အခန်း 139 "နင်..ဒီအလုပ်လေးတောင်..မပြီးသေးဘူးလား “
သူ၏ယခင်က ကျောင်းနေဖက်ဟောင်း အဆင်မပြေတာကို မြင်သောအခါ လျူယောင် အနည်းငယ် ဝမ်းနည်းသွားသည်။
ကုမ္ပဏီက လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမယ့် ကာလတစ်ခုသို့ စတင်ရောက်ရှိလာခဲ့ပြီး အထူးသဖြင့် စုန်မင်းဆက် ကြွေထည်များစွာ ရရှိခဲ့ခြင်းကြောင့် ရန်ပုံငွေများ ပိုမိုလုံလောက်လာမည်ဖြစ်ကာ ဂလိုဘဲလ်က ဖွံ့ဖြိုးတိုးတက်မှု့ လမ်းကြောင်းသို့ ချက်ချင်းဝင်ရောက်လာတော့မည်။
ထိုအတွက် အရည်အချင်းရှိသူ အများအပြား လိုအပ်သည်။ သို့သော် ငါ က အပြင်ဘက်မှ အရည်အချင်းရှိသူကိုသာ အလုပ်ခန့်အပ်ထားခဲ့သည်။
"အင်း...ငါ့... ကျောင်းနေဖက်ဟောင်းက အဆင်မပြေဘူးဆိုတော့.... ဒါဆို..."
လျူယောင် စဥ်းစားပြီးနောက် ဟွမ်ကွမ်းအား အလုပ်ကမ်းလှမ်းလိုက်သည်။
"ကျောင်းနေဖက်ဟောင်း... ငါ့ ကုမ္ပဏီမှာ လူတွေ လိုအပ်နေတယ်... မင်းလာပြီး... ငါ့ ကို... ကူညီပေးပါလား....မင်းရောက်လာရင် မန်နေဂျာအဖြစ် စကြစို့...ဘယ်လိုလဲ...."
ရုတ်တရက် ဟွမ်ကွမ်း အလွန်အံ့အားသင့်သွားသည်။
သူရဲ့နားများတွင် တစ်စုံတစ်ရာ မှားယွင်းသွားသည်ဟု သံသယဝင်ခဲ့ပြီး မှားကြားခဲ့မိတာဟု တွေးခဲ့သည်။
ဂလိုဘဲလ် ဆိုတာ ပိုင်ဆိုင်မှု့ ဘီလီယံနဲ့ချီရှိတဲ့ ကုမ္ပဏီကြီးဖြစ်ပြီး အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်မှု့ အလားအလာများ ကောင်းမွန်လိမ့်မည်။
"အဲ့ဒီ့မှာ....အကိုယောင်က....ငါ့ ကို မန်နေဂျာအဖြစ်လုပ်ဖို့…ပြောနေတာလား...."
"ဒါဟာ....ကောင်းကင်ကို တက်လှမ်းလိုက်တာနဲ့တူပြီး ငါက...မန်နေဂျာတစ်ယောက် ဖြစ်လာတော့မည် “
ယေဘုယျအားဖြင့် ကုမ္ပဏီတစ်ခု၏ ဝန်ထမ်းအဆင့်များသည် အနိမ့်ဆုံးမှ အမြင့်ဆုံးသို့ အစဉ်လိုက်ဆိုလျှင် အောက်ခြေဝန်ထမ်း၊ ကြီးကြပ်ရေးမှူး၊ မန်နေဂျာ၊ ဌာနဆိုင်ရာမန်နေဂျာ၊ ကုမ္ပဏီအမှုဆောင်များ စသဖြင့်ရှိပြီး Global ကော်ပိုရေးရှင်းတွင်လည်း ထိုနည်းတူပင်။
ဟွမ်ကွမ်းမှာ သူ့ရဲ့လက်ရှိကုမ္ပဏီတွင် နောက်ဆုံးအကြိမ်က ကြီးကြပ်ရေးမှူးရာထူး တိုးမြှင့်ခြင်းမခံရတာကြောင့် ယခုအချိန်အထိ ဝန်ထမ်းတစ်ဦးသာဖြစ်နေသည်။ ဂလိုဘဲလ် ကုမ္ပဏီကို ဝင်ရောက်ခြင်းက မန်နေဂျာအဆင့်ရှိမှာဖြစ်ပြီး ဒါဟာ ရာထူးနှစ်ဆင့် တိုးမြှင့်ခံရခြင်းနဲ့ ညီမျှသည်။
ထို့အပြင် သူ့ရဲ့လက်ရှိကုမ္ပဏီက ဝန်ထမ်းရာဂဏန်းကျော်သာရှိတဲ့ ကုမ္ပဏီငယ်လေးဖြစ်ပြီး ဂလိုဘဲလ် က ကုမ္ပဏီကြီးဖြစ်၍ နှစ်ခုကြားတွင် နှိုင်းယှဉ်၍မရပေ။
အံ့အားသင့်ခြင်းအပြင် ဟွမ်ကွမ်း အနည်းငယ် စိတ်လှုပ်ရှားနေပြီး ပြောလိုက်သည်။
"အကိုယောင်.... ငါ့ကို... တကယ်ပဲ မန်နေဂျာအဖြစ်.... ခန့်အပ်မှာလား...."
"ဟုတ်တယ်...မန်နေဂျာနဲ့ စကြစို့....မင်း... ကောင်းကောင်းလုပ်နိုင်ရင်... ရာထူးတိုးနိုင်တယ်.... ငါတို့ကုမ္ပဏီမှာ ရာထူးတိုးတာ... အရမ်းမြန်တယ်....နှစ်အနည်းငယ်အတွင်း မင်းက…ကုမ္ပဏီရဲ့ ....ထိပ်တန်းအရာရှိ.....ဖြစ်လာလိမ့်မယ်လို့.... ငါ...မျှော်လင့်တယ်...."
ကုမ္ပဏီရဲ့ ထိပ်တန်းအရာရှိ ဖြစ်ဖို့ဆိုတာ ဟွမ်ကွမ်း မစဉ်းစားရဲတဲ့အရာတစ်ခုဖြစ်သော်လည်း ယခုတော့ ဖြစ်နိုင်တော့မည်။
လျူယောင် ထပ်ပြောလိုက်သည်။
"လာပြီး...ငါနဲ့အတူ အလုပ်လုပ်ပါ....ဟူဂျွန်းရှီ လည်း....အခု ဂလိုဘဲလ် မှာ ရှိနေတယ်...ဒါပေမယ့်... သူကတော့ အမှု့ဆောင်ဒုတိယအထွေထွေမန်နေဂျာဖြစ်နေပြီ...."
" ဂျွန်ဇီကလည်း မင်းနဲ့အတူ ရှိနေတာပဲ... အရမ်းကောင်းတာပေါ့.... ငါ ဘာမှမပြောတော့ဘူး.... ငါ...မနက်ဖြန်....ကုမ္ပဏီကို သွားပြီး အလုပ်ထွက်စာတင်မယ်.... ပြီးရင်....ဟွာဟိုင်းမြို့ကို....လေယာဉ်လက်မှတ်ဝယ်ပြီး.... လာခဲ့မယ်...."
နှစ်ဦးသား ဆက်ဆံရေးကောင်းမွန်သည်ဖြစ်၍ အားလုံးနီးပါးကို ပြောဖြစ်ကြသည်။
ဟင်းပွဲတွေစားပြီး ရွှေရောင်ဝိုင်သောက်ရင်း တက္ကသိုလ်တက်တုန်းက စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာအချို့ကိုလည်း ပြောကြသည်။
ဒီညစာစားပွဲက နှစ်နာရီကျော် ကြာခဲ့သည်။
……
နောက်တစ်နေ့နံနက်.....
လျူယောင် မနက်စောစော နိုးလာပြီး မနက်စာစားပြီးနောက် သင်္ဘောပျက်သို့ နောက်တစ်ကြိမ်သွားရန် ထွက်လာခဲ့သည်။ မသွားခင် တင်းဝိန်ကို ဖုန်းခေါ်လိုက်သည်။
ဖုန်းချိတ်ဆက်သည်နှင့် တင်းဝိန်ရဲ့ အသံမှာ ဦးစွာရောက်လာခဲ့သည်။
" အကိုယောင်...မင်္ဂလာပါ...."
"ညီလေး… အလုပ်လုပ်စရာ ..ရှိတယ်.."
တင်းဝိန် ဝမ်းသာအားရနဲ့ပြောလိုက်သည်။
"အကိုယောင်.... အမိန့်ပေးပါ..."
လျူယောင် ပြောလိုက်သည်။
"ယုံကြည်စိတ်ချရတဲ့လူအချို့ကို... ခေါ်ပြီး... ငါ့ရဲ့....ပင်လယ်ကမ်းခြေဂိုဒေါင်ကို...ထရပ်ကားတစ်စီးနဲ့ မောင်းလာခဲ့.... အဲ့ထဲမှာ... စုန်မင်းဆက်ကြွေထည်...၂၀,၀၀၀ ကျော်ရှိတယ်..... ဒါ့အပြင် စုန်မင်းဆက်က ရွှေထည်နဲ့ ဒင်္ဂါးပြားအချို့လည်း ပါတယ်....."
"ဘာ...."
"စုန်မင်းဆက်ခေတ်ကြွေထည် ၂၀,၀၀၀ ကျော် တကယ်ရှိတာလား...."
လျူယောင် ယခင်ကတည်းက စုန်မင်းဆက်ခေတ်က ကြွေထည် ၂၀,၀၀၀ မှ ၃၀,၀၀၀ ကြား ရှိမယ်လို့ ပြောခဲ့သော်လည်း တင်းဝိန် ထိုသတင်းကို ကြားသောအခါ အံ့အားသင့်နေပြီးသတိပြန်ဝင်လာဖို့ အချိန်အတော်ကြာခဲ့သည်။
"ကောင်းပြီ...ကောင်းပြီ....ကျွန်တော် ချက်ချင်းသွားလိုက်ပါ့မယ်..."
လျူယောင် သတိပေးလိုက်သည်။
"မှတ်ထား...ဒီကိစ္စကို လျှို့ဝှက်ထားရမယ်...ရွေးချယ်တဲ့လူ အရေအတွက်ကိုလည်း တတ်နိုင်သမျှ နည်းအောင် ရွေးရမယ်....မင်း...ရွေးချယ်တဲ့လူတွေက... အရမ်းကို ယုံကြည်စိတ်ချရတဲ့သူတွေ ဖြစ်ရမယ်....နူတ်လည်း....လုံရမယ်...."
"အကိုယောင်..... ကျွန်တော် နားလည်ပါတယ်...."
တင်းဝိန်နဲ့ စကားအနည်းငယ်ပြောပြီးနောက် လျူယောင် သင်္ဘောပျက်သို့ နောက်တစ်ကြိမ်သွားခဲ့သည်။
တင်းဝိန်ကို သူ အလွန်စိတ်ချရသည်။
လျူယောင် နန်ဟိုင်ပြည်နယ်သို့ မလာခင် ဂိုဒေါင်၏သော့ကို တင်းဝိန်ကို ပေးခဲ့သည်။
လိပ်ကြီး မနေ့ညက နောက်တစ်ကြိမ် ခရီးထွက်ခဲ့ပြီး လျူယောင် သင်္ဘောမှ ထုတ်ယူခဲ့သော စုန်မင်းဆက်ကြွေထည်ပုံး ၁၀၀ ကျော်ကို ဟွာဟိုင်းမြို့ရှိ ပင်လယ်ကမ်းခြေဂိုဒေါင်သို့ ပို့ဆောင်ခဲ့သည်။
ယခုအခါ ပစ္စည်းများစွာကို ထိုဂိုဒေါင်တွင် သိမ်းဆည်းထားသည်။ ညဉ့်ရှည်အိပ်မက်ဆိုး မဖြစ်အောင် ၎င်းတို့အားလုံးကို ဟွာဟိုင်းယဉ်ကျေးမှုသို့ ရွှေ့ပြောင်းပြီး ပညာရှင်တွေနဲ့သန့်ရှင်းရေးလုပ်ခြင်း အမျိုးအစားခွဲခြားခြင်းနှင့် မှတ်ပုံတင်ခြင်းများကို လုပ်ဆောင်ရပေမည်။
လျူယောင် ရေမြန်ဘုတ်ကို သင်္ဘောပျက်ဆီသို့ မောင်းနှင်နေချိန် တင်းဝိန်က လူများကိုခေါ်ကာ ပင်လယ်ကမ်းခြေရှိ ဂိုဒေါင်သို့ ကားမောင်းလာခဲ့သည်။ အကွာအဝေးနီးတာကြောင့် တစ်နာရီအတွင်း ဂိုဒေါင်သို့ သူ ရောက်လာခဲ့သည်။ လျူယောင်က ရေမြန်ဘုတ်ကို မောင်းနှင်နေဆဲဖြစ်ပြီး နောက်ထပ် တစ်နာရီခန့် အချိန်ကြာဦးမည်။
ဂိုဒေါင်တံခါးဖွင့်သောအခါ တင်းဝိန်ကားဖြင့်ရှေ့မှ မောင်းဝင်လာသည်။ နောက်တွင် ထရပ်ကားကြီးတစ်စီး လိုက်ပါလာပြီး စုစုပေါင်း ကားနှစ်စီးမှာ ဂိုဒေါင်ထဲသို့ ဝင်လာခဲ့သည်။
ကားပြတင်းပေါက်မှတစ်ဆင့် ဂိုဒေါင်၏ မြင်သာတဲ့ နေရာတွင် စုပုံနေသော ပလတ်စတစ်ပုံးကြီးများကို မြင်လိုက်ရသည်။ ထိုပလတ်စတစ်ပုံးကြီးတစ်လုံးစီတိုင်းကို ပလတ်စတစ်အမြှုပ်များဖြင့် အလွှာများစွာ ထုပ်ပိုးထားသည်။
တင်းဝိန် မနေနိုင်တော့ဘဲ ကားထဲမှ အလျင်အမြန် ဆင်းလိုက်သည်။
"ဒါတွေက အကိုယောင် ပြောခဲ့တဲ့ စုန်မင်းဆက်ကြွေထည် ၂၀,၀၀၀ မှ ၃၀,၀၀၀ ကြားများ ဖြစ်နိုင်မလား....."
တင်းဝိန် အမြန်လျှောက်လာပြီး ထိုစုန်မင်းဆက်ကြွေထည်များနားကို အလျင်အမြန်ရောက်လာပြီး စိတ်လှုပ်ရှားစွာ ကြည့်ရှုလိုက်သည်။ ပလတ်စတစ်ပုံးတစ်ပုံးစီတိုင်းတွင် ကြွေထည်တွေ ပါရှိသည်မှာ သံသယဖြစ်စရာ မရှိပေ။
ထရပ်ကားထဲမှ လူအချို့လည်း ဆင်းလာခဲ့သည်။ တင်းဝိန် လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။
"တံခါးဖွင့်လိုက်..... ဒီပစ္စည်းတွေအားလုံးကို ထရပ်ကားထဲ....ရွှေ့ကြ.... သတိထားလုပ်.... ဒါတွေက...ကြွေထည်တွေနဲ့ ပြည့်နေတာ....ပျက်စီးအောင် မလုပ်မိစေနဲ့....."
"စိတ်ချပါ သူဋေး...."
ဒီလူများက တစ်ဦးပြီးတစ်ဦး ထိုသို့ ပြန်ဖြေကြပြီး သူတို့ရဲ့လက်ရှည်အင်္ကျီလက်များကို လိပ်တင်ကာ ချက်ချင်းပင် အလုပ်စလုပ်ခဲ့ကြသည်။ ကြွေထည်များပါဝင်သည့် သေတ္တာများကို ထရပ်ကားပေါ်သို့ တင်ကြသည်။ လုပ်ဆောင်မှု့တစ်ခုလုံးတွင် သူတို့က အလွန်ဂရုတစိုက် လုပ်ခဲ့ကြသည်။
သူတို့အားလုံးက တင်းဝိန်ရဲ့ စိတ်ချရသောလူများဖြစ်ပြီး တင်းမိသားစုမှ တိုက်ရိုက်လာခဲ့ကြခြင်းဖြစ်၍ အလွန်ယုံကြည်စိတ်ချရသည်။
သယ်ဆောင်သောအခါ ပုံးတစ်ပုံးစီတိုင်းတွင် ရေစိုနေတာကို တွေ့လိုက်ရသည်။ဒါတွေကို ပင်လယ်ထဲမှ လတ်လတ်ဆတ်ဆတ် ဆယ်ယူထား သကဲ့သို့ပင်။
သူတို့ စိတ်ထဲတွင် ထူးဆန်းသည်ဟု ခံစားရသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ ဘာဖြစ်တာလဲဟု မမေးကြဘဲ သူတို့ရဲ့အလုပ်ကိုသာ ဆက်လုပ်နေကြသည်။
လူအနည်းငယ်ဖြင့် အလုပ်လုပ်ခြင်းမှာ မြန်ဆန်လှသည်။ တစ်နာရီကျော်အတွင်းမှာပင် ဒီပစ္စည်းတွေအားလုံးကို ထရပ်ကားပေါ်သို့ တင်ပြီးသွားသည်။ တင်းဝိန် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
"သွားကြစို့....ကုမ္ပဏီကို ပြန်ကြမယ်..."
ဒီအခိုက်အတန့်တွင် သူ စိတ်လှုပ်ရှားမှု့နဲ့ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နေပြီး အိပ်မက်မက်နေသလိုပင် ခံစားရသည်။
"အကိုယောင်က....နှစ်သောင်း...သုံးသောင်းလောက်ရှိတယ်လို့...ပြောပေမဲ့.... တကယ်ပဲ ဒီလောက်များတာပဲ.... အံ့ဩစရာပဲ...."
တင်းဝိန်တို့ အဖွဲ့မှာ ကုန်ပစ္စည်းအပြည့်အစုံနှင့်အတူ ပြန်လာခဲ့ပြီး ဒီကြွေထည်များအားလုံးကို ဟွာဟိုင်းယဉ်ကျေးမှု့ကုမ္ပဏီသို့ သယ်ဆောင်လာခဲ့သည်။
ထို့နောက် ဒီအရာများကို ပညာရှင်များနဲ့ သန့်ရှင်းရေးလုပ်ခြင်း၊ အမျိုးအစားခွဲခြားခြင်း၊ မှတ်ပုံတင်ခြင်းနှင့် အခြားအလုပ်များကို လုပ်ဆောင်ကြပေမည်။
နှစ်ရက်အတွင်း သူတို့၏ ကြီးမားတဲ့ ပြပွဲခန်းမှာ ကြွေထည်အမျိုးမျိုးဖြင့် ပြည့်နေတော့မည်။
…
လျူယောင်က သင်္ဘောပျက်အနီးသို့ နောက်တစ်ကြိမ် ရောက်ရှိလာပြီး မကြာမီပင် မနေ့ကလိုပဲ အလုပ်များနေပြန်သည်။ သင်္ဘောပျက်ထဲက ပစ္စည်းများကို ပုံးတစ်ပုံးချင်းစီထဲထည့်ပြီး ထုတ်ယူနေသည်။
ကြွေထည်တွေက အများကြီးရှိနေသေးတာကြောင့် ထိုကြွေထည်တွေကို ထုတ်ယူနေစဉ် လျူယောင် တွေးနေမိသည်။
"အရင်ကတော့.... ၂၀,၀၀၀ ကနေ ၃၀,၀၀၀ လောက်ရှိမယ်လို့...ငါ... ခန့်မှန်းထားတာ...ဒါပေမယ့် နည်းနည်း လျှော့တွက်မိသလိုပဲ... အနည်းဆုံး ၄၀,၀၀၀ ကနေ ၅၀,၀၀၀ လောက်ရှိမယ်ထင်တယ်...."
……
XXX ကုမ္ပဏီ.....
ဒါက ဝန်ထမ်း ၁၀၀ ပင် မပြည့်တဲ့ ကုမ္ပဏီငယ်လေးတစ်ခုဖြစ်ပြီး ဟွမ်ကွမ်းက ဒီကုမ္ပဏီမှာ အလုပ်လုပ်သည်။
ယနေ့လည်း အလုပ်စလုပ်တာနှင့် ပထမဆုံးလုပ်ရမည့်အရာမှာ ဒီနေ့လုပ်ရမည့်အရာက အလုပ်ထွက်ခွင့်စာတင်ခြင်းပင်။
ဟွမ်ကွမ်း အလုပ်ထွက်စာကို နာရီဝက်အတွင်း ရေးသားပြီးစီးခဲ့ရာ ဂရုတစိုက်ဖတ်ရှုပြီး ပြဿနာမရှိတာကို တွေ့ရှိသောအခါ ထရပ်ပြီး အလုပ်ထွက်ရန် သူဋေးကို သွားရှာဖို ပြင်လိုက်သည်။
သူ မထွက်ခင် အသံတစ်သံကြားလိုက်ရသည်။
"ဟွမ်ကွမ်း....နင်...ဘာဖြစ်နေတာလဲ....ဒီအလုပ်လေးတောင်...မပြီးသေးဘူးလား..."
...