Ch 129
Viewers 5k

အခန်း 129 "စုန်မင်းဆက်ခေတ်က ရှေးဟောင်းသင်္ဘောပျက်"



"ယနေ့  "


လျူယောင် ကုမ္ပဏီကို ကြည့်ရန် မသွားမှီ ခဏနားဖို့ စဉ်းစားခဲ့သည်။


မိသားစုနဲ့အတူ မနက်စာကိုလျူယောင်  အတူတူ စားလိုက်သည်။မိဘများ ဒီကိုပြောင်းလာပြီးကတည်းက ဒါက ဘဝတစ်ခုလို ဖြစ်နေသည်။


နေ့တိုင်း အပူအပင်ကင်းကင်းနဲ့အစား အသောက်များရှိပြီး အိမ်ကလည်း သပ်သပ်ရပ်ရပ် ရှိနေသည်။


လျူယောင်က အိမ်အကူအတွက်လည်း စီစဉ်ထားပြီး တစ်ပတ်လျှင် တစ်ကြိမ် ပုံမှန်လာရောက်ကာ သန့်ရှင်းရေးလုပ်လေ့ရှိသည်။ ပုံမှန်အားဖြင့်တော့ သူ့မိဘများကသာ အဓိက ကူညီရှင်းလင်းပေးသည်။



လျူယောင်က အိမ်မှုကိစ္စများ နေ့တိုင်းလုပ်ဖို့အတွက် အချိန်ပိုင်း အိမ်အကူတစ်ယောက်ကို ငှားမယ်လို့ ပြောခဲ့သည်။ သို့သော် ကျိုးရှို့ယင်းက ငွေကို ဖြုန်းဖို့ မလိုအပ်ဟု ဆိုကာ ချက်ချင်းပဲ ကန့်ကွက်ခဲ့သည်။


လီချန်လဲ့နဲ့နှစ်ယောက်တည်းကမ္ဘာတွင် နေချင်ပါက လျူယောင် သူမကို ကြယ်ငါးပွင့်ဟိုတယ်အချို့ကို မကြာခဏ ခေါ်သွားလေ့ရှိပြီး ထိုနေရာတွင် ပိုအပန်းဖြေနိုင်ကာ မည်သူမျှလည်း နှောင့်ယှက်ခြင်းမပြုနိုင်ပေ။


လျူယောင် မနက်စာစားပြီးနောက် ခဏနေရင် ကုမ္ပဏီကို သွားတော့မည်။



လျူယောင် ထင်မထားတာက လိပ်ကြီးကသူ့ကို စတင်ဆက်သွယ်လာခြင်း ဖြစ်သည်။


"သခင်ရေ ကျွန်တော် အခုလေးတင် ရေအောက်မှာသင်္ဘောပျက်တစ်ခုကို တွေ့တယ် ကျနော့ ရှေ့တည့်တည့်မှာပဲ"


"အော် မင်း သင်္ဘောပျက်ကို ထပ်တွေ့တာလား"


လျူယောင် ရုတ်တရက် စိတ်ဝင်စားသွားပြီး ပြင်ပအမြင်ကို ချက်ချင်းဖွင့်လိုက်ရာ  လိပ်ကြီးရဲ့ ပတ်ဝန်းကျင်မှ အခြေအနေများကို မြင်လိုက်ရသည်။


လိပ်ကြီးက ထပ်မံ ကြီးထွားလာခဲ့ပြီး အလေးချိန် တန် ၈၀ နီးပါးရှိနေသည်။သူက ပင်လယ်ကြမ်းပြင်အောက်မှာ ရှိပြီး ဘေးနားတွင် ပင်လယ်ရေမှော်များ၊ သန္တာကျောက်တန်းများနှင့် အခြားအရာများစွာရှိနေသည်။


ထို့ကြောင့် ရေ အလွန်နက်လိမ့်မည် မဟုတ်ကြောင်း ရှင်းနေသည်။


"လိပ်ကြီး မင်း အခု ဘယ်မှာလဲ"


"သခင် ကျွန်တော် အခုတောင်တရုတ်ပင်လယ်မှာ ရှိနေတုန်းပဲ  ဒီက ရေကကြည်လင်ပြီး စားစရာတွေလည်း ပေါများတယ် နေလို့ကောင်းတယ်လို့ ကျွန်တော်ထင်တယ်။ ဒီမှာပဲ ခဏလောက် နေလိုက်ဦးမယ်"ဟု ပြန်ဖြေလိုက်သည်။


လျူယောင် ခေါင်းငြိမ့်ပြလိုက်သည်။


"ကောင်းပြီ မင်းတောင်တရုတ်ပင်လယ်မှာ နေချင်ရင် နေနိုင်တယ် ဒါ ဘယ်လိုသင်္ဘောပျက်အမျိုးအစားလဲဆိုတာ သွားကြည့်ပေးအူံး"


လိပ်ကြီးက "ဟုတ်ကဲ့ အဲ့ဒါ ရှေ့တည့်တည့်မှာပဲကျွန်တော် မကြာခင် ရောက်တော့မယ်" ဟု ပြန်ဖြေလိုက်သည်။


နှစ်မိနစ် မကြာမှီ သင်္ဘောပျက်အနီးကို လိပ်ကြီး ရောက်ရှိလာသည်။ထိုနေရာရှိ ရေအနက်မှာ မီတာ ၁၀၀ အောက်သာရှိသည်။ ပင်လယ်ရေမှာ ကြည်လင်ပြီး ပင်လယ်ကြမ်းပြင်ကလည်းတောက်ပနေကာ၊ ယိမ်းထိုးနေတဲ့ ပင်လယ်ရေမှော်များနှင့် လှပသော သန္တာကျောက်တန်းများ နေရာတိုင်းတွင် ရှိနေသည်။


သင်္ဘောပျက်က ပင်လယ်ကြမ်းပြင်တွင် လဲလျောင်းနေသည်။



သေချာကြည့်ရှုခြင်းမပြုပါက သင်္ဘောပျက်တစ်ခုဖြစ်တာကို တွေ့နိုင်မည်မဟုတ်ပေ။ ထိုအပေါ်တွင်  ပင်လယ်ရေမှော်ထူထူအချို့ပင် ပေါက်နေသည်။


"လခွမ်း ဒါက ကံကောင်းတာပဲ"


လိပ်ကြီး မတော်တဆ ရှာတွေ့တာဖြစ်ကြောင်း ခန့်မှန်းရသည်။


လျူယောင် ပြင်ပအမြင်မှတစ်ဆင့်  သေချာ ကြည့်လိုက်ရာ ထိုအရာမှာ ရှေးဟောင်းသစ်သားသင်္ဘောပျက်တစ်ခုဖြစ်ပြီး နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။


"သခင် ကျွန်တော် ဒါကို ဖျက်ဆီးလိုက်ရမလား"


လျူယောင် အနည်းငယ် တုံ့ဆိုင်းနေသည်။


အကြမ်းပတမ်းဖျက်ဆီးလိုက်ပေမဲ့ ရွှေနှင့်ငွေအများအပြားသာ ရှိပါက ပြဿနာမရှိပေ။ သို့သော် အခြား ပျက်စီးလွယ်တဲ့ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များ ဥပမာ- ကြွေထည်ပစ္စည်းများရှိနေပါက ဘယ်လိုလုပ်မလဲ။


လျူယောင် ခဏ စဉ်းစားပြီးနောက်  သတိပေးလိုက်သည်။



"ဒါကို ဖျက်ဖို့ လုပ်နေတဲ့ချိန် အတွင်းထဲက ပစ္စည်းတွေကို မပျက်စီးအောင် သတိထားပါ"


ပုံမှန်ဆိုပါက လိပ်ကြီး သူ့ရဲ့ ဧရာမလှံကို ယူကာ သင်္ဘောပျက်တွင် အပေါက်ကြီးအချို့ကို ဖောက်ပြီး သစ်သားပြားများကို ဖြိုချလိမ့်မည်။


လျူယောင်ရဲ့ အမိန့်ကြောင့်  လိပ်ကြီး ပိုသတိထားခဲ့သည်။


ပထမဆုံးအနေဖြင့် သူ့ရဲ့ ဧရာမလှံကို မြေပြင်ပေါ်ချလိုက်ပြီးနောက် သင်္ဘောပျက်ပေါ်ရှိ ပင်လယ်ရေမှော်များနဲ့ ကပ်နေတဲ့အရာများကို သန့်စင်ရန် အရင်လုပ်သည်။

 

တန် ၈၀ နီးပါးရှိတဲ့ ဧရာမသတ္တဝါကြီးမှာ အသေးစိတ်ကျသော အလုပ်များကို လုပ်နေတာကို ပြောရင် ဘယ်သူမှ ယုံမှာမဟုတ်ပေ။


လျူယောင်က


"လိပ်ကြီး မင်း တကယ်တော်တယ်  ဂရုစိုက် လုပ်ရမှာကို သိနေတယ်" ဟု ချီးကျူးလိုက်သည်။


လိပ်ကြီးက  ဂုဏ်ယူနေတဲ့လူတစ်ယောက်လိုမျိုး


"သခင် ကျွန်တော် အလုပ်လုပ်နေတာ စိတ်မပူပါနဲ့၊ ကျွန်တော် သင်္ဘောပျက်ပေါ်က ပင်လယ်ရေမှော်နဲ့ အုပ်ထားတဲ့ဟာတွေကို သန့်ရှင်းပြီးတဲ့အထိ စောင့်ပါ" ဟု ပြောလိုက်သည်။


"ကောင်းပြီ ဖြည်းဖြည်းလုပ် အလျင်မလိုနဲ့ အခြေခံအားဖြင့် သန့်ရှင်းပြီးရင် ငါ့ကို ဆက်သွယ်အူံး"


"အိုကေဘာ သခင် "


လိပ်ကြီးက ဂရုတစိုက်အလုပ်စလုပ်ချိန်တွင် လျူယောင် အပြင်သွားရန် မိဘများကို ပြောလိုက်သည်။ ချန်းဟူက ဗီလာတံခါးဝတွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သည်။



လျူယောင် ကုမ္ပဏီကို ရောက်ရှိလာပြီး ရုံးခန်းထဲတွင် ထိုင်ကာ လိပ်ကြီး အလုပ်လုပ်နေတာကို ပြင်ပအမြင်မှတစ်ဆင့် ထပ်မံစစ်ဆေးခဲ့သည်။


လိပ်ကြီးဟာ ပင်ပန်းနွမ်းနယ်ခြင်းမရှိဘဲ သင်္ဘောပျက်ရဲ့ မျက်နှာပြင်ကို ဂရုတစိုက်သန့်စင်နေသည်။ တစ်နာရီခန့်တွင် အားလုံးနီးပါး သန့်စင်ခဲ့ပြီးပြီ။


သင်္ဘောပျက်ရဲ့ ပုံသဏ္ဍာန်မှာပိုမိုရှင်းလင်းလာသည်။



လျူယောင်က ရှေးဟောင်းသစ်သားသင်္ဘောပျက်တစ်ခုဖြစ်တာကို သေချာစေခဲ့ပြီး ဒီသင်္ဘောပျက်မှာ သူတစ်ခါမှမမြင်ဖူးတဲ့ သင်္ဘောအမျိုးအစားလည်းဖြစ်သည်။


ထို့ကြောင့် ဖုန်းတွင် ရိုးရှင်းစွာ ရှာဖွေကြည့်လိုက်သည်။


ကြည့်ရူ့မှုအချို့ ပြုလုပ်ပြီး သူ့ရှေ့က သင်္ဘောပျက် ပုံစံနှင့် နှိုင်းယှဥ်ပြီးနောက် လျူယောင်က အခြေခံအားဖြင့် ဆုံးဖြတ်ချက်ချနိုင်ခဲ့သည်။


ဒါက စုန်မင်းဆက်ခေတ်မှ ရှေးဟောင်းသစ်သားသင်္ဘောပျက်ဖြစ်နိုင်ပြီး ဆုန်မင်းဆက်ခေတ်မှ အချွန်သင်္ဘောအမျိုးအစားဖြစ်နေသည်။


 ထိုအချိန်က ပင်လယ်ကုန်သွယ်ရေးသင်္ဘောဖြစ်နိုင်ဖွယ်ရှိသည်။


ဒီအကြောင်းကို စဉ်းစားမိပြီးလျူယောင် စိတ်အားထက်သန်လာသည်။


လျူယောင် သမိုင်းကို အနည်းငယ်သိတာကြောင့် ဒါဟာ စုန်မင်းဆက်ခေတ်က တရုတ်နိုင်ငံဟာ အရှေ့တောင်အာရှ နိုင်ငံအချို့နဲ့ ကုန်သွယ်ခဲ့ပြီး နာမည်ကြီး ပင်လယ်ရေကြောင်းပိုးလမ်းမ ပေါ်ပေါက်ခဲ့တာကိုလည်း သိထား သည်။


"သခင်ရေ သင်္ဘောပျက်ရဲ့ မျက်နှာပြင်ကို သန့်စင်ပြီးပြီမို့  ကျွန်တော် သင်္ဘောပျက်ကို စဖျက်လို့ရပြီလား"


လိပ်ကြီး တောင်းဆိုချက်ကို ကြားရချိန်တွင် လျူယောင် ခဏတာစဉ်းစားပြီးနောက်


"သစ်သားပြားအချို့ကို ဖယ်ရှားပြီး အရင်ကြည့်ဖို့ကြိုးစားပါ" ဟု ဖြေလိုက်သည်။


လိပ်ကြီး ချက်ချင်း စ ဖျက်တော့သည်။

 


သင်္ဘောပျက်ရဲ့ သစ်သားပြားတစ်ချပ်ကို သူ့ရှေ့ခြေသည်းတစ်ဖက်ဖြင့် အနည်းငယ်အားစိုက်လိုက်တာနဲ့ သစ်သားပြားမှာ ကျိုးပဲ့သွားသည်။


"သိပ်လွယ်တာပဲ!"


လိပ်ကြီးက ခဏတာ အံ့သြသွားပြီးနောက်


"သခင် ကျွန်တော် အားမသုံးလိုက်ရဘူး  ဒီအပြားကို ကျွန်တော် ဖျက်လိုက်တာ နှစ်ပိုင်းကျိုးသွားတယ်" ဟု စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။


လျူယောင်က


"ဒါ  ပုံမှန်ပဲ။ ဒီသင်္ဘောပျက်က နှစ်ရာချီ ပင်လယ်ကြမ်းပြင်မှာ ရှိနေတာလေ အကောင်းဆုံးသစ်သားပြားတွေတောင်မှ နှစ်ရာချီကြာအောင် ပင်လယ်ရေထဲမှာ မြုပ်နေရင်  ပျက်စီးမှု့ကို မခံနိုင်ဘူး။ ဒါတွေက တော်တော်လေး ပျက်စီးနေတာမို့  မင်း ပိုပြီးတော့ သတိထားသင့်တယ်" ဟု ရှင်းပြလိုက်သည်။



လိပ်ကြီး  ပိုသတိထားလာပြီး သစ်သားပြားအချို့ကို ထပ်ဖျက်လိုက်တဲ့အခါ သင်္ဘောပျက်ရဲ့ အခန်းတစ်ခန်းကို တွေ့လိုက်ရပြီး အံ့သြသွားကာ  အော်ဟစ်လိုက်သည်။


"သခင်ရေ ဒီအခန်းထဲမှာ ကြွေထည်တွေ အ ပြည့်ရှိနေတာ မြင်လား ကြွေထည်တွေ အပြည့်ပဲ သခင်ရ"


လျူယောင် ပြင်ပအပြင်မှတစ်ဆင့် အဲ့ဒါကို  ရှင်းရှင်းလင်းလင်း မြင်ရသည်။


ဖွင့်ထားတဲ့ အခန်းထဲတွင် ကြွေထည်များစွာ တကယ်ရှိနေပြီး ထိုပစ္စည်းများမှာ ကွေးကောက်နေပေမဲ့ အခန်းတစ်ခုလုံးနီးပါး ပြည့်နေခဲ့သည်။ ထိုထဲမှ အချို့မှာ ပျက်စီးသွားပုံရသော်လည်း အချို့ ကြွေထည်ပစ္စည်းများမှာ မပျက်စီးသေးဘဲ အရေအတွက်မှာ မနည်းလှပေ။


ချက်ချင်းဆိုသလို လျူယောင် စိတ်အားတက်ကြွလာသည်။



"နှစ်ပေါင်းရာချီနေတဲ့ ဒီ  ကြွေထည်များမှာ တန်ဖိုး ဘယ်လောက် ရှိမလဲ "


သူ စိတ်လှုပ်ရှားနေကာ  လိပ်ကြီးအား သင်္ဘောပျက်ကို ဆက်ဖျက်ရန် မတောင်းဆိုရဲတော့ပေ။တကယ်လို့   မပျက်စီးသေးတဲ့ ကြွေထည်များကို မတော်တဆ ဖျက်ဆီးမိပါက ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်သွားလိမ့်မည်။


တစ်ချိန်တည်းမှာပင် လျူယောင် အနည်းငယ် စိုးရိမ်နေတယ်။ လိပ်ကြီးက ဂရုတစိုက်လုပ်ဆောင်နေသော်လည်း သင်္ဘောပျက်က နှစ်ပေါင်းများစွာကြာပြီးနောက် ခိုင်ခံ့တော့မည်မဟုတ်ပေ။တကယ်လို့သာ  ပြိုကျသွားပြီး အတွင်းမှ ပစ္စည်းများကို ဖိမိပါက ဆုံးရှုံးမှု့ကြီးမားသွားလိမ့်မည်။


ဒါ့ကြောင့် လျူယောင်က


"လိပ်ကြီး ဒါကို ထပ်မဖြုတ်တော့နဲ့ အထဲက ကြွေထည်အချို့ကို ဂရုတစိုက်ထုတ်ယူပြီး ပင်လယ်နားက ငါတို့ရဲ့ ကုန်လှောင်ရုံကို ပို့ပေးပါ"ဟု ခိုင်းလိုက်သည်။


လျူယောင် ပထမဆုံးအနေဖြင့် ကြွေထည်အချို့ကို ကြည့်ချင်ပြီး ဒီ ကြွေထည်များ တန်ဖိုးရှိမရှိ အကဲဖြတ်ရန် ပညာရှင်တစ်ဦးကို ရှာဖွေချင်ခဲ့သည်။ 



ထိုကြွေထည်အားလုံးသာ တန်ဖိုးအများကြီးရှိပါက ပိုက်ဆံများ ထပ်မံရရှိတော့မှာပဲ ဖြစ်သည်။