အခန်း 116 " ဒါ ဘယ်ကလာတဲ့ အသံလဲ "
လိပ်ကြီး အစကတည်းက ဒီလို လုပ်ချင်နေခဲ့သည်။
လိပ်ကြီး ဒီရေငုပ်သင်္ဘောကြောင့် လန့်သွားခဲ့ရပြီး ဒီတစ်ကြိမ်တွင် ပြန် ကလဲ့စားချေချင်ခဲ့သည်။ဒါပေမဲ့ သခင်က အမိန့်မပေးတာကြောင့် သူ ဘာမှ မလုပ်နိုင်ခဲ့ပေ။
"တကယ်လား၊ အဲ့ရေငုပ်သင်္ဘောကို ကျွန်တော် အပေါက်ဖောက်လိုက်လို့ရလား "
" မင်း စိတ်ကြုက်လုပ် " ဟု လျူယောင် ပြန် ဖြေလိုက်သည်။
သခင်ရဲ့ခွင့်ပြုချက် ရရှိပြီးနောက် လိပ်ကြီး သည်းမခံနိုင်ဖြစ်ကာ ရေငုပ်သင်္ဘောရဲ့ ဘေးကို ကူးခတ်သွားတော့သည်။အနားရောက်တော့ မဆိုင်းမတွပင် ဧရာမလှံဖြင့် ရေငုပ်သင်္ဘောကိုယ်ထဲကို ထိုးသွင်းလိုက်သည်။
" ဗြန်းး"
ဧရာမလှံမှာ ရေငုပ်သင်္ဘောရဲ့ကိုယ်ထည်နှင့် ရိုက်မိပြီး ရေအောက်တွင် ပြင်းထန်တဲ့ အသံကြီးထွက်လာခဲ့သည်။ မီးပွားများ ထွက်လာမလိုပင်ဖြစ်ပေမဲ့ ကံမကောင်းစွာနဲ့ပဲ ရေငုပ်သင်္ဘောရဲ့ ကိုယ်ထည်က အလွန်မာကျောတာကြောင့် ဖောက်ထွင်းမဝင်နိုင်ခဲ့ပေ။
လိပ်ကြီး အနည်းငယ် အံ့ဩသွားခဲ့သည်။
ထို့နောက် သူ့စိတ်ထဲတွင် ယုံကြည်မှု့မရှိတော့ဘဲ ဧရာမလှံကို ကိုင်ကာ ရေငုပ်သင်္ဘောကို ထပ်မံထိုးလိုက်သည်။ ထိုအခါတွင်လည်း ပြင်းထန်တဲ့ အသံသာ ထွက်လာခဲ့သည်။ ရေငုပ်သင်္ဘောရဲ့ ကိုယ်ထည်မှာ အနည်းငယ် ပုံပျက်သွားပေမဲ့ ထိုးဖောက်လို့ မရနိုင်သေးပေ။
"ဒီလိုဖြစ်နေတာ ငါ ဘယ်လိုလုပ်ရမလဲ "
လိပ်ကြီး မျက်လုံးပြူးသွားခဲ့သည်။ သူ ဒီလိုအခြေအနေမျိုးနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဖူးခြင်းဖြစ်သည်။
ယခင်က တန်ချိန်တစ်သောင်းရှိတဲ့ ဧရာမသင်္ဘောကြီးများကို ထိုးတဲ့အခါ ဒီလို အဖြစ်မျိုးမရှိခဲ့ပေ။ ပုံမှန်အားဖြင့် တစ်ချက်ထိုးရုံနှင့် ကြီးမားတဲ့ အပေါက်ဖြစ်သွားခဲ့သည်။
လျူယောင်လည်း အနည်းငယ် အံဩသွားခဲ့သည်။ လုံးဝမမျှော်လင့်ထားခဲ့ပေ။ ယခင် လို အောင်မြင်မယ်လို့သာ တွေးခဲ့သည်။ ထိုးလိုက်တာနဲ့ ပေါက်သွားလိမ့်မယ်လို့ သူ တွေးခဲ့တာလေ။
အံ့ဩနေရင်းမှပင် လျူယောင် သတိပေးလိုက်သည်။ လိပ်ကြီး ရေငုပ်သင်္ဘောရဲ့ကိုယ်ထည်က မာကြောတယ်။ အရင်ဆုံး ရေငုပ်သင်္ဘောရဲ့ အပြင်ဘက်က အသံစုပ်ပြားလေးတွေကို ဖယ်ရှားလိုက် ပြီးရင်တော့ မင်း ထိုးဖောက်နိုင်လိမ့်မယ် "
အသံစုပ်ပြားများရဲ့ ကာကွယ်မှု့မရှိတော့ရင် ၁၀ တန် ကျော်ရှိတဲ့ ဧရာမလှံက ရေငုပ်သင်္ဘောရဲ့ ကိုယ်ထည်ကို တိုက်ရိုက်ထိုးဖောက်နိုင်လိမ့်မည်။
ကြီးမားတဲ့ အင်အားနဲ့ ချွန်ထက်တဲ့ လှံဖျားတို့ကြောင့် ထိုးဖောက်နိုင်မှာပဲဖြစ်သည်။
လိပ်ကြီးက နားလည်သွားဟန်တူပြီး သူ့ရဲ့လှံဖြင့် ရေငုပ်သင်္ဘောရဲ့ ကိုယ်ထည်ကို တိုက်ရိုက်မထိုးတော့ဘဲ ရေငုပ်သင်္ဘောပေါ်ရှိ အသံစုပ်ပြားများကို ရိုက်ခတ်လိုက်သည်။
ရေငုပ်သင်္ဘောထဲတွင် ။
ရုတ်တရက် သင်္ဘောအပြင်ဘက်တွင် ပြင်းထန်တဲ့ဆူညံသံ ထွက်ပေါ်လာခဲ့သဖြင့် ကပ္ပတိန်အိုဖရေး က အလျင်အမြန်အော်လိုက်သည်။
" ဘာဖြစ်နေတာလဲ ခုနက အသံက ဘာလဲ"
"ခေါင်းဆောင် ကျွန်တော်တို့ မသိသေးပါဘူး "
" ဗြုန်း “
ဒီလို ဖြေနေစဉ် နောက်ထပ် ပြင်းထန်တဲ့ အသံ ထွက်ပေါ်လာခဲ့သည်။ရေငုတ်သင်္ဘောကိုယ်ထည် တစ်ခုလုံးမှာ အနည်းငယ် လှုပ်ယမ်းသွားခဲ့သည်။အိုဖာရေး သာမကဘဲ အခြားလူများရဲ့ မျက်နှာအမူအရာများပါ ပြောင်းလဲသွားခဲ့သည်။
သူတို့ဟာ "ဘာတွေဖြစ်နေတာလဲ! ဒါ ဘယ်ကလာတဲ့ အသံလဲ "ဟု စိုးရိမ်တကြီးတွေးနေခဲ့ကြသည်။
အိုဖရေးက အစိုးရိမ်ဆုံးဖြစ်သည်။
" မြန်မြန် ဘာဖြစ်နေတာလဲဆိုတာ သေချာသိအောင်လုပ်စမ်း “
ရေငုပ်သင်္ဘောတစ်ခုလုံး ထိတ်လန့်သွားကာ ချက်ချင်းပင် စစ်ပွဲအခြေအနေကို ဝင်ရောက်သွားတော့သည်။ဆူညံတဲ့ ဥဩသံများ ထွက်ပေါ်လာခဲ့ပြီး လူတိုင်းက သူတို့ရဲ့တာဝန်များကို လျင်မြန်စွာ လုပ်ဆောင်ခဲ့ကြသည်။
ဒါပေမဲ့ ဘာဖြစ်နေလဲဆိုတာကို ရှာဖွေရန်မှာ ပြောရတာထက် လုပ်ရတာက ပိုခက်နေသည်။
သူတို့ကို ဒေါသဖြစ်စေတာက ရေငုတ်သင်္ဘောအပြင်ဘက်တွင် လှုပ်ရှားမှု့တစ်ခုရှိနေပြီး အသံမှာ မသေးလှပေ။ ထိုအချိန်တွင် လိပ်ကြီးက ရေငုတ် သင်္ဘောအပြင်ဘက်ရှိ သံစုပ်ပြားများကို သူ့ရဲ့ ဧရာမလှံဖြင့် ထိုးနေပြီပဲဖြစ်သည်။
သံစုပ်ပြားများကို တစ်ခုပြီးတစ်ခု ဖယ်ရှားလိုက်ကာ သုံးလေးချပ်ဖယ်ရှားပြီးနောက် လိပ်ကြီး ပြောလိုက်သည်။
" သခင်ရေ ရပြီထင်တယ်နော် "
လျူယောင် ပြန်ဖြေလိုက်သည်။
"အေး ရပြီထင်တယ်။မင်းရဲ့ ဧရာမလှံနဲ့ ထပ်ထိုးကြည့်လိုက် ဒီရေငုပ်သင်္ဘောရဲ့ ကိုယ်ထည်ကို ထိုးဖောက်နိုင်လိမ့်မယ်လို့ ငါ ထင်တယ် "
လိပ်ကြီး ဧရာမလှံကို ကိုင်လိုက်ပြီး သူ့ရဲ့ခွန်အားအားလုံးကို အသုံးပြုကာ ရေငုပ်သင်္ဘောဆီ ထပ်မံထိုးသွင်းလိုက်သည်။ အသံစုပ်ပြားများရဲ့ ကာကွယ်မှု့ မရှိတာကြောင့် ဧရာမလှံမှာ ရေငုပ်သင်္ဘောရဲ့ ကိုယ်ထည်ကို တိုက်ရိုက်ထိုးဖောက်သွားခဲ့သည်။
" ဒိန်း "
" ဒိန်း"
ပြင်းထန်တဲ့ အသံထွက်ပေါ်လာပြီး နောက်ဆုံးတွင်တော့ ဧရာမလှံက ရေငုပ်သင်္ဘောကို ထိုးဖောက်သွားခဲ့သည်။ မီတာ ၂၀ ရှည်လျားတဲ့ ဧရာမလှံမှာ အနည်းဆုံး ၅ မီတာကျော်အထိ နစ်ဝင်သွားခဲ့သည်။
"ထပ်လုပ်ဦးမယ် "
လျူယောင်ရဲ့ အမိန့်မပါဘဲ လိပ်ကြီး ဧရာမလှံဖြင့် ထပ်မံထိုးသွင်းလိုက်ရာ ရေငုပ်သင်္ဘောရဲ့ ကိုယ်ထည်ကို ထပ်မံထိုးဖောက်သွားခဲ့ပြီး ဧရာမလှံသည် လေးငါးမီတာအနက်အထိ နစ်ဝင်သွားခဲ့သည်။
သင်္ဘောအတွင်းတွင်
လူတစ်ယောက်က ထိတ်လန့်တကြား အစီရင်ခံလိုက်သည်။
"ကပ္ပတိန် ကျွန်တော်တို့ရဲ့ရေငုပ်သင်္ဘော ပျက်သွားပြီထင်တယ် ပင်လယ်ရေတွေ အများကြီးဝင်လာနေပြီ။ ကျွန်တော်တို့တော့ သွားပြီ "
ပင်လယ်ရေ အများအပြားဝင်ရောက်လာတာကို မြင်တဲ့အခါ စစ်သားအချို့မှာ ငိုနေခဲ့ကြသည်။
ကပ္ပတိန်အိုဖာရေးက အော်ဟစ်လိုက်သည်။
"မြန်မြန် မြန်မြန် လေလုံတဲ့ အဖုံးကို ပိတ် မြန်မြန် ရေပေါ်တက် ရေပေါ်တက် ကွ "
နောက်ကျသွားလေပြီ။
လိပ်ကြီးရဲ့ ဧရာမလှံက အလွန်ကြီးမားတာကြောင် တစ်ချက်ထိုးရုံနဲ့ ဧရာမအပေါက်ကြီးဖြစ်သွားခဲ့သည်။ ဆက်တိုက်အကြိမ်များစွာ ထိုးလိုက်တာ ဆိုတော့ ပြောစရာပင်မလိုတော့ပေ။
မီတာ ၂၀၀ ကျော်အနက်တွင် ပင်လယ်ရေရဲ့ဖိအားက မနည်းလှပေ။ဒီ ဖိအားအောက်တွင် ပင်လယ်ရေများ အရှိန်အဟုန်နဲ့ ဝင်ရောက်လာတာကြောင့် အားလုံး အချည်းနှီးသာဖြစ်ကုန်သည်။
ရေငုပ်သင်္ဘောအတွင်း၌။
" ဒီးး ဒီးးး "
" ဘုရားရေ အမေရေ ကယ်ပါ "
" သွားပြီ ငါတို့တော့ သွားပြီ "
ဥဩသံများ ထိတ်လန့်တကြား အော်သံများနဲ့ ပင်လယ်ရေ ပြင်းထန်စွာဝင်ရောက်လာတဲ့ အသံများအားလုံး ရောယှက်နေတော့သည်။
မဟာဗျူဟာမြောက် နျူကလီးယားရေငုပ်သင်္ဘောမှာ ရေပေါ်သို့ မတက်နိုင်ဘဲ မီတာ ၂၀၀၀ ခန့်နက်တဲ့ ပင်လယ်ကြမ်းပြင်အောက်ကို ဖြည်းညှင်းစွာ နစ်မြုပ်သွားတော့သည်။ ပိုမိုနက်လာနဲ့အမျှ ပင်လယ်ရေဝင်ရောက်တဲ့ အရှိန်ကလည်း ပိုမိုမြန်ဆန်လာကာ နစ်မြုပ်တဲ့ အရှိန်မှာလည်း မြန်ဆန်လာခဲ့သည်။
တတိယအမြင်မှတစ်ဆင့် လျူယောင် နျူက လီးယား ရေငုပ်သင်္ဘော နစ်မြုပ်သွားတာကိုမြင်တဲ့အခါ ရင်ထဲတွင် အကြောင်းပြချက်မရှိပဲ စိတ် သက်သာရာရသွားခဲ့သည်။
"သူငယ်ချင်းများလာရင် ဝိုင်နဲ့ဧည့်ခံပြီး ရန်သူများလာရင် သေနတ်များဖြင့် ဧည့်ခံသည် "
ခင်ဗျားတို့ကို ကျွန်တော်တို့အိမ်ရှေ့မှာ လာလည်ကြလို့ ဘယ်သူပြောလို့လဲ။ အခုတော့ပင်လယ်ကြမ်းပြင်အောက်ကို တိုက်ရိုက်နစ်မြုပ်သွားခဲ့ပြီမို့လား " လျူယောင် စိတ်ကျေနပ်စွာ ရေရွတ်လိုက်သည်။
-----
စစ်ဌာနချုပ်တွင်။
ထိုနေရာတွင် တဖြည်းဖြည်း ရှုပ်ထွေးလာခဲ့သည်။ သူတို့ရဲ့ Oh-class မဟာဗျူဟာမြောက် နျူကလီးယားရေငုပ်သင်္ဘောတစ်စင်းမှာ ယန်နိုင်ငံရဲ့ ရေပိုင်နက်အနီးတွင် နစ်မြုပ်သွားခဲ့သည်။
"ဒါ ယန်နိုင်ငံက တိုက်ခိုက်တာများလား "
"ဟာကွာ ဘာလို့ဒီလိုဖြစ်ရတာလဲ။ အထွေထွေစစ်ဦးစီးချုပ်ရုံးကို တင်ပြပြီး ဘာတွေဖြစ်နေလဲဆိုတာ ချက်ချင်းရှာဖွေပါ "
လိပ်ကြီး ဒီတစ်ခါ ကောင်းကင်ကို လှံနဲ့ ထိုးဖောက်လိုက်ခြင်းပဲဖြစ်သည်။
ဒီဟာက Oh-class မဟာဗျူဟာမြောက် နျူကလီးယားရေငုပ်သင်္ဘောဖြစ်ပြီး M နိုင်ငံတစ်ခုလုံးတွင် ၁၄ စင်းသာရှိသည်။ မိနစ်အနည်းငယ်အတွင်း တစ်စင်းနစ်မြုပ်သွားပါက ကောင်းကင်ကို လုံးဝဖြိုခွင်းလိုက်ခြင်းပဲဖြစ်သည်။
M နိုင်ငံ စစ်တပ်ရဲ့အမှုဆောင်အရာရှိများအားလုံး ဒီကိစ္စကို လျင်မြန်စွာသိရှိသွားခဲ့ကြသည်။ဒါက ဆယ်စုနှစ်များအတွင်း အရေးအကြီးဆုံးအဖြစ်အပျက်ဖြစ်တယ်လို့ ယူဆရသည်။
"ဘုရားရေ ငါတို့ Oh-class မဟာဗျူဟာမြောက် နျူကလီးယားရေငုပ်သင်္ဘောတစ်စင်း နစ်မြုပ်သွားခဲ့တာလား "
ဒီကိစ္စကို M နိုင်ငံရဲ့သမ္မတထံ လျင်မြန်စွာတင်ပြခဲ့သည်။ M နိုင်ငံရဲ့ ထိပ်တန်းစစ်ဘက်အရာရှိများက ထိုကိစ္စနှင့်ပတ်သက်၍ အရေးပေါ်အစည်းအဝေးတစ်ခု ကျင်းပရန် အတူတကွ ထိုင်ခဲ့ကြသည်။
" လိပ်ကြီး ပင်လယ်ကြမ်းပြင်အောက်ကိုသွားပြီး ရေငုပ်သင်္ဘော ဘယ်လို ဖြစ်နေလဲဆိုတာ သွားကြည့်လိုက်ပါအုံး ""
" အိုကေဘာ သခင် "
လျူယောင်ရဲ့ညွှန်ကြားချက်အရ မီတာ ၂၀၀၀ အနက်ရှိတဲ့ ပင်လယ်ကြမ်းပြင်အောက်ကို လိပ်ကြီး ငုပ်ဆင်းသွားခဲ့သည်။လိပ်ကြီး ပင်လယ် ကြမ်းပြင်ကိုရောက်တဲ့အခါ ရေငုပ်သင်္ဘောကို မြင်လိုက်ရသည်။
ရေငုပ်သင်္ဘောမှာ ပင်လယ်ကြမ်းပြင်တွင် စောင်းပြီး နစ်မြုပ်နေခဲ့သည်။ ကိုယ်ထည်တွင် ကြီးမားတဲ့ အပေါက်နှစ်ပေါက် သုံးပေါက်ရှိပြီး အလွန်ထင်ရှားလှသည်။
ရေငုတ်သင်္ဘောအတွင်းပိုင်းတွင် ပင်လယ်ရေများပြည့်နေတာမို့လို့ M နိုင်ငံမှ စစ်သားဒါဇင်နဲ့ချီကာ ဘုရားသခင်ကိုသွားရောက်ဖူးတွေ့နေကြပြီဖြစ်သည်။
လျူယောင် စိတ်ထဲကနေ "ငါ ဒီရေငုပ်သင်္ဘောကို ပြန်ရနိုင်ရင် ချမ်းသာတော့မှာပဲ" ဟု တွေးလိုက်မိသည်။
ဒီဟာက ကမ္ဘာပေါ်ရှိ မဟာဗျူဟာမြောက် နျူကလီးယားရေငုပ်သင်္ဘောများရဲ့ အမြင့်ဆုံးနည်းပညာအဆင့်ကို ကိုယ်စားပြုနိုင်သည်။
တကယ်လို့ ဒါကိုပြန်ဆယ်ယူပြီး ငါတို့ရဲ့စစ်တပ်ကို အပ်လိုက်ပါက.ဆု များစွာချီးမြှင့်ခံရလိမ့်မည်။
"နှမျောစရာပဲကွာ "
"ဘယ်လောက်တောင် နှမျောစရာကောင်းလိုက်သလဲ"
လိပ်ကြီးမှာ တန် ၆၀ သာရှိပြီး တန် ၁၈,၀၀၀ ကျော်ရှိတဲ့ Oh-class မဟာဗျူဟာမြောက် နျူကလီးယားရေငုပ်သင်္ဘောကို ရွှေ့ဖို့က မဖြစ်နိုင်ပေ။ ဒါကို မြင်သာမြင်ရပြီး မရွှေ့နိုင်တဲ့အတွက် သနားစရာပင် ကောင်းလှသည်။