Ch 115
Viewers 5k

အခန်း 115   M နိုင်မှ ရေငုပ်သင်္ဘော



"သခင်  ကျွန်တော် အခုပဲ အရမ်းလန့်သွားခဲ့တာ"

လျူယောင် ရုတ်တရက် စိတ်ဝင်စားသွားကာ သူရဲ့ လိပ်ကြီးကို ဒီလိုထိတ်လန့်စေတဲ့ အရာက ဘာလဲဆိုတာ  ကြည့်ချင်စိတ်ဖြစ်ပေါ်လာခဲ့သည်။


"လိပ်ကြီး မင်း ဘာဖြစ်ခဲ့တာလဲ "


ခုနက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို လိပ်ကြီး  ကမန်းကတန်း ပြောပြလိုက်သည်။


လိပ်ကြီး အစာဝသွားပြီးနောက် အခြားတစ်နေရာကို  လှိုင်းစီးရန် ထွက်သွားခဲ့ပေမဲ့ ပင်လယ်ရေပြင်မိုင်ပေါင်းများစွာကို ကူးခတ်ပြီးသွားမိလိမ့်မယ်လို့ ဘယ်သူက သိနိုင်မှာလဲ။



ထိုနေရာက မှောင်မိုက်ပြီး ကြောက်မက်ဖွယ်ကောင်းကာ ကြီးမားတဲ့အရွယ်အစားတစ်ခုက လိပ်ကြီး ရှိရာကို ဦးတည်မောင်းနှင်လာခဲ့သည်။ လိပ်ကြီး သူ့ဆီကို  တိုက်ရိုက်လာနေတဲ့ ထိုအရာကို မြင်တဲ့အခါ လန့်ဖျပ်ပြီး ပြန်လှည့်ထွက်ပြေးလာခဲ့သည်။


"ကြီးမားပြီး မှောင်မိုက်နေတဲ့ ရေအောက်တွင် ရှိနေတာလား "


လျူယောင် ထိုအရာမှာ ရေငုပ်သင်္ဘော ဖြစ်နိုင်တယ်လို့ တွေးမိသည်။ လိပ်ကြီးက ရေငုပ် သင်္ဘောကို ပထမဆုံးအကြိမ် မြင်ဖူးတာမို့လို့ ဘာလဲဆိုတာ မသိတာက ပုံမှန်ပင်ဖြစ်သည်။


နောက်ဆုံးပေါ် ရေငုပ်သင်္ဘောတစ်စင်းက တန်ပေါင်းများစွာလေးလံပြီး ရွှေ့လျားနိုင်တာကြောင့် တန်ချိန် ၅၀-၆၀ သာရှိတဲ့ လိပ်ကြီးထက် အဆပေါင်းများစွာ ပို၍ကြီးမားလိမ့်မည်။ လိပ်ကြီးက ထိုရေငုပ်သင်္ဘောရဲ့ ရှေ့တွင် အကောင်သေးသေးလေးတစ်ကောင်နဲ့ ဆင်တူနေသည်။

  

 လျူယောင် တွေးရင်း ရယ်ချင်နေမိသည်။


"သခင် ခင်ဗျားက ကျွန်တော့်ကို ရယ်နေသလို ခံစားရတယ်"

လျူယောင်က "


မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါ !မင်း ကို တကယ်မရယ်ပါဘူး။ ကြီးမားတဲ့ ရေငုပ်သင်္ဘော ရုတ်တရက်ပေါ်လာတာကြောင့် မင်း ထိတ်လန့်သွားတာပါ !ဒါက ပုံမှန်ပါပဲ  "ဟု အမြန်ပြန်ဖြေလိုက်သည်။


"သခင် ရေငုပ်သင်္ဘောဆိုတာ ဘာလဲ။ လိပ်ကြီး အရမ်းသိချင်နေတာကြောင့် မေးလိုက်သည်။


လျူယောင် သိပ္ပံပညာအကြောင်းနဲ့ ရေငုပ်သင်္ဘောဆိုတာ ဘာလဲဆိုတာကို ရိုးရှင်းစွာ လိပ်ကြီးကို ရှင်းပြလိုက်သည်။ နောက်ဆုံးတော့ လိပ်ကြီးက  ရေငုပ်သင်္ဘောဆိုတာကို နားလည်သွားခဲ့သည်။


ခုနက သူ ရေငုပ်သင်္ဘောကြောင့် သူ လန့်သွားခဲ့သည်ကိုး။


လျူယောင်ရဲ့ ဖော်ပြချက်ကို နားထောင်ပြီးနောက် ဒါဟာ ရေငုပ်သင်္ဘောဖြစ်နိုင်တယ်ဆိုတာ သေချာသွားခဲ့သည်။


"သခင် ကျွန်တော် ရေငုပ်သင်္ဘောအကြောင်းကို အရမ်းသိချင်နေတယ်။ အဲ့ဒါကို လိုက်ပြီး အနီး ကပ်သွားကြည့်ချင်လို့  ဘယ်လို သဘောရလဲခင်ဗျား "


လျူယောင်က " ပြဿနာမရှိပါဘူး ဒါပေမဲ့ ရေငုပ်သင်္ဘောက မတွေ့မိအောင် သတိထားအူံး "


ဒါက သတိပေးချက်တစ်ခုသာ ဖြစ်သည်။


လိပ်ကြီးကို ရေငုပ်သင်္ဘောက ရှာဖွေတွေ့ရှိနိုင်ခြေက အလွန်နည်းပါးပြီး ဖြစ်နိုင်ခြေမှာ သုညနီးပါးဖြစ်သည်။ ရေငုပ်သင်္ဘောဖြစ်သည့်တိုင် ရေ၌အုပ်စိုးရှင်ကို ရှာတွေ့ဖို့ဆိုတာ မလွယ်ပေ။


ရေထဲတွင် ကူးခတ်နေတဲ့ လိပ်ကြီးရဲ့ အသံက တိတ်ဆိတ်လုနီးပါးဖြစ်ပြီး ကမ္ဘာပေါ်တွင် အငြိမ်ဆုံး ရေငုပ်သင်္ဘောထက်ပင် ပို တိတ်ဆိတ်သည်။


သူ့ရဲ့အပူချိန်ကလည်း ပင်လယ်ရေရဲ့ အပူချိန်နီးပါးတူညီသည်။



အခြေခံအားဖြင့် ရှာဖွေတွေ့ရှိနိုင်မှာမဟုတ်တာကြောင့် လိပ်ကြီး စူးစမ်းလိုစိတ်ဖြင့် လိုက်ကြည့်ခြင်းက ဘာပြဿနာမှ မရှိပေ။ လျူယောင် ဖိအားမရှိဘဲ ချက်ချင်းသဘောတူလိုက်သည်။


လိပ်ကြီး ငြိမ်သက်စွာ နောက်ကနေ လိုက်သွားခဲ့ပြီး မိနစ်အနည်းငယ်အကြာမှာပဲ ရေအောက်မီတာ ၂၀၀ ကျော်အနက်တွင် ရွက်လွှင့်နေသည့် ကြီးမားသော ရေငုပ်သင်္ဘောကို တွေ့ရှိခဲ့သည်။


လိပ်ကြီး တကယ်ကို စူးစမ်းချင်စိတ် ဖြစ်ခဲ့သည်။



မီတာရာဂဏန်းအကွာအဝေးကို ထိန်းထားရင်း ရေငုပ်သင်္ဘော ဘယ်ဘက်ခြမ်းကို ကူးခတ်သွားပြီး တစ်ချက်ကြည့်လိုက်သည်။ အချိန်အတော်ကြာအောင် ကြည့်ပြီးနောက် သူ့ရဲ့စူးစမ်းချင်စိတ်မှာ အလွန်ကျေနပ်သွားတော့သည်။


လျူယောင်က ဒီဟာမှာ မည်သည့်ရေငုပ်သင်္ဘောအမျိုးအစားဖြစ်တာကို သိချင်နေခဲ့သည်။



ဒါကြောင့် သူ  ထိုရေငုပ်သင်္ဘောကို ပြင်ပအမြင်မှတဆင့်  ကြည့်လိုက်သည်။ အချိန်အတော်ကြာအောင်ကြည့်ပြီးနောက် ဒီလိုကြီးမားတဲ့ ရေငုပ်သင်္ဘောက  နျူကလီးယားရေငုပ် သင်္ဘော ဖြစ်နိုင်တယ်လို့  စိတ်ထဲတွင် တွေးလိုက်မိသည်။


"ဒီဟာက ဘယ်နိုင်ငံရဲ့ မဟာဗျူဟာမြောက် နျူကလီးယားရေငုပ်သင်္ဘောလဲဟ "


"ငါတို့တိုင်းပြည်ကလား.တခြားနိုင်ငံကလား"

ထိုနေရာမှ  ဟွာဟိုင်းမြို့ကို မျဉ်းဖြောင့်အကွာအဝေးမှာ ရေမိုင် ၃၀၀ ထက်နည်းသည်။


ရိုးရိုးသားသားပြောရရင် လျူယောင့်ကို စစ် တပ်အမာခံတစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။ သူက စစ်ဘက်ဆိုင်ရာ ဖိုရမ်များကို မကြာခဏသွားရောက်လေ့ရှိပြီး လက်နက်အချို့နဲ့ ကိရိယာများကို နားလည်မှုရှိသည်။


သူကြည့်လေလေ  တခြားနိုင်ငံရဲ့နျူကလီးယားရေငုပ်သင်္ဘောနဲ့ ပို တူလာလေလေဖြစ်သည်။


"ဒါက တခြားနိုင်ငံရဲ့ နျူကလီးယားရေငုပ်သင်္ဘော  ဖြစ်နိုင်မလား"


ဒီအတွေးက သူ့စိတ်ထဲမှာ ပေါ်လာတာနဲ့ လျူယောင် အံ့အားသင့်သွားခဲ့သည်။တကယ်လို့သာ  ဒါဟာ  နိုင်ငံခြား နျူကလီးယားရေငုပ်သင်္ဘော ဖြစ်ခဲ့ရင်တော့ အလွန်အနိုင်ကျင့်မှု ဖြစ်လိမ့်မည်။



ပင်လယ်ပြင်ဟု ယူဆပေမဲ့ ထိုနေရာကနေ ဟွာဟိုင်းမြို့မှ ကီလိုမီတာ ၃၀၀ သာ ဝေးကွာခဲ့ပြီး နိုင်ငံခြား နျူကလီးယားရေငုပ်သင်္ဘောက ဒီနေရာတွင် အမှန်တကယ် ပေါ်လာသည်။


လျူယောင် စိတ်ထဲတွင် ကောက်ချက်ချထားတာကို အတည်ပြုရန်အတွက် ဖုန်းထဲတွင် ရှာကြည့်လိုက်သည်။ စစ်ဘက်ဆိုင်ရာဝက်ဘ်ဆိုက်များနဲ့ စစ်ရေးဖိုရမ်အချို့တွင် နျူကလီးယားရေငုပ်သင်္ဘောများရဲ့ပုံများရှိနေသည်။



လျူယောင် နျူကလီးယားရေငုပ်သင်္ဘောကို ပြင်ပလူတစ်ဦးရဲ့အမြင်ဖြင့် ကြည့်ရှုပြီးနောက် ဖုန်းထဲမှ  နျူကလီးယား ရေငုပ်သင်္ဘောပုံများကို ကြည့်ခဲ့သည်။ သေသေချာချာ နှိုင်းယှဉ်ကြည့်ပြီးနောက် နျူကလီးယားရေငုပ်သင်္ဘောရဲ့ ပုံစံကို ဆုံးဖြတ်ခဲ့သည်။


ဒါက  ၁၀၀% Oh-class နျူကလီးယားရေငုပ်သင်္ဘောပဲ ဖြစ်သည်။


မိုဘိုင်းလ်ဖုန်းပေါ်တွင် ဒီနျူကလီးယားရေငုပ်သင်္ဘောရဲ့ နိဒါန်းနဲ့ ပုံများပါရှိသည်။ဒီဟာက  M နိုင်ငံရဲ့ နျူကလီးယားရေငုပ်သင်္ဘောပဲဖြစ်သည်။


M နိုင်ငံ ရဲ့ရေတပ်တွင် သင်္ဘော ၁၄ စင်းရှိပြီး ၈ စင်းမှာ ပစိဖိတ်သမုဒ္ဒရာတွင် တပ်စွဲထားခဲ့သည်။ လိပ်ကြီး လိုက်ပါသွားတဲ့ သင်္ဘောကသင်္ဘော ၈ စင်းအနက်မှ တစ်စင်းဖြစ်ရမည်။


"အတိအကျပဲ "


ဒါကတော့ Oh-class နျူကလီးယားရေငုပ်သင်္ဘောပဲ ဖြစ်သည်။



လျူယောင်က လက်ကိုင်ဖုန်းကို ပိတ်လိုက်ပြီး လိပ်ကြီးဧရာမလှံဖြင့် ရေငုပ်သင်္ဘောနောက် လိုက်နေတာကို ပြင်ပအမြင်ဖြင့် ရှင်းရှင်း လင်းလင်း မြင်လိုက်ရသည်။


ရေငုပ်သင်္ဘောရဲ့အရှိန်က မမြန်ပေ။လိပ်ကြီးမှာ တတ်တိတ်လေး လိုက်ခဲ့တာကြောင့် လုံလုံလောက်လောက် မလိုက်နိုင် ပဲဖြစ်နေခဲ့သည်။ထို ရေငုပ်သင်္ဘောက သူ့ကို သတိမထားမိ သေးပေ။



လျူယောင် နျူကလီးယားရေငုပ်သင်္ဘောကို ကြည့်ပြီးနောက် လှံကြီးကို ကိုင်ဆောင်ထားတဲ့  လိပ်ကြီးကို ကြည့်လိုက်ကာ တစ်ခုခုလုပ်ရမလားလို့ စိတ်ထဲကနေ တွေးလိုက်မိသည်။


ဒီအခွင့်အရေးကို လက်လွတ်ခံလိုက်ရပါက နောက်တစ်ကြိမ် ဘယ်တော့ပြန်ဆုံနိုင်မလဲဆိုတာ မသိနိုင်ပေ။



ကျယ်ပြန့်သောပင်လယ်နဲ့ ကျယ်ပြန့်သောပစိဖိတ်သမုဒ္ဒရာတွင် နျူကလီးယားရေငုပ်သင်္ဘောတစ်စင်းနဲ့ တွေ့ဆုံရန်မှာ ကံကောင်းရန် လိုအပ်သည်။


တစ်ခုခုကို လုပ်ချင်တယ်ဆိုတဲ့ အတွေးက လျူယောင်ရဲ့စိတ်ထဲတွင် ပေါက်ဖွားလာပြီး မျိုသိပ်လို့မရတော့ပေ။


---

ရေငုပ်သင်္ဘောထဲတွင်မူ  ပုံမှန်မဟုတ်တာကို ဘယ်သူမှ သတိမထားမိခဲ့ကြပေ။


ရေငုပ်သင်္ဘောရဲ့ အပြင်ဘက် မီတာရာချီ တစ်နေရာတွင် ကြောက်စရာကောင်းလောက်အောင် ကြီးမားတဲ့ လိပ်ကြီးတစ်ကောင် နောက်ကလိုက်နေမယ်လို့ ဘယ်သူမှ  မမျှော်လင့်ထားခဲ့ပေ။ ဒီ လိပ်ကြီးရဲ့ ညာဘက်ခြေသည်းတွင် မီတာ ၂၀ အရှည်ရှိတဲ့ ဧရာမလှံကြီးကို ကိုင်ဆောင်ထားတာက  မယုံနိုင်စရာပင် ကောင်းလှသည်။



ရေငုပ်သင်္ဘောတာဝန်ခံ အိုဖာရေး က ပူပူ နွေးနွေး ကော်ဖီတစ်ခွက်ကို ကိုင်ဆောင်ထားသည်။ ရေငုပ်သင်္ဘောထဲတွင် ကော်ဖီပူ တစ်ခွက်ကို သောက်သုံးရခြင်းက  တကယ့် အရသာတစ်ခုပင် ဖြစ်သည်။


"ခေါင်းဆောင်၊ ကျွန်တော်တို့ ဒီလိုပဲ တစ်ချိန်လုံး မောင်းနေခဲ့တာလား။ ကျွန်တော်တို့ ရေမိုင်ပေါင်းများစွာ ဆက်မောင်းရင် ယန်နိုင်ငံရဲ့ ရေပိုင်နက်ထဲရောက်တော့မှာဖြစ်တယ် "လို့ ငယ်သား တစ်ဦးက သတိပေးလိုက်သည်။


အိုဖာရေး က အထင်အမြင်သေးဟန်ဖြင့်


"ငါတို့မှာလွတ်လပ်စွာ သွားလာခွင့် အပြည့်ရှိတယ် ဘယ်သူ့မှ တားဆီးနိုင်မှာမဟုတ်ဘူး"ဟု ပြောပြီး ရေငုပ်သင်္ဘောမှာ ရှေ့သို့သာ ပုံမှန်အတိုင်း မောင်းနှင်လျက်ရှိသည်။


လွတ်လပ်စွာ သွားလာခွင့်မှာ အကြောင်းပြချက်တစ်ခုသာဖြစ်သည်။ မည်သည့်နိုင်ငံမှ ရေငုပ်သင်္ဘောမဆို နိုင်ငံ M ပိုင်နက်မှ ရေမိုင် ၃၀၀ ထက်နည်းတဲ့ နေရာကို မောင်းဝံ့ပါက ရှာဖွေတွေ့ရှိသရွေ့ အပစ်ခံရမည်မှာ မလွဲပေ ။



လျူယောင်  ပြင်ပအမြင်ဖြင့် အခြေအနေကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။


"အင်း ဒီဟာက  ငါတို့ ရေပိုင်နက်ထဲ ဝင်တော့မယ် ! လမ်းကြောင်းက ဒီကိုပဲ မောင်းနေတာပဲ ဒါတော့ များသွားပြီ "


စိတ်ဆိုးနေတဲ့ လျူယောင်က လိပ်ကြီးကို ဆက်သွယ်ပြီး ပြောလိုက်သည်။


"လိပ်ကြီး မင်းရဲ့ လှံကို သုံးပြီး အဲ့ ရေငုပ် သင်္ဘောကို အကြိမ်များများ ထိုးလိုက် အပေါက်ကြီးကြီး ဖောက်နိုင်မလားဆိုတာ ကြည့်ရအောင် "


ရုတ်တရက် ဒီစကားကြားတော့ လိပ်ကြီး သိသိသာသာ စိတ်လှုပ် ရှားလာခဲ့သည်။