Ch 138
Viewers 5k

အခန်း 138 " ပျော်ရွှင်နေသော လျူယောင် "



ဒီရွှေထည်ပစ္စည်းများမှာ ထိုအချိန်က လက်မှု့ပညာများဖြစ်သည်မှာ ထင်ရှားသည်။


၎င်းတို့ကို ကျွမ်းကျင်သော လက်သမားများက ပြုလုပ်ထားပြီး အရှေ့တောင်အာရှသို့ တင်ပို့ရောင်းချရန် ဖြစ်နိုင်ဖွယ်ရှိသည်။ လျူယောင်သည် ၎င်းတို့ထဲမှ တစ်ခုကို ကောက်ယူပြီး အနည်းငယ် သန့်စင်လိုက်ရာ ချက်ချင်းပင် အံ့ဩသွားသည်။


"ဘယ်လောက်တောင် လက်ရာမြောက်လိုက်တာလဲ..."


လွန်ခဲ့သော နှစ်ပေါင်းရှစ်ရာ..ကိုးရာလောက်က ဒီလိုလက်ရာမျိုး ရှိနေသည်ကို စိတ်ကူးကြည့်ဖို့ ခက်ခဲပြီး တကယ်ကို မျက်စိပွင့်သွားစေသည်။


လျူယောင်  ဒီရွှေထည်ပစ္စည်းများကို တစ်ခုချင်းစီ ဂရုတစိုက် ပလတ်စတစ်အမြှုပ်များဖြင့် ထုပ်ပိုးလိုက်သည်။ ပျက်စီးမှုမဖြစ်စေရန်အတွက် အလွှာများစွာနဲ့ပင် ထုပ်ပိုးခဲ့သည်။


သစ်သားသေတ္တာအကြီးနှစ်လုံးတွင် ရွှေထည်ပစ္စည်းများဖြင့် ပြည့်နေပြီး  ၁၀၀ ကျော်ခန့်ရှိကာ ဆယ်ဂဏန်းကျော် အလေးချိန်ရှိသည်။ အလေးဆုံးတစ်ခုမှာ တစ်ကီလိုဂရမ်ကျော်ခန့် ရှိမည်ဟု ခန့်မှန်းရသည်။



ဒီရွှေထည်များကို ထုပ်ပိုးပြီး ချည်နှောင်ကာ အားလုံးကို ပလတ်စတစ်ပုံးကြီးတစ်လုံးထဲသို့ ထည့်လိုက်သည်။


ပုံးအကြီးတစ်လုံးပြည့်နေပြီး အလွန်ကို ကြည်နူးစရာကောင်းသည်။


လျူယောင် ပစ္စည်းများကို သိမ်းဆည်းပြီး ဘာမှမကျန်တော့ကြောင်း သေချာစေပြီးနောက် ပုံးကို သင်္ဘောပျက်မှ အပြင်ဘက်သို့ ပို့လိုက်ပြီး မြင်သာတဲ့ နေရာတွင် ထားလိုက်သည်။


သေချာအောင်လို့ ပုံး၏အဖုံးကိုလည်း ကြိုးများဖြင့် တင်းကျပ်စွာ ချည်နှောင်ထားပြီး အတွင်းရှိ ကြွေထည်များ မပျက်စီးစေရန် အတွက် အပြင်ဘက်တွင် ပလတ်စတစ်ဖော့များကို အလွှာများစွာ ထုပ်ပိုးထားခဲ့သည်။


ပလတ်စတစ်အမြှုပ်များက လုံလောက်ပြီး အထုပ်ကြီးတစ်ထုပ်ဖြစ်ကာ ပင်လယ်ကြမ်းပြင်တွင် နစ်မြုပ်ရန်အတွက် ကျောက်တုံးကြီးနှစ်တုံး  သုံးတုံးခန့် လိုအပ်သည်။


လျူယောင်  နောက်ထပ်ပုံးတစ်လုံးကို ကောက်ယူပြီး သင်္ဘောပျက်ထဲသို့ နောက်တစ်ကြိမ်   ကုန်လှောင်ရုံတစ်ခုထဲသို့ ရေကူးဝင်လိုက်ရာ ချက်ချင်းပင် ဝမ်းသာပျော်ရွှင်သွားသည်။


ကြွေထည်များကို သေသေချာချာ ထပ်ထားပြီး ကောက်ရိုးကြိုးများနဲ့ ချည်ထားကာ ကောက်ရိုးဖျာများနဲ့ ခွဲခြားထားပြီး လုံလောက်တဲ့ ကာကွယ်မှု့ပေးထားပုံရသည်။ နှစ်ပေါင်း ရှစ်ရာ ကိုးရာ ကြာပြီးနောက် ဒီကောက်ရိုးတွေနဲ့ ကောက်ရိုးကြိုးတွေဟာ အားလုံး ရွှံ့ဖြစ်သွားပြီ...။


မူလက သေသေချာချာ ထပ်ထားတဲ့ ကြွေထည်တွေလည်း ပြန့်ကျဲနေပြီး အများအပြားမှာပျက်စီး ကျိုးပဲ့နေခဲ့သည်။



လျူယောင် ဓာတ်မီးအလင်းရောင်နဲ့ ဓာတ်ပုံရိုက်ပြီးနောက် ကြွေထည်များရဲ့ အနည်းဆုံး တစ်ဝက်ခန့်မှာ ကောင်းမွန်နေသည်ဟု ခန့်မှန်းရသည်။


ဒါကြောင့် ကောင်းမွန်တဲ့ ကြွေထည်တွေကို ပလတ်စတစ်ပုံးထဲသို့ ထည့်လိုက်ပြီး ပျက်စီးနေတဲ့ ဒါမှမဟုတ် ကျိုးပဲ့နေတဲ့ ကြွေထည်တွေကိုတော့ နောက်ထပ်ပုံးတစ်ခုထဲသို့ ထည့်ကာ ပုံးများကို အပြင်သို့ ရွှေ့လိုက်သည်။


နှစ်နာရီကျော်ကြာ အလုပ်လုပ်ပြီးနောက် ကုန်လှောင်ရုံမှ ပျက်စီးမှုမရှိသော ကြွေထည်ပုံး ၁၀၀ ကျော်ကို ဖယ်ရှားလိုက်သည်။ ပျက်စီးပြီး ကျိုးပဲ့နေသော ကြွေထည်များကိုတော့ လျူယောင် မကြိုက်တော့ဘဲ သင်္ဘောပျက်နဲ့မလှမ်းမကမ်းရှိ နေရာအလွတ်တွင် ပစ်ချလိုက်သည်။



ကုန်လှောင်ရုံထဲတွင် ကြွေထည်များမှာအနည်းဆုံး တစ်ဝက်ခန့် ကျန်သေးသည်။ ဤကုန်လှောင်ရုံက ပထမကုန်လှောင်ရုံထက် ပိုများသော ကြွေထည်များရှိပြီး ကုန်လှောင်ရုံမှာလည်း ပို၍ကြီးမားသည်။


လျူယောင် ပင်ပန်းနေတာ မဟုတ်ပါ  ဒါပေမယ့် ပလတ်စတစ်ပုံးများ မလုံလောက်ခြင်းကြောင့် ဖြစ်သည်။ ပလတ်စတစ်ပုံးကြီး ၃၀၀ လုံးလုံး အသုံးပြုပြီးသွားပြီ။


"ဟူး...ဒီသင်္ဘောပျက်ထဲက.... ကြွေထည်အရေအတွက်ကို... ငါ....လျှော့တွက်ခဲ့မိတယ်ထင်တယ်...မနက်ဖြန်.....ဒီကို... ပုံး ၅၀၀ လောက် ထပ်ယူလာရမယ်....."


လျူယောင် အားအင်များ ပြည့်နေပြီး ပလတ်စတစ်ပုံးများ အကုန်သုံးပြီးသွားတော့ စိတ်မကျေနပ်သလို ခံစားရသည်။


လျူယောင့်အတွက် ဒါက ပင်ပန်းတဲ့အလုပ် မဟုတ်ပေမဲ့ ပိုက်ဆံအများကြီး ရှာဖွေနေတာပဲ ဖြစ်သည်။


ကြွေထည်တစ်ပုံးစီတိုင်းက အနည်းဆုံး သန်းဆယ်ဂဏန်းခန့်တန်ဖိုးရှိပြီး၊ အလုပ်လုပ်တာကလည်း သုံးမိနစ်မှ ငါးမိနစ်သာ ကြာသည်။ ဒီထက်ပိုပြီး အကျိုးအမြတ်များတဲ့ အရာများ ရှိသေးလား.....။


လျူယောင် ဒီလိုမျိုး အလုပ်ကို နေ့တိုင်းလုပ်ချင်နေသည်။ အုတ်များရွှေ့ခြင်း မဟုတ်ပါ ကြွေထည်များ ရွှေ့ခြင်း ဖြစ်သည်။


သင်္ဘောပျက်ထဲမှ ရေကူးထွက်လာပြီး သူ့ရဲ့နှစ်နာရီကျော်ကြာ လုပ်အားရလဒ်များကို ကြည့်ရင်း လျူယောင် အလွန်ကျေနပ်အားရနေသည်။


သူ ပင်ပန်းသည်ဟု မခံစားရဘဲ  အသက်ရှူရန်အတွက်လည်း အပေါ်သို့ တက်စရာမလိုပေ။  ပင်လယ်ကြမ်းပြင်မှာ လျူယောင်  နောက်ထပ် နှစ်နာရီ  သုံးနာရီခန့် နေလို့ရသေးသည်ဟု ခံစားရသည်။


"ငါ အလုပ်ဆက်လုပ်ရမယ်...."


လျူယောင် ပလတ်စတစ်ပုံးတိုင်းရဲ့ အဖုံးကို ဖုံးအုပ်ပြီးနောက် ကြိုးများဖြင့် တင်းကျပ်စွာ ချည်နှောင်ကာ အတွင်းထဲရှိ ကြွေထည်များ မပျက်စီးစေရန် ကာကွယ်ဖို့အတွက် ပလတ်စတစ်ဖော့များကို အလွှာများစွာ ထုပ်ပိုးလိုက်သည်။


တစ်ဆက်တည်း နှစ်နာရီခန့် လုပ်ဆောင်ပြီးနောက် ကြွေထည်ပုံး ၁၀၀ ကျော် အားလုံးကို တင်းကျပ်စွာ ထုပ်ပိုးထားပြီး ဖြစ်သည်။ လျူယောင် ၎င်းတို့ကို ယုံကြည်စိတ်ချစွာ ကြည့်ပြီးနောက် ရေမျက်နှာပြင်သို့ ရေကူးတက်ကာ ရေမြန်ဘုတ်ပေါ်သို့ တက်လိုက်သည်။


"လိပ်ကြီး…ဒီခရီးကို အပြီးသတ်ပြီးရင်..ဒုတိယအကြိမ် ခရီးစဉ်မှာတော့ ဒီကြွေထည်တွေအားလုံး...ရွှေထည်တွေရော....စုန်မင်းဆက်ဒင်္ဂါးပြားတွေ…အားလုံးကို ပြန်ပို့နိုင်တော့မယ်...ကွ…"


လိပ်ကြီး လျင်မြန်စွာ ရှေ့သို့ကူးခတ်နေပြီး အမြန်နှုန်းမှာ ၁၇၀ နူန်းခန့် ရှိနေသည်။ ဒီအမြန်နှုန်းက အံ့မခန်းပဲ။ နာရီအနည်းငယ်အတွင်း လမ်းတစ်ဝက်ခန့် ရောက်ရှိနေပြီး နောက်ထပ် အများဆုံး နှစ်နာရီ သုံးနာရီလောက်ဆို ဟွာဟိုင်းမြို့ကို ရောက်တော့မည်။


လျူယောင် အချိန်ကို ကြည့်လိုက်သည်။ သူ မနက်ကတည်းက ထွက်လာတာအခု ညနေ ၆:၀၀ ကျော်နေပြီဖြစ်၍ ပြန်ဖို့ အချိန်ရောက်ပြီ။ ဒါကြောင့် သူ ရေမြန်ဘုတ်ကို စတင်မောင်း၍ လျင်မြန်စွာ ပြန်လာခဲ့သည်။


ဟိုတယ်သို့ ပြန်ရောက်သောအခါ ည ၈:၀၀ ကျော်နေပြီ ဖြစ်သည်။


ဟိုတယ်ဧည့်ခန်းထဲသို့ လျှောက်ဝင်လာသောအခါ ဟွမ်ကွမ်းမှာ ထိုနေရာတွင် အကြာကြီး စောင့်နေခဲ့ပြီး  ချက်ချင်းပင် လျူယောင်ကို လာရောက်ကြိုဆိုကာ "လျူယောင်..." ဟု နှုတ်ဆက်လိုက်သည်။


လျူယောင်က ပျော်ရွှင်စွာ လက်ဝှေ့ယမ်းပြီး ပြောလိုက်သည်။


"သွားရအောင်...အရင်ဆုံး... ငါနဲ့အတူ.... ညစာသွားစားကြစို့...."


ပြန်လာတုန်းက လျူယောင်  ဝီချက်ကနေ ဟွမ်ကွမ်းကို စာတစ်စောင် ပို့ခဲ့ပြီး ညစာအတူစားရန်နဲ့ စကားပြောရန် ပြောထားခဲ့သည်။ ဟွမ်ကွမ်းလည်း ဝမ်းမြောက်ဝမ်းသာ သဘောတူခဲ့သည်။


လျူယောင် ဟင်းပွဲအများအပြားကို မှာယူခဲ့ပြီး ယွမ် ၁၀,၀၀၀ ကျော်တန် ရွှေရောင်ဝိုင်တစ်ပုလင်းကိုလည်း မှာလိုက်သည်။ သူ  ဒီနေ့ တကယ်ကို ဆာနေခဲ့သည်။ တစ်နေ့လုံး အလုပ်များခဲ့ပြီး နေ့လယ်က ရေမြန်ဘုတ်ပေါ်တွင် ရေသာ သောက်ခဲ့ရသည်။


ဟွမ်ကွမ်းလည်း ဒီမှာရှိနေတာကြောင့် ဒီနေ့ သူ့ကို ညစာဖိတ်ကျွေးပြီး အရင်ကအကြောင်းတွေ ပြောဖို့အတွက်ဖြစ်သည်။


ဒီလောက်ခမ်းနားတဲ့ ဟင်းပွဲနဲ့ ၁၀,၀၀၀ ကျော်တန် ရွှေရောင်ဝိုင်ရှိနေသည်ဖြစ်၍ ဟွမ်ကွမ်း ပျော်ရွှင်စွာ လက်ကိုပွတ်သပ်ပြီး ပြောလိုက်ည်။


"အကိုယောင်...ဒါက အရမ်းကို ခမ်းနားလွန်းတယ်...မင်းအတွက်... ကုန်ကျစရိတ်တွေ အရမ်းများသွားလိမ့်မယ်...."


လျူယောင်က ပြုံးပြီးပြောလိုက်သည်။ 

"ရပါတယ်.... ဒါက အစားအသောက်ပဲဟာ..."


"အကိုယောင်က တကယ်ကို ချမ်းသာပြီး အာဏာရှိတာပဲ.... ဒီညစာက ငါ့ရဲ့ လစာ အများအပြားနဲ့ ညီမျှတယ်..." ဟွမ်ကွမ်း တွေးနေမိသည်။


သို့သော် သူ မည်သည့်မနာလိုစိတ်မှ မရှိဘဲ လျူယောင့်အတွက် အလွန်ပျော်ရွှင်နေခဲ့သည်။


"လာ....ဝိုင်ခွက်ချင်း တိုက်ရအောင်"


လျူယောင် ဝိုင်ခွက်ကို ကိုင်၍ ဟွမ်ကွမ်းနှင့် ဝိုင်ခွက်ချင်း တိုက်ပြီး ရွှေရောင်ဝိုင်ကို တစ်ငုံသောက်ကာ စိတ်အားထက်သန်စွာ ပြောလိုက်သည်။


"အားမနာပါနဲ့.... ဟင်းပွဲတွေ စား....ကြိုက်တာကို... ရွေးစားလို့ရတယ်..."


ဟွမ်ကွမ်း ရွှေရောင်ဝိုင်ကို တစ်ငုံသောက်ပြီး တူနှင့် အမြည်းအချို့ကို ယူကာ မေးလိုက်သည်။


"အကိုယောင် မင်းရဲ့ကုမ္ပဏီ နာမည်က ဘာလဲ …ဘယ်လောက်ကြီးလဲ...မင်းရဲ့ အခြေအနေကို ….ငါ့ကို မိတ်ဆက်ပေးပါဦး..."


ဟူကွမ်းချန်နဲ့ အခြားသူတို့  ဒီမေးခွန်းကို မေးရင် ဒါက မကြာသေးခင်ကမှ စတင်ခဲ့တဲ့ ကုမ္ပဏီငယ်လေးပဲလို့ လျူယောင် သေချာ ပေါက် ပြောလိမ့်မည် သို့သော် ဟွမ်ကွမ်းရဲ့မေးခွန်းများကိုတော့ မဖုံးကွယ်ခဲ့ပေ။


 “ ဂလိုဘဲလ်..ပဲ..”


လျူယောင် ကုမ္ပဏီအကြောင်းကို အတိုချုပ် မိတ်ဆက်ပေးလိုက်သည်။



"ဘာ..."


"ပိုင်ဆိုင်မှု့ ဘီလီယံနဲ့ချီ ရှိပြီး..အားလုံးက တန်ချိန် ၁၀,၀၀၀ အဆင့်ရှိတဲ့ သင်္ဘောတွေ ဖြစ်နေတာလား...."


ဟွမ်ကွမ်း အံ့အားသင့်ပြီး မြေကြီးပေါ်လဲကျ မတတ် ဖြစ်သွားသည်။ အချိန်အကြာကြီးကြာမှ သတိပြန်ဝင်လာပြီး လက်မ ထောင်ပြလိုက်သည်။


"အကိုယောင်.. မင်းက အရမ်းကို အစွမ်းထက်တာပဲ..."


"မင်းရော… ဘယ်လိုနေလဲ…" လျူယောင် ပျော်ရွှင်စွာ မေးလိုက်သည်။


လျူယောင်ရဲ့ ဂရုစိုက်မှု့နဲ့မေးမြန်းမှုကို ရင်ဆိုင်ရတဲ့အခါ ဟွမ်ကွမ်း ပြောပြလိုက်သည်။


"ငါ...ကျောင်းပြီးတော့ SY မြို့ကို ရောက်လာခဲ့တယ်.. ဒီမှာ ဖိအားနည်းပြီး.. ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အလမ်းတွေ ပိုများလိမ့်မယ်လို့ ထင်ခဲ့တာ... ဒီလိုမဟုတ်ဘူးဆိုတာ ဘယ်လိုသိမှာလဲ...ငါ အခုထိ ဝန်ထမ်းငယ်လေးတစ်ယောက်ပဲ..နောက်ဆုံးတစ်ကြိမ်က ကြီးကြပ်ရေးမှူး ရာထူးတိုးမယ်လို့ မျှော်လင့်ခဲ့ပေမယ့် တခြားသူက ယူသွားခဲ့ကြတယ်...."


"အင်း"


ထိုသို့ပြောပြီးနောက် လျူယောင် ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။



ဘယ်နေရာမှာမဆို အလုပ်လုပ်ရတာ မလွယ်ကူပေ။လက်ရှိလူမှု့အဖွဲ့အစည်းမှာဆို ပြိုင်ဆိုင်မူ့က အရမ်းပြင်းထန်လှသည်။