Ch 148
Viewers 5k

အခန်း 148  " လော့မောင်ယွမ်နဲ့ အတူ နိူးလာခြင်း "


လော့မောင်ယွမ်ကို ဟဲကျင်းယို ဖုန်းခေါ်လိုက်သည်။


“မစ္စတာလော့....ခင်ဗျား မြို့တော်မှာ ရှိနေသေးရင်....ကျွန်တော့်ရုံးခန်းကို...ခဏ... လာခဲ့ပါ....”


လော့မောင်ယွမ် လျစ်လျူရှုရန် မရဲပေ။


သူ မည်မျှ အစွမ်းထက်သည်ဖြစ်စေ ဟဲကျင်းယိုရှေ့တွင် ဘာမှလုပ်ရန် မရဲပေ။ ဖောက်သည်က ဘုရားသခင်ဖြစ်သည်။


လော့မောင်ယွမ် တံခါးကိုခေါက်ပြီး ဟဲကျင်းယိုရဲ့ရုံးခန်းသို့ ဝင်လိုက်သည်။


“မစ္စဟဲ.... ခင်ဗျား...ကျွန်တော့်ကို ရှာတာလား...”


ဟဲကျင်းယို လက်ဝှေ့ယမ်းပြလိုက်သည်။


“လာ...လာ...ဒီမှာ ထိုင်ပါ...”


လော့မောင်ယွမ် ဆိုဖာပေါ်ထိုင်ပြီးချိန် တစ်ယောက်ယောက်က ချက်ချင်း လက်ဖက်ရည်ပူကို ဖျော်ပြီး ယူလာပေးသည်။


“မစ္စတာလော့....ခင်ဗျားရဲ့ ‘ရှင်ဖူကွေ့’ မှာ ပြဿနာတစ်ခုရှိတယ်လို့ ကျွန်တော်ကြားတယ်...ဒီလိုကိစ္စမျိုး ရှိသလား....”


လော့မောင်ယွမ်၏ စိတ်နှလုံးတစ်ခုလုံးမှာ အကြောင်းပြချက်မရှိ ခုန်နေသည်။



‘ဟဲကျင်းယိုက တစ်ခုခုကြားပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဖို့ ငါ့ ကို အထူးခေါ်လိုက်တာလား’ ဟု စိတ်ထဲမှ တွေးလိုက်မိသည်။


အခုက အရေးကြီးသည့်အချိန်ဖြစ်သည်။


မနက်ဖြန်တွင် လေလံအနိုင်ရသည့် ကုမ္ပဏီကို ကြေညာမှာ ဖြစ်သည်။ ထို့အပြင် ရန်ကောင်း ကမ်းလွန်ရေနံအုပ်စုက ရေနံစိမ်းစည် တစ်သန်းကျော်ကို စောင့်ဆိုင်းနေသည်။ပြီးတော့ ဟွာဟိုင်းမြို့ရှိ ရေနံသန့်စင်ရေးအခြေစိုက်စခန်းကလည်း ရေနံ လာပို့ဖို့ စောင့်နေသည်။


ရန်ကောင်းကမ်းလွန်ရေနံအုပ်စုမှ လူများက အသေးစိတ်အချက်အလက်များကိုတော့ သိမည်မဟုတ်ပေ။


လော့မောင်ယွမ် လျင်မြန်စွာ ဆုံးဖြတ်လိုက် ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။


“မရှိပါဘူး... ဒီလိုကိစ္စမျိုး လုံးဝမရှိပါဘူး...မစ္စတာဟဲ....ခင်ဗျားက ရေနံစည် တစ်သန်းကျော်အတွက် စိုးရိမ်နေတာလား...”


ဟဲကျင်းယို  ပြန်ပြောလိုက်သည် ။


“ပြဿနာမရှိဘူးဆို ပီးတာပါပဲ ‘ရှင်ဖူကွေ့’က သယ်ဆောင်လာတဲ့ ....ရေနံစိမ်းစည် တစ်သန်းကျော်ကို ....အချိန်မီ ပို့ဆောင်ရမယ် နှောင့်နှေးမှု့ မရှိရဘူး...."


“သေချာတယ်... သေချာပါတယ်... ပြဿနာမရှိပါဘူး” လော့မောင်ယွမ် သူ့ရင်ဘတ်ကို ရိုက်လုနီးနီးပင်။


ခဏတာ စကားပြောပြီးနောက် ပြဿနာမရှိတာကို မြင်သောအခါ ဟဲကျင်းယိုက လော့မောင်ယွမ်ကို ပြန်လွတ်လိုက်သည်။


  လော့မောင်ယွမ် ထွက်သွားပြီးနောက် ဟဲကျင်းယို၏ စိတ်ထဲတွင် တွေးလိုက်မိသည်။


“ အောက်ကလူတွေ မှားယွင်းတာ ဖြစ်ရမယ်...ရီရှန်းအဖွဲ့ရဲ့ "ရှင်ဖူကွေ့" မှာ ပြဿနာမရှိလောက်ဘူးတဲ့.....ငါက.. လန့်သွားတာပဲ....”


လော့မောင်ယွမ်အကြောင်း ပြောကြစို့။


ရန်ကောင်း ရေနံအုပ်စု၏ အဆောက်အအုံမှ ထွက်ခွာပြီးနောက် လက်ကိုင်ပဝါတစ်ထည်ကို ထုတ်ယူပြီး သူ့မျက်နှာပေါ်ရှိ ချွေးစေးများကို ညင်သာစွာ သုတ်လိုက်သည်။


“ဒါက အန္တရာယ်များတယ်....တကယ်.. အန္တရာယ်များတာပဲ...ဟဲကျင်းယိုကို သိစေမိလုနီးပါးပဲ”


သူ့ စိတ်ထဲကနေ တုန်လူပ်စွာ တွေးမိသည်။



လော့မောင်ယွမ် ကားထဲသို့ ဝင်ပြီးနောက်  ဖုန်းကို ထုတ်ယူပြီး ဆက်တိုက်ခေါ် ကာ ပြင်းထန်စွာ အမိန့်ပေးလိုက်သည်။


ပထမအချက်မှာ သတင်းကို ထပ်မံ ပိတ်ဆို့ရန်၊ ဒုတိယအချက်မှာ ရှင်ဖူကွေ့ပေါ်ရှိ လူများကို နေ့ရောညပါ အလုပ်လုပ်ရန်၊ပန်ကာပေါ်ရှိ ငါးဖမ်းပိုက်များကို တတ်နိုင်သမျှ အမြန်ဆုံး ရှင်းလင်းရန်နဲ့ အမြန်ဆုံး ရွက်လွှင့်ရန် အမိန့်ပေးလိုက်သည်။


လျူယောင် အိပ်ရာပေါ်တွင် လဲလျောင်းနေကာအိပ်ဖို့ အဆင်သင့်ဖြစ်နေသည်။


မနက်ဖြန် မနက် ၁၁ နာရီတွင် ရန်ကောင်းကမ်းလွန်ရေနံအုပ်စုက လေလံပွဲတွင် ပါဝင်သည့် ကုမ္ပဏီများကို အစည်းအဝေးခေါ်ယူမှာဖြစ်ပြီး မည်သည့်ကုမ္ပဏီက လေလံအနိုင်ရတယ်ဆိုတာကို ကြေညာမည် ဖြစ်သည်။



ရီရှန်းပင်လယ်ရေကြောင်းပို့ဆောင်ရေးအဖွဲ့မှ ‘ရှင်ဖူကွေ့’ ကတော့  ပင်လယ်ပေါ်တွင်သာ မျောနေသည်။ ရန်ကောင်းကမ်းလွန်ရေနံအုပ်စုမှ လူများ ထိုအကြောင်းကို သိသင့်သည်။


‘ငါလျှို့ဝှက် အစီရင်ခံလိုက်ပြီးရန်ကောင်း ကမ်းလွန်ရေနံအုပ်စုကို အချက်အလက်အချို့တိတ်တဆိတ် ပေးသင့်လား...."


လျူယောင် ခဏတာ စဉ်းစားပြီးနောက် လျှို့ဝှက်အသိပေးရန် အစီအစဉ်ကို ခေတ္တစွန့်လွှတ်လိုက်သည်။ ရန်ကောင်း ကမ်းလွန်ရေနံအုပ်စုကဲ့သို့ ကြီးမားတဲ့ ကုမ္ပဏီတစ်ခုအတွက် လမ်းကြောင်းများစွာ ရှိရမည်။ဖုံးကွယ်ထားရန်မှာ မဖြစ်နိုင်ပေ။


အိပ်ရာခေါင်းရင်းရှိ စာရွက်စာတမ်းကို ကောက်ယူပြီး လျူယောင် ထပ်မံ၍ ကြည့်လိုက်သည်။ ရီရှန်းပင်လယ်ရေကြောင်းပို့ဆောင်ရေးအဖွဲ့ရဲ့ အဓိကရေနံတင်သင်္ဘောအချို့၏ အချက်အလက်များ ရှိသည်။ သူတို့ ဘယ်မှာရှိတယ်၊ ဘာတွေတင်ဆောင်ထားတယ်၊ ဘယ်ကိုသွားနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိနိုင်သည်။


 လော့မောင်ယွမ်အတွက် ပြဿနာ ဖြစ်နိုင်မည်ဆိုပါက အဆင်ပြေသည်။


“လိပ်ကြီး အလုပ်စတော့…”


 လိပ်ကြီး က မလက္ကာရေလက်ကြားတွင် ရီရှန်းအဖွဲ့ရဲ့ ရှင်ဖူကွေ့နှင့်ရေမိုင်ဆယ်မိုင်ပင် မဝေးတဲ့နေရာတွင် အိပ်ပျော်နေသည်။


လုပ်စရာအလုပ်ရှိတယ်လို့ ကြားသောအခါ ရုတ်တရက် စိတ်ဝင်စားသွားသည်။


လျူယောင် ပြောလိုက်သည်။


- “မင်း မလက္ကာရေလက်ကြားကို ပတ်ပြီး အိန္ဒိယသမုဒ္ဒရာထဲကို ဝင်လိုက်..... အိန္ဒိယသမုဒ္ဒရာ လမ်းကြောင်းပေါ်မှာ ရီရှန်းအဖွဲ့ရဲ့ ရေနံတင်သင်္ဘောကြီးတစ်စီးရှိတယ်....အဲဒီ့သင်္ဘောရဲ့ ပန်ကာကို ငါးဖမ်းပိုက်နဲ့ ပတ်ပြီး ရှေ့ကို မရွေ့နိုင်အောင်လုပ်ပါ...”


လိပ်ကြီး စကားတစ်ခွန်းမှ မပြောဘဲ သူ့ရဲ့လှံကြီးကို ကိုင်ဆောင်ပြီး ထွက်ခွာသွားသည်။


မလက္ကာရေလက်ကြားကို ဖြတ်ကျော်ရန် သင်္ဘောအများအပြားအတွက်ဆို ပတ်ပြီး သွားရပေလိမ့်မည်။သို့သော် လိပ်ကြီးအတွက်မူ နာရီအနည်းငယ်သာ ကြာသည်။


“ဘာလို့ သင်္ဘောကို လှံနဲ့ အပေါက်ကြီးအချို့ကို တိုက်ရိုက်မထိုးဘဲ ငါးဖမ်းပိုက်တွေ သုံးဖို့ ရွေးချယ်တာလဲ”


အဓိကအားဖြင့် သင်္ဘောပေါ်ရှိ ရေနံစိမ်းကြောင့်ဖြစ်သည်။



 အပေါက်ကြီးအချို့ကို ဖောက်မိပြီး များပြားလှတဲ့ ရေနံစိမ်းတွေ ပင်လယ်ထဲသို့ ဝင်သွားမည်ဆိုပါက ကြီးမားတဲ့ ညစ်ညမ်းမှုကို ဖြစ်ပေါ်စေလိမ့်မည်။ လျူယောင်က ထိုသို့သော အခြေအနေမျိုးကို ဖြစ်ချင်စိတ်မရှိပေ။


သင်္ဘော၏တည်နေရာနှင့် လမ်းကြောင်းကို လိပ်ကြီးကို ပြောပြပြီးနောက် သူ စိတ်အေးချမ်းသာစွာ အိပ်လိုက်သည်။


 လိပ်ကြီး ပစ်မှတ်သို့ ရောက်ရှိသောအခါ လျူယောင်ကို အသိပေးရန် ကိုယ်တိုင်ပြောလိမ့်မည်။


လိပ်ကြီး ရပ်တန့်မနေဘဲ ပစ်မှတ်ဆီသို့ ကူးခတ်နေသည်။


 မြို့တော်မှာတော့ မိုးလင်းနေသည်။အချိန်ကွာခြားမှုကြောင့် လိပ်ကြီး ရှိတဲ့ ပင်လယ်ရေပြင်တွင် မှောင်နေဆဲဖြစ်သည်။


ပစ်မှတ်နှင့် နီးကပ်နေတော့ လိပ်ကြီး ရပ်လိုက်သည်။ခေါင်းတစ်ဝက်ကို ပင်လယ်ပေါ်တွင် ဖော်ထားပြီးရွက်လွှင့်နေတဲ့သင်္ဘောကို အချိန်အကြာကြီး စိုက်ကြည့်နေသည်။


“သခင်ကို အသိပေးဖို့ မလိုပါဘူး...သူ အိပ်ပျော်နေတယ်ထင်တယ်...အလုပ်ပြီးတဲ့အထိ စောင့်လိုက်မယ်...”


ဆုံးဖြတ်ချက်ချပြီးနောက် လိပ်ကြီး သင်္ဘောနားသို့ ကူးသွားသည်။ လမ်းတစ်လျှောက်တွင် ငါးဖမ်းပိုက်ကြီးအချို့ကို စုဆောင်းခဲ့ ပြီးတော့ သင်္ဘောရဲ့ပန်ကာပတ်ပတ်လည်တွင် အားလုံးကို ရစ်ပတ်လိုက်သည်။


  အလိုအလျောက် ရွက်လွှင့်နေတဲ့သင်္ဘောမှာ ရုတ်တရက် ရပ်သွားကာ သင်္ဘောမောင်းခန်းတွင် အချက်ပေးသံများ ကျယ်လောင်စွာ ထွက်ပေါ်သည်။ တာဝန်ကျနေတဲ့ သင်္ဘောမောင်းသူနှစ်ဦးက ထိတ်လန့်သွားသည်။


မကြာမီတွင် သင်္ဘောပေါ်ရှိ သင်္ဘောသားများအားလုံး နိုးလာကြသည်။



သူတို့က သင်္ဘော လုံးဝရပ်တန့်သွားတာကို တွေ့သွားရုံသာမက သင်္ဘော နောက်ပိုင်းမှ တိုးညှင်းတဲ့အသံများကိုလည်း ကြားလိုက်ရသည်။ထို အသံမှာ ရေအောက်မှ လာတဲ့ အသံနှင့်ဆင်တူသည်။


လိပ်ကြီး  သင်္ဘောရဲ့ပန်ကာကို ငါးဖမ်းပိုက်ဖြင့် ရစ်ပတ်ပြီး အနည်းငယ် စိုးရိမ်သောကြောင့် လှံကြီးဖြင့် ပန်ကာကို ထပ်ခါတလဲလဲ ပြင်းထန်စွာ ထိုးလိုက်သည်။


    ပြီးလုနီးပါးဖြစ်တယ်လို့ လိပ်ကြီး ခံစားရတဲ့ အခါ ဆက်လက်မထိုးတော့ဘဲ အလျင်အမြန် ထွက်ခွာလာခဲ့သည်။


လျူယောင် မနက်တွင် လိပ်ကြီးကြောင့် အိပ်ရာမှ နိုးလာခဲ့သည်။


“သခင်ရေ....ခင်ဗျား....ကျွန်တော့်ကို ပေးထားတဲ့ အလုပ်ကို ....ကျွန်တော်... ပြီးမြောက်ပါပြီ..."


လိပ်ကြီး အခြေအနေကို အတိုချုပ်ရှင်းပြလိုက်သည်။ သင်္ဘောရဲ့ပန်ကာကို ငါးဖမ်းပိုက်များဖြင့် ရစ်ပတ်ထားယုံသာမက လှံကြီးဖြင့်လည်း ထိုးလိုက်ကာ ပန်ကာမှာ ပြင်းထန်စွာ ပုံပျက်စေသည်။ပတ်ထားတဲ့ ငါးဖမ်းပိုက်များအားလုံးကို ရှင်းလင်းရင်တောင် ဆက်လက်ရွက်လွှင့်ဖို့ဆိုတာ မဖြစ်နိုင်တော့ပေ။



လိပ်ကြီး ရှင်းပြတာကို နားထောင်ပြီးနောက် လျူယောင် ပျော်ရွှင်သွားသည်။ လိပ်ကြီးကို ချီးကျူးပြီးနောက် သူ အိပ်ရာမှထလိုက်သည်။


     လိပ်ကြီးကြောင့် လျူယောင် အိပ်နေတာမှ နိူးလာပြီး လော့မောင်ယွမ်ကတော့  ဖုန်းခေါ်ဆိုမူ့ များစွာကြောင့် နိူးလာခဲ့သည်။