အခန်း 130 " ဒါ တကယ်ပဲ စုန်ခေတ်က လား "
လျူယောင်ရဲ့ ညွှန်ကြားချက်အရ သင်္ဘောပျက်ထဲမှ မပျက်စီးသေးတဲ့ ကြွေထည်အချို့ကို လိပ်ကြီး ဂရုတစိုက်ထုတ်ယူခဲ့ပြီး.သင်္ဘောပျက်ကို ဆက်ဖျက်ရန် မကြိုးစားတော့ပေ။ထိုကြွေထည်များကို ယူပြီးနောက် လျင်လျင်မြန်မြန် ထွက်ခွာကာ ဟွာဟိုင်းမြို့ဘက်သို့ ကူးခတ်လာခဲ့သည်။
လျူယောင်က ပြင်ပအမြင်ကို ပိတ်လိုက်ပြီး သူ့ဖုန်းထဲမှ စုန်မင်းဆက်မှ ကြွေထည်များအကြောင်းကို ကြည့်လိုက်သည်။
ဒါတွေကို ကြည့်ပြီးနောက် သူ ပိုလို့ ပျော်ရွှင်လာလာခဲ့သည်။ အကြောင်းမှာ ထိုအချိန်က ကြွေထည်များရဲ့ ဈေးနှုန်းက ခုအချိန်အထိ မနိမ့်ကျသေးပေ။
တောင်တရုတ်ပင်လယ်မှ ဟွာဟိုင်းမြို့ခရီးစဉ်မှာ အနည်းငယ်ရှည်လျားသည်။
လိပ်ကြီးက တစ်နာရီကို ၁၆၀ ကျော်နှုန်းဖြင့် အမြန်နှုန်းဖြင့် ရွေ့လျားနေသော်လည်း အချိန်အနည်းငယ် ကြာသွားခဲ့သည်။
လိပ်ကြီး နေ့လယ်ပိုင်းတွင် ပင်လယ်နားရှိ ဂိုဒေါင်ကို ရောက်လာခဲ့ပြီး ကြွေထည် တစ်ဒါဇင်ကျော်ကို သယ်လာကာ ကုန်လှောင်ရုံ အလယ်မှ နေရာလွတ်တွင် ဂရုတစိုက် ချထားခဲ့သည်။
"သခင်ရေ ကျွန်တော် ပစ္စည်းတွေ ထားခဲ့ပါပြီ"
လိပ်ကြီးရဲ့ သတင်းကို လက်ခံပြီးနောက် လျူယောင် ပြင်ပအမြင်မှတစ်ဆင့် ချက်ချင်းကြည့်လိုက်သည်။
ကုန်လှောင်ရုံအလယ်ရှိ နေရာလွတ်တွင် ကြွေထည်အချို့ကို လျူယောင် တွေ့လိုက်ရတဲ့အခါ အလွန်ပျော်ရွှင်သွားသည်။
"လိပ်ကြီး မင်း ပင်ပန်းသွားပြီ အနီးအနားက ရေပြင်မှာ ဗိုက်ဖြည့်ပြီး အားပြန်ဖြည့်ထားလိုက်အူံး မနက်ဖြန်ကျရင် တောင်တရုတ်ပင်လယ်က သင်္ဘောပျက်ကို ထပ်သွားရမယ်"
"အိုကေဘာ သခင်"
လျူယောင် အချိန်ကို ကြည့်လိုက်သောအခါ နေ့လယ် ၄ နာရီကျော်နေတာကြောင့် ထရပ်ကာ ထွက်ရန် ပြင်ဆင်လိုက်ပြီး ပင်လယ်ကမ်းစပ်နားက ဂိုဒေါင်တွင် ကြွေထည်တစ်ဒါဇင်ကျော်ကို ကြည့်ရှု့ချင်ခဲ့သည်။
လျူယောင် ကုမ္ပဏီမှ ထွက်ခွာသွားတာကို မြင်တဲ့အခါ လူတိုင်း အံ့အားသင့်သွားကြသည်။ သူဋေးဖြစ်တဲ့ သူက အလုပ်ကနေ အချိန်မရွေးထွက်သွားနိုင်သည်လေ။
ချန်းဟူက "သူဋေးကျွန်တော် ကားမောင်းပေးရမလား" ဟု စတင်မေးမြန်းလိုက်သည်။
အစက သူ ချန်းဟူကို မခေါ်ချင်ခဲ့ပေ။ သို့သော် ချန်းဟူက စမေးမြန်းလာသဖြင့် လျူယောင် ရပ်လိုက်ကာ အနည်းငယ် တုန့်ဆိုင်းပြီးနောက်
"ကောင်းပြီ၊ မင်း ကားမောင်းပေး.အဲ့ဒီ့ Big G ကားကို မောင်းခဲ့" ဟု ပြောလိုက်သည်။
ချန်းဟူ Big G ကို မောင်းကာ တစ်နာရီခန့်အတွင်း ပင်လယ်နားရှိ ကုန်လှောင်ရုံကြီးသို့ ရောက်ရှိလာသည်။ လျူယောင် ကုန်လှောင်ရုံတံခါးကို ဖွင့်ရန်အတွက် ရီမု သော့ကို နှိပ်ပြီး
"ကားကို တိုက်ရိုက်မောင်းဝင်လိုက်" ဟု အမိန့်ပေးလိုက်သည်။
Big G ကားကို ကုန်လှောင်ရုံထဲသို့ တိုက်ရိုက်မောင်းဝင်လာပြီး ကုန်လှောင်ရုံ အလယ်ရှိ နေရာလွတ်တွင် ရပ်လိုက်သည်။ လိပ်ကြီး သယ်လာခဲ့တဲ့ ကြွေထည်တစ်ဒါဇင်ကျော်ကို ရှေ့ ၁၀ မီတာကျော်အကွာတွင် တွေ့လိုက်သည်။
ပန်းကန်လုံးများ၊ ပန်းကန်ပြားများ၊ ပုလင်းများနှင့် ကြွေထည်များစွာ ရှိနေတာက စိတ် ကျေနပ်စရာကောင်းနေသည်။
လျူယောင်က ကားပေါ်မှ လျင်မြန်စွာဆင်းပြီးနောက် ဒူးထောက်ထိုင်ချလိုက်ပြီး ကြွေထည်တစ်ခုကို ကောက်ယူကာ စိတ်ဝင်တစား ကြည့်ရှုလိုက်သည်။
အလွန်လှပသည်။
ပိုထူးခြားတာက မပျက်စီးသေးဘဲ အလွန်ပြည့်စုံနေခြင်းပဲ ဖြစ်သည်။
ချန်းဟူလည်း ရောက်ရှိလာပြီး ကြွေထည်တစ်ဒါဇင်ကို မြင်တဲ့အခါ ပျော်ရွှင်စွာဖြင့်
"သူဋေး ဒါတွေက ရှေးဟောင်းပစ္စည်းတွေ ဖြစ်ပုံရတယ်" ဟု ပြောလိုက်သည်။
လျူယောင် ခေါင်းငြိမ့်ပြီး
"ဟုတ်တယ် သူတို့က စုန်မင်းဆက်က ကြွေထည်တွေပဲ။ငါ့ကို သတင်းစာဟောင်းတွေနဲ့ ဂရုတစိုက်ပတ်ပေးပြီး ကားထဲမှာ အားလုံးထည့်ပေးပါ" ဟု ပြောလိုက်သည်။
လျူယောင် ဒီတစ်ကြိမ်တွင် သတင်းစာဟောင်းများကို အထူးယူလာခဲ့သည်။
ချန်းဟူက သူ့ရဲ့ညွှန်ကြားချက်များကို လိုက်နာပြီး ကြွေထည်တစ်ခုစီကို သတင်းစာဟောင်းအလွှာများစွာဖြင့် ပတ်ပြီး Big G ရဲ့ ကားနောက်ဖုံးထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။
ပစ္စည်းများအားလုံး ကားပေါ်ရောက်နေတာကို မြင်တဲ့အခါ လျူယောင် လက်ဝှေ့ယမ်းလိုက်ပြီး
"ပြန်ကြစို့"
ဟု ပြောလိုက်သည်။။
ကားထဲမှ ကြွေထည်တစ်ဒါဇင်ကျော်ကို ကြည့်ရင်း လျူယောင် အနည်းငယ် စိတ်လှုပ်ရှားနေသည်။
" ကောင်းပြီ တန်ဖိုးဘယ်လောက်ရှိလည်း ဆိုတာ မနက်ဖန် ပညာရှင်တစ်ဦးကို ကြည့်ခိုင်းရမယ် "
ပထမဆုံးအနေဖြင့် တင်းဝိန်ကို သတိရမိသည်။
သူက တစ်ဝက်တစ်ပျက် ပညာရှင်ဖြစ်ရုံသာမက ရှေးဟောင်းပစ္စည်းများစုဆောင်းခြင်းတန်ဖိုးဖြတ်ခြင်းနဲ့ ယဉ်ကျေးမှု့ကုမ္ပဏီတစ်ခုကို မှတ်ပုံတင်ပြီး တည်ထောင်ထားသည်။ သူ့လက်အောက်တွင် ပညာရှင်အချို့ ရှိလောက်သည်။
တင်းဝိန် ပညာရှင်အချို့ကို တကယ်ပဲ ခေါ်ယူထားသည်။
ယနေ့နေ့လယ်တွင် တင်းဝိန် ကျောင်းပျက်ခဲ့ပြီး အကြီးအကဲတစ်ဦးရဲ့ အဆက်အသွယ် မှတစ်ဆင့် ကြွေထည်ပညာရှင်တစ်ဦးကို သွားရောက်တွေ့ဆုံခဲ့သည်။
"ရှန်းကျိုးဖင်း "ပဲ ဖြစ်သည်။
တစ်ချိန်က နန်းတော်ပြတိုက်အတွက် အလုပ်လုပ်ခဲ့ဖူးကာ ရှေးဟောင်းကြွေထည်များကို ခွဲခြားသတ်မှတ်ရာတွင် အထူးကျွမ်းကျင်သူဖြစ်သည်။
ရှေးဟောင်းကြွေထည်များ စုဆောင်းခြင်းနဲ့ ပတ်သက်ပြီး သူကိုယ်တိုင် စုဆောင်းမှု့များစွာ ရှိသည်။
တင်းဝိန် သူ့ကို လာတွေ့တဲ့ ရည်ရွယ်ချက်မှာ ရှင်းလင်းသည်။ ကုမ္ပဏီတွင် ရှေးဟောင်းကြွေထည်အကဲဖြတ်ပညာရှင်အဖြစ် ဒါမှမဟုတ် ဧည့်သည်ပညာရှင်အဖြစ် ခန့်အပ်ရန် ဖြစ်သည်။
သို့သော် ဒီနေ့ လာရောက်တွေ့ဆုံမှု့တွင် တင်းဝိန် အနည်းငယ် စိတ်ပျက်ခဲ့ရသည်။
ရှန်းကျိုးဖင်းက သဘောမတူခဲ့ပေ။ဒါက ရှင်း ရှင်းလင်းလင်း ငြင်းပယ်ခြင်းတော့ မဟုတ်ပေ။
ထိုပညာရှင် ရှင်းရှင်းလင်းလင်း မငြင်းပယ်ခြင်းမှာ တင်းဝိန်ရဲ့ မိသားစုနောက်ခံကြောင့် ဖြစ်ပြီး တင်းဝိန်ကို နောက်ပြန်ဆုတ်စေချင်ခဲ့သည်။
သူ့လို အခွင့်အာဏာရှိသူတစ်ဦးက အသစ်တည်ထောင်ထားတဲ့ ကုမ္ပဏီငယ်တစ်ခုတွင် အကဲဖြတ်ပညာရှင်အဖြစ် အလုပ်လုပ်ပေးလေ့မရှိပေ။ ထို့အပြင် သူကိုယ်တိုင်မှာလည်း ငွေကြေးချို့တဲ့မှု မရှိပေ။
သူက တင်းဝိန်ရဲ့ မိသားစုလောက် ချမ်းသာပြီး အစွမ်းထက်သူ မဟုတ်ပေမဲ့ ယွမ်သန်း ၃၀၀ မှ ၅၀၀ အထိ တစ်ခါတည်း ထုတ်ပေးနိုင်သည်။ ထို့အပြင် သူ့ရဲ့ကိုယ်ပိုင်စုဆောင်းမှုရဲ့ တန်ဖိုးကလည်း ယွမ် သန်း ၂၀၀ မှ ၃၀၀ ခန့်ရှိမယ်လို့ ခန့်မှန်းရသည်။
ထိုကဲ့သို့သော ထူးချွန်သူတစ်ဦးအတွက် တင်းဝိန်ဟာ နံရံကို တိုက်မိတာနှင့်တူနေသည်။
"အိုး ရှန်းကျိုးဖင်းကို ကုမ္ပဏီရဲ့ အကဲဖြတ်ပညာရှင်ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲ တကယ့်ကို ခေါင်းကိုက်စရာပဲ"
တင်းဝိန် တစ်ညလုံး ကောင်းစွာမအိပ်နိုင်ခဲ့ပေ။
နောက်တစ်နေ့။
တင်းဝိန်က ပထမဆုံးအနေဖြင့် အသစ်တည်ထောင်ထားတဲ့ ကုမ္ပဏီသို့ ရောက်လာခဲ့သည်။ ထိုနေရာသည် ဟွာဟိုင်းရိပ်သာလမ်းရှိ Aအဆင့် ရုံးအဆောက်အအုံတစ်ခုတွင် တည်ရှိသည်။
ကုမ္ပဏီမှာ တရားဝင်လည်ပတ်ခြင်းမရှိသေးသော်လည်း ရုံးခန်းနေရာကို ပြင်ဆင်ထားပြီး သူ့ရဲ့ကိုယ်ပိုင်ရုံးခန်းလည်း ရှိသည်။
တင်းဝိန်က ရှန်းကျိုးဖင်းကို သူ့ရဲ့ကုမ္ပဏီတွင် ဧည့်သည်ပညာရှင်အဖြစ် ပါဝင်စေရန် မည်သည့်ဆက်ဆံရေး သို့မဟုတ် နည်းလမ်းကိုမဆို အသုံးပြုရန် ဦးနှောက်ကို ခြစ်ခြစ်ကပ်ကပ် စဉ်းစားနေခဲ့သည်။
ထိုအချိန်တွင် ဖုန်းဝင်လာခဲ့သည်။
ဖုန်းကိုင်လိုက်တာနဲ့ လျူယောင်ရဲ့အသံက
"ညီလေး၊ မင်း ဘယ်မှာလဲ၊ မင်းကို တစ်ခုမေးစရာရှိလို့" ဟု ထွက်ပေါ်လာသည်။
တင်းဝိန်က "အကိုယောင် ကျွန်တော် ကုမ္ပဏီမှာပါ" ဟု ပြန်ဖြေလိုက်သည်။
"ကောင်းပြီ ငါ အခုပဲ အဲ့ဒီကိုလာခဲ့မယ် "
တင်းဝိန်က "အကိုယောင် ! ကျွန်တော် ပထမထပ်က ဧည့်ခန်းမှာ အကို့ ကို စောင့်နေမယ်" ဟု ပြောလိုက်သည်။
တင်းဝိန် ဖုန်းချပြီးနောက် ရုံးခန်းမှ ထွက်ခွာပြီး ပထမထပ်က ဧည့်ခန်းတွင် စောင့်နေခဲ့သည်။ ခဏအကြာတွင် လျူယောင်ရောက်လာပြီး သူ့နောက်တွင်တော့ ချန်းဟူက ကဒ်ထူပုံးကြီးတစ်ပုံးကို ကိုင်လျက် လိုက်ပါလာသည်။
တင်းဝိန် အနည်းငယ်ရှုပ်ထွေးနေသည်။ အထူးသဖြင့် ချန်းဟူက ကဒ်ထူပုံးကြီး ကိုင်ပြီး နောက်မှ လိုက်ပါလာတာကို မြင်လိုက်ရသောအခါ ပိုလို့ပင် ဖြစ်သည်။
လျူယောင်က "ငါ့မှာ တောင်ပိုင်းစုန်မင်းဆက်ခေတ်က ကြွေထည်အချို့ရှိတယ်။ မင်းက တစ်ဝက်တစ်ပျက် ပညာရှင်တစ်ဦး ဖြစ်တယ်လို့ သိလို့ ကူကြည့်ပေးဖို့ မင်းကို လာတွေ့တာပါ "
"ဘာ!"
"တောင်ပိုင်းစုန်မင်းဆက်ခေတ်က ကြွေထည်တွေလား "
တင်းဝိန် စိတ်ထဲ အနည်းငယ်လှုပ်ရှားသွားသည်။ သူက ရှန်းကျိုးဖင်းကို ခေါ်ဆောင်ချင်ခဲ့ပြီး ကြိုးစားအားထုတ်မှုများစွာလည်း ရှိခဲ့သည်။အဲ့ဒါက ရှန်းကျိုးဖင်းဟာ မကြာသေးမီနှစ်များအတွင်း စုန်မင်းဆက်ကြွေထည်များကို စိတ်ဝင်စားခဲ့ကြောင်းကို သိပြီး သူ့လက်ထဲတွင် စုန်မင်းဆက်ခေတ်မှ ကြွေထည်များစွာကို စုဆောင်းထားတာကိုလည်း တင်းဝိန် သိထားသည်။
"အကိုယောင် ဒါ တကယ်ပဲ စုန်ခေတ်ကလား"
"သေချာတာပေါ့ မင်း ကြည့်လိုက်ရင် ရှင်းသွားမှာမဟုတ်လား"
"ဟုတ်ပါတယ်၊ ဟုတ်ပါတယ် ဒါဆိုရင် ကုမ္ပဏီကို သွားကြစို့ ကျွန်တော် လမ်းပြပေးမယ်"
တင်းဝိန်က လျူယောင်နှင့် ချန်းဟူကို ဓာတ်လှေကားနဲ့ ခေါ်လာခဲ့ပြီး မကြာမီပင် သူ့ရဲ့ကုမ္ပဏီကို ရောက်လာခဲ့သည်။
လျူယောင် ဓာတ်လှေကားမှ ထွက်လာတာနဲ့ ရွှေရောင်စာလုံးနဲ့ရေးထားတဲ့ - ဟွာဟိူင်းယဉ်ကျေးမှု့ ဆိုတဲ့စာသား ကို မြင်လိုက်ရသည်။
တင်းဝိန်က လျူယောင့်ကို သူ့ရဲ့ကုမ္ပဏီအကြောင်း မိတ်ဆက်ရန် လုပ်မနေတော့ဘဲ ရုံးခန်းထဲ တိုက်ရိုက်ခေါ်လာခဲ့သည်။
ချန်းဟူက ကဒ်ထူပုံးကြီးကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး တင်းဝိန်ရဲ့ စားပွဲကြီးပေါ် တင်လိုက်ရာ ကဒ်ထူပုံးကြီးထဲမှ ပထမဆုံးကြွေ ထည်ကို ထုတ်ကြည့်ဖို့ တင်းဝိန် စိတ်မရှည်တော့ပေ။