Ch 117
Viewers 5k

အခန်း 117  အမေ! အဖေ ဘာဖြစ်လို့လဲ



"သနားစရာကောင်းလိုက်တာ!တကယ် သနားစရာကောင်းလိုက်တာ"ဆိုပြီး လျူယောင် စိတ်ထဲကနေ ရေရွတ်မိသည်။


 လိပ်ကြီး က ငယ်သေးတာကြောင့် သနားစရာကောင်းတယ်လို့  ပြောဆိုနေခြင်းပဲ ဖြစ်သည်။



တကယ်လို့သာ ခုအချိန်တွင် တန်ချိန်နှစ်ထောင် သုံးထောင်လောက်ရှိရင် စမ်းသပ်ကြည့်နိုင်တယ်လို့  တွေးမိရင်း လျူယောင့် မျက်နှာက မဲ့သယောင်ဖြစ်သွားသည်။


ခုအချိန်တွင် လိပ်ကြီးက  တန်ချိန်ငါးဆယ်ခြောက်ဆယ်သာ ရှိတာကြောင့်  လျူယောင် စမ်းသပ်ကြည့်ဖို့ စိတ်မကူးရဲပေ။


"လိပ်ကြီးရေ ငါ တို့ကိစ္စကြီးတစ်ခုလုပ်မိပြီ။ မဟာဗျူဟာမြောက်နျူကလီးယားရေငုပ်သင်္ဘောကို နစ်မြုပ်စေခဲ့တယ်ဆိုတာ ကောင်းကင်ကိုဖြိုခွဲလိုက်သလိုပဲ။ ဒီပင်လယ်ရေပိုင်နက်ထဲမှာ မင်း ဆက်မနေသင့်ဘူး !အနည်းဆုံး ရေမိုင်ငါးဆယ်လောက်ကို မင်းသွားသင့်တယ်"ဟု


လျူယောင် သတိပေးလိုက်သည်။


ဒီလို ကြီးမားတဲ့ ကိစ္စဖြစ်ပွားခဲ့ခြင်းကြောင့် M နိုင်ငံက တုံ့ပြန်မှု့ များစွာရှိလာမှာ သေချာပါသည်။


ရေငုပ်သင်္ဘောက ဒီနေရာတွင်နစ်မြုပ်သွားခဲ့ခြင်းဖြစ်ရာ ယန် နိုင်ငံ ဒါမှမဟုတ် အမ် နိုင်ငံ ဖြစ်စေ  ဒီရေငုပ်သင်္ဘောကို ရှာဖွေကြည့်ရှုရန် ရေငုတ်စက်ရုပ်များ သို့မဟုတ် အခြားသောရေနက်ပိုင်း ရေငုပ်ကိရိယာများကို ပို့လွှတ်ကြမှာ သေချာသည်။


တကယ်လို့ လိပ်ကြီးကို တွေ့ရှိသွားပါက ဆိုးရွားမှာဖြစ်ပြီး အကောင်းဆုံးနည်းလမ်းက  ဒီနေရာမှ ဝေးရာကို ရှောင်တိမ်းနေခြင်းပဲ ဖြစ်သည်။


"သခင်  ဘာဆက်လုပ်ရမယ်ဆိုတာ ကျွန်တော်  သိပါတယ် ကျွန်တော် သွားတော့မယ်  "


စကားအနည်းငယ်ပြောပြီးနောက် လိပ်ကြီး အလွန်လျင်မြန်တဲ့ အရှိန်ဖြင့် ရေမိုင်ရာနှင့်ချီကို ကူးခတ်ပြီး အခြားနေရာကို  ထွက်သွားလေတော့သည်။



ကောင်းကင်ကို ဖြိုခွင်းခဲ့ခြင်းပဲ ဖြစ်သည်။


ပြောစရာပင်မလိုတော့ပါ။ M နိုင်ငံရဲ့မြင့်မားသော တုံ့ပြန်မှုမှာ အတိအကျ ပြောမပြနိုင်လောက်အောင် ကြီးမားလှသည်။မကြာမီပင် ယန် နိုင်ငံရဲ့ စစ်တပ်မှာလည်း ထိုကိစ္စကိုသိရှိသွားခဲ့သည်။


လျူယောင် နိုင်ငံနှစ်ခုကြားတွင် ဘာဖြစ်မယ်ဆိုတာကို ဂရုမစိုက်ပေ။



M နိုင်ငံရဲ့ မဟာဗျူဟာမြောက်နျူကလီးယား ရေငုပ်သင်္ဘောက ယန်နိုင်ငံရဲ့ အိမ်ရှေ့တွင် နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။ ယန် နိုင်ငံရဲ့ စစ်တပ်အတွက် ဒါက ကောင်းတဲ့ကိစ္စတစ်ခု ဒါမှမဟုတ် ကြီးမြတ်တဲ့ ကိစ္စတစ်ခုပဲလို့ တွေးနေမိသည်။


နှစ်ဖက်စလုံးက ဒီကိစ္စကို လျှို့ဝှက်ထားသင့်တာကိုသိသည်။ တီဗီ၊ သတင်းစာ၊ အင်တာနက်တွင်ဖြစ်စေ ဒီကိစ္စနှင့်ပတ်သက်ပြီး အစီရင်ခံချက် လုံးဝမရှိခဲ့ပေ၊ ရက်အတော်ကြာသည်အထိ ထိုကိစ္စက လုံးဝမဖြစ်ခဲ့ဘူးလို့  ပြောနိုင်သည်။


M နိုင်ငံရဲ့ မဟာဗျူဟာမြောက် နျူကလီးယား ရေငုပ်သင်္ဘောနစ်မြုပ်ပြီးနောက် လျူယောင်  ရက်အတော်ကြာအောင် အလွန်ပျော်ရွှင်နေမိသည်။



လျူယောင် စနေနေ့နံနက်တွင် စောစောထကာ ပဝါကိုဝတ်ပြီး ဝက်သားခြစ်ထားတဲ့ ခေါက်ဆွဲမွှေး ပန်းကန်လုံးသုံးလုံးကို သူ့ဘာသာသူ ချက်ပြုတ်နေသည်။


 ခေါက်ဆွဲကို စားပွဲပေါ်တင်ပြီးတာနဲ့ လျူလန် ထိုင်ရာမှထကာ ခေါက်ဆွဲပန်းကန်ကို ကောက် ယူ၍ စားတော့သည်။


"အစ်ကို ဟင်းချက်တာ တိုးတက်လာပြီ။ အကိုကျွေးတဲ့ ခေါက်ဆွဲက ပိုကောင်းလာတယ်"


လျူယောင် ဒီညီမငယ်အား ကြည့်ကာ ပြုံးပြီးပြောလိုက်သည်။

"လောဘကြီးလွန်းတယ် မင်းရဲ့ ယောင်းမ ပေါ်မလာသေးဘူး"


စကားသံဆုံးသွားတာနဲ့ လီချန်လဲ့ အပေါ်ထပ်မှ ဆင်းလာခဲ့သည်။


"ဒီမှာ ရှင်တို့အရင်စားနှင့်ပါ၊ ကျွန်မကိုမစောင့်နဲ့"


သူတို့နှစ်ဦး နောက်ဆုံးအလွှာကို ဖြတ်ကျော်ပြီးကတည်းက လီချန်လဲ့က ဒီနေရာတွင် နေထိုင်ခဲ့သည်။ နေ့တိုင်း လျူယောင်  မနက်တိုင်း သူမကို ကျောင်းသို့ လိုက်ပို့ပေးခဲ့သည်။


ဒီနေ့တွင်လည်း လျူယောင်နဲ့အတူ အိပ်ယာထလာခြင်းဖြစ်သည်။


အမျိုးသားများက ရေချိုးပြီး မုတ်ဆိတ်ရိတ်ရန်သာလိုသည်။အမျိုးသမီးများကတော့  မိတ်ကပ်လိမ်းရန်နဲ့ သပ်ရပ်စွာဝတ်ဆင်ရန် အချိန်ပိုကြာသည်။


သုံးယောက်သား အတူတူထိုင်ပြီး နံနက်စာကို ကျေနပ်စွာ စားခဲ့ကြသည်။


နံနက်စာစားပြီးတာနဲ့ ပန်းကန်ဆေးရန် အချိန်မရသေးမီ လျူယောင်ရဲ့ဆဲလ်ဖုန်းမြည်လာခဲ့သည်။ သူ့အမေ ခေါ်နေတာတွေ့တော့ အံ့အားသင့်သွားသည်။


မနက်စောစော ဖုန်းဆက်တာ တစ်ခုခုဖြစ်နေလို့လားလို့   သူတွေးနေမိသည်။

လျူယောင် တိုးတိုးလေးပြောလိုက်သည်။


"ဟေး အမေခေါ်နေတယ်"


လျူလန်နဲ့ လီချန်လဲ့တို့ ချက်ချင်းပင် တိတ် ဆိတ်သွားကြသည်။



လျူယောင် ဖုန်းကိုင်လိုက်တာနဲ့ ကျိုးရှို့ယင်း ရဲ့ အသံမှာ ဖုန်းထဲမှ ထွက်ပေါ်လာခဲ့သည်။


စကားမဆုံးခင်မှာပင် သူမက ဖုန်းထဲတွင် ရှိုက်ငိုနေခဲ့တာကြောင့် လျူယောင် အလွန်ထိတ်လန့်သွားကာ သူ့နှလုံးလည်း တဒုန်းဒုန်းခုန်နေသည်။


"အမေ!အဖေ ဘာဖြစ်တာလဲ။ကျွန်တော်ကို သေချာ ပြောပြပါအူံး"


ထိုမှသာ ကျိုးရှို့ယင်း  ငိုတာကို ရပ်တန့်လိုက်ပြီး ဆို့နင့်နေသော အသံဖြင့်

"မင်းအဖေ မနေ့က အစာအိမ်သွေးကြောပေါက်ပြီး သွေးတွေအများကြီးထွက်နေပြီး အဲ့ဒါက ငါ သေလောက်အောင် ကြောက်လန့်သွားတာ ကံကောင်းထောက်မစွာ မင်းရဲ့ဦးလေး ကျန်းဖိန်က ကားတစ်စီးရှာပေးပြီး မင်းအဖေကို ခရိုင်ပြည်သူ့ဆေးရုံကြီးဆီ ချက်ချင်းပို့ပေးခဲ့တယ်။ သွေးနှစ်အိတ် သွင်းပြီးပြီ အခုတော့ ပိုကောင်းလာပါပြီ"



သူ့အမေ အခြေအနေကို မရှင်းပြရသေးခင်တွင် ဘေးနားမှ အသံတစ်သံ ထွက်ပေါ်လာသည်။ လျူယောင် ထိုအသံကိုကြားတာနဲ့ ချက်ချင်းမှတ်မိလိုက်သည်။ သူ့အဖေရဲ့အသံပင်ဖြစ်သည်။


"ဖုန်းပေးပါ၊ ငါ နေကောင်းပါတယ်။ ကလေးတွေ အနှောင့်အယှက်ဖြစ်အောင် ဖုန်းခေါ်ဖို့မလိုဘူးလို့ ပြောထားတာကို  သူတို့ထဲကတစ်ယောက်က အလုပ်လုပ်နေပြီး နောက်တစ်ယောက်က စာကျက်နေတာကို မင်းကလဲ"


အသံက အကျယ်ကြီးမဟုတ်သော်လည်း လျူယောင် ရှင်းရှင်းလင်းလင်းကြားနေရသည်။


ကျိုးရှောင်ယင်း က လျူဟုန်းဖူ ကို ဖုန်းပေးလိုက်ပြီး လျူဟုန်းဖူ ရဲ့ အသံက ချက်ချင်းထွက်လာသည်။ "ရှောင်ယောင်၊ ငါနေကောင်းပါတယ်။ အခုတည်ငြိမ်နေပြီ။ ရက်ပိုင်းအတွင်း ဆေးရုံကဆင်းနိုင်တာမို့ ငါ့ကိုစိတ်မပူနဲ့"

လျူယောင် သေချာပေါက် စိုးရိမ်နေမိသည်။


"အဖေ ကျွန်တော်နဲ့လျူလန် မကြာခင်ပြန်လာမယ်။ ကျွန်တော်တို့မှာ ကိုယ်ပိုင်ကားရှိတာမို့ လာလို့ အရမ်းအဆင်ပြေတယ်။ ခရိုင်ပြည်သူ့ဆေးရုံကြီးကို သုံးနာရီအတွင်း ရောက်နိုင်တယ်"


"မဟုတ်ဘူး ငါတကယ်အဆင်ပြေပါတယ်"


စကားအနည်းငယ်ပြောပြီးနောက် လျူယောင်  ဖုန်းကိုချလိုက်သည်။ သူ ပြန်သွားကြည့်ရမှာပဲ ဖြစ်သည်။


လျူယောင် လက်ဝှေ့ယမ်းလိုက်ပြီး လျူလန်အား

"အဖေ ဗိုက်ထဲက သွေးထွက်နေပြီး ဆေးရုံတင်ထားရတယ်လို့ ပြောတယ်။ ပြန်သွားကြည့်ရအောင်"


လျူလန် က ချက်ချင်း ပြန်ပြောသည်။

    " ဟုတ်ကဲ့ အကို "


လီချန်လဲ့ ကလည်း "အစ်ကိုယောင် ဦးလေးကိုတွေ့ဖို့ ကျွန်မ အကိုနဲ့လိုက်ပါရစေ"


သုံးယောက်သား ချက်ချင်းထွက်လာခဲ့ကြသည်။ချန်းဟူ ကို မခေါ်ဘဲ လျူယောင်ကိုယ်တိုင် ကားမောင်းပြီး Roll-Royce ကို ဗီလာဧရိယာမှ ထုတ်ကာ စူပါမားကတ်ကြီးတစ်ခုစီကိုအရင်ဆုံး သွားခဲ့သည်။

တစ်ချက်လျှောက်လိုက်ရုံဖြင့် ပစ္စည်းတော်တော်များများ ဝယ်ခဲ့သည်။



လျူယောင်  ပစ္စည်းဝယ်တဲ့အခါ စျေးနှုန်းကိုမကြည့်ဘဲ  လိုချင်တာကို လိုချင်သရွေ့ ဝယ်ပြီး ကျသလောက်ရှင်းကာ ထွက်လာခဲ့သည်။


မူလက ဗလာဖြစ်နေတဲ့ Roll-Royce ရဲ့ နောက်ခန်းတွင် အာဟာရဆိုင်ရာထုတ်ကုန်အမျိုးမျိုး အဆင့်မြင့် ဆေးလိပ်နဲ့အရက်၊ တန်ဖိုးကြီးအသီးအနှံများနဲ့ သကြားလုံးများ၊ အလှကုန်နှစ်စုံ၊ ဇိမ်ခံအိတ်  စသဖြင့် အများအပြားပြည့်နှက်နေခဲ့သည်။



လျူယောင်က  သက်လတ်ပိုင်းအမျိုးသမီးများအတွက် အလှကုန်များဝယ်ပြီး လူလတ်ပိုင်းအမျိုးသမီးများအတွက် သင့်တော်တဲ့ အိတ်များဝယ်လာတာကိုတွေ့တော့ လီချန်လဲ့ က သူ့ကိုယ်သူ တွေးကြည့်မိသည်။


"အစ်ကိုယောင် က သူမကို မိဘတွေနဲ့ တွေဆုံ ပေးဖို့ရည်ရွယ်ချက် ရှိတယ်လို့ တွေးမိပြီး လီချန်လဲ့ မှာ ပျော်ရွှင်ခဲ့ရပြီး အနည်းငယ်တုန်လှုပ်သွားသည်။



သူတို့နှစ်ဦးမှာ ပြီးခဲ့သည့် သီတင်းပတ်က နောက်ဆုံးကာကွယ်ရေးလမ်းကြောင်းကို ဖြတ်ကျော်သွားခဲ့သော်လည်း လီချန်လဲ့က သူ့မတွင် ချစ်သူရှိနေကြောင်းကို မိသားစုအား ပြောပြထားခြင်းမရှိသေးပေ။


ဒါ အမှန်ပါပဲ  သူမ မိသားစုက လျူယောင် နဲ့ လွန်ခဲ့တဲ့ နှစ်လသုံးလလောက်က မျက်မမြင်ချိန်းတွေ့ခဲ့တာကို သိခဲ့ပြီး မျက်မမြင်ချိန်းတွေ့မူ့အပြီးမှာ မေးခွန်းအနည်းငယ်တောင် မေးခဲ့သည်။



လီချန်လဲ့ က စကားသိပ်မပြောဘဲ


"ခံစားချက်က မဆိုးဘူးလို့ပဲပြောပြီး သူငယ်ချင်းတော့ ဖြစ်နိင်ပါတယ် " လို့ပဲ ပြောခဲ့သည်။


နောက်ပိုင်းတွင် မိဘများက ဆက်ဆံရေး ဘယ်လိုလဲဆိုပြီး ရံဖန်ရံခါမေးမြန်းခဲ့ကာ လီချန်လဲ့ က


"အဆင်ပြေတယ်"


လို့ ပြောခဲ့သော်လည်း ချစ်သူ!ရည်းစား ဖြစ်နေပြီဟု မပြောခဲ့ဘူးပေ။



ပစ္စည်းတွေအများကြီးဝယ်ခဲ့ပေမဲ့ အချိန်အများကြီးမယူခဲ့ပေ။ ကိုးနာရီခွဲခန့်တွင် လျူယောင် အမြန်လမ်းပေါ်ကို ရောက်လာခဲ့သည်။



Roll Royce ကားလေးမှာ တစ်နာရီလျှင် ကီလို မီတာ ၁၂၀ နှုန်းဖြင့် အရှိန်မြင့်ကာ တခါတရံ တစ်နာရီလျှင် ကီလိုမီတာ ၁၃၀ နှုန်းဖြင့် လမ်းမပေါ် တောက်လျှောက်ပြေးနေသည်။


ရှေ့ကားအရှိန် အနည်းငယ်နှေးသွားတဲ့အခါ လျူယောင် မဆိုင်းမတွ ကျော်တက်လေသည်။


ကျော်တက်စဥ်တွင် အဖြူရောင်ကားငယ်တစ်စီးက ကီလိုမီတာ ၉၀ ခန့်အမြန်နှုန်းဖြင့် မောင်းနှင်လာကာ ကားပေါ်တွင် လူငယ်စုံတွဲတစ်တွဲပါလာခဲ့သည်။ သူတို့ကို   လျူယောင်က တိုက် ရိုက်ကျော်သွားခဲ့သည်။



Roll-Royce ရဲ့  ရုတ်တရက်အသွင်အပြင်ကြောင့် ထိုလူငယ်စုံတွဲ ထိတ်လန့်သွားခဲ့ပုံရသည် ။