အခန်း 110 မင်းမှာ ပိုက်ဆံရှိရင် အဲ့လောက် မိုက်နိုင်ပါတယ်
“ဟားဟား မစ္စတာလျူနဲ့ မစ္စတာဟူ ကျွန်တော်တို့ ချီဒုံသင်္ဘောကျင်းကို လာရောက်လည်ပတ်တာ ကြိုဆိုပါတယ်ခင်ဗျား။ ခင်ဗျားတို့ ရောက်ရှိလာတာက ကျွန်တော်တို့ သင်္ဘောကျင်းကို စည်ပင်ဝပြောလာစေပါလိမ့်မယ်!”
ကောင်းဝေကွမ်း ဧည့်ခံခန်းထဲ ဝင်တာနဲ့တပြိုင်နက် ရွှင်လန်းစွာ ပြောလိုက်သည်။
အခုချိန် သူ ပျော်ရွှင်နေသည်။
ကောင်းဝေကွမ်းရဲ့မျက်လုံးထဲတွင် တစ်ကြိမ်တည်းနဲ့ဧရာမသင်္ဘော ခုနစ်စင်း ရှစ်စင်းကို ဝယ်ယူမည့်သူမှာ ငွေနတ်ဘုရားသဖွယ်ဖြစ်ပြီးဂရုစိုက် ပြုစုရပါမည်။
ကျန်းလျန်က မိတ်ဆက်ပေးသည်။
“မစ္စတာလျူ၊ မစ္စတာဟူ ဒါက ကျွန်တော်တို့ရဲ့ဥက္ကဋ္ဌ ကောင်းဝေကွမ်း ဖြစ်ပါတယ်”
လျူယောင် မတ်တပ်ရပ်ပြီး သူ့ညာဘက်လက်ကို ဆန့်ကာ
“ဥက္ကဋ္ဌကောင်း ခင်ဗျားအကြောင်းကို ကျွန်တော် အရင်တည်းက ကြားသိခဲ့ရတာပါ။ ခင်ဗျားက ပြည်တွင်းသင်္ဘောတည်ဆောက်ရေးလုပ်ငန်းမှာ အကြွင်းမဲ့သူဋေးတစ်ဦးပါ”ဟု ပြောလိုက်သည်။
နှစ်ယောက်သား ခိုင်မာစွာ လက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။
ကောင်းဝေကွမ်းက နှိမ့်ချစွာနဲ့ “ဘယ်ကသာ၊ လူတိုင်းက ကျွန်တော့်ကို ချီးကျူးလွန်းနေတာပါ”ဟု ပြန်ပြောလိုက်သည်။
လျူယောင်နဲ့ ယဉ်ကျေးသော စကားအနည်း ငယ်ဖလှယ်ပြီးနောက် ဟူဂျွန်းရှီနဲ့ လက်ဆွဲနှုတ်ဆက်ရန် ထပ်မံဦးဆောင်ပြီး ယဉ်ကျေးစွာ ပြောဆိုလျက် အခြားသူများနဲ့နွေးနွေးထွေး ထွေး မိတ်ဆက်ပေးခဲ့သည်။
ဧည့်ခံခန်းထဲတွင် စိတ်လှုပ်ရှားမှုများ ရှိသည်။
ကောင်းဝေကွမ်းအပြင် ချီဒုံသင်္ဘောကျင်းမှ အဆင့်မြင့်အရာရှိအများအပြားလည်း ရောက်ရှိလာခဲ့သည်။ လျူယောင်!ဟူဂျွန်းရှီတို့နှင့် လက်ဆွဲနှုတ်ဆက်ပြီးနောက် လူတိုင်း တစ်ယောက်ပြီးတစ်ယောက် ထိုင်လိုက်ကြသည်။
ခဏကြာ စကားပြောပြီးနောက် ကောင်းဝေကွမ်းက အဓိကအကြောင်းအရာကို တိုက်ရိုက် ပြောလိုက်သည်။
“မစ္စတာလျူ ခင်ဗျားတို့ကုမ္ပဏီက သင်္ဘောကြီးတွေ အများကြီးဝယ်ယူဖို့ စီစဉ်နေတယ်ဆိုကျွန်တော်တို့ရဲ့ ချီဒုံသင်္ဘောကျင်းဟာ ခင်ဗျားတို့ရဲ့ အကောင်းဆုံးရွေးချယ်မှု့ဖြစ်ပါတယ်”
လျူယောင်က “ကျွန်တော်တို့က သင်္ဘောအများအပြားကို တကယ်ဝယ်ချင်တာပါ။ ဒီတစ်ကြိမ်မှာ ကျွန်တော်တို့က ၅ ဘီလီယံထုတ်ပြီး သင်္ဘောတွေဝယ်ဖို့အတွက် အကုန်သုံးဖို့ စီစဉ်ထားပါတယ်”
“ဘာ၊ ၅ ဘီလီယံ”
တကယ့်ကို ချမ်းသာပြီး အင့်အားကြီးသည်။
ချီဒုံသင်္ဘောကျင်းမှလူများမှာ တစ်ယောက်ပြီးတစ်ယောက် အားတက်လာခဲ့သည်။ သူတို့က လျူယောင့်ကို ငွေနတ်ဘုရားသဖွယ် ကိုးကွယ်ချင်ခဲ့ကြသည်။
အဆင့်မြင့်အရာရှိများကလည်း တိတ်တဆိတ် အကြည့်ချင်းဖလှယ်ပြီး ခေါင်းညိတ်ကြသည်။ သူတို့အားလုံးရဲ့ မျက်လုံးထဲတွင် ပျော်ရွှင်မှု့ကို မြင်နေရသည်။
အပျော်ဆုံးလူမှာ! ဟုတ်ပါတယ်! ကောင်းဝေကွမ်းပဲ ဖြစ်သည်။
မမျှော်လင့်ဘဲ ကံကောင်းတာက ၅ ဘီလီယံရန်ပုံငွေနဲ့အတူ ငွေနတ်ဘုရားတစ်ပါး ရောက်လာပြီး သင်္ဘောများဝယ်ရန် ငွေစက္ကူအပြည့် လက်ပြ လှုပ်ယမ်းနေသည်။
ကောင်းဝေကွမ်း သူ့ရဲ့စိတ်ထဲက နှိုင်းယှဉ်လို့မရတဲ့ ပျော်ရွှင်မှု့ကို ထိန်းထားပြီး မျက်နှာကို တည်ငြိမ်အောင် အကောင်းဆုံးကြိုးစားကာ မေးလိုက်သည်။
“မစ္စတာလျူ၊ ခင်ဗျားက ဘယ်လို သင်္ဘောမျိုးကို ဝယ်ချင်ပါသလဲ၊ ဘာလိုအပ်ချက်တွေများ ရှိပါသလဲ”
လျူယောင် အချိန်အတော်ကြာအောင် တွေးထားပြီးဖြစ်လို့ တိုက်ရိုက်ဖြေလိုက်သည်။
“ကျွန်တော် အဓိကအားဖြင့် ပင်လယ်ကူးရေနံတင်သင်္ဘောကြီးတွေ ဝယ်ယူမှာပါ။ အနည်းဆုံး တန်ချိန် တစ်သိန်း ဒါမှမဟုတ် အထက်ဖြစ်ရပါမယ်။ လိုအပ်ချက်က တော့ သင်္ဘောကို အမြန်ဆုံးရရှိဖို့ မျှော်လင့်ပါတယ်။ ခင်ဗျားတို့ဆီမှာ ခုချက်ခြင်းပို့နိုင်တဲ့ သင်္ဘောရှိရင် ပိုကောင်းတယ်”
“အခုချက်ချင်းပို့နိုင်တဲ့သင်္ဘောလား!”
“မစ္စတာလျူက အခုချက်ချင်းပို့နိုင်တဲ့သင်္ဘောကို လိုချင်တယ်လား!”
ကောင်းဝေကွမ်း စိတ်ထဲတွင် ပိုပျော်လာပေမဲ့ မျက်နှာတွင် အများကြီးမပြရဲဘဲ မိတ်ဆက်ပေးလိုက်သည်။
“ကျွန်တော်တို့ဆီမှာ ပင်လယ်ကူးရေနံ တင်သင်္ဘောကြီး နှစ်စင်းရှိပြီး နှစ်စင်းစလုံးက တန်ချိန် ၂၀၀,၀၀၀ သင်္ဘောကြီးတွေဖြစ်ပါတယ်။ သူတို့က အခုချက်ချင်း ကုန်ပစ္စည်းပို့ဆောင်ပေးနိုင်ပါတယ်”
မူလက ဒီလိုအဆင်သင့် သင်္ဘောနှစ်စင်းရှိတာကြောင့် လျူယောင် အလွန်ပျော်ရွှင်လိမ့်မည်ဟု ထင်ခဲ့သည်။
“ဥက္ကဋ္ဌ ကောင်း ခင်ဗျားတို့လို သင်္ဘောကျင်းကြီးတစ်ခုမှာ အဆင်သင့် သင်္ဘောနှစ်စင်းပဲ ရှိတာလား”
“ဘာ!”
“သင်္ဘောနှစ်စင်းက နည်းသေးတာလား ”
ချီဒုံသင်္ဘောကျင်းမှ အဆင့်မြင့်အရာရှိတစ်ဦးက “ ဒီသင်္ဘောတွေက တန်ချိန် ၂၀၀,၀၀၀ သင်္ဘောများဖြစ်ပြီး တန်ချိန် ၁၀,၀၀၀-၂၀,၀၀၀ သင်္ဘောများ မဟုတ်ပါဘူး။ အခြားသ င်္ဘောကျင်းတွေမှာလည်း ဒီလိုအဆင်သင့်သင်္ဘောများ မရှိနိုင်ပါဘူး”ဟု ဝင်ပြောလိုက်သည်။
ကောင်းဝေကွမ်းလည်း အံ့အားသင့်ပြီး “မစ္စတာလျူ၊ ခင်ဗျားဆိုလိုတာက ဘာလဲ”
လျူယောင် ခဏလောက် တွေးဆပြီးနောက်
“သင်္ဘောနှစ်စင်းပဲဆိုရင်လဲ အင်း ကျွန်တော် အဲ့ဒီ့သင်္ဘောနှစ်စင်းကိုပဲ အရင်သွားကြည့်ပါရစေဘယ်လိုလဲ”
“ဟုတ်ပါတယ် ဒါဆို အခုပဲ သွားရအောင်”
ကောင်းဝေကွမ်း ချက်ချင်းသဘောတူလိုက်သည်။ဒီလို ကြီးမားတဲ့ ကျေးဇူးရှင်ကို ဂရု တစိုက်ပြုစုရမှာဖြစ်ပြီး တောင်းဆိုမှု့အားလုံးကို ဖြည့်ဆည်းပေးမှာပဲဖြစ်သည်။
ဒီလိုနဲ့ လူအုပ်ကြီးက ဧည့်ခံခန်းမှထွက်ပြီး ရုံးအဆောက်အအုံမှ ထွက်ကာ သင်္ဘောကျင်းကို သွားခဲ့ကြသည်။
လျူယောင်နဲ့ ကောင်းဝေကွမ်းမှာ ရှေ့ဆုံးတွင်ရှိကြသည်။
နောက်တွင် ဟူဂျွန်းရှီနဲ့ ချီဒုံသင်္ဘောကျင်းမှ အဆင့်မြင့်အရာရှိအချို့ လိုက်ပါခဲ့ပြီး အလယ် အလတ်အဆင့် နဲ့ အခြားပုဂ္ဂိုလ်များလည်းနောက်မှ လိုက်ပါလာခဲ့သည်။
ဒီ ပုံစံကို မမြင်ရတာ အချိန်အတော် ကြာခဲ့ပြီပဲဖြစ်သည်။
လမ်းတစ်လျှောက်တွင် လူအများအပြားရဲ့ အာရုံစိုက်မှုကို ခံရပြီး အချို့လူများဆို ရပ်၍ သေသေချာချာ ကြည့်နေကြကာ ဘေးနားက လူများကို မေးမြန်းခဲ့ကြသည်။
“ဥက္ကဋ္ဌ ကောင်းနဲ့ လိုက်ပါလာတဲ့ ဒီလူငယ်က ဘယ်သူလဲဟ ။ အရမ်းမိုက်တာပဲ”
“မင်းမှာ ပိုက်ဆံရှိရင် အဲ့လောက် မိုက်နိုင်ပါတယ်”
“ဒီလူက Global ရဲ့ သူဌေးဖြစ်ပြီး ငါတို့ရဲ့ သင်္ဘောကျင်းကနေ သင်္ဘောခုနစ်စင်း ရှစ်စင်းကို တစ်ကြိမ်တည်း ဝယ်ယူချင်တယ်လို့ ကြားတယ်”
“သင်္ဘောခုနစ်စင်း ရှစ်စင်း အားလုံးက တန် တစ်သိန်း သင်္ဘောတွေ ဖြစ်နေတာပဲကွ”
ပတ်ဝန်းကျင်တွင် သက်ပြင်းချသံများ ထွက်ပေါ်လာခဲ့သည်။
“အိုး ဘုရားရေ!”
တန်ချိန် တစ်သိန်း အထက် ဧရာမသင်္ဘော ခုနစ်စင်း ရှစ်စင်းရဲ့ အယူအဆက ဘာလဲ။ ချီဒုံသင်္ဘောကျင်းတွင် ဒီလိုမျိုး ဖောက်သည် မရှိတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ ဖြစ်သည်။
သတင်းမှာ လေပြင်းတိုက်လိုက်သလိုပဲ ချီဒုံသင်္ဘောကျင်း တစ်ခုလုံးနီးပါ ပျံ့နှံ့သွားခဲ့သည်။ လူအများအပြား ဒီဟာကို သိရှိခဲ့ကြပြီး ပြင်းပြင်းထန်ထန် ဆွေးနွေးခဲ့ကြသည်။.
ရီရှန်းအဖွဲ့ မှ လော့မောင်ယွမ်နဲ့ ကိုယ်ရံတော်များမှာ ချီဒုံသင်္ဘောကျင်းမှ မထွက်ခွာသေးဘဲ သင်္ဘောကျင်းရဲ့ ဒုဥက္ကဋ္ဌနှင့်အတူ ယာဉ်တန်းဘက်ကို လျှောက်လာခဲ့သည်။
ထိုနေရာတွင် အဆင့်မြင့်ကားများစွာ ရပ်ထားပြီး သက်တော်စောင့်တစ်ဦးက ကားတံခါးဖွင့်ပေး၍ လော့မောင်ယွမ်က ကားထဲဝင်ကာ ချီဒုန်သင်္ဘောကျင်းမှထွက်ခွာတော့မဲ့အချိန်ဖြစ် သည်။
သူ့ရဲ့လက်ထောက်က အနားရောက်လာပြီး လော့မောင်ယွမ်နားတွင် တစ်စုံတစ်ရာကို တိုးတိုးလေးပြောလိုက်သည်။လော့မောင်ယွမ်ရဲ့ မျက်နှာမှာ ဖြေးဖြေးချင်း မည်းမှောင်လာသည်။
“ရှောင်ကျူး ဒီလိုကိစ္စမျိုး တကယ်ရှိနေတာလား”
လက်ထောက်က အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။ “တကယ်ပါပဲ ဥက္ကဋ္ဌ ကောင်းက လူကိုယ်တိုင် လိုက်ပါနေတာပါ အခု သူလည်း သင်္ဘောကျင်းမှာ ရောက်နေပါတယ်”
" သွားမယ် "
လော့မောင်ယွမ် အေးစက်တဲ့ အသံကို ပေးလိုက်ပြီး သူ့မျက်နှာက ထပ်မံရုပ်ဆိုးသွားသည်။
ချီဒုံသင်္ဘောကျင်းရဲ့ ဒုဥက္ကဋ္ဌကိုတောင် နူတ်မဆက်တော့ပဲ ကားထဲ ဝင်သွားပြီး တံခါးကို “ဒုန်း” ခနဲ ပိတ်လိုက်သည်။
ကားစတင်ထွက်လာပြီးနောက် လော့မောင်ယွမ်က တွဲဖက်ယာဉ်မောင်းထိုင်ခုံတွင် ထိုင်နေတဲ့လက်ထောက်ကို ပြောလိုက်သည်။“ရှောင်ကျူးပြန်ရောက်တဲ့အခါ Global ရဲ့ အသေးစိတ်အချက်အလက်တွေကို စုဆောင်းထားလိုက် ငါကြည့်ချင်တယ်”
“ဟုတ်ကဲ့ပါ သူဋေး "
လက်ထောက် ရှောင်ကျူးက အလွန်လေးစားစွာ ဖြေလိုက်သည်။ လော့မောင်ယွမ်ကို နှစ်ပေါင်းများစွာ နားလည်ထားမှု့အပေါ် အခြေခံပြီး Global ကုမ္ပဏီရဲ့ သူဋေးကို မကျေမနပ်ဖြစ်နေတာကို သူသိသည်။
ဒါ့ကြောင့် သူ Global ကုမ္ပဏီကို သတိပေးချက်အချို့ ပေးရလိမ့်မည်။
ယန်နိုင်ငံတွင် လော့မောင်ယွမ်က သူ့ကိုယ်သူ သင်္ဘောများရဲ့ဘုရင်ဟု အမြဲတမ်း မှတ်ယူထားသည်။ သူ့မျက်လုံးထဲတွင် ရီရှန်းအဖွဲမှာ ဘုရင် ဖြစ်ပြီး ဘယ်ကုမ္ပဏီမှ သူ့နေရာကို စိန်ခေါ်လို့မရပေ။
Global ကုမ္ပဏီအကြောင်းကို သူကြားဖူးသည်။
သူ့ လက်အောက်ခံငယ်သားများရဲ့ အစီရင်ခံချက်အရ Global ကုမ္ပဏီတွင် ရန်းကောင်းရေနံအုပ်စုကနေ ရေနံစိမ်းသယ်ယူပို့ဆောင်ပေးတဲ့ သင်္ဘောနှစ်စင်းရှိသည်။
ထိုအချိန်က သူ အနည်းငယ်မကျေနပ်ဖြစ်ကာ ကုမ္ပဏီအမည်ကို မှတ်မိနေခဲ့သည်။
အခုဆို Global ရဲ့ သူဋေးက ချီဒုံသင်္ဘော ကျင်းကနေ သင်္ဘောအများအပြားကို ဝယ်ယူဖို့ သွားနေတာကြောင့် အလွန်မကျေနပ်ဖြစ်နေခဲ့သည်။
လျူယောင်တို့အဖွဲ့ ဆိပ်ခံတံတားဘေးကို ရောက်ရှိလာကာ ပြီးစီးနေပြီဖြစ်တဲ့ ဧရာမရေနံတင်သင်္ဘောကြီး နှစ်စင်းကို တွေ့လိုက်ရသည်။