အခန်း 111 အကိုယောင် အရမ်းမိုက်တယ်
ကောင်းဝေကွမ်းရဲ့ မိတ်ဆက်စကား မပါပဲနဲ့ လျူယောင့်ရဲ့မျက်လုံးများက ဒီဧရာမရေနံတင်သင်္ဘောကြီး နှစ်စင်းကြောင့် ဆွဲဆောင်ခံခဲ့ရသည်။
ပထမဆုံး ခံစားရတာက ထိုနှစ်စီးမှာ ကြီးမားလှသည်။ တကယ်ကို ကြီးမားသည်။
ယခုအချိန်အထိ Global ကုမ္ပဏီတွင် ထိုကဲ့သို့ ကြီးမားသောရေနံတင်သင်္ဘောမျိုး မရှိသေးပေ။ အကြီးဆုံးမှာ တန်ချိန် ၁၀၀,၀၀၀ သင်္ဘောနှစ်စင်းသာဖြစ်သည်။
သူ့ရဲ့မျက်စိရှေ့မှ သင်္ဘောနှစ်စင်းမှာ တန်ချိန် ၂၀၀,၀၀၀ သင်္ဘောများဖြစ်ပြီး တန်ချိန် ၁၀၀,၀၀၀ သင်္ဘောများထက် နှစ်ဆပိုကြီးသည်။
လျူယောင်ရဲ့ဒုတိယအထင်အမြင်က ဒါတွေကလှပတယ်လို့ ခံစားရသည်။ဒီ ရေနံတင်သင်္ဘောနှစ်စင်းက အလွန်ဆွဲဆောင်မှု့ရှိပြီး ကောင်းမွန်စွာ ဒီဇိုင်းဆွဲထားသည်။
ကောင်းဝေကွမ်းက ဘေးမှာရှိနေတဲ့ လျူယောင်ကို ကိုယ်တိုင်ကိုယ်ကျ မိတ်ဆက်ပေးသည်၊
“မစ္စတာလျူ ဒါက ကျွန်တော်တို့ရဲ့ ရှိပြီးသားသင်္ဘောနှစ်စင်းဖြစ်ပြီး၊ နှစ်စင်းစလုံး တန်ချိန် ၂၀၀,၀၀၀ ဧရာမ ပင်လယ်ကူးရေနံတင်သင်္ဘောကြီးတွေ ဖြစ်ပါတယ်။ ဒီသင်္ဘောနှစ်စင်းက အတိအကျတူညီပြီး မော်ဒယ်တူညီပါတယ်။ သင်္ဘောတစ်စင်းစီက ရေနံစိမ်းစည်ပေါင်း ၃၀၀,၀၀၀ သယ်ယူနိုင်ပါတယ်...”
လျူယောင် မျက်စိရှေ့မှ ဧရာမသင်္ဘောကြီးနှစ်စင်းကို ကြည့်နေစဉ် ချီဒုံဥက္ကဋ္ဌကိုယ်တိုင် မိတ်ဆက်ပေးတာကို နားထောင်နေစဉ် ကောင်း မွန်သောခံစားချက်ဖြစ်ပေါ်လာတာကို လျူယောင် တွေ့ရှိခဲ့သည်။
ကောင်းဝေကွမ်းရဲ့ မိတ်ဆက်စကားကို နားထောင်ပြီးနောက် လျူယောင်က “ဥက္ကဋ္ဌ ကောင်း ကျွန်တော် သင်္ဘောပေါ်တက်ပြီး ကြည့်လို့ရမလား”
ဟု မေးလိုက်သည်။
ကောင်းဝေကွမ်းလည်း ချက်ချင်းသဘောတူလိုက်သည်။
“ရတာပေါ့ ကျွန်တော် ခင်ဗျားတို့ကို သင်္ဘောပေါ် ခေါ်သွားပါ့မယ်”
ငွေနတ်ဘုရားက တောင်းဆိုမှုတစ်ခု ပြုလုပ်သောအခါ သူက ဒါကို ဖြည့်ဆည်းရန် အကောင်းဆုံးကြိုးစားရမည်။
ထို့ကြောင့် လူအုပ်ကြီးမှာ ရေနံတင်သင်္ဘောတစ်စင်းပေါ်သို့ တက်ရောက်ခဲ့ကြပြီး ကောင်းဝေကွမ်းက သင်္ဘောပေါ်တွင် လျူယောင်နဲ့အတူ လိုက်ကြည့်ကာ သင်္ဘောရဲ့အခြေအနေကို အသေးစိတ် မိတ်ဆက်ပေးခဲ့သည်။
သင်္ဘောက အလွန်ကြီးမားတာကြောင့် အမြန် ကြည့်ရင်တောင် မိနစ် ၃၀ မှ ၄၀လောက် ကြာသည်။
လျုယောင် ပတ်ပတ်လည်ကြည့်ရှုပြီးနောက် ဒီတန်ချိန် ၂၀၀,၀၀၀ ဧရာမရေနံတင်သင်္ဘောနှစ်စင်းကို အကြမ်းဖျင်းနားလည် သွားခဲ့သည်။
လျူယောင် လက်ကို ဝှေ့ယမ်းလိုက်ပြီး
“ဥက္ကဋ္ဌ ကောင်းကျွန်တော်တို့ ဒီသင်္ဘောနှစ်စင်းကို ရောင်းချတာနဲ့ပတ်သက်ပြီး ကောင်းကောင်းဆွေးနွေးဖို့ နေရာတစ်ခုရှာရအောင်”
ဟု ပြောလိုက်သည်။
ကောင်းဝေကွမ်း အလွန်ပျော်ရွှင်နေခဲ့သည်။
သင်္ဘောနှစ်စင်းတည်ဆောက်ပြီးနောက် သူ့လက်ထဲတွင် လအနည်းငယ်မှ တစ်နှစ်နှစ်နှစ်အထိ အချိန်အတော်ကြာအောင် စုပုံနေလိမ့်မည်ဟု ထင်ခဲ့သည်။ မမျှော်လင့်ဘဲ လျူယောင်က ဒီသင်္ဘောနှစ်စင်းကို ဝယ်ယူရန် ကမ်းလှမ်းခဲ့သည်။
ကောင်းဝေကွမ်းက အကောင်းဆုံး ဧည့်ခံခန်းကို ပြင်ဆင်ရန် အမိန့်ပေးလိုက်သည်။ လူအုပ်ကြီးက ဧည့်ခံခန်းထဲတွင် ထိုင်ပြီး သေသေချာချာ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ဆွေးနွေးညှိနှိုင်းမှု့တစ်ခုလုံးမှာ အတော်လေး ချောမွေ့ခဲ့ပြီး အချို့အသေးစိတ်အချက် အလက်များကို ဆွေးနွေးခဲ့ရာတွင် ဈေးနှုန်းပြဿနာ သဘောတူညီမှုမရရှိနိုင်သေးပေ။
ကောင်းဝေကွမ်းက သင်္ဘောတစ်စင်းစီအတွက် ယွမ် ၇၈၀ သန်း တောင်းဆိုခဲ့သည်။
လျူယောင် မငြင်းပါ။
ဒီဈေးနှုန်းက အနည်းငယ်မြင့်မားပြီး ပုံမှန်ဈေးနှုန်းက သန်း ၇၀၀ ဝန်းကျင်ဖြစ်သင့်သည်။
ဒါ့အပြင် လျူယောင်က ဒီလို ဧရာမရေနံ တင်သင်္ဘောတစ်စင်းဆိုတာ ဖောက်သည်က အရင်မှာယူပြီးမှ သင်္ဘောကျင်းဘက်က ဖောက်သည်ရဲ့လိုအပ်ချက်အရ တည်ဆောက်ရတာကို အပြည့်အဝနားလည်သည်။
ယခု ကောင်းဝေကွမ်းက သင်္ဘောနှစ်စင်းကို သူ့ကိုယ် ရောင်းရန် စိတ်အားထက်သန်နေတာကြောင့် ပြဿနာတစ်ခု ရှိပုံရသည်။
မှာထားတဲ့ ဖောက်သည်က သင်္ဘောနှစ်စင်း စင်းကို မှာယူပြီးနောက် တစ်စုံ တစ်ရာကြောင့် ပြောင်းလဲသွားပြီး ပေးရမဲ့ငွေကို ပျက် ကွက်ခဲ့တာလို လျူယောင် ထင်မိသည်။
ချီဒုံသင်္ဘောကျင်းက ဒီသင်္ဘောနှစ်စင်းကို ရောင်းမထုတ်နိုင်ပါက သူတို့လက်ထဲတွင် သောင်တင်နေလိမ့်မည်။
ဒီသင်္ဘောနှစ်စင်းကို တည်ဆောက်ရန် ကုန်ကျစရိတ်က မနည်းပါးခဲ့ပေ။သင်္ဘောနှစ်စင်းကို အချိန်မီ မရောင်းနိုင်ပါက ရန်ပုံငွေအများအပြား စုပုံလာစေပြီး ချီဒုံသင်္ဘောကျင်းရဲ့ ငွေလည်ပတ်မှု့ကိုပင် ထိခိုက်စေနိုင်သည်။
ဒါကို စိတ်ထဲကနေ သိတဲ့အခါ လျူယောင်အခွင့်အရေးရောက်လာပြီဖြစ်ကြောင်း သိလိုက်သည်။
လျူယောင်က သူ ချမ်းသာတာ မှန်သော်လည်း ပိုက်ဆံအများကြီး သုံးဖြုံးတဲ့ လူမိုက်မဟုတ်ပေ။ တကယ်လို့ ပိုက်ဆံအချို့ကို လျော့နည်းအောင် လုပ်နိုင်ပါက အချို့နေရာများတွင် သုံးရန် လို အပ်သည်။
“ဥက္ကဋ္ဌကောင်း ခင်ဗျားရဲ့ဈေးနှုန်းက မမှန်ပါဘူး။ သင်္ဘောတစ်စင်းစီရဲ့ ဈေးနှုန်းက ယွမ် ၇၈၀ သန်းဆိုတာ နဲနဲများနေတယ် ကျွန်တော် သင်္ဘောတစ်စင်းကို သန်း ၆၀၀ ပေးမယ်”
ကောင်းဝေကွမ်းသည် ခေါင်းခါပြီး မျက်နှာမဲ့ကာ ပြောလိုက်သည်။
“မစ္စတာလျူ " ဒီဟာက မဖြစ်နိုင်ပါဘူး " ခဗျား က ဓားတစ်ချောင်းနဲ့ ယွမ်သန်း ၁၀၀ ကျော်ကို ဖြတ်တောက်နိုင်တယ်၊ ဒါကကျွန်တော့်ကို အလွန်နာကျင်စေတယ်”
လျူယောင်က “သင်္ဘောတစ်စင်းစီအတွက် ယွမ်သန်း ၆၀၀ ထက် ပိုပြီးတော့ ကျွန်တော်ဈေးပေးနိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်ကသင်္ဘောကို လွှဲယူပြီးတာနဲ့ ငွေကို ချက်ချင်းပေးချေနိုင်တာကြောင့် ခင်ဗျားတို့ ရန်ပုံငွေလည်း လျင်မြန်စွာ ပြန်ရနိုင်ပါတယ်”
ကောင်းဝေကွမ်း နက်နက်ရှိုင်းရှိုင်း စဉ်းစားခဲ့သည်။
စဉ်းစားပြီးနောက် သူ အဲ့ဒီအတွက် အကောင်းဆုံးကြိုးစားရန် ဆက်လက်တိုက်ပွဲဝင်ချင်နေသေးသည်။
“မစ္စတာလျူ သန်း ၆၀၀က မဖြစ်နိုင်ပါဘူး။ ဒီသင်္ဘော တည်ဆောက်မှု့ကုန်ကျစရိတ်အတွက်တောင် မလုံလောက်ပါဘူး။ ကျွန်တော်တို့ဘက်က အများကြီးဆုံးရှုံးရပါတယ်။ နောက်တစ်ဆင့် တက်ရအောင် သန်း ၇၅၀”
လျူယောင် ပြုံးလိုက်ပြီး၊ “သင်္ဘောတစ်စင်းစီက သန်း ၆၀၀ ထားပေးရင် ကျွန်တော်က နောက်ထပ် သင်္ဘောအနည်းငယ် ထပ်မှာနိုင်ပါတယ်”
ကောင်းဝေကွမ်းရဲ့မျက်လုံးများ ချက်ခြင်းတောက်ပလာခဲ့သည်။
“မှန်တယ်!ဒီလူက ငွေနတ်ဘုရားဖြစ်ပြီး သင်္ဘောဝယ်ဖို့အတွက် ယွမ် ၅ ဘီလီယံရန်ပုံငွေကို ပြင်ဆင်ထားတာပဲ ငါ့အတွက် အရူံးမရှိလောက်ဘူး "
ဒီသင်္ဘောနှစ်စင်းကို တစ်စင်းလျှင် ယွမ်သန်း ၆၀၀ ဖြင့် ရောင်းချခဲ့ရင် ဒီနှစ်စီးအတွက် အမြတ်အနည်းငယ်သာ သူ ရရှိခဲ့သည်။ဒါပေမဲ့ အခြားသင်္ဘောတွေကနေ အမြတ်ရရှိနိုင်သည်။
ကောင်းဝေကွမ်း နောက်ဆုံးတွင် ပြောလိုက်သည်၊ “ကောင်းပြီ၊ ဒီသင်္ဘောနှစ်စင်းအတွက် စုစုပေါင်း ၁.၂ ဘီလီယံပါ ဒါဆို တခြားသင်္ဘောတွေရဲ့ အော်ဒါအကြောင်း ပြောရအောင်”
တန် ၂၀၀,၀၀၀ ပင်လယ်ကူးရေနံတင်သင်္ဘောနှစ်စင်းကို ၁.၂ ဘီလီယံဖြင့် ဝယ်ယူခဲ့ပြီး ပိုက်ဆံအများကြီး လျော့ချနိုင်ခဲ့သည်။ ဒါကဂေါ်ဖီထုပ်ဈေးနှုန်းဖြစ်သည်။
လျူယောင် အလွန်ပျော်ရွှင်နေပေမဲ့ သူ့မျက်နှာပေါ်တွင် မပြခဲ့ပါ။တစ်ချိန်တည်းမှာပဲ ဟူဂျွန်းရှီက လျူယောင့် ကို ကြည့်ပြီး အံ့သြချီးကျူးခဲ့မိသည်။တကယ်လို့ သူ လက်မထောင်ပြလို့ရပါက ထောင်ပြီးနေပြီ ဖြစ်သည်။
“အစ်ကိုယောင် မိုက်တယ်!” အပေးအယူလုပ်ရာတွင် တကယ် ကျွမ်းကျင်သူဖြစ်ပြီး အနည်း ဆုံး သန်း ၂၀၀ လောက် သက်သာသွားခဲ့သည်။
ဒီသင်္ဘောနှစ်စင်းရဲ့ ဈေးကွက်ပေါက်ဈေးက ၁.၄ ဘီလီယံ မရှိပေမဲ့ အတော်လေး နီးစပ်တယ်လို့ ခန့်မှန်းရသည်။
“တော်လိုက်တာ!”
အစ်ကိုယောင်ရဲ့ ဖြတ်တောက်မှုက ယွမ်သန်း ၂၀၀ ကျော် သက်သာတာနဲ့ညီမျှပြီး သာမန်မဟုတ်သော အစွမ်းထက်ခြင်းပေတည်း။
သင်္ဘောနှစ်စင်းကို ၁.၂ ဘီလီယံဖြင့် သဘောတူခဲ့ပြီးနောက် လျူယောင်နဲ့ကောင်းဝေကွမ်းတို့ နောက်ဆက်တွဲသင်္ဘောများ မှာယူခြင်းအကြောင်းကို စတင်ဆွေးနွေးခဲ့ကြသည်။
လျူယောင်က စုစုပေါင်း တန်ချိန် ၁၀၀,၀၀၀ ပင်လယ်ကူးရေနံတင်သင်္ဘောသုံးစင်း၊ တန်ချိန် ၁၀၀,၀၀၀ ကွန်တိန်နာသင်္ဘောနှစ်စင်းနဲ့ တန်ချိန် ၁၅၀,၀၀၀ ကုန်တင်သင်္ဘောတစ်စင်းကို မှာယူခဲ့သည်။
ဈေးနှုန်းက မျှတသည်။
လျူယောင်က အပေးအယူလုပ်ရာတွင် ကျွမ်းကျင်သူတစ်ဦးဖြစ်တာကြောင့် ကောင်းဝေကွမ်းနဲ့ချီဒုံသင်္ဘောကျင်းမှ အခြားသူများရဲ့ ပြိုင်ဘက်မဖြစ်ဘဲ သူတို့က အခြေခံအားဖြင့် အားသာချက်များစွာ မယူနိုင်ခဲ့ကြပေ။
အသေးစိတ်အချက်အလက်များကို ဆွေးနွေးညှိနှိုင်းခဲ့ပြီး နှစ်ဖက်စလုံး သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
တရားဝင်စာချုပ်ကို ပြင်ဆင်ရန် နှစ်ရက် သုံးရက်လောက်ကြာသည်။ လျူယောင်က စာချုပ်လက်မှတ်ရေးထိုးခြင်းနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ခြင်းမရှိဘဲ ဒီကိစ္စကို ကျိုးယန်နဲ့ဟူဂျွန်းရှီတို့က တာဝန်ယူခဲ့ကြသည်။
ညနေပိုင်းတွင် ချီဒုံသင်္ဘောကျင်းက ခမ်းနားတဲ့ညစာစားပွဲကို ကျင်းပပေးခဲ့သည်။ဒီဟာက မကြာသေးမှီ နှစ်များအတွင်း မလုပ်ခဲ့ဖူးတဲ့အော်ဒါကြီးဖြစ်သည်။
Global ကုမ္ပဏီက တစ်ကြိမ်တည်း သင်္ဘောရှစ်စင်းကို ဝယ်ယူခဲ့ပြီး သူတို့အနက် နှစ်စင်းမှာ တန်ချိန် ၂၀၀,၀၀၀ ဧရာမ ပင်လယ်ကူးရေနံတင်သင်္ဘောကြီးများ ဖြစ်သည်။
လျူယောင်နှင့် ဟူဂျွန်းရှီတို့ ပြန်တဲ့အခါ ကောင်းဝေကွမ်းက လူအုပ်ကြီးနဲ့အတူ လိုက်လံပို့ဆောင်ခဲ့သည်။ လျူယောင်တစ်ယောက်တည်းသာ ဒီလို ဆက်ဆံမှု့ကို ရခဲ့တာလို့ ခန့်မှန်းရသည်။
ချီဒုံသင်္ဘောကျင်းမှ ထွက်လာပြီးနောက် ဟူဂျွန်းရှီက
“အစ်ကိုယောင် ကျွန်တော်တို့ ဘယ်သွားကြမလဲ” ဟု မေးလိုက်သည်။
လျူယောင် လက်ကို ဝှေ့ယမ်းလိုက်ပြီး “သွားရအောင် နောက်သင်္ဘောကျင်းတစ်ခုကို ထပ်သွားမယ်”
ဟု ပြောလိုက်သည်။
ဟူဂျွန်းရှီ အလွန်စိတ်လှုပ်ရှားနေပြီး စိတ်ထဲကနေ ပြောလိုက်မိသည်။
“အစ်ကိုယောင်က အရမ်းမိုက်တယ်။ဒီဟာက ဝယ်၊ ဝယ်၊ ဝယ် ဆိုတဲ့ စည်းချက်ပဲဖြစ်တယ်။ ကွာခြားချက်က အခြားလူများဟာ နေ့စဉ်သုံးပစ္စည်းများကို ဝယ်ယူပေမဲ့ အစ်ကိုယောင်ကတော့ သန်းရာနှင့်ချီ ရှိတဲ့ပင်လယ် ကူးသင်္ဘောတစ်စင်းကို ဝယ်ယူနိုင်သည်”
စိတ်လှုပ်ရှားနေတဲ့ ဟူဂျွန်းရှီက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“သွားရအောင် ကျွန်တော်တို့ နောက်သင်္ဘောကျင်းကို သွားရအောင်”