Ch 108
Viewers 5k

အခန်း 108 ရွှေတွေကို ဒီအတိုင်း ထားတာလား



ပင်လယ်ကမ်းစပ်နားက ဂိုဒေါင်ရှေ့တွင် လူအုပ်စုနှစ်စု ဆုံဆည်းခဲ့ကြပြီး အားလုံး ကားပေါ်မှ ဆင်းလာခဲ့ကြသည်။



ကျိုးယန်၊ဟူဂျွန်းရှီနဲ့ အခြားသူများက လျူယောင်အား နှုတ်ဆက်ရန် အမြန်သွားခဲ့သည်။ သူတို့ ဖုန်းလက်ခံပြီးနောက် ကိစ္စအားလုံးကို ဘေးဖယ်ထားကာ အမြန်ပြေးလာခဲ့ကြတာပဲ ဖြစ်သည်။ သူတို့ ဘာဖြစ်တာလဲ ခုထိ မသိကြသေးပေ။



ဟူဂျွန်းရှီက “အစ်ကိုယောင် ဘာကိစ္စရှိလို့လဲ  ဒီလောက်ကြီးမားတဲ့တိုက်ပွဲကြီးက အရမ်းအသက်ဝင်တာပဲ”


လျူယောင် ဘာမှ  ဖုံးကွယ်မထားခဲ့ပေ။


“ဒီနေ့က ကိစ္စကြီးပဲ  ဒီကြီးမားတဲ့သဘောတူညီချက်ပြီးရင် ငါတို့ကုမ္ပဏီက မကြာခင်မှာ အရင်းအနှီးအမြောက်အမြားရရှိတော့မှာဖြစ်ပြီး အနည်းဆုံး သင်္ဘောကြီးတစ်ဒါဇင်ကို တစ်ပြိုင် နက်တည်းဝယ်နိုင်လိမ့်မယ်” ဟု ပြုံးကာ ပြန်ဖြေလိုက်သည်။


" ဘာလဲ ဧရာမသင်္ဘောတစ်ဒါဇင်လား "


ဟူဂျွန်းရှီသာမက ကျိုးယန်နဲ့ အခြားလူများပါ အလွန်စိတ်လှုပ်ရှားခဲ့ကြသည်။ ဧရာမသင်္ဘောတစ်ဒါဇင်ဆို အနည်းဆုံး ဒေါ်လာဘီလီယံပေါင်းများစွာ ကုန်ကျမည် ဖြစ်သည်။



လူတိုင်းရဲ့ တုံ့ပြန်မှုကို ကျေနပ်စွာကြည့်ကာ လျူယောင် သော့ကိုထုတ်ပြီး ဂိုဒေါင်တံခါးကိုဖွင့်ကာ


  " ဥကဌချန် ကျေးဇူးပြုပြီး ဝင်ပါ "


ဟု နွေးထွေးစွာဖိတ်ခေါ်လိုက်သည်။


ချန်ဟီဖေးက အနည်းငယ်စပ်စုမိပြီး


“မယုံနိုင်စရာပဲ မစ္စတာလျူ ဒီလိုဂိုဒေါင်ထဲမှာ ရွှေတန်ချိန်တစ်ဒါဇင်ကျော် သိမ်းဆည်းထားတယ်လို့ ခင်ဗျားမပြောခဲ့ဘူးလား”


ဘယ်လိုကြည့်ကြည့် ဒါက သာမန်ဂိုဒေါင်တစ်ခုသာဖြစ်သည်။



ယေဘုယျအားဖြင့်ပြောရလျှင် ရွှေကို သာမန်ဂိုဒေါင်မဟုတ်ဘဲ လုံခြုံ လျို့ဝှက်တဲ့နေရာတွင်သာ ထားလေ့ရှိသည်။


လျူယောင်က ပြုံးပြီး ဂုဏ်ယူစွာနဲ့ပြောလိုက်သည်။


“ကျွန်တော်က ရွှေတန်ချိန်တစ်ဒါဇင်ကို ဒီဂိုဒေါင်မှာ သိမ်းထားတာပါ ! လာ သွားကြရအောင်”


လျူယောင် ဂိုဒေါင်ထဲ အရင် ဝင်သွားလိုက်ပြီးတခြားလူများလည်း လိုက်လာခဲ့ကြသည်။ချန်ဟီဖေး၊ထန့်လီပင်းနဲ့ အခြားလူများက ရွှေများကို ပထမဆုံးအကြိမ် မြင်ချင်တာကြောင့် ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်နေကြသည်။



ဂိုဒေါင်အတွင်းတွင် အားလုံး ဗလာဖြစ်နေသည်။ ကွန်ကရစ်ကြမ်းပြင်ပေါ်တွင် တစ်စုံတစ်ခုကို ကြီးမားတဲ့ တာလပတ်တစ်ခုအောက်တွင် ဖုံးအုပ်ထားတာမှလွဲပီး မည်သည့်အရာမှ မရှိပေ။


-“အဲဒါက ရွှေမဟုတ်တာ သေချာတယ်”


-"မြေကြီးပေါ်မှာ ရွှေတွေအများကြီးထားပြီး တာလပတ်နဲ့ဖုံးထားတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"


-“လျှို့ဝှက်တံခါးတစ်ခုရှိလောက်တယ်။ ခဏစောင့်ရအောင် လျှို့ဝှက်တံခါးဖွင့်ပြီး မြေ အောက်ခန်းရောက်ရင်တော့…”


ချန်ဒါရှန်း ကုမ္ပဏီမှ လူများက မျိုးစုံတွေးထင်ခဲ့ကြသည်။ တာလပတ်အောက်တွင် ရွှေဆယ်တန်ကျော် ဖုံးလွှမ်းထားမယ်လို့ သူတို့မယုံနိုင်ခဲ့ပေ။



လျူယောင်က လူတိုင်းကို တာလပတ်ဆီ ခေါ်သွားကာ လူတိုင်းရဲ့ရှေ့မှာပင် တာလပတ်ကို ရုတ်သိမ်းလိုက်ရာ ရွှေတုံးဆယ်တန်ကျော်မှာ သပ်သပ်ရပ်ရပ်စီထားပြီး လူတိုင်းရှေ့မှာပင် ခင်းကျင်းပြသထားသလိုမျိုး ဖြစ်နေသည်။


 "ဒီ၊ ဒီ၊ ဒီ..."


 " ဘယ်လိုလုပ်.." "ဘယ်လိုလုပ် "


 "အို ဘုရားရေ!"


မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်းနီးပါး ပါးစပ်များ ဟောင်းလောင်းပွင့်လာခဲ့သည်။



ရွှေတန်ချိန်တစ်ဒါဇင်ကျော်ကို တာလပတ်ဖြင့် ဖုံးအုပ်ကာ ဒီလိုမျိုး မြေကြီးပေါ်တွင် တင်ထားသည်။


စက္ကန့်အတော်ကြာပြီးနောက် လေရှူသံတစ်သံ ထွက်လာပြီး လူတိုင်း ထိတ်လန့်သွားကြသည်။


မြေကြီးပေါ်မှာ ရွှေတွေအများကြီးကို ဒီလို ထားထားသည်။


ချန်ဟီဖေး သတိပြန်ရလာပြီးနောက် လျူယောင့်ရဲ့လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ အလွန်စိတ်လှုပ်ရှားနေပြီး “မစ္စတာ လျူ တ ကယ်ရွှေတွေအများကြီးရှိနေတာပဲဗျာ တကယ်ကို မယုံနိုင်စရာပါပဲ”


ဟူဂျွန်းရှီနဲ့  ကျိုးယန်တို့ကတော့ သူဋေးဆီမှာ ရွှေအများကြီးရှိနေမယ်လို့  ဘယ်တုန်းကမှ မမျှော်လင့်ထားကြပေ။ ဟူဂျွန်းရှီ သူ့ စိတ်ထဲတွင် တွေးနေမိသည်၊ “အစ်ကိုယောင်က ဘဏ်တစ်ခုရဲ့ ဂိုဒေါင်ကို ဓားပြတိုက်ထားတာများလား”



လျူယောင် ဝမ်းသာအားရပြုံးပြပြီး သူ့လက်ကိုဝှေ့ယမ်းကာ


“ဥက္ကဋ္ဌချန် ခင်ဗျားရဲ့လူတွေကို ကုန်ပစ္စည်းတွေစစ်ဆေးဖို့ စီစဉ်ပေးဖို့ ပြောလိုက်ပါ။ ပြီးရင် ဒီနေရာမှာပဲ  ငွေကြေးကိစ္စ အသေးစိတ်အချက်အလက်တွေကို ကျွန်တော်တို့ ပြောကြတာပေါ့” ဟု ပြောလိုက်သည်။


“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်”


ချန်ဟီဖေး စိတ်လှုပ်ရှားခြင်းတွင် နှစ်မြုပ်နေဆဲဖြစ်ပြီး ကောင်းတယ် ဆိုတဲ့ စကားသုံးခွန်းကို ဆက်တိုက်ပြောကာ ရွှေများကိုစစ်ဆေး ရေ တွက်ရန် သူ့လူများကို ခေါ်လိုက်သည်။



ချန်ဒါရှန်းကုမ္ပဏီရဲ့ ပညာရှင်အများအပြား  ရောက်လာခဲ့ကြပြီး ရွှေတုံးများရဲ့သန့်စင်မှုကို တိုင်းတာခြင်း၊ရေတွက်ခြင်းနဲ့ရွှေတုံးများကို ချိန်ဆရန် အီလက်ထရွန်နစ်စက်များအသုံးပြုခြင်းလိမျိုး  အလုပ်များလုပ်ခဲ့ကြသည်။


မြင်ကွင်းက အလုပ်စည်ကားပြီး တက်ကြွ နေ ခဲ့သည်။


လျူယောင် ၊ ချန်ဟီဖေးနဲ့အခြားလူများက ငွေပေးချေခြင်း ကိစ္စများကို အသေးစိတ် ဆွေးနွေးခဲ့ကြသည်။


ဈေးနှုန်းက တစ်ဂရမ်ကို ယွမ် ၄၂၀ ပဲရှိသည်။ ချန်ဟီဖေးက  ဒီနေ့ရွှေအားလုံးကို သယ်ယူနိုင်ပေမဲ့ ပေးချေမှု့ရဲ့တစ်ဝက်ကို ပေးချေရမှာဖြစ်ပြီး ကျန်ငွေများကို တစ်လခွဲအတွင်း ပေးချေရမှာပဲ ဖြစ်သည်။



တစ်ဂရမ်လျှင် ယွမ် ၄၂၀ ဈေးနှုန်းအရ စုစု ပေါင်းတန်ဖိုးမှာ ၅.၂ ဘီလီယံကျော်ဖြစ်သည်။ ချန်ဒါရှန်းကုမ္ပဏီဟာ  ခိုင်မာတဲ့ဘဏ္ဍာရေးအရင်းအမြစ်များနဲ့  စီးပွားရေးလုပ်ငန်းကြီးတစ်ခုရှိရင်ပင် ငွေများစွာကို ချက်ချင်းရရှိရန် ခက်ခဲပေလိမ့်မည်။


ချန်ဟီဖေးက ငွေတစ်ဝက်ကို အရင်ပေးချေပြီး ကျန်ငွေကို တစ်လခွဲအတွင်း ပေးချေရန် အကြံ ပြုခဲ့သည်။ လျူယောင်ကလည်း သဘောတူခဲ့ပြီး ဒါတွေအားလုံးကို သဘောတူညီချက်မှာ ရေးထားပြီး နှစ်ဦးသဘောတူ လက်မှတ်ထိုးထားကြမှာပဲ ဖြစ်သည်။

ကုမ္ပဏီနှစ်ခုမှလူများအားလုံး ခဏတာ အလုပ်များနေခဲ့ကြသည်။ ရွှေတုံးတစ်တုံးစီကို သန့်စင်အောင်ချိန်တွယ်ပြီး စမ်းသပ်မည်။ ရွှေတုံးပေါင်း တစ်ထောင်ကျော်ရှိတာကြောင့် နေ့တစ်ဝက်လောက် အလုပ်ရှုပ်နေလောက်သည်။



ဒီကိစ္စများကို ကိုယ်တိုင်လုပ်ရန်အတွက် သူဋေးနှစ်ယောက်မလိုအပ်ပေ။ချန်ဟီဖေးမှာ အခုတော့  အနည်းငယ်မျှသော ဖိအားမရှိတော့ပဲ  သူ့ကုမ္ပဏီတွင်  ရွှေမလုံလောက်တဲ့ ပြဿနာ မရှိတော့ပေ။


မွန်းတည့်ချိန်နီးတဲ့အခါ


“မစ္စတာလျူ ညစာစားချိန်ရောက်ပြီ အတူတူ ထမင်းစားရအောင် ဘယ်လိုလဲ”ဟု မေးလိုက်သည်။


လျူယောင် ကျေနပ်စွာသဘောတူလိုက်သည်။


ဒါကြောင့် ကုမ္ပဏီနှစ်ခုရဲ့ ထိပ်တန်းအမှုဆောင်အရာရှိတွေဟာ  ဂိုဒေါင်မှ အတူတူထွက်လာခဲ့ကြပြီး ကျန်တဲ့သူတွေကတော့ ဂိုဒေါင်ထဲက ရွှေတုံးတွေကို ရေတွက်ပြီး ကားပေါ်တင်ကာ တစ်တုံးပြီးတစ်တုံး ထပ်တင်ခဲ့ကြသည်။



၂၄ နာရီအတွင်း ငွေတစ်ဝက် ၂.၆၂၅ ဘီလီယံ ကို Global ရဲ့ အကောင့်ထဲ လွှဲပေးခဲ့ပြီး ကျန် ၂.၆၂၅ ဘီလီယံကို တစ်လခွဲအတွင်း လွှဲပေးမှာပဲဖြစ်သည်။


ကျိုးယန်ကတော့  ကုမ္ပဏီအတွက် အတွေးတစ်ခုတည်းသာရှိသည်။


“ကျွန်တော်တို့မှာ ငွေဘီလီယံများစွာရှိပြီ”ဟူ၍ပင်။


လျူယောင်နဲ့ ချန်ဟီဖေးတို့က ကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး အနာဂတ်တွင် ရွှေများရှိလာပါက ချန်ဒါရှန်းကုမ္ပဏီကို ဦးစားပေးရောင်းချမယ်လို့ သဘောတူညီခဲ့ကြသည်။


-----


"ကုမ္ပဏီတွင် ပိုက်ဆံရှိရင် ဘာလုပ်မလဲ"


" အဲ့ဒါကတော့ ဝယ် ဝယ် ဝယ်.. ပင် "


ယနေ့တွင် လျူယောင်က တရုတ်နိုင်ငံရဲ့ အကြီးဆုံးမြို့ပြသင်္ဘောတည်ဆောက်ရေး လုပ်ငန်းတစ်ခုဖြစ်သည့် ချီဒုံသင်္ဘောကျင်းကို ကိုယ် တိုင်ကိုယ်ကျသွားရောက်ခဲ့သည်။ဒီနေရာက  ကြီးမားတဲ့ရေနံတင်သင်္ဘောများ၊ ဧရာမကွန်တိန်နာသင်္ဘောများနဲ့ တန်ချိန် ၂၀၀,၀၀၀ ကျော် အစုလိုက်ကုန်တင်သင်္ဘောများ ထုတ် လုပ်နိုင်သည်။


ဖောက်သည်ဆိုတာ  ချီဒုံသင်္ဘောကျင်းရဲ့ အရေးကြီးတဲ့ အရှင်သခင်ပဲ ဖြစ်သည်။


လျူယောင် Roll-Rolyce က ချီဒုံသင်္ဘောကျင်းရဲ့ ဂိတ်ပေါက်ကို  မရောက်မီတွင် အဝေးမှ ဂိတ်ပေါက်တွင် ရပ်နေတဲ့ လူအများအပြားကို လျူယောင်  တွေ့လိုက်ရသည်။


ကားမောင်းနေတဲ့ ချန်းဟူက အရှိန်လျှော့ကာ သတိပေးလိုက်သည်။“ဘော့စ် ဒါ ကျွန်တော်တို့ကို လာကြို တဲ့သူ တွေထင်တယ်”


ဟူဂျွန်းရှီက နောက်ခုံတွင် လျူယောင်နဲ့အတူထိုင်ပြီး ပြတင်းပေါက်မှန်ကိုလှမ်းကြည့်ပြီး


“အစ်ကိုယောင်၊ ကျွန်တော် ခင်ဗျားကို စောင့်နေမယ်”ဟု ပြောလိုက်သည်။


   "အတူတူလိုက်လာခဲ့လို့ရပါတယ်ကွာ"

–-

ဒါက လျူယောင်ကို ကြိုဆိုလိုက်ခြင်းပင်ဖြစ်သည်။


စုစုပေါင်း ၃ ယောက်ရှိပြီး ခေါင်းဆောင်က မျက်နှာချင်းဆိုင်က လူပဲ ဖြစ်သည်။လျူယောင် လွန်ခဲ့သောနှစ်လက  ချီဒုံသင်္ဘောကျင်းတွင် တန်ချိန် ၂၀,၀၀၀ အလေးချိန်ရှိတဲ့ သင်္ဘောကို မှာယူခဲ့ပြီး နောက်ပိုင်းတွင် တန်ချိန် ၁၀၀,၀၀၀ ရှိသော ပင်လယ်ကူးရေနံတင်သင်္ဘောနှစ်စင်းကို ဝယ်ယူခဲ့သည်။ဒါတွေအားလုံးကို ကျန်းလျန်က ကိုင်တွယ်ခဲ့သည်။



ယခု ကျန်းလျန်ဟာ  ချီဒုံသင်္ဘောကျင်းရဲ့ အရောင်းဌာန လက်ထောက်မန်နေဂျာဖြစ်လာခဲ့သည်။ အရောင်းဌာနတစ်ခုလုံးတွင် သူတစ်ဦးတည်းအောက်တွင်ရှိပြီး လူဒါဇင်များစွာ အုပ်ချုပ်ရသည်။


ချန်းဟူက ကားကိုရပ်လိုက်ပြီးနောက် လျူယောင်နဲ့ ဟူဂျွန်းရှီတို့နှစ်ယောက်အတူ ကားထဲမှ ထွက်လာခဲ့ကြသည်။


ကျန်းလျန်က တစ်လမ်းလုံးပြေးလာပြီး စိတ်အားထက်သန်စွာနဲ့


“မစ္စတာ လျူ မစ္စတာ ဟူ ကျွန်တော်တို့ ချီဒုံသင်္ဘောကျင်းမှ ကြိုဆိုပါတယ်ဗျာ”ဟု နူတ်ဆက်လိုက်သည်။


နှစ်ဖက်စလုံးက လက်ဆွဲနှုတ်ဆက်ကြပြီး ကြည်နူးစရာများဖလှယ် ခဲ့ကြသည်။


ချန်းဟူ ကားရပ်ရန်ကားပါကင်ကို မောင်းသွားခဲ့သည်။ ကျန်းလျန်နှင့်အတူ လျူယောင်နဲ့ ဟူဂျွန်းရှီတို့က စက်ရုံဧရိယာထဲ ဝင်လာကာ ရုံးခန်းရဲ့ ဧည့်ခံခန်းမကို  အရင်သွားခဲ့သည်။


ရုံးခန်းတံခါးဝကိုရောက်တဲ့အခါ ပထမထပ်ရှိဧည့်ခန်းမထဲ ဝင်ဖို့  ပြင်နေစဥ်တွင် လူအုပ်စုတစ်စုက အထဲမှ ထွက်လာခဲ့သည်။