အခန်း 107. ဘာ! ငါ့ သူငယ်ချင်းက အခု ဘယ်မှာလဲ
ထန့်လီပင်းက ရွှေတုံးတစ်ထောင်ကျော်အ ကြောင်း ကြားတဲ့အခါ မဖြစ်နိုင်ကြောင်း တွေးမိသည်။
မကြာမီ သူပြန်လည် တုံ့ပြန်လာခဲ့ပြီး
"ဘာလဲ!
"ရွှေတုံးတစ်ထောင်ကျော်လား "
လျူယောင့်ကို ထိတ်လန့်စွာ စိုက်ကြည့်ကာ သူ နားကြားမှားနေတာလာလို့ သံသယဝင်သွားခဲ့သည်။ ရွှေတုံးတစ်ထောင်ကျော် အယူအဆက အဘယ်နည်း။ ထိုအရာသည် ရွှေဆယ်တန်ကျော်ပဲ ဖြစ်သည်။
"အိုး၊ ဘုရားရေ"
သူ အသိစိတ်ပြန်ဝင်လာဖို့ အချိန်အတော်ကြာခဲ့ပြီး စိတ်လှုပ်ရှားစွာနဲ့ အတည်ပြု မေးလိုက်သည်၊
“မစ္စတာ လျူ၊ ခင်ဗျားရောင်းချင်တဲ့ ရွှေတုံးပေါင်း တစ်ထောင်ကျော်က ၁၀ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ဒီရွှေတုံးတွေပဲ ဟုတ်လား”
“ဟုတ်ပါတယ်၊ အားလုံးက ဒီလိုရွှေတုံးတွေပါပဲ။ တိကျတဲ့ အရေအတွက်က ၁,၂၅၀ တုံးရှိတယ်။ ဆိုလိုတာက ကျွန်တော် ရောင်းချင်တဲ့ရွှေက စုစုပေါင်း ၁၂ တန်နဲ့ ကီလိုဂရမ် ၅၀၀ ရှိတယ်”ဟု လျူယောင် ပြန်ဖြေလိုက်သည်။
စိတ်လှုပ်ရှားမှုကြောင့် ထန့်လီပင်းရဲ့မျက်နှာ နီမြန်းသွားခဲ့သည်။
လက်ရှိတွင် ချန်ဒါရှန်း ကုမ္ပဏီရဲ့ အကြီးမားဆုံး အကျပ်အတည်းမှာ ရွှေ ဝယ်ခြင်းပဲ ဖြစ်ပြီး အခြားသူများက ရောင်းချဖို့ တွန့်ဆုတ်နေကြတာပဲ ဖြစ်သည်။
“အခုတော့ ကောင်းပြီ !”လျူယောင် လက်ထဲတွင် ရွှေတွေ အများကြီးရှိနေခဲ့သည်။
သူ ရွှေဆယ်တန်ကျော်ရှိနေတာကို မယုံကြည်နိုင်သေးပေ။
“မစ္စတာ လျူ ခင်ဗျားမှာ ရွှေ ၁၂ တန်နဲ့ ၅၀၀ ကီလိုဂရမ်ရှိတယ်ဆိုတာ သေချာလား”
လျူယောင်က “အမှန်ပါပဲ အများကြီးရှိတာ သေချာတယ် လုံးဝ မမှားပါဘူး”
ထန့်လီပင်း တိတ်ဆိတ်သွားသည်။
သူ ရင်တွေအရမ်းခုန်နေသည်လေ။
ထန်လီပင်းက ရေတစ်ခွက်ယူပြီး အသက်ကိုပြင်းပြင်းရှူပြီး စိတ်လှုပ်ရှားမှု့ကိုထိန်းချုပ်ကာ
“မစ္စတာ လျူ ကျွန်တော်တို့ VIP အခန်းကို သွားကြရအောင်။ ဒါ့အပြင် ဒီလို ကြီး ကျယ် တဲ့ ကိစ္စမျိုးကို ကျွန်တော်တစ်ယောက်တည်း မဆုံးဖြတ်နိုင်ဘူး။ ကျွန်တော်တို့သူဋေးကပဲ ခဗျားနဲ့ ဆွေးနွေးပါလိမ့်မယ်”
လျူယောင် ခေါင်းညိတ်ပြီး “ကောင်းပြီ” ဟုပြောလိုက်ပြီးနောက် သူ့ကို VIP အခန်းထဲ ခေါ်ဆောင်သွားခဲ့သည်။
ထန့်လီပင်းက ဦးဆောင်ပြီး လျူယောင်မှာ သူ့လက်ထဲတွင် ၁၀ ကီလိုဂရမ်ရှိတဲ့ ရွှေတုံးနှင့်အတူ နောက်မှလိုက်သွားသည်။
လျူယောင်အား VIP အခန်းတွင် ယဉ်ကျေး စွာထိုင်ရန် စီစဉ်ပေးပြီးနောက် ထန့်လီပင်း ဟာ ဥက္ကဋ္ဌရုံးခန်းဆီ ချက်ချင်းပြေးသွား တော့ သည်။
ထန်လီပင်းပြေးလာကိုမြင်တဲ့အခါ အချို့လူ များက အနည်းငယ်ပဟေဠိဖြစ်ကာ စူးစမ် းချင်ခဲ့ကြသည်။ အမြဲတမ်းတည်ငြိမ်နေတဲ့ မန်နေဂျာထန့်က ဘယ်လိုဖြစ်နေတာလဲလို့ တွေးနေမိကြသည်။
ထန့်လီပင်းကတော့ ဒီကိစ္စကို လုံးဝ ဂရု မစိုက်ပေ။ တန်ဆယ်ချီ ရွှေရောင်းလိုသူနဲ့ တွေ့ရင် ခင်ဗျားလည်း အလားတူပဲ ဖြစ်လိမ့် မယ်။ မဟုတ်ရင်တောင် ခင်ဗျားက ကျွန် တော့်ထက် ပိုစိတ်လှုပ်ရှားနေလိမ့်မည်။
"CEO ရုံးခန်း "
ချန်ဟီဖေး ဖုန်းခေါ်လိုက်သည်။ ရွှေဝယ်ဖို့ အတွက် သူကိုယ်တိုင် သူဋေးများကို ဖုန်း ခေါ် ခဲ့သည်။ ဖုန်းခေါ် ဆိုမှုများစွာ ပြုလုပ် ပြီးနောက် ဆက်ဆံရေးဟောင်း တစ်ခုမှ ကီလိုဂရမ် ၁၀၀ ကို ရောင်းချရန် ဆန္ဒရှိ ခဲ့သည်။ ဈေးက နည်းနည်းမြင့်နေသည်။
ဒီအခိုက်အတန့်တွင် သူ စိတ်ပျက် အားငယ် နေရသည်။
သူ ဆေးလိပ်သောက်လေ့မရှိပေမဲ့ ဆေး လိပ်တစ်လိပ်ကို ထုတ်ပြီး မီးညှိကာ သူ့ ရဲ့တန်ပြန် အစီအစဥ် များအကြောင်းကို စဉ်းစားခဲ့သည်။
“တကယ် အဆင်မပြေဘူးဆိုရင် ငါ ဈေး ပိုပေးရတော့မယ်။ ရွှေ ၁၀၀ ကီလို ဂရမ်က ရက်အနည်းငယ်တော့ လုံ လောက် တယ်။ငါတို့ရဲ့ရွှေလက်ဝတ်ရတနာကုမ္ပဏီက မလည်ပတ်တော့ဘူးဆိုတာ ငါ မယုံဘူး "
“ဝုန်း “
ဒါကို တွေးနေစဉ်မှာပင် ရုတ်တရက် ရုံးခန်းတံခါးကို မခေါက်ဘဲ ဆူညံသံနှင့်အတူ တွန်းဖွင့်လိုက်သည်။
ချန်ဟီဖေး အံ့ဩသွားသည်။"ဒီလူက ဘယ်သူလဲဟ! ရိုင်းစိုင်းလွန်းလိုက်တာ။တံခါးကို အရင်ခေါက်ရမှန်းမသိဘူးလား "လို့ ဒေါသထွက်သွားကာ ရေရွတ်လိုက်သည်။
ထန်လီပင်း ဝင်လာခဲ့သည်။ဒီလူက သူ့လက်အောက်ရှိ အဝယ်ဌာနမန်နေဂျာ ထန့်လီပင်း ဖြစ်နေသည်။သူ မကျေမနပ်ဖြစ်ကာ အပြစ် တင်ဖို့ ပြင်နေပေမဲ့ ထန်လီပင်းက အရင်ပြောလိုက်သည်။
သူက အလျင်စလိုဝင်လာပြီး စိတ်လှုပ်ရှားစွာဖြင့်
“ဘော့စ်၊ သတင်းကောင်း သတင်းကောင်း ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ပြဿနာ ပြေလည်သွားပြီ”
ထန်လီပင်းရဲ့ပျော်ရွှင် စိတ်လှုပ်ရှားမှု့ကို ခံစားလိုက်ရတာကြောင့် ချန်ဟီဖေး ပြစ်တင်ရှုတ်ချင်တဲ့ စကားကို မျိုချလိုက်သည်။ ချန်ဟီဖေးက
“မင်း ဘာတွေဖြစ်နေတာလဲကွာ အံ့ဩစရာပဲ! ဘာသတင်းကောင်းလဲ ပြောပါဦး”
ထန်လီပင်းမှာ အရမ်းစိတ်လှုပ်ရှားနေခဲ့ပြီး ကျယ်လောင်စွာပြောလိုက်သည်။
“သူဋေး ကျွန်တော့်သူငယ်ချင်းက ရွှေတွေအများကြီးရောင်းဖို့ အဆင်သင့်ရှိနေတယ်။သူ့ကို အခု VIP အခန်းမှာ စီစဉ်ပေးထားပါ့တယ်” ဟုပြောလိုက်သည်။
ထန်လီပင်းက ဒီရွှေများစွာမှာ ကုမ္ပဏီရဲ့ အဓိကပြဿနာများကို ဖြေရှင်းပေးနိုင်ကြောင်း သိတာကြောင့် လျူယောင် ကို သူ့ သူငယ်ချင်းဖြစ်ကြောင်း ရိုးရှင်းစွာပြောခဲ့သည်။ဒါမှသာ ဒီကိစ္စတွင် သူ့ရဲ့ လုပ်နိုင်စွမ်း ပိုကြီးမားလာလိမ့်မည်။ သူက ပိုအရေးပါသလိုပဲ ဖြစ်သည်။
ချန်ဟီဖေး အံ့အားသင့်စွာနဲ့ “အိုး မင်းသူငယ်ချင်းတစ်ယောက်က ရွှေရောင်းတော့မှာ ဟုတ်လား သူ့မှာ ဘယ်လောက်ရှိလို့လဲ ကီ လိုဂရမ်လား၊ ဒါဇင်နဲ့ချီတဲ့ ကီလိုဂရမ်တွေလား”ဟု မေးလိုက်သည်။
ချန်ဟီဖေး အမြင်တွင် ရွှေ ၁၀၀ ကီလိုဂရမ်ကျော်မှာ ကောင်းကင်ရဲ့ကန့်သတ်ချက်လိုဖြစ်ပြီး လူယောက်အတွက်မူ ရွှေ ၁၀၀ ကီလိုဂရမ်ကျော်ရှိဖို့က လုံးဝရှားပါးလှသည်။
ထန့်လီပင်းက ကမန်းကတန်း ပြန်ဖြေလိုက်သည်။
“မဟုတ်ဘူး သူဋေးရ ကီလိုဂရမ်တစ်ရာကျော်တင်မကဘူး စုစုပေါင်း ၁၂ တန်နဲ့ ၅၀၀ ကီလိုဂရမ်ရှိတယ်”
“ဘာလဲဟ!”
ချန်ဟီဖေး သူနားကြားမှားသွားလားဆိုပြီး လေးလေးနက်နက်တွေးလိုက်သည်။ သူ ဒီလုပ်ငန်းမှာ နှစ်အတော်ကြာနေခဲ့ပြီး ရွှေအများကြီးရောင်းတဲ့သူနဲ့ တစ်ခါမှမတွေ့ဖူးတာကြောင့် ထန်လီပင်းကို မယုံနိုင်စွာ ကြည့်လိုက်သည်။
ထန်လီပင်းက ကျယ်လောင်စွာ ထပ်ပြောလိုက်သည်။ “သူဋေး သူ့မှာ စုစုပေါင်း ရွှေ ၁၂ တန်နဲ့ ၅၀၀ ကီလိုဂရမ်ကို ရောင်းချဖို့ အသင့်ရှိနေတာဗျ”
ချန်ဟီဖေးမှာ မြင်ကွင်းအကြီးကြီးများကို မြင်ဖူးခဲ့ပေမဲ့ သိသိသာသာ အံ့ဩသွားပြီး ရုတ်တရက် ထရပ်လိုက်ပြီး
“ဟား ဟား တကယ်ကြီးလား ငါ့သူငယ်ချင်းက ခု ဘယ်မှာလဲ "ငါ သူ့ကို လူချင်းစကားပြောချင်နေတာ” ဟု ဝမ်းသာအားရပြောလိုက်သည်။
ထန့်လီပင်းက “သူဋေး ကျွန်တော် သူ့ကို VIP အခန်းမှာ စီစဉ်ပေးထားတယ်”
“ဟုတ်တယ် သူ့ကို VIP အခန်းထဲမှာ ထားရမှာ ” ချန်ဟီဖေး သူ့ခေါင်းကို ညင်သာစွာကိုင်လိုက်ပြီး ခဏလောက် မှေးနေပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်သည်။
“လာ သွားမယ် အဲဒီ့ကိုသွားရအောင်”
ချန်ဟီဖေးက သူ့ခန္ဓာကိုယ်ပေါ်တွင် ဖိအားများ သိသိသာသာ လျော့နည်းသွားတာကို ခံစားလိုက်ရသည်။
"VIP အခန်းထဲတွင် "
နှစ်ဦးနှစ်ဖက် ပထမဆုံးအကြိမ်တွေ့ဆုံတဲ့အခါ ကြည်နူးစရာများနဲ့ ယဉ်ကျေးမှုဓလေ့များက ရှောင်လွှဲလို့မရပေ။ ချန်ဟီဖေး လက်ဆွဲနှုတ်ဆက်ပြီးနောက် လျူယောင့်အား ထိုင်ရန် နွေးထွေးစွာပြောလိုက်သည် ။ ထို့နောက် စားပွဲပေါ်ရှိ ရွှေတုံးကို ကြည့်လိုက်ပြီး
“မစ္စတာ လျူ၊ ဒါက ခင်ဗျားယူလာတဲ့ နမူနာလား” ဟု မေးလိုက်သည်။
လျူယောင်က “ဟုတ်ပါတယ်၊ ဒါက နမူနာပါပဲ ဒီလိုရွှေတုံးပေါင်း ၁,၂၅၀ ရှိပါတယ် မစ္စတာ ချန် စိတ်ဝင်စားရင် အားလုံးကို ကျွန်တော် ရောင်းပေးနိုင်ပါတယ် ဒါပေမဲ့ ဈေးနှုန်းက တစ်ဂရမ်ကို ယွမ် ၄၂၀ ထက်မနည်းစေရပါဘူး”ဟု ပြန်ဖြေလိုက်သည်။
ချန်ဟီဖေး ဈေးမဆစ်တော့ပေ။ ဒါက ရောင်းသူရဲ့ဈေးကွက်ဖြစ်တာကို ကောင်းစွာသိတာကြောင့် ညှိနှိုင်းရန်မလိုတော့ပေ။
သူ့ စိတ်ထဲကလည်း အကြမ်းဖျင်းတွက်ချက်ထားတာကြောင့် ဒီဈေးနှုန်းက အရမ်းမမြင့်ပေမယ့် အရမ်းလည်း မနိမ့်ပေ။
ထန့်လီပင်းက တိုးတိုးလေးပြောလိုက်သည်။“သူဋေး အဲ့ရွှေတုံးကို ကျွန်တော်မြင်ဖူးတယ်။ သန့်စင်မှုက အတော်လေးမြင့်မားပြီး သုံးနိုင်သန့်စင်ခြင်းနဲ့ နီးစပ်တယ် ”
ချန်ဟီဖေး ချက်ချင်းပဲ အကြံကောင်းတစ်ခုရသွားသည်။ သန့်စင်မှု့က သုံးနိုင်သန့်စင်ခြင်းနဲ့နီးစပ်တာကြောင့် တစ်ဂရမ်ကို ၄၂၀ ယွမ်ဆိုတာ စျေးသိပ်မကြီးပေ။ သူ့ သူငယ်ချင်း ခုနကတောင်းဆိုထားတာထက် ပို သက်သာနေသည်။
“မစ္စတာ လျူ ဈေးနှုန်းနဲ့ပတ်သက်ပြီး ပြဿနာမရှိပါဘူး ခင်ဗျားရဲ့ရွှေတွေကို အရင်ကြည့်လို့ရမလား”ဟု မေးလိုက်သည်။
“ရပါတယ်၊ ကျွန်တော်တို့ အခုသွားလို့ရတယ် ရွှေကိုတွေ့ပြီးရင် အသေးစိတ်အချက် အလက်တွေ ပြောကြတာပေါ့ ဘယ်လိုလဲ”
“အဆင်ပြေပါတယ် ပြဿနာမရှိပါဘူး”လို့ ချန်ဟီဖေး ပြန်ဖြေလိုက်သည်။
အချိန်အတော်ကြာပြီးနောက် ချန်ဒါရှန်း ရုံးချုပ်အဆောက်အအုံရဲ့ ဂိတ်ပေါက်ရှေ့က ကားများပေါ်တွင် ချန်ဟီဖေးနဲ့ ထန့်လီပင်းသာမက သူတို့ကုမ္ပဏီ ရဲ့ဒုတိယဥက္ကဋ္ဌများ၊ ရွှေအကဲဖြတ်ကျွမ်းကျင်သူများစွာနှင့် ချန်ဒါရှန်း ကုမ္ပဏီရဲ့ ဘဏ္ဍာရေးဒါရိုက်တာများပင် အတူတူ ထွက်လာခဲ့ကြသည်။
လျူယောင်ရဲ့ ကားက ရှေ့တွင် ရှိနေပြီး လျူယောင်ကိုယ်တိုင် မောင်းဖို့ မလိုအပ်ပေ။ ချန်ဟီဖေးက လျူယောင်အား ကူညီရန် ယာဉ်မောင်းကို စီစဉ်ပေးခဲ့သည်။
ယာဉ်တန်းထွက်ခွာပြီးနောက် Globalက ကုမ္ပဏီမှ ဘဏ္ဍာရေးဝန်ကြီး ဟူဂျွန်းရှီနဲ့ တရားရေးဌာနမှ သက်ဆိုင်ရာ ဝန်ထမ်းများကို ဖုန်းခေါ်လိုက်ပြီး ပင်လယ်ကမ်းစပ်နားက ဂိုဒေါင်ကို သွားခိုင်းလိုက်သည်။
ဒါက ကြီးကြီးမားမား ကိစ္စကြီးတစ်ခုဖြစ်လာတာလို့ ယူဆရသည်။
ကွာခြားချက်မှာ အခြားသူများမှာ ရွှေကို ဂရမ်ဖြင့်သာရောင်းခဲ့ကြပြီး လျူယောင်က ရွှေကိုတန်ချိန်နဲ့ ရောင်းချခဲ့တာကြောင့်ပဲ ဖြစ်သည်။