Ch 146
Viewers 5k

အခန်း 146 "  ကျွန်တော်တို့ရဲ့သင်္ဘောပန်ကာက ပိတ်နေတယ်....”



ထိုအချိန်…


ရွက်လွှင့်နေတဲ့ သင်္ဘောမှာ ဖြည်းဖြည်းချင်း ရပ်သွားသည်။ပွတ်တိုက်သံတစ်ခု ရှိပုံရသည်။


ကပ္ပတိန်ကောင်းကျန်းဝူက တစ်ခုခု မှားယွင်းနေတာကို ခံစားရပြီး ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။


“ဘာတွေဖြစ်နေတာလဲ.... ဘာတွေဖြစ်နေတာလဲ...”


အခြားသူများမှာလည်း ထူပူနေကြသည်။ ဘယ်လိုဖြစ်နေတယ်၊ ဘာဖြစ်နေတယ်ဆိုတာ သူတို့  မသိကြပေ။


သင်္ဘောမောင်းနေသူတစ်ဦးက ဇဝေဇဝါဖြင့် ပြောလိုက်သည်။


“ကပ္ပတိန်...ဓာတ်အားပေးစနစ် ချို့ယွင်းမှု့ အချက်ပြမီးက လင်းနေတယ်...ဓာတ်အားပေးစနစ်... ချို့ယွင်းနေတာ ဖြစ်နိုင်ပါတယ်....”


“ချက်ချင်း...လူလွှတ်ပြီး စုံစမ်းလိုက်.....ဘာပြဿနာရှိလဲလို့.... "


သင်္ဘောပေါ်ရှိ လူများ အလုပ်ရှုပ်သွားသည်။လူအများအပြား ပါဝင်သည့် ရှာဖွေရေးအဖွဲ့ မှာစက်ခန်းသို့ သွားရောက်ပြီး စစ်ဆေးမှုများစွာကို ပြုလုပ်နေသည်။


  တစ်နာရီကျော်ကြာပေမဲ့ သူတို့ မည်သည့်ပြဿနာကိုမျှ မတွေ့ကြပေ။အဘယ်ကြောင့်ဆိုသော် ချို့ယွင်းမှု့အချက်ပြမီး လင်းနေသည်မှလွဲ၍ မည်သည့်ပြဿနာမှ ရှိပုံမရပေ။


“ကပ္ပတိန်...အရမ်းထူးဆန်းနေတယ်...ကျွန်တော်တို့ရဲ့...ဓာတ်အားပေးစနစ်မှာ...ပြဿနာမရှိဘူး... ဒါပေမဲ့ ချို့ယွင်းမှု့မီးက လင်းနေတယ်....”


“ကျွန်တော်တို့ ဓာတ်အားပေးစနစ်ကို ပြန်ဖွင့်ဖို့ ကြိုးစားကြည့်မယ်ဆိုရင် ဘယ်လိုလဲ....ကပ္ပတိန်.... ဘယ်လိုထင်လဲ...”


“ပြန်ဖွင့်ဖို့...ကြိုးစားလိုက်ပါ....”


ထို့ကြောင့် သူတို့ သင်္ဘော၏ ဓာတ်အားပေးစနစ်ကို ပြန်လည်စတင်ရန် ကြိုးစားခဲ့သည်။ မအောင်မြင်ခဲ့ပေ။ နောက်ဆုံးတွင် ဘာတွေဖြစ်နေလည်းဆိုတာကို နားလည်သွားသည်။


တစ်ယောက်က ပြောလိုက်သည်။


“ကပ္ပတိန်....ကျွန်တော်တို့ရဲ့သင်္ဘောပန်ကာက ပိတ်နေတယ်....”


“ဘာ”


“ပန်ကာက ပိတ်နေတယ်ဟုတ်လား...”


ဤသည်မှာ တန်ချိန် တစ်သိန်းနှစ်သောင်း ရှိသည့် ပင်လယ်ရေနံတင်သင်္ဘောဖြစ်သည်။ ပန်ကာ၏ ကိုယ်ထည်က အထပ်နှစ်ထပ်အဆောက်အအုံထက် ပိုမြင့်သည်။ ထိုမျှလောက်ကြီးမားသည့် ပန်ကာကို ဘာက ပိတ်ဆို့နိုင်တာလဲ။



ကောင်းကျန်းဝူ ထိုအချက်ကို လက်ခံချင်စိတ်မရှိပေ။သို့သော် ထိုအခြေအနေတွင် ပန်ကာမှာပိတ်နေပုံရသည်။ အကူအညီမဲ့စွာဖြင့် သူက လူတစ်ယောက်ကို ရေငုပ်ဝတ်စုံဝတ်ရန်နှင့် ကျောတွင် အောက်ဆီဂျင်ဘူးကို လွယ်ရန် စီစဉ်ပေးပြီး စစ်ဆေးရန် ဆင်းခိုင်းရပေသည်။


“ကပ္ပတိန်....ပန်ကာက တကယ်ကို ပိတ်နေပါတယ်”


စစ်ဆေးရန် ဆင်းသွားသည့် ရေငုတ်သမားက ကုန်းပတ်ပေါ်သို့ တက်သည်နှင့် ထိုသို့ပြောသည်။ ပြီးတော့ သူမြင်သည့်အရာကို ပိုမိုအသေးစိတ် ပြောပြခဲ့သည်။


“ဘာ...”


“ဟုတ်ပါတယ်....ကပ္ပတိန်...ပန်ကာတစ်ခုလုံးကို သံကြိုးထူထူတွေနဲ့ ရစ်ပတ်ထားတယ်...ပြီးတော့တင်းကျပ်စွာ ရစ်ပတ်ထားပြီး... သုံးကြိမ်.. ငါးကြိမ်.... မကဘဲ.. အကြိမ်ရေ ဒါဇင်ချီ ရစ်ပတ်နေပါတယ်....”


ကောင်းကျန်ဝူမှာ ရူးမတတ်ပင်။


အခြားသူများကလည်း အလားတူပင်။ စိတ်ဓာတ်ကျသည့် အသွင်အပြင်များက သူတို့ရဲ့မျက်နှာများတွင် ပေါ်နေသည်။


“ဘယ်လိုလုပ်ပြီး...အကောင်းပကတိ သင်္ဘောက... ရုတ်တရက်... သံကြိုးနဲ့ ရစ်ပတ်သွားပြီး ပိတ်နေရတာလဲဆိုတာ....ငါ...တကယ်ကို စဉ်းစားလို့မရဘူး......"


ကောင်းကျန်းဝူ အကြာကြီး စဥ်းစားပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။


“ဒီ...သံကြိုးကို... ဖယ်လို့ရမလား...”


စစ်ဆေးရန် ဆင်းသွားသည့် သင်္ဘောသားက ပြန်ဖြေလိုက်သည်။


“ဒါက အရမ်းရစ်ပတ်ထားတာ....ကျွန်တော်တို့ လုံးဝ ဖယ်လို့မရပါဘူး... ဒါ့အပြင် ပန်ကာက ပြင်းထန်စွာ ပျက်စီးပြီး ပုံပျက်နေတာကို ကျွန်တော် သတိထားမိတယ်...ကျွန်တော်တို့ သံကြိုးကို ဖယ်လိုက်မယ်ဆိုရင်တောင် ပန်ကာက အလုပ်လုပ်တော့မှာ မဟုတ်ပါဘူး.... ပြန်လည်ပြုပြင်ဖို့အတွက် သင်္ဘောကျင်းကို ပြန်သွားရလိမ့်မယ်....”


ချက်ချင်းပင် ကောင်းကျန်ဝူရဲ့စိတ်နှလုံးက  ချောက်ထဲသို့ နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။


“စက်ရုံကို.... ပြန်ပို့ရမယ်...ဟုတ်လား...”


‘xxxx  ငါတို့က..ကျယ်ပြောသည့်ပင်လယ် ထဲ ရှိနေတာ....ဘယ်လိုလုပ်ပြီး သင်္ဘောကျင်းကို ပြန်ပို့နိုင်မှာလဲ....’


သက်ပြင်းရှည်ကြီးချပြီးနောက် ကောင်းကျန်းဝူ အကူအညီမဲ့စွာ ပြောလိုက်သည်။


“ဒီလိုအခြေအနေမျိုးမှာ...ငါတို့က အထက်အရာရှိတွေကို အစီရင်ခံပြီး ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သူတို့ရဲ့ထင်မြင်ချက်တွေကို ပေးခိုင်းရုံပဲရှိတယ်.....”


ထိုအချိန်တွင်....


ကျွန်တော်တို့ရဲ့ လိပ်ကြီးက ရေမိုင် ၁၀၀ မှ ၂၀၀ ခန့်အကွာသို့  ကူးခတ်ရောက်ရှိနေသည်။သင်္ဘော၏ ပန်ကာကို သံကြိုးဖြင့် ပိတ်ဆို့ပြီးနောက် သူ ရပ်မနေဘဲ လျူယောင် ၏ ညွှန်ကြားချက်အရ နောက်ပစ်မှတ်သို့ ကူးခတ်နေသည်။


ရီရှန်းအုပ်စုတွင် တန်ချိန် နှစ်သိန်း ရှိသည့် ပင်လယ်ရေနံတင်သင်္ဘောတစ်စီးရှိသည်။ ရေနံစိမ်းစည် သန်းပေါင်းများစွာ တင်ဆောင်ထားသည်။ထိုသင်္ဘောက  မလက္ကာရေလက် ကြားမှ ထွက်ခွာခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာထဲသို့ ဝင်ရောက်စပြုနေကာ ရန်ကောင်း၏ တောင်တရုတ်ပင်လယ်သို့ ရွက်လွှင့်နေသည်။


လိပ်ကြီး၏ နောက်ပစ်မှတ်မှာ ထို ရေနံတင် သင်္ဘောပဲဖြစ်သည်။


.........


မြို့တော်တစ်နေရာ…


 အခန်းထဲတွင် လော်မောင်ယွမ်က ဖုန်းကို ဖြေနေသည်။ ပြီးတော့ အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။


- “ဘာ...ငါတို့ရဲ့ သင်္ဘောတစ်စီးက ရန်ကောင်း တောင်တရုတ်ပင်လယ်မှာ စွမ်းအင်လုံးဝ ဆုံးရှုံးသွားတယ်...ဟုတ်လား…..”


ဖုန်းရဲ့အခြားတစ်ဖက်က ပြန်ဖြေခဲ့သည်။


- “ဟုတ်ပါတယ်... သူဋေး..ဒီသင်္ဘောက မူလက ရန်ကောင်းရေနံအုပ်စုအတွက် ရေနံစိမ်းသယ်ယူပို့ဆောင်ဖို့ အရှေ့အလယ်ပိုင်းကို သွားဖို့ စီစဉ်ထားတာပါ...ဒါပေမဲ့ အခုတော့ ပင်လယ်ပေါ်မှာပဲ မျောနေနိုင်တော့တယ်....ပြီးတော့ ကျွန်တော်တို့က ဒါကို ဆွဲယူဖို့ သင်္ဘောတစ်စီးကို ပို့ရပါလိမ့်မယ်......”


လော့မောင်ယွမ်၏ မျက်နှာက ရုတ်တရက် မဲမှောင်သွားသည်။


သင်္ဘောမှာ အစီအစဉ်အရ အရှေ့အလယ်ပိုင်းသို့ မသွားနိုင်တော့ပေ။ထိုအရာက ရန်ကောင်း ရေနံအုပ်စု၏ ရေနံစိမ်းသယ်ယူပို့ဆောင်ရေးကို သက်ရောက်မှုရှိမည်မှာ သေချာသည်။ ရန်ကောင်းရေနံအုပ်စုက သိသည်ဆိုပါက အလွန်ပြဿနာများပေလိမ့်မည်။


ရီရှန်းပင်လယ်ရေကြောင်းပို့ဆောင်ရေးအဖွဲ့အပြင် ဂလိုဘဲလ်တွင်လည်း ရန်ကောင်း ရေနံအုပ်စု၏ ရေနံစိမ်းသယ်ယူပို့ဆောင်ရေးတွင် ပါဝင်နေသည့် သင်္ဘောများစွာရှိသည်။


ဒီလိုမျိုး တစ်ခုခုဖြစ်သည်ဆိုပါက ရန်ကောင်းရေနံအုပ်စုသည် ရေနံစိမ်းသယ်ယူပို့ဆောင်ရေးကို ဂလိုဘဲလ်ကို ပိုပြီး လွှဲပြောင်းပေး လိမ့်မည်။



ထို့အပြင် တန်ချိန် တစ်သိန်းနှစ်သောင်း ရှိသည့် သင်္ဘောကြီးတစ်စီးကို မိုင်ထောင်ချီအကွာအဝေးမှ ပြန်ဆွဲယူသည်မှာ ရိုးရှင်းသည့် ကိစ္စမဟုတ်ပေ။


  ဆွဲသင်္ဘော၏ တန်ချိန်မှာ သေးငယ်မည်မဟုတ်ပေ။တန်ချိန် တစ်သိန်းနှစ်သောင်း မဟုတ်ပါက အနည်းဆုံး တန်ချိန် သိန်းချီရှိသည့် သင်္ဘောကြီးတစ်ခု ဖြစ်ရပေမည်။


ထို့အပြင် လမ်းတွင် မုန်တိုင်းကြီးကဲ့သို့သော ရာသီဥတုဆိုးရွားမှု့မျိုးရှိပါက ပို၍အန္တရာယ်များပေလိမ့်မည်။


လော့မောင်ယွမ်၏ ခေါင်းတစ်လုံးမှာ ခေါင်းကြီးနှစ်လုံး ရှိနေသလို ဖြစ်နေသည်။


 "ဘယ်လိုလုပ်ပြီး....အကောင်းပကတိရှိနေတဲ့ သင်္ဘောရဲ့ ...ပန်ကာကို သံကြိုးများဖြင့် ရစ်ပတ်နေတယ်" ဆိုတာကို


ဒေါသထွက်နေသည့်အတွက် သူ စဉ်းစားလို့မရခဲ့ပေ။



လော့မောင်ယွမ်  သူ့ဒေါသကို ဖိနှိပ်လိုက်သည်။ ပြီးတော့ အောက်ကလူများကို သင်္ဘော ပြန်ဆွဲယူရန် ဆွဲသင်္ဘောတစ်စီးကို ချက်ချင်းပို့ဖို့ အမိန့်ပေးလိုက်သည်။ အခြားတစ်ဖက်တွင်လည်း လျို့ဝှက်အမိန့်ကို သူ  ထုတ်ပြန်လိုက်သည်။


  ထိုကိစ္စကို လျှို့ဝှက်ထားရမည်။ အထူးသဖြင့် ရန်ကောင်းရေနံအုပ်စုမှ လူများ သိအောင်မလုပ်ရပေ။


.....


ရန်ကောင်းကမ်းလွန်ရေနံအုပ်စု....


ထိပ်တန်းအရာရှိတစ်ဦးအနေဖြင့် ဟဲကျင်းယို မှာ ရေနံစိမ်း သယ်ယူပို့ဆောင်ရေးကို တာဝန်ယူထားသည်။


ယခုလေးတင် ရေနံသန့်စင်ခြင်းကို တာဝန်ယူသည့် နောက်ထပ်ထိပ်တန်းအရာရှိတစ်ဦးက သူ့ကို ဖုန်းခေါ်ဆို၍ ဟွာဟိုင်း ရေနံသန့်စင်ရေးအခြေစိုက်စခန်း၏ ရေနံစိမ်းသိုလှောင်မှု့မှာသတိပေးလိုင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူ့ကို အသိပေးခဲ့သည်။


ဆယ်ရက်အတွင်းတွင် ရေနံစိမ်းများကို သိုလှောင်ရေးအခြေစိုက်စခန်းသို့ ထည့်သွင်းရမည်။ သို့မဟုတ်ပါက ရေနံသန့်စင်ရေးအခြေစိုက်စခန်းရဲ့ နေ့စဉ်ထုတ်လုပ်မှု့ကို ထိခိုက်နိုင်ပေလိမ့်မည်။


ဆိုလိုသည်မှာ ရေနံစိမ်းမလုံလောက်ဘဲ ရပ်တန့်သွားနိုင်တာပဲ ဖြစ်သည်။


ဟဲကျင်ယိုး  ဒီကိစ္စကို အရေးကြီးသည်ဟု ယူဆသည်။ပြီးတော့ ချက်ချင်းပင် မေးမြန်းလိုက်သည်။


ဖုန်းများစွာ ခေါ်ဆိုပြီးနောက် ဆယ်ရက်အတွင်း ဟွာဟိုင်းဆိပ်ကမ်းသို့ ရောက်ရှိလာနိုင်သည့် ရေနံတင်သင်္ဘောမှာ ရီရှန်းအဖွဲ့ပိုင် တန်ချိန် နှစ်သိန်း ရှိသည့် ရေနံတင်သင်္ဘောဖြစ်တာကို သူသိသည်။ 


ထိုသင်္ဘောက ရေနံစိမ်းစည် တစ်သန်းကျော် တင်ဆောင်ထားပြီး မလက္ကာရေလက်ကြားကို ဖြတ်ကာ စိဖိတ်သမုဒ္ဒရာထဲသို့ စတင်ဝင်ရောက်နေသည်။


ခရီးစဉ်ရှုထောင့်မှကြည့်သည့်အခါ ၁၀ ရက်အတွင်း ဟွာဟိုင်းမြို့သို့ ရောက်ရှိရန် ကြီးမားသည့်ပြဿနာမရှိပေ။


ချက်ချင်းပင် ဟဲကျင်းယို စိတ်သက်သာရာရသွားသည်။ပြီးတော့ ဘေးကင်းစေရန်အတွက်  ရီရှန်းပင်လယ်ရေကြောင်းပို့ဆောင်ရေးအဖွဲ့ကို သူ ဖုန်းခေါ်ဆို၍ မေးမြန်းလိုက်သည်။


  ရီရှန်းအဖွဲ့က  အလွန်အလေးထားပြီး ပြန်ဖြေခဲ့သည်။သင်္ဘောက အချိန်မှီ ဆိပ်ကမ်းသို့ ရောက်ရှိလိမ့်မည်ဟုလည်း ယုံကြည်မှု့အပြည့်ဖြင့် အာမခံခဲ့သည်။


....


တစ်နာရီလျှင် ၁၈၀ အမြန်နှုန်းက လျှပ်စီး အမြန်နှုန်းနှင့်တူသည်။ ပြီးတော့ ရေထဲတွင် လိပ်ကြီးသာ ထိုမျှလောက်မြန်သည့် အမြန်နှုန်းကို ရရှိနိုင်ပေသည်။


လိပ်ကြီး နာရီများစွာကြာအောင် ဆက်တိုက် ကူးခတ် လာခဲ့သည်။ တောင်တရုတ်ပင်လယ်မှ မလက္ကာရေလက်ကြားအနီးသို့ ရောက်ရှိလာပြီးနောက် သူ ဆက်မသွားဘဲ ရပ်လိုက်သည်။