အခန်း 106 “ ကျွန်တော့်ဆီမှာ ရွှေတုံး ထောင် ကျော်ရှိတယ် ဆိုရင်ရော “
လူတစ်ယောက်က ခေါင်းကို ခပ်ဖွဖွယမ်း လိုက်ပြီး နောက်တစ်ယောက်ကလည်း တိုး တိုးလေး သက်ပြင်းချလိုက်သည်။
ယခုအခါ အစည်းအဝေးခန်းတစ်ခန်းလုံးရဲ့ အ ငွေ့အသက်မှာ ထိူင်းထိူင်းမိူင်းမိူင်းနဲ့ ပို စိတ်ဓါတ် ကျစရာ ကောင်းနေသည်။ လူ အားလုံးက တိတ်ဆိတ်နေပြီး ထို တိတ်ဆိတ်ခြင်းရဲ့ နောက်ကွယ် တွင် ဖိအားများစွာ ရှိနေခဲ့ကြသည်။
အချိန်အတော်ကြာပြီးနောက် ဥကဌချန်ဟီဖေး က လေးလေးစားစားပြောလိုက်သည်။
“ လူကြီးမင်းများ ခဗျာ !ရွှေဝယ်တာက ခု ချိန်မှာ ကျွန်တော်တို့ ကုမ္ပဏီအတွက် အရေး ကြီးဆုံး ကိစ္စ ဖြစ်ပါတယ် အားလုံးက ဒီကိစ္စ အတွက် ရှေ့ကနေ ဦးဆောင်လုပ်ကိုင်ရမယ်။ကို ယ့်မှာ အဆက်အသွယ်တွေ ရှိရင် မြန်မြန် အသုံး ပြုကြပါ!ဘယ်သူမဆို ရွှေတွေ ဝယ်နိုင် မယ်ဆို 1 ဂရမ် ကို ယွမ် တစ်ထောင် ဆု ချမှာပဲ ဖြစ်ပါ တယ် “
“ အိူးး “
ဒါက များပြားတဲ့ဆုလာဒ်ပင်။မက်မောစရာ အ ပို ဆုလာဒ် ဖြစ်နေတာကြောင့် အစည်းအဝေးခ န်း တစ်ခုလုံး ရုတ်တရက် ဆူညံသွားခဲ့ပြီး ရုတ် ရုတ်သဲသဲ ဆွေးနွေးမူ့များ ဖြစ်ပေါ်လာခဲ့သည်။ လူတိုင်းက ဒီဆုလာဒ်ကို မက်မောပြီး လိုချင်နေ တာ သိသာ လှသည်။
ဒီဆုလာဒ်က မပေါ့ပေ။
1 g ကို ယွမ် တစ်ထောင် ဆိုတော့ 10 g ရောင်း ရယုံနဲ့ ယွမ်တစ်သောင်း အလကား ရရှိပြီးသား ဖြစ်နေသည်။သူရဲကောင်း တစ်ယောက်ကသာ ဒီ များပြားတဲ့ ဆုကြေးကို ရနိုင်လောက်မည်။
တစ်စုံတစ်ယောက်က ရွှေ ဆယ်ဂရမ် ဒါမှ မ ဟုတ် ရွှေ ရာ ဂရမ်အထိ ရောင်းရပါစေလို့ အားလုံး မျှော်လင့်နေကြသည်။
အချိန်အတန်ကြာပြီးနောက် အစည်းအဝေးခန်း က တိတ်ဆိတ်သွားခဲ့သည်။ချန်ဟီဖေး လက်ဝှေ့ ယမ်းပြလိုက်ပြီး
“ ကျွန်တော် ဒီ ဆုလာဒ် ပေးဖို့ ကတိတည် ပါတယ် ဒါ့ကြောင့် အားလုံး မြန်မြန် အလုပ် လုပ်ကြပါ လိုအပ်တဲ့ ရွှေတွေကို ဝယ် ယူနိုင်မယ်လို့ မျှော်လင့်ပါတယ် “ ဟု ပြောလိုက်သည်။
ထန့်လီပင်းလည်း အရမ်း အံ့အားသင့်နေသည်။ ဘောစ့်က ဒီလို ဆုလာဒ်မျိုးပေးတာ ပထမ ဆုံးအကြိမ် တွေ့ဖူးခြင်းပဲ ဖြစ်သည်။သူက စိတ် ထဲကနေ
“ ငါ့ဆီမှာ ဘယ်အဆက်အသွယ်တွေများ ကျန်နေသေးလည်း ရွှေ့ ဆယ်ဂရမ်လောက် ဝယ်နိုင်မလား” လို့ စဥ်းစားနေခဲ့သည်။
လျူယောင် ချန်ဒါရှန်းကုမ္ပဏီကို ကားမောင်းလာခဲ့ပြီး စိတ်ထဲကနေ
"ဒီတစ်ကြိမ်မှာ ရွှေများစွာရိတ်သိမ်းနိုင်လို့ တကယ်ကံကောင်းတာပဲ "လို့ တွေးနေခဲ့သည်။
စုစုပေါင်း ရွှေ ၁၂ တန်နဲ့ ၅၀၀ ကီလိုဂရမ်ပဲ ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက သ င်္ဘောပျက်ထဲမှာ ရွှေတွေ ဒီလောက်များများ ဘယ်လိုလုပ်ရှိနေတာလဲ။ အံ့ဩစရာ ကောင်းလှသည်။
မကြာခင်မှာပဲ လျူယောင် ဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားမိသည်။ သူက အင်တာနက်ပေါ်တွင် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်မှ အကောင် အထည်ဖော်ခဲ့တဲ့ ရွှေလီ စီမံကိန်းအကြောင်းကို မြင်ဖူးသည်။အဲ့ဒါက နိုင်ငံ k ရဲ့ သိမ်းပိုက်ထား တဲ့နယ်မြေများတွင် ရွှေနဲ့ငွေများကို ရှာဖွေ ခြင်းပဲ ဖြစ်သည်။
ဒုတိယကမ္ဘာစစ်တစ်လျှောက်လုံးတွင် ဂျပန်က နိုင်ငံ K တွင် တန်ချိန် ၆,၀၀၀ ကျော်နဲ့ ငွေ များစွာ ရှာဖွေခဲ့တာလို့ ယူဆနိုင်သည်။
ဒီသင်္ဘောက ရွှေများကို ဂျပန်ကို ပြန်လည်ပို့ ဆောင်ရန်ရည်ရွယ်ထားတာလို့ ခန့်မှန်းရသည်။ မုန်တိုင်းမိတာဖြစ်စေ၊ နစ်မြုပ်သွားတာဖြစ်စေ တန်ဆယ်ချီတဲ့ရွှေများကို သယ် ဆောင်လာတဲ့ သယ်ယူပို့ဆောင်ရေးသင်္ဘော နစ်မြုပ် သွား တာကို ဘယ်သူမှ မသိလိုက်ပေ။
ကောလာဟလဖြစ်နေတဲ့ ရွှေလီစီမံကိန်းကို တွေးမိပြီး ဒီသံမဏိသင်္ဘောထဲ တွင် ရွှေအ များကြီး ဘာကြောင့်ရှိနေရတာလဲ ဆိုတာကို လျူယောင် ခန့်မှန်းမိခဲ့သည်။
လျူယောင် ဦးတည်ရာကို မရောက်မီ မိနစ် ၂၀ ခန့် အလိုတွင် ထန့်လီပင်းဆီ ဖုန်းခေါ်လိုက် သည်။ နောက်ဆုံးတစ်ခေါက်က ရွှေဆယ်ဂရမ်ကို ထန့်လီပင်းထံ ရောင်းခဲ့ရပြီး နှစ်ဦးသား ဆက်ဆံခဲ့ဖူးကြသည်။
ဖုန်းဝင်သွားပြီးနောက်
“မစ္စတာထန့် ခင်ဗျား ကုမ္ပဏီမှာလား”
ထန့်လီပင်းက အစည်းအဝေးပြီးနောက် မိနစ်အ နည်းငယ်အတွင်း ရုံးခန်းထဲ ပြန်ရောက် လာခဲ့ သည်။ သူက ဖုန်းခေါ်သူရဲ့ အိုင်ဒီကို ကြည့် ပြီးနောက်
“အော် မစ္စတာလျူယောင်လား ဘာကိစ္စလဲ ခဗျ ” ဟု ပြန်ဖြေလိုက်သည်။
ထန်လီပင်းရဲ့ စကားပြောဆိုရာတွင် စိတ်အား ထက်သန်မှု့မရှိဘဲ လူသေတစ်ယောက်လို ဖြေဆိုနေတာကို လျူယောင် ရှင်းရှင်းလင်း လင်း ခံစားခဲ့ရသည်။
လျူယောင် က
“မစ္စတာ ထန်၊ ခင်ဗျား စိတ်မကောင်း ဖြစ်နေ တာနဲ့တူတယ် ကျွန်တော့်မှာ ရွှေတချို့ရောင်းစ ရာရှိနေတာမို့ လာလို့ရရဲ့လား”ဟု တိုက်ရိုက် မေးလိုက်သည်။
“ဘာ!”
" ရွှေရောင်းစရာ ရှိတာလား "
ထန့်လီပင်း ချက်ချင်းပဲ အခြားသူတစ်ဦးလို ဖြစ်သွားပုံရပြီး စိတ်ဓာတ်ကျနေရာမှ ရုတ် တရက် စိတ်အားထက်သန်လာခဲ့သည်။
“အဆင်ပြေတာပေါ့ အရမ်းအဆင်ပြေတယ် မစ္စတာလျူ ကျွန်တော့်ရုံးခန်းကို တိုက်ရိုက်သာ လာခဲ့ပါ ခဗျာ”
လျူယောင်က
“ကောင်းပြီလေ ဒါဆို ကျွန်တော် ခင်ဗျား တို့ ကုမ္ပဏီကို မိနစ်နှစ်ဆယ်လောက်နေရင် ရောက်မယ်”ဟု ပြန်ပြောလိုက်သည်။
ဖုန်းချပြီးနောက် ထန်လီပင်း အနည်းငယ် စိတ် လှုပ်ရှားနေပုံရသည်။ သူ တကယ် ရွှေလိုအပ် နေချိန်တွင် အချိန်မှီ ရောက်လာတာပဲ ဖြစ် သည်။လျူယောင့်ဆီမှာ ရွှေဘယ်လောက် ရှိလဲ ဆိုတာ သူ မသိပေ။
“ဆယ်ဂရမ်ပဲလား”
“ဆယ်ဂရမ်ဖြစ်ရင်လဲ အရေးပေါ်လိုအပ်နေ
တာကို ခဏတာ ဖြေရှင်းနိုင်မှာပဲ။ ငါလည်း ဆယ်ဂဏန်းထောင်ချီပြီး ဆုလာဘ်ရမှာ။ အဟမ်း မဆိုးဘူး”လို့ ထန်လီပင်း စိတ်ထဲတွင် တွေးလိုက်သည်။
ထန့်လီပင်း စိတ်ခံစားချက် ရုတ်တရက် ပို ကောင်းလာတာကြောင့် စားပွဲပေါ်က ဖုန်း ကို ကောက်ယူပြီး “ရှောင်လီ မင်း ဂိတ်ဝ ကို သွားပြီး မစ္စတာလျူကို ငါ့ ရုံးခန်းထဲ ခေါ်လာခဲ့လိုက်” လို့ အမိန့်ပေးလိုက်သည်။
ထန်လီပင်းဟာ လျူယောင်ရောင်းချမဲ့ ရွှေမှာ ဆယ်ဂရမ် မဟုတ်ဘဲ တန်ဆယ်ချီ ဖြစ်တာကို သိပါက သူကိုယ်တိုင် ဂိတ်တွင် သွား ရောက် ကြိုဆိုနေပေလိမ့်မည်။ ဒါမှမဟုတ် ချန်ဟီဖေး ကိုယ်တိုင် ဂိတ်ကို လာကြိုလိမ့်မယ်လို့ ခန့်မှန်း ရသည်။
လျူယောင် ကားကိုရပ်ပြီးနောက် ရွှေတုံး နမူန ာကို သတင်းစာဟောင်းဖြင့်ပတ်ကာ လက် ထဲတွင်ကိုင်ပြီး ကားပေါ် မှဆင်းလိုက် သည်။
မကြာမှီ လူငယ်တစ်ယောက် အနား ရောက်လာ ပြီး
“မင်္ဂလာပါ မစ္စတာလျူလားမသိဘူး” ဟု မေး လိုက်သည်။
လျူယောင် ခေါင်းညိတ်ပြပြီး “ဟုတ်ကဲ့ ကျွန်တော် လျူယောင် ပါ မစ္စတာ ထန့် နဲ့ တွေ့ဖို့ လာခဲ့တာပါ”ဟု သူ ပြန်ဖြေလိုက်သည်။
ထိုလူငယ်လေးက
“မစ္စတာ လျူ၊ မင်္ဂလာပါ ကျေးဇူးပြု၍ ကျွန်တော့်နောက်က လိုက်ခဲ့ပါ” ဟု ပြောပြီး လျူယောင်ကို ဦးဆောင် ခေါ်သွားခဲ့သည်။
ရှောင်လီ ရဲ့ခရီးတစ်ခုလုံးက အဆင် ပြေချော မွေ့ခဲ့ပြီး မကြာမှီ ထန်လီပင်းရဲ့ ရုံးခန်း တံခါးဝ ကို ရောက်ရှိလာခဲ့သည်။
ရှောင်လီက
“ မစ္စတာလျူ ကျွန်တော်တို့ရဲ့ မန်နေဂျာထန့်က အထဲမှာ ရှိပါတယ် တံခါးခေါက်ပြီး ဝင်သွား ပေးပါ ခဗျ “ဟု ပြောလိုက်သည်။
လျူယောင် ခေါင်းညိတ်ပြီး လက်ကိုမြှောက် ကာ တံခါးခေါက်လိုက်သည်။
တံခါးတွန်းဖွင့်ပြီး ဝင်သွားပြီးနောက် ထန့်လီ ပင်းက အတွင်းမှာ စောင့်နေပြီဖြစ်သည်။ နှစ် ယောက်သားတွေ့စုံပြီး လက်ဆွဲနှုတ် ဆက်ကာ ယဉ်ကျေးမှု့ဓလေ့များ ဖလှယ်ခဲ့ကြသည်။
လျူယောင် ဆိုဖာပေါ်တွင် ထိုင်ပြီးနောက် ရွှေ တုံးကို စားပွဲပေါ်တင်လိုက်ရာ ချက်ချင်းပင် ထန့်လီပင်းက ရွှေတုံးကို ကြည့်လိုက်ပြီး
“မစ္စတာလျူ ဒီ ရွှေတုံး ရောင်းဖို့လား” ဟု မေးလိုက်သည်။
လျူယောင် က
“၁ ဂရမ်ကို ဘယ်လောက်ပေးနိုင်လဲဆိုတာ ကြည့်ရအောင်” ဟု ပြန်ဖြေလိုက်သည်။
ဒီဟာက ရွှေဆိုတာ သံသယ ရှိစရာ မလို ပေ။ ဒါပေမဲ့ လျူယောင်က ဒီရွှေရဲ့ သန့် စင်မှု ပမာ ဏ ဘယ်လောက် ရှိလဲဆိုတာကို မသိပေ။ ဖြစ်နိုင်တာက ၁၈ ကာရက် ဒါ မှမဟုတ် ၂၂ ကာရက် ဖြစ်နိုင်လောက်ပြီး သုံးနိုင်သန့်၊လေး နိုင်သန့်တော့ မဖြစ်နိုင်ပေ။
ထန့်လီပင်းက ရွှေတုံးကို ပတ်ထားတဲ့ သ တင်းစာကို ဖွင့်လိုက်ပြီး ရွှေတုံးကိုကြည့်ကာ လက်ထဲတွင်ချိန်ဆ ကြည့်ပြီးနောက်
“အလေးချိန်က ၁၀ ကီလိုဂရမ်ဖြစ်နိုင်ပြီး သန့် စင်မှုက သုံးနိုင်သန့်နဲ့နီးစပ်တယ်။ ဒါပေမဲ့ ပိုတိ ကျ တဲ့ရလဒ်ရဖို့အတွက်တော့ အထူး ပြုကိရိယာ တွေနဲ့ တိုင်းတာဖို့လိုမယ်” ဟု ပြောလိုက်သည်။
ဒီစကားကိုကြားတော့ လျူယောင် တိတ်တိတ် ကလေး ပျော်ရွှင်နေခဲ့သည်။
ရွှေတုံးရဲ့ သန့်စင်မှုပမာဏက ဒီလောက် မြင့် မားမယ်လို့ မမျှော်လင့်ထားခဲ့ပေ။
ဒါကသုံးနိုင်သန့်နဲ့ နီးစပ်တယ် ဆိုတဲ့ သဘောပဲ ဖြစ်သည်။သူကတော့ နှစ်နိုင်သန့်ပဲရှိတယ်လို့ အမြဲတွေးခဲ့သည်။
" လခွမ်း ဒါက သုံးနိုင်သန့်ရွှေဖြစ် နေတာပဲဟ " လျူယောင် စိတ်ထဲမှ ထ က ချင် စိတ်တောင် ပေါက်လာသည်။
သန့်စင်မှုပမာဏ မြင့်မားလေ ဈေးနှုန်းမြင့်မား လေဖြစ်တာက အမှန်ပဲ ဖြစ်သည်။
လျူယောင် က “မစ္စတာ ထန်၊ ခင်ဗျားတို့ လက်ရှိရွှေဝယ်ဈေးက ဘယ်လောက်လဲ” ဟု မေးလိုက်သည်။
ထန်လီပင်းက “နောက်ဆုံးအကြိမ် ပူးပေါင်း တုန်းက ဈေးနှုန်းဆိုရင်ရော ဘယ်လိုလဲ၊၁ ဂရမ်ကို ၃၈၀ ယွမ်” ဟု ပြန်ဖြေလိုက်သည်။
လျူယောင် ခေါင်းကို အမြန်ယမ်းပြီး
“မဖြစ်နိုင်ဘူး အဲဒါက လွန်ခဲ့တဲ့ နှစ်လ လောက် က ဈေးပါ။ အခု ရွှေဈေးက လွန်ခဲ့ တဲ့နှစ်လ လောက်ကထက် တိုးလာပြီတာကြောင့် ခင် ဗျား နည်းနည်းတော့ ထပ်ပေါင်းပေးရမယ်” ဟု ပြောလိုက်သည်။
ထန့်လီပင်းက " နိုင်ငံတကာ ရွှေဈေးက တ ကယ်ပဲ အတိုင်းအတာတစ်ခုအထိ တိုးလာပေမဲ့ ကျွန်တော်တို့ရဲ့ ဝယ်ဈေးက သိပ်မ ပြောင်းလဲ ပါဘူးဗျာ ဒါဆို ၃၈၅ ယွမ်နဲ့ဆိုရင်ရော ဘယ်လိုလဲ”
လျူယောင် ခေါင်းကို ဆက်ယမ်းပြီး
“ဒီဈေးက နည်းနေတုန်းပဲ” ဟု ပြန်ဖြေလိုက် သည်။
ထန့်လီပင်းက “မစ္စတာလျူ ၁ ဂရမ်ကို စျေး ဘယ်လောက် မှန်းထားတာလဲ ”ဟု ပြန်မေး လိုက်သည်။
လျူယောင် မတွန့်ဆုတ်ဘဲ တည့်တိုး ပြော လိုက် သည်၊ “အနည်းဆုံး ယွမ် ၄၂၀ ဒီ ဈေး ထက် တစ်ပြားမှ လျှော့လို့မရဘူး။ မဟုတ်ရင် ကျွန်တော် မရောင်းဘူး”
“ဗျာ !”
“၄၂၀ ယွမ်” ထန်လီပင်းက ခေါင်းယမ်းပြီး လျူယောင်ကို ကြည့်လိုက်ကာ
“ မစ္စတာလျူ ကျွန်တော်တို့ဘက်က ဒီ လောက် မြင့်တဲ့ဈေးနူန်းနဲ့ ရွှေကို ဘယ်တုန်းကမှ မဝယ် ဖူးဘူး။ ဒီဈေးက လုံးဝမဖြစ်နိုင်ပါဘူး "
လျူယောင် ပြုံးလိုက်သည်။
ပြီးနောက် သူက
“မစ္စတာထန့် ကျွန်တော့်ဆီမှာ ဒီတစ်တုံး တည်း မဟုတ်ဘဲ ရွှေတုံးပေါင်း ထောင်ကျော် ရှိနေ တယ်ဆိုရင်ရော ဘယ်လိုလဲ” ဟု မေးလိုက် သည်။