Ch 147
Viewers 5k

အခန်း 147 "ဒီလိုကိစ္စမျိူး ထပ်ဖြစ်ပြန်ပြီလား....”


ရေနံတင်သင်္ဘောကြီးတစ်စင်းက အရှေ့ဘက်တွင် ရွက်လွှင့်နေသည်။လိပ်ကြီး နောက်က လိုက်သွားပြီး မီတာထောင်ချီအကွာအဝေးတွင် သူ့ခေါင်းတစ်ဝက်ကို ဖော်ကာ အလေးအနက်ထား၍ ကြည့်လိုက်သည်။


“ဒါက.....ရီရှန်းအုပ်စုရဲ့....ရေနံတင်သင်္ဘော...ဖြစ်ရမယ်.....”


လိပ်ကြီး အမြင်အာရုံ အလွန်ကောင်းမွန်သောကြောင့်မီတာ ၁,၀၀၀ ကျော်အကွာအဝေးမှပင် ရှင်းရှင်းလင်းလင်း မြင်ရသည်။


သင်္ဘော၏ အသေးစိတ်အချက်အလက်များကို ရှင်းလင်းစွာ မြင်နိုင်ရုံသာမက သင်္ဘောပေါ်ရှိ တတံဆိပ်များကိုပင် အလွန်ရှင်းလင်းစွာ မြင်နိုင်သည်။


“ဒါက...ရီရှန်းရဲ့...သင်္ဘောကြီးတစ်စင်း....ဖြစ်တာ....သေချာတယ်”


“ဒါကို.....ကျွန်တော်.... ရှာနေတာပဲ...”


သူ ရေထဲသို့ ငုပ်သွားပြီး ရှေ့သို့ ရေကူးခတ်သွားသည်။ရှေ့တွင် မီတာ ၂၀၀ မှ ၃၀၀ အကွာအဝေးတွက် ရွက်လွှင့်နေသည့် သင်္ဘောကြီးရှိသည်။ လျူယောင်နဲ့တက်ကြွစွာ လိပ်ကြီး ဆက်သွယ်လိုက်သည်။


“သခင်ရေ....ကျွန်တော်က.... ပစ်မှတ်နံပါတ် ၂ နဲ့ နီးနေပြီ....အတည်ပြုပေးပါဦး....”


လိပ်ကြီးရဲ့ မက်ဆေ့ခ်ျကို လက်ခံရရှိပြီးနောက် လျူယောင် သူ့ရဲ့ ပြင်ပအမြင်အာရုံကို လျင်မြန်စွာ ဖွင့်လိုက်သည်။ လိပ်ကြီးက သင်္ဘောတစ်စင်း၏ နောက်က ရေထဲ၌ ပုန်းလျှိုးကွယ်လျှိုးနေတာကို မြင်ရရုံသာမက ရေနံတင်သင်္ဘော၏ အခြေအနေကိုလည်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။


“ဟုတ်တယ်... အဲဒါပဲ... ငါးဖမ်းပိုက်နဲ့ ...သူ့ရဲ့ပန်ကာကို....ပိတ်ဆို့လိုက်ပါ....ပြီးတော့... သူ့ကို လုံးဝ....ရပ်တန့်အောင်... လုပ်လိုက်ပါ....”


“အိုကေဘာ...သခင်..”


လျူယောင် စိုးရိမ်စွာဖြင့် သတိပေးလိုက်သည်။


“သတိထားအူံး....ကိုယ့်ကိုယ်ကိုယ် မထိခိုက်စေနဲ့.....”


လိပ်ကြီးက ပြောသည်-


“သခင်ကလည်း...စိုးရိမ်ဖို့မလိုပါဘူး....ဒီလို အလုပ်မျိုးလုပ်ဖို့က....ကျွန်တော့်အတွက်.... မခက်ပါဘူး.....”


လိပ်ကြီး၏ ရှေ့လက်တစ်ဖက်တွင် လှံကြီးတစ်ချောင်းကို ကိုင်ထားသည်။အခြားလက်တစ် ဖက်တွင် မီတာရာချီရှည်သည့် ငါးဖမ်းပိုက်တစ်ခုကို ဆွဲသွားသည်။


သင်္ဘောကြီးကို ချဉ်းကပ်ပြီးနောက် လိပ်ကြီးက မီတာရာချီရှည်သည့် ပိုက်ကို ရေနံတင်သင်္ဘော၏ ကြီးမားတဲ့ပန်ကာဆီသို့ ပစ်လိုက်သည်။


မကြာမီတွင် ငါးဖမ်းပိုက်မှာ လည်ပတ်နေသည့် ပန်ကာနှင့် ရစ်ပတ်မိပြီး ပို၍တင်းကျပ်စွာ ရစ်ပတ်မိလာသည်။



ရေနံတင်သင်္ဘောပေါ်ရှိ သင်္ဘောသားများမှာတစ်ခုခု မှားယွင်းနေသည်ဟု ခံစားလာရသည်။ အရှိန်တစ်ခုဖြင့် ရွက်လွှင့်နေသည့် သင်္ဘောက တဖြည်းဖြည်း နှေးလာသည်။ ပြီးတော့ သင်္ဘောမောင်းခန်းကနေ အချက်ပေးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။


 မူလက အလိုအလျောက်မောင်းနှင်မှု့ပုံစံတွင် ရှိနေသည်။သို့သော် အချက်ပေးသံ ထွက်ပေါ်လာတဲ့အခါ သင်္ဘောမောင်းခန်းရှိ သင်္ဘောသားများ ထိတ်လန့်သွားကြသည်။အချို့က အော်ဟစ်နေကြသည်။


“ဘာတွေဖြစ်နေတာလဲ..... ချို့ယွင်းမှု့မီးတွေလင်းနေတယ်....”


“ဓာတ်အားပေးစနစ်မှာ...ပြဿနာရှိပုံရတယ်....”


သင်္ဘောမောင်းခန်းတွင် ရှုပ်ထွေးမှု့များရှိပြီးတော့ ဆူညံနေသည်။


လျူယောင်  ပြင်ပအမြင်မှတစ်ဆင့် သင်္ဘော၏ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်ရသည်။ ပြီးတော့ ငါးဖမ်းပိုက်များဖြင့် လုံးဝရစ်ပတ်နေတဲ့ ပန်ကာကိုလည်း သူ မြင်လိုက်ရသည်။


“ဒီလောက်ထူတဲ့ ...ငါးဖမ်းပိုက်နဲ့အနည်းဆုံး အကြိမ်တစ်ရာလောက် ပတ်ထားတယ်...ဆက်လက်ရွက်လွှင့်ဖို့ မစဉ်းစားနဲ့.... နောက်ဘာလုပ်မလဲဆိုတာကို... ကြည့်ကြစို့....” လျူယောင် သူ့ရဲ့စိတ်ထဲတွင် ပျော်ရွှင်စွာတွေးလိုက်သည်။


“လိပ်ကြီး.... မင်း....ခဏနားနိုင်ပြီ.....ဒီသင်္ဘောကို အခု ခဏတော့... လွှတ်ထားလိုက်ပါ...”


လိပ်ကြီး  ပြန်ပြောလိုက်သည်။


“သခင်...ကျွန်တော်... အခု...ဗိုက်ဆာနေတယ်...ဒါကြောင့် အနီးအနားမှာ စားစရာတစ်ခုခု ရှာစားအူံးမယ်.... ကျွန်တော် ဗိုက်ပြည့်သွားရင်..... လာကြည့်ပါ့မယ်....”


“အိုကေ.... သွားပါ....”


လိပ်ကြီး ခေတ္တမျှ ထွက်ခွာသွားသည်။ပြီးတော့ ခဏအကြာတွင် ပြန်လာကြည့်ရန် စီစဉ်ထားသည်။ဒီသင်္ဘောကို လိပ်ကြီးက စောင့်ကြည့်နေမှာ ဒီကနေ ထွက်ခွာဖို့ မစဉ်းစားနဲ့။


သင်္ဘောက ရေပေါ်တွင် လုံးဝရပ်တန့်သွားသည်။ ထိတ်လန့်သွားပြီးနောက် သင်္ဘောပေါ်ရှိ လူများမှာ ပန်ကာတွင် ပြဿနာရှိနေတာကို နောက်ဆုံးတွင် သိသွားခဲ့သည်။


သူတို့ထဲမှ လူတစ်ယောက်ကို ရေငုပ်ဝတ်စုံဝတ်ပြီး အောက်ဆီဂျင်ဘူးကို သယ်ဆောင်ကာ စစ်ဆေးရန် စေလွှတ်ပြီးတော့မှ နောက်ဆုံးတွင် ပန်ကာက ငါးဖမ်းပိုက်တစ်ခုဖြင့် ရစ်ပတ်နေတာကို တွေ့လိုက်ရသည်။



ကြီးမားတဲ့ပန်ကာကို ငါးဖမ်းပိုက်ဖြင့် တင်းကျပ်စွာ ရစ်ပတ်ထားသည်။ ရှင်း ရမည်ဆိုရင်တောင် အလွန်ခက်ခဲသည်။


“မြန်မြန်....ဒီငါးဖမ်းပိုက်တွေကို... ရှင်းဖို့... လူလွှတ်လိုက်.... လူများများ...လွတ်လိုက်ကွာ...”


သင်္ဘောကပ္ပတိန်က အလွန်စိုးရိမ်နေသည်။ မကြာသေးမီက သူ့၏အထက်အရာရှိများထံမှ ခေါ်ဆိုမှု့ကို လက်ခံရရှိထားသည်။အမြန်နှုန်းကို တိုးမြှင့်ရန်နှင့် ဟွာဟိုင်းဆိပ်ကမ်းသို့ တတ်နိုင်သမျှ အမြန်ဆုံးရောက်ရှိရန် တောင်းဆိုထားသည်။ ရန်ကောင်း ကမ်းလွန်ရေနံအုပ်စု၏ ဟွာဟိုင်း ရေနံသန့်စင်ရေးအခြေစိုက်စခန်းကသူတို့သင်္ဘော၏ ရေနံစိမ်းကို စောင့်ဆိုင်းနေကြသည်။


"ဘယ်လောက်ကြာမှာလဲ.... နှစ်နာရီ သို့မဟုတ် သုံးနာရီသာကြာနိုင်လား...ဘာလဲကွာ. ..အရေးထဲ....သင်္ဘောက ရေပေါ်မှာ ပျက်သွားသေးတယ်...."


ကပ္ပတိန် အလျင်အမြန် အမိန့်ပေးလိုက်သည်။


လူအများအပြားက ထိုငါးဖမ်းပိုက်များကို ရှင်းလင်းရန် စေလွှတ်ပြီး နောက်သတင်းပြန့်နှံ့သွားသည်။ တစ်နေ့လျှင် ၂၄ နာရီ ရှင်းလင်းမယ်ဆိုရင်တောင် အနည်းဆုံး သုံးရက်ကြာလိမ့် မည်။


“ဘာ...”


“အနည်းဆုံး...သုံးရက်ကြာမှာလား....”


ကပ္ပတိန်က ကိစ္စမှာအရေးကြီးတယ်ဆိုတာ သိပြီးနောက် ချက်ခြင်း  အစီရင်ခံလိုက်သည်။


.......


မြို့တော်တွင်…


လော့မောင်ယွမ် သတင်းကို ကြားသောအခါ သွေးသုံးလီတာလောက် အန်ထွက်တော့မတတ်ပင်။


“ဒါက...တစ်ခုပြီးတစ်ခု.... ကံမကောင်းတာပဲ..”


နာရီအနည်းငယ်အကြာက ရေနံစိမ်းပို့ဆောင်ရန် အရှေ့အလယ်ပိုင်းသို့ သွားရန် စီစဉ်ထားသည့် တန်ချိန် တသ်သိန်းနှစ်သောင်း ရေနံ တင်သင်္ဘောမှာ စွမ်းအင်ဆုံးရှုံးခဲ့သည်။ ပြီးတော့ အခု တန် နှစ်သိန်း ရှိသည့် ရေနံတင်သင်္ဘောကလည်း ရေပေါ်တွင် ထပ်မံ၍ ပျက်သွားသည်။



အရေးကြီးတာက သင်္ဘောမှာ ရန်ကောင်းကမ်းလွန်ရေနံအုပ်စုမှ လိုအပ်သည့် ရေနံစိမ်းစည် တစ်သန်းကျော်ကို တင်ဆောင်ထားသည်။ ပြီးတော့ ဟဲကျင်းယိုက ၎င်းနှင့်ပတ်သက်၍ မေးမြန်းကာ ကိုယ်တိုင်ဖုန်းခေါ်ဆိုထားသည်။


သူ ဖုန်းထဲကနေသာ ဟောက် နိုင်တော့သည်။


“မင်းတို့...ဘယ်နည်းလမ်းကိုပဲသုံးသုံး...ငါးဖမ်းပိုက်တွေကို... သုံးရက်အတွင်းမှာ အပြီးသတ်ရှင်းလင်းရမယ်.... ပြီးတော့ သင်္ဘောက ဆယ်ရက်အတွင်း ဟွာဟိုင်းမြို့ကို ရောက်ရမယ်....”


“ဟုတ်ကဲ့ပါ....သူဋေး... ကျွန်တော်တို့ တတ်နိုင်သမျှ ကြိုးစားပါ့မယ်... ပြီးတော့ တိုးတက်မှု့တစ်စုံတစ်ရာ ရှိရင် သူဋေးဆီ ချက်ချင်းအစီရင်ခံပါ့မယ်.....”


ဖုန်းကိုချပြီးနောက် လော့မောင်ယွမ်မှာ ဆိုဖာပေါ်တွင် စိတ်ပျက်စွာ ထိုင်လိုက်သည်။ သူ့စိတ်ထဲတွင်လည်း အဖြေရှာမရတဲ့ ပုစ္ဆာလို တွေးမိသည်။

“ဒါက ဘယ်လိုဖြစ်သွားတာလဲ...ပထမသင်္ဘောရဲ့ပန်ကာက သံကြိုးများ နဲ့ ပတ်ထားပြီး ပျက်စီးသွားတယ်....ဒုတိယသင်္ဘောရဲ့ ပန်ကာက လည်းငါးဖမ်းပိုက်များ နဲ့ရစ်ပတ်ထားတယ်...”


“ဒါက.. တိုက်ဆိုင်မှုလား...”


“ဒါမှမဟုတ် တစ်ယောက်ယောက်က ဒီလိုမျိုး လှည့်စားနေတာလား.....”


လော့မောင်ယွမ် အချိန်အတော်ကြာ စဉ်းစားပြီးနောက် ကောက်ချက်ချလိုက်သည်။


" ဒါဟာ တိုက်ဆိုင်မှုဖြစ် လိမ့်မယ်လို့ ယုံကြည်ရန် ရွေးချယ်လိုက်သည်။ တစ်ယောက်ယောက်ကသာ ဒီလိုဟာကို  လျှို့ဝှက်စွာ တစ်ခုခုလုပ်နေတယ်ဆိုပါက ကြောက်စရာကောင်းပေလိမ့်မည်။


တစ်ရက် လျင်မြန်စွာ ကုန်လွန်သွားသည်။


မနက်ဖြန် ရန်ကောင်း ကမ်းလွန်ရေနံအုပ်စုဟာ မည်သည့်ကုမ္ပဏီက လေလံအနိုင်ရသည်ကို တရားဝင်ကြေညာမည့်နေ့ဖြစ်သည်။


ဟဲကျင်းယိုက မနက်ဖြန်နံနက်တွင် နောက်ဆုံးအစည်းအဝေးကို ကျင်းပမည်။ လူတိုင်း၏ တစ်ခုတည်းသော သဘောထားကို ဆုံးဖြတ်နိုင်မည်ဟု မျှော်လင့်ထားသည်။


အငြင်းပွားမှုများ ရှိနေသေးသည်ဆိုပါက သူဆုံးဖြတ်ချက်ချပေလိမ့်မည်။


သေချာစဉ်းစားပြီးနောက် သူ့စိတ်ထဲတွင် အဖြေတစ်ခုလည်း ရှိနေသည်။ သူ ဒီ လုပ် ငန်းကို ရီရှန်းပင်လယ်ရေကြောင်းပို့ဆောင်ရေးအဖွဲ့သို့ လွှဲပြောင်းပေးတော့မည်။


သူ ဂလိုဘဲလ်ကိုလည်း စဉ်းစားခဲ့သည်။သို့သော် ရီရှန်းအဖွဲ့က တည်ထောင်တာစောပြီး ပိုမိုစိတ်ချရတဲ့ ရေနံစိမ်းရေကြောင်းသယ်ယူပို့ဆောင်ရေး စွမ်းရည်များလည်း ရှိသည်။


"ဘုန်း....ဘုန်း....ဘုန်း..."


ထိုအချိန် ရုံးခန်းတံခါး ခေါက်သံ ထွက်ပေါ်လာသည်။သူ့လက်ထောက်က  ဝင်လာပြီး အစီရင်ခံလိုက်သည်။


“ ခေါင်းဆောင်.... ရီရှန်းအဖွဲ့ရဲ့သင်္ဘော ‘ရှင်ဖူကွေ့’ က မလက္ကာရေလက်ကြားအနီးမှာ ပျက်သွားပါပြီ....”


“ဘာ...”


“ဒီလိုကိစ္စမျိူး ထပ်ဖြစ်ပြန်ပြီလား....”


ဟဲကျင်းယိုက ထိုသင်္ဘောကို ကြီးမားတဲ့မျှော်လင့်ချက်များထားရှိခဲ့သည်။ပြီးတော့ ဟွာဟိုင်းမြို့ရှိ ရေနံသန့်စင်ရေးအခြေစိုက်စခန်းတွင် ရေနံစည် တစ်သန်းကျော်လာရောက် သယ်ဆောင်ခြင်းကို စောင့်ဆိုင်းနေသည်။


သူ သေချာအောင် ထပ်မေးလိုက်သည်။


“တကယ်လား...ဒီလိုတကယ်ဖြစ်တာလား..."


“ဟုတ်ပါတယ်.....သင်္ဘောက...တကယ်ကို ပျက်သွားပါပြီ....အတိအကျအကြောင်းအရင်းကိုတော့ ကျွန်တော် ..မသိရသေးပါဘူး....”


ဒါကို ကြားသောအခါ ဟဲကျင်းယို  ခဏစဉ်းစားပြီးနောက် ညွှန်ကြားလိုက်သည်။


“မင်း... အဲဒီသင်္ဘောရဲ့... အခြေအနေကို အနီးကပ်စောင့်ကြည့်နေ....ပြီးတော့ အခြေအနေ  တစ်ခုခု ထူးခြားရင်....ငါ့ကို ချက်ချင်းအစီရင်ခံပါ....”


“ဟုတ်ကဲ့ပါ...ခေါင်းဆောင်..”


ထိုလက်ထောက်က ညင်သာစွာ ပြန်ထွက်သွားသည်။ဟဲကျင်းယို  ဆေးလိပ်တစ်လိပ်ကို ထုတ်ပြီး မီးညှိလိုက်သည်။ နက်ရှိုင်းစွာ တစ်ချက်ရှိုက်လိုက်သည်။ ခဏတာ စဉ်းစားပြီးနောက် စားပွဲပေါ်ရှိ ဖုန်းကို သူ  ကောက်ယူလိုက်သည်။


ဒီကိစ္စက အလွန်အရေးကြီးတာကြောင့်  သူ ပေါ့ပေါ့ဆဆ နေလို့ မရတော့ပေ။


ထို့ကြောင့် ဒီကိစ္စတွင် ကိုယ်တိုင် ဝင်ရောက်စွက်ဖက်ရန် စီစဉ်တော့သည်။