပြီး ထက်ရှတဲ့အသွားနဲ့ ကျန်တဲ့ကိုယ်ထည်ကို ရေခဲသလင်းတွေနဲ့ သွန်းလုပ်ထားသည်

 

သူ့အတွေးကို စကားသံတစ်ခုက ဝင်နှောက်ယှက်လာခဲ့သည်

 

ညီနောင် ဒီဓားကို ကြိုက်လို့လား ပြောလာတဲ့လူရဲ့ဝတ်ပုံကို ကြည့်ရင် တောင်ပိုင်းဓားဂိုဏ်းကပင်။ လင်ရှု ခေါင်းညိတ်ပြတော့

 

ညီနောင်က အမြင်ကောင်းရှိသားပဲ ဒါပေမဲ့ ဒီဓားက ယူနိုင်ဖို့မလွယ်ဘူး မရနိုင်သလောက်အထိလို့ ပြောရမယ်

 

ဘာလို့လဲ

 

ဒီဓားကို ဝါးခေါက်ဓားလို့ ခေါ်တယ် ဈေးက ဝိဉာဉ်ကျောက်စိမ်းသုံးသိန်း

 

သုံးသိန်း လင်ရှုကျောင်းမှာ ဆယ်နှစ်လောက်နေမှ နှစ်သိန်း စုမိလိမ့်မယ်။ သုံးသိန်းတန် ဒီဓားကို သူ ဘယ်လို တတိနိုင်ပါ့မလဲ။

 

ဘာလို့လဲ သိချင်တယ်မလား ဒီဓားကို သွန်းလုပ်ထားတဲ့ပစ္စည်းက တအားရှားတဲ့အပြင် သွန်းလုပ်တဲ့နည်းလမ်းကလည်း အထူးနည်းလမ်းမလို့ ဒီဓားဈေးက တစ်သိန်း ပေးရလိမ့်မယ် ဒါပေမဲ့ သုံးသိန်းဖြစ်ရတာက လွန်တဲ့နှစ်ထောင်ပေါင်းများစွာက ရဲ့ဧကရာဇ်သုံးခဲ့တဲ့ ဓားမလို့ပဲ

 

ရဲ့ဧကရာဇ်က ဘယ်သူလဲ ဘာလို့သူ့‌ဓားဖြစ်တာနဲ့ ဒီလောက်ဈေးတက်ရတာလဲ။

 

ဒါပေမဲ့ ဒီဓားက လူကြိုက်များတယ် ခဏခဏ အခိုးခံရတယ် ဒါပေမဲ့ ပြန်ရောက်လာတာပဲ အဲ့နောက်မှာ ဈေးချရင်းချရင်းနဲ့ အခုဆို တစ်သောင်းနဲ့ရပြိ ဒါပေမဲ့ မယူဖို့အကြံပေးချင်တယ် ဒီဓားက အအေးဓာတ်ကဲပြီး တာအိုနှလုံးသားကို ထိခိုက်နိုင်တယ် နောက်ဆုံးမှာ မီးထဲ ခုန်ချမိလိမ့်မယ် အဲ့လိုမဖြစ်လိူ့ ဓားကို ပြန်အပ်ရင်တောင် မင်းက တစ်ဝက်ဈေးပဲ ပြန်ရမှာ အဲ့တော့ ဂျူနီယာညီနောင်တွေ နှမတွေလာတဲ့အခါ ဒီဓားကိုမယူဖိူ့ အစ်ကိုတို့က လာတားရတာပေါ့ကွာ တခြားဓားပဲရွေး

 

လင်ရှုက ခေါင်းညိတ်ပြီး စီနီယာကို ကျေးဇူးတင်ပါတယ်ဗျာ

 

သူက တခြားဓားတွေကို ကြည့်ဟန်ဆောင်ပြီး မြန်မြန်ပြန်ထွက်လိုက်သည်။ သူ့စိတ်ထဲမှာတော့ ထိုဓားကို လိုချင်နေတုန်းပင်

 

******