အခန်း 109 သူ့ကို ငါကိုယ်တိုင်ကိုယ်ကျ ဧည့်ခံ ချင်တယ်
" ဖယ်ပေးစမ်း "
ရှေ့မှ သက်တော်စောင့်အနည်းငယ်က လမ်း ရှင်းနေပြီး လျူယောင်နဲ့ အခြားသူများ ဝင်လာတာကို မြင်တဲ့အခါ သတိမထားမိဘဲ တွန်းထုတ်လိုက်သည်။
ဟူဂျွန်းရှီက သက်တော်စောင့်တစ်ဦးရဲ့ ဘေးကို တွန်းထုတ်ခံရပြီး အရှက်ကွဲသွားတာကြောင့် စိတ်ထဲတွင် ဒေါသထွက်နေပုံရသည်။
“ယုတ္တိမရှိဘူး! မင်းအိမ်လမ်းမဟုတ်ဘဲ ငါဘာလို့ဖယ်ပေးရမှာလဲ”
လျူယောင်ကို တွန်းလိုက်တဲ့ သက်တော်စောင့်တစ်ဦးလည်း ရှိသည်။သို့သော် အဲ့ဒါက သစ်ပင်ကို လှုပ်ခါနေတဲ့ ခြင်တစ်ကောင်နဲ့တူသည်။ လျူယောင် လုံးဝမလှုပ်ဘဲ ထိုသက်တော်စောင့်အား မကျေနပ်တဲ့ အကြည့်နဲ့ ကြည့်ပေးလိုက်သည်။
သက်တော်စောင့်က တောင်ကြီးတစ်တောင် သူ့အပေါ် တွန်းချခံရသလို ခံစားလိုက်ရပြီး စိတ်ထဲတွင် အံ့ဩသွားသည်။သူ နောက်ထပ် ကြီးမားတဲ့ အင်အားဖြင့် ထပ်မံတွန်းထုတ်တော့မှာကို မြင်ရတာကြောင့် လျူယောင် အခွင့်အရေး ထပ်မပေးတော့ပဲ
“ထွက်သွား!”
ဟု အော်လိုက်သည်။
ပေါ့ပါးသော တွန်းအားဖြင့် သက်တော်စောင့်ကမြေပြင်ပေါ်ထိုင်လုနီးပါးဖြစ်တဲ့အထိ ခြေလှမ်းပေါင်းများစွာ တွန်းထုတ်ခံလိုက်ရသည်။
လျူယောင် ဒီ ထိတ်လန့်တုန်လှုပ်နေသော သက်တော်စောင့်ကို လျစ်လျူရူ့ပြီး ပထမထပ်ရှိ ခန်းမဆီသို့ လျှောက်သွားခဲ့သည်။ ခန်းမထဲ ဝင်သွားသောအခါ လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးမှာ အပြင်ဘက် လျှောက်လာတာကို တွေ့ရပြီး ခုနက လူတစ်ဒါဇင်ခန့် လိုက်ပါသွားခဲ့သည်။
ကျန်းလျန်က လျူယောင်ရဲ့နောက်မှ ကပ်ပြီးတိုးတိုးလေးပြောလိုက်သည်။
“ မစ္စတာလျူ အဲ့ညာဘက်ကတစ်ယောက်က ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဒုဥက္ကဋ္ဌဖြစ်ပြီး ဘယ်ဘက်ကတစ်ယောက်က ရီရှန်း ဂရုရဲ့ သူဋေးလော့မောင်ယွမ် ဖြစ်ပါတယ်ခင်ဗျား”ဟု ပြောလိုက်သည်။
" ရီရှန်း သင်္ဘောအုပ်စု လား"
"ဟုတ်ပါတယ် လျူယောင် သိတယ်"
အဲ့ဒါက ပရိုတွန်အုပ်စုထက်ပင် ကြီးမားသည့် တရုတ်နိုင်ငံရှိ အကြီးဆုံး ပင်လယ်ကူးသင်္ဘောအုပ်စုများထဲမှ တစ်ခုဖြစ်သည်။ ပိုင်ရှင် လော့မောင်ယွမ်အား ယန်နိုင်ငံတွင် သင်္ဘောများရဲ့ဘုရင်ဟု ဆိုကြသည်။
ရေနံစိမ်းသယ်ယူပို့ဆောင်ရေးက ဒီအဖွဲ့ရဲ့ အဓိကစီးပွားရေးဖြစ်ပြီး ရန်ကောင်းရေနံအုပ်စုက ပင်လယ်ကူးရေနံစိမ်းသယ်ယူပို့ဆောင်ရေး ၈၀ ရာခိုင်နှုန်းကျော်ကို ရီရှန်းအုပ်စု သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
လျူယောင်က လော့မောင်ယွမ်ရဲ့ နာမည်ကို ယခင်က ကြားဖူးခဲ့သော်လည်း ယနေ့တွင် ပထမဆုံးအကြိမ် တွေ့လိုက်ခြင်းဖြစ်ကာ တစ်ချက်လေးတောင် မကြည့်ဘဲ စိတ်ထဲတွင် တွေးနေမိသည်။
“ဒီလူရဲ့ ပကာသနက သာမန်မဟုတ်ဘူးပဲ သူနှင့်အတူ လိုက်ပါလာတဲ့လူ အများအပြားရှိပြီး သူ့ရှေ့မှာ သက်တော်စောင့် အများအပြားလည်း ရှိနေတယ် ”
လော့မောင်ယွမ်နဲ့ လျူယောင် ဘေးချင်းကပ် ဖြတ်သွားခဲ့ကြသည်။
ကျန်းလျန်ရဲ့ ဦးဆောင်မှု့နဲ့အတူ လျူယောင် ဧည့်ခန်းတစ်ခုသို့ သွားခဲ့ကြပြီး ဆိုဖာပေါ်တွင် ထိုင်ပြီးနောက် ကျန်းလျန်က သင်္ဘောကျင်းရဲ့ အခြေအနေကို စတင်မိတ်ဆက်ပြီး မေးမြန်းခဲ့သည်။
“မစ္စတာလျူ ဒီတစ်ခါ ခင်ဗျားဘယ်လိုသင်္ဘောမျိုးလိုချင်ပါသလဲ ? အော်ဒါတင်ရင် အရင်ဦးစားပေးပါ့မယ်”
လျူယောင်က “ခင်ဗျားတို့ဆီမှာ အဆင်သင့်လုပ်ထားတဲ့ သင်္ဘောတွေ ရှိလား။ ပင်လယ်ကူး ရေနံတင်သင်္ဘောတွေဆို အကောင်းဆုံးပဲ အခု ပို့ပေးနိုင်ရင် ပိုကောင်းတယ်”
ကျန်းလျန် စဉ်းစားလိုက်ပြီး
“ ဟုတ်ကဲ့ပါ ဒါပေမဲ့ ကျွန်တော်တို့က အရင် အော်ဒါတင်ပြီး ဖောက်သည်ရဲ့ လိုအပ်ချက်အရ ဆောက်လုပ်ရေးကို စလုပ်တာပါ။ သင်္ဘောကို တွေ့ချင်ရင်တော့ အခုချက်ချင်း မတွေ့နိုင်ပါဘူး”ဟု ပြန်ဖြေလိုက်သည်။
“အဲ့လိုလား”
လျူယောင် အနည်းငယ် စိတ်ပျက်သွားသည်။
ယခု သူ့လက်ထဲတွင် ဘီလီယံနဲ့ချီ ရှိနေပြီဖြစ်တာကြောင့် အထူးသဖြင့် ရေနံစိမ်းသယ်ယူပို့ဆောင်ရေးနဲ့စွမ်းရည်ကို ချဲ့ထွင်ရန်အတွက် ပင်လယ်ကူးသင်္ဘောများ ပိုမိုထားရှိရန် လိုအပ်ခဲ့သည်။
အရှေ့အလယ်ပိုင်းမှ ရေနံစိမ်းများကို တရုတ်နိုင်ငံကို ပြန်ပို့ခြင်းက မဆိုးလှပေ။ သို့သော် ရှိပြီးသားသင်္ဘောတွေ ထပ်ရှိရင် ပိုကောင်းသည်။ ငွေပေးချေပြီးမှသာ ချီဒုံသင်္ဘောကျင်းက သင်္ဘောများကို ပို့ဆောင်ပေးမှာဖြစ်ပြီး၊ ထို့နောက် အဆိုပါသင်္ဘောများကို ချက်ချင်းပြု့လုပ်လိမ့်မည်။ ပင်လယ်ရေကြောင်း သွားလာရေး လည်ပတ်နေသရွေ့ ဒီလုပ်ငန်းက ငွေပင်ဖြစ်သည်။
လျူယောင်က
“ကျွန်တော် ဒီကို မျှော်လင့်ချက်အပြည့်နဲ့ လာခဲ့တာပါ။ ခင်ဗျားတို့မှာ ရှိပြီးသား သင်္ဘောတွေ ရှိမယ်လို့ ကျွန်တော်ထင်ခဲ့တာ။ ခင်ဗျားတို့ဆီမှာ သင်္ဘောတွေရှိနေသရွေ့ ကျွန်တော်လိုချင်သလောက် သင်္ဘောတွေဝယ်မယ်လို့ မူလကကျွန်တော် စီစဉ်ထားခဲ့တာ။ လေး၊ ငါးစင်း၊ ခုနစ်စင်း၊ ရှစ်စင်းလောက်ဆို အဆင်ပြေပါတယ်”ဟု ဝမ်းနည်းစွာ ပြောလိုက်သည်။
“ဘာလဲဟ !”
"ခုနှစ်စီး ရှစ်စီးလား.. "
ကျန်းလျန် မယုံကြည်နိုင်စွာ လျူယောင့်ကို ကြည့်ပြီး ဒါက ကြွားချင်လို့ ပြောတာ မဟုတ်ဘူးလို့ မြင်တဲ့အခါ
“သူဋေးလျူက သင်္ဘောအမြောက်အမြား တကယ်လိုချင်နေတာပဲ” ဟု မေးလိုက်မိသည်။
လျူယောင်က
“ဟုတ်ပါတယ် ဒီတစ်ကြိမ်မှာ ၅ ဘီလီယံကို ဝယ်ယူရေး ရန်ပုံငွေအတွက် ပြင်ဆင်ထားတာပါ။ နိုင်ငံတဝန်းလုံးက သင်္ဘောကျင်းတွေမှာ ရှိပြီးသားသင်္ဘောများ ဒါမှမဟုတ် ပြီးစီးလုနီးပါးသင်္ဘောများ ရှိနေသရွေ့ အဲ့ဒါတွေကို မဆိုင်းမတွ ဝယ်ယူပါ့မယ်”ဟု ပြန်ဖြေလိုက်သည်။
“အိုး ဘုရားရေ!”
"၅ ဘီလီယံဝယ်ယူရေးရန်ပုံငွေလား "
မူလက စိတ်အားထက်သန်မှု့အနည်းငယ်သာရှိတဲ့ ကျန်းလျန်ဟာ ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး
“မစ္စတာလျူ လက်ဖက်ရည်ကို အရင်သောက်နှင့်ပါခင်ဗျား။ ကျွန်တော့်ရဲ့ ဘောစ့်စီ သတင်း ပို့လိုက်ပါဦးမယ်”
ဒီလောက်ကြီးမားတဲ့ကိစ္စကို သူဋေးဆီသွား ပြောရမှာပဲ ဖြစ်သည်။
ခိုင်မာသောငွေကြေးအရင်းအနှီးရှိတဲ့ ဖောက်သည်ဟာ အရောင်းဌာနရဲ့ လက်ထောက်မန်နေဂျာတစ်ဦးအဖြစ် သူ့ကို လက်ခံမှာမဟုတ်ကြောင်း ကျန်းလျန် သိထားသည်။
သူဋေးကိုယ်တိုင်လာရောက်ဖို့ လိုအပ်တာကို သူသိသည်။
တစ်ချိန်တည်းမှာပင် မစ္စတာလျူက နိမ့်ကျလောက်အောင် အစွမ်းထက်ပြီး ရန်ပုံငွေ ၅ ဘီလီယံခန့် ပြင်ဆင်ထားပေမဲ့ အရောင်းဌာနရဲ့ လက်ထောက်မန်နေဂျာဖြစ်တဲ့ သူ့ကို လက်ခံတွေ့ဆုံခဲ့ပြီး
“မင်းတို့ရဲ့ သူဋေးနဲ့ တိုက်ရိုက်ဆက်သွယ်သင့်တယ်” ဆိုတာကို သွယ်ဝိုက် ပြောကြားခဲ့သည်။
လျူယောင်ကတော့ ကျန်းလျန်နဲ့ နှစ်ခါ သုံးခါလောက် ဆက်ဆံခဲ့ပြီး ဒီလူက လူကောင်းတစ်ဦးဖြစ်တာကို ခံစားမိတာကြောင့် ချီဒုံ သင်္ဘော ကျင်းပိုင်ရှင်အစား ကျန်းလျန်ကို ရိုးရိုးရှင်းရှင်း ဆက်သွယ်ခဲ့သည်။
......
ချီဒုံ သင်္ဘောကျင်းရဲ့ ဥက္ကဋ္ဌ ကောင်းဝေကွမ်းကရုံးခန်းထဲတွင် ရီရှန်းအုပ်စု မှ မှာယူထားတဲ့ တန်ချိန် ၂၀၀,၀၀၀ ရှိသော ပင်လယ်ကူးရေနံတင် သင်္ဘောနှစ်စင်းအား ဖျက်သိမ်းလိုကြောင်းကို ဒုဥက္ကဌတစ်ဦးက ဖုန်းခေါ်ပြီး ပြောကြားခဲ့သည်။
ယနေ့ ရီရှန်းအုပ်စုရဲ့သူဋေးလော့မောင်ယွမ်ကိုယ်တိုင် ရောက်လာခဲ့သည်။ ကောင်းဝေကွမ်းမူလက သူ့ကို လူကိုယ်တိုင် တွေ့ဆုံလက်ခံချင်ပေမဲ့ တစ်ဖက်က အမှာစာကို ပယ်ဖျက်ရန် လာတာကို ကြားထားတာကြောင့် မတွေ့ချင်တော့ဘဲ သူ့ကို လက်ခံရန် ဒုဥက္ကဌတစ်ဦးကို စေလွှတ်ခဲ့သည်။
ဒါက စန္ဒယားကို ယမ်းတီးနေသလိုပါပဲ။
ကောင်းဝေကွမ်း အလွန်ဒေါသထွက်နေပုံရသည်။ ရေနံတင်သင်္ဘောနှစ်စင်း တည်ဆောက်မှု့မှာ အခြေခံအားဖြင့် ပြီးစီးခဲ့ပြီး ဖောက်သည်ရဲ့လက်ခံမှုအဆင့်သို့ ရောက်ရှိလုနီးပါးဖြစ်သည်။
ဒီအချိန်မှာတစ်ဖက်က
“မယူဘူး” ဟု ပြောလာသည်။
တခြားသူဆိုရင် အရမ်းဒေါသထွက် ရိုက်နှက်မိလိမ့်မည်။
"မရိုးသားလွန်းဘူး"
ကောင်းဝေကွမ်း စိုးရိမ်တာက ရီရှန်းအုပ်စုနဲ့ရေရှည်ပူးပေါင်းဆောင်ရွက်ထားတဲ့ ဆက်ဆံရေးကြောင့် သင်္ဘောနှစ်စင်းအတွက် ထုတ် လုပ်မှုစာချုပ်ကို ချုပ်ဆိုခဲ့ပေမဲ့ အခြားတစ်ဖက်က တစ်ပြားတစ်ချပ်မှ မပေးခဲ့ခြင်းကြောင့်ဖြစ်သည်။ မူလသဘောတူညီချက်မှာ ထုတ်လုပ်မှု့ ပြီးစီးပြီးနောက် တစ်ကြိမ် ပေးချေရန်ဖြစ်သည်။
ယခုအခါတွင် တစ်ဖက်က စာချုပ်ကို ချိုးဖောက်ပြီး နစ်နာကြေးများကို မပေးလိုတာကြောင့် ဖြစ်နိုင်သည်။
“လော့မောင်ယွမ်ကို ငါ အရမ်းယုံခဲ့မိတာပဲ”
“ဒီတစ်ခါတော့ ငါ သင်ခန်းစာတစ်ခု ဝယ်ခဲ့ရပြီ ဒီ လုပ်ထားတဲ့ တန်ချိန် ၂၀၀,၀၀၀ ရေနံတင် သင်္ဘော နှစ်စင်းကရော သက်သာတဲ့စျေးနှုန်းနဲ့ ဝယ်မဲ့လူ ရှိရဲ့လား ”
"ဒီအချိန်မှာ ဝယ်သူကို ဘယ်မှာသွားရှာရမလဲ တစ်ယောက်ယောက်က ဝယ်ချင်နေရင်တောင် တောင်းတဲ့ဈေးကို မပေးနိုင်ဘူးလို့ ထင်မိသည်။
ကံမကောင်းစွာပဲဒီသင်္ဘောနှစ်စင်းကို
“မင်းလက်ထဲမှာ ရောင်းတော့မယ်”လို့ သွား ပြောလိုက်ရင် ငွေအများကြီးနိမ်တော့မည်။
သင်္ဘောကို တည်ဆောက်ပြီး မရောင်းရရင် ဘဏ္ဍာငွေ အများကြီး ဆုံးရူံးတော့မည်။
ကောင်းဝေကွမ်း ဒေါသထွက်နေတဲ့အပြင် ဖိအားလည်း ခံစားနေရသည်။
“ဟင်း နောက်ဆို ရီရှန်းအုပ်စုက ငါတို့ရဲ့သင်္ဘောတွေကို အနာဂတ်မှာ မှာယူမယ်ဆိုရင်တော့ စပေါ်ငွေ အရင်ပေးရလိမ့်မယ်။ သင်္ဘောတစ်ဝက်တည်ဆောက်ပြီးပါက စုစုပေါင်းပေးချေမှုတစ်ဝက်ကို ပေးဆောင်ရမယ်။သူတို့က မှန်ကန်တဲ့ပုံစံဖြင့် လုပ်ရတော့မှာဖြစ်ပြီး ဒီလို ကိစ္စမျိုး ထပ် အဖြစ်မခံနိုင်တော့ဘူး”
ကောင်းဝေကွမ်း သူဋေးကုလားထိုင်တွင် ထိုင်ကာ စီးကရက်တစ်လိပ်ကို ရှုံ့တွစွာ ရိူက်ရင်း စိတ်ထဲတွင် ဒါတွေကိုတွေးနေမိသည်။
စီးကရက်တစ်လိပ်သောက်ပြီးနောက် အမှိုက်ပုံးထဲ အားနဲ့ ပစ်ထည့်လိုက်သည်။ သူ့စိတ်ထဲမှာတော့ ဒီသင်္ဘောနှစ်စင်းကို ဝယ်နိုင်တဲ့ တရုတ်နိုင်ငံက သင်္ဘောကုမ္ပဏီတွေအကြောင်း တွေးနေခဲ့သည်။
“ဒေါက်၊ ဒေါက်၊ ဒေါက်”
ထိုအချိန် ရုံးခန်းတံခါး ခေါက်သံက သူ့အတွေးကို နှောက်ယှက်ခဲ့တာကြောင့် ကောင်းဝေကွမ်း အသံနက်ကြီးဖြင့်
“ဝင်လာခဲ့” ဟု အော်ပြောလိုက်သည်။
ကျန်းလျန် တံခါးကို တွန်း ဝင်လာပြီး မျက်နှာပေါ်တွင် ရွှင်မြူးတဲ့အမူအရာနဲ့ ဝင်လာခဲ့သည်။ ကောင်းဝေကွမ်းမျက်နှာကို လုံးဝဂရုမစိုက်ဘဲ
“သူဋေး ဖောက်သည်ကြီးတစ်ယောက်ရောက်လာပြီး သင်္ဘောခုနစ်စင်း ရှစ်စင်းကို တစ်ပြိုင်နက်တည်းဝယ်ချင်လို့တဲ့ ဘက်ဂျက် ဒေါ်လာဘီလီယံနဲ့ချီပြီး ပြင်ဆင်ထားပါတယ်”ဟု ဝမ်းသာအားရ ပြောလိုက်သည်။
“ဘာလဲ!”
"တကယ်ပြောနေတာလား "
“မင်းပြောတာ ကောင်းတဲ့အချက်ရှိတယ် အခုပဲ ငါ့ ဦးနှောက်ထဲ အဲဒီသင်္ဘောနှစ်စင်းကို ဘယ်လိုဖယ်ရှားရမလဲဆိုတာ စဥ်းစားနေတာ "
" ဗုန်းး"
ကောင်းဝေကွမ်းချက်ခြင်း ထရပ်လိုက်ပြီး လက်ကိုဝှေ့ယမ်းကာ
“လာ သွားရအောင် ဒီဖောက်သည်က အခု ဘယ်မှာလဲ သူ့ကို ငါ ကိုယ်တိုင်ကိုယ်ကျ ဧည့်ခံချင်တယ်” ဟု ပြောလိုက်သည်။