Ch 112
Viewers 5k

အခန်း 112 " သူ့ကို ဂရုစိုက်မနေနဲ့ "



ရီရှန်းအဖွဲ့ ရဲ့သူဋေး လော့မောင်ယွမ်က စာရွက်စာတမ်းတစ်ခုကို ကြည့်နေခဲ့သည်။တကယ်လို့ လျူယောင်သာ ဒီနေရာတွင် ရှိနေမယ်ဆိုပါက  သူ အံ့ဩသွားလိမ့်မည်။


လော့မောင်ယွမ်ရဲ့လက်ထဲတွင် ရှိနေတာက Globalကုမ္ပဏီနဲ့ပတ်သက်တဲ့ အချက်အလက်များပင်ဖြစ်သည်။



Global ကုမ္ပဏီရဲ့ အသေးစိတ်မိတ်ဆက်များသာမက  လျူယောင်၊ ကျိုးယန်၊ ဟူဂျွန်းရှီနဲ့အခြားအမှု့ဆောင်အရာရှိများရဲ့  ကိုယ်ရေး အချက်အလက်များလည်း ပါဝင်သည်။


အထူးသဖြင့် ကျိုးယန်နှင့် ဟူဂျွန်းရှီတို့ တစ်ယောက်စီတွင် ဓာတ်ပုံနဲ့တကွ ကိုယ်ရေးအချက် အလက်များပါ ရှိသည်။



လော့မောင်ယွမ်က ဒီအချက်အလက်များကို မျက်နှာညိုညိုဖြင့် စာမျက်နှာတစ်ခုပြီးတစ်ခု လှန်ကြည့်နေစဉ်  သူ့ရဲ့လက်ထောက်မှာ ဘေးတွင် ရပ်နေပြီး ဘာသံမှ မထွက်ရဲခဲ့ပေ။


သူဋေးအလွန်စိတ်ဆိုးနေကြောင်း သူသိသည်။ တကယ်လို့  သူ  စကားပြောရန် ပါးစပ်ဖွင့်လိုက်ပါက  ထိုကံမကောင်းမှု့မှာ သူ ပင် ဖြစ်သွားနိုင်သည်။



အနည်းဆုံး ဆယ်မိနစ်ကြာ အချက်အလက်များကို ကြည့်ရှုပြီးနောက် လော့မောင်ယွမ်က အသံနက်ကြီးဖြင့် မေးလိုက်သည်။


“ Globalကုမ္ပဏီမှာ  ရန်ကောင်းရေနံအုပ်စုဆီကနေ ရေနံစိမ်းပေးပို့တဲ့ တန်ချိန် ၁၀၀,၀၀၀ ရေနံတင်သင်္ဘောနှစ်စင်း တကယ်ရှိတာလား”


လက်ထောက် ရှောင်ကျူးက ရိုးသားစွာ ပြန်ဖြေလိုက်သည်။ “သူဋေး တကယ် ဒီလိုကိစ္စရှိပါတယ်”


လော့မောင်ယွမ်က ရန်ကောင်းရေနံအုပ်စုရဲ့ရေနံစိမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းကို တား မြစ်နယ်မြေအဖြစ် အမြဲတမ်း မှတ်ယူထားပြီး အခြားသမုဒ္ဒရာသယ်ယူပို့ဆောင်ရေးကုမ္ပဏီကို ဝင်ရောက်စွက်ဖက်စေလိုခြင်း မရှိခဲ့ပေ။


ရှောင်ကျူး ဂရုတစိုက် သတင်းပို့လိုက်သည်။


“သူဋေး ကို သတင်းပို့ဖို့ လိုအပ်တဲ့ နောက်ဆုံးအခြေအနေတစ်ခုရှိပါတယ်”


“ဒီလိုပါခင်ဗျာ။ လွန်ခဲ့တဲ့ နှစ်ရက်ကပဲ Globalကုမ္ပဏီရဲ့ သူဋေးလျူယောင်က ချီဒုံသင်္ဘောကျင်းကို လူကိုယ်တိုင် သွားခဲ့ပြီး သူက  တန် ၂၀၀,၀၀၀  အဆင်သင့်ရှိပြီးသားသင်္ဘောနှစ်စင်းကို ဝယ်ယူခဲ့တဲ့အပြင် တစ်ကြိမ်တည်းမှာပဲ တန်ချိန် ၁၀၀,၀၀၀ အထက် ဧရာမသင်္ဘော ခုနစ်စင်း  ရှစ်စင်းကို မှာယူခဲ့ပါတယ်”

“ဘာ ဒီလိုကိစ္စရှိတာလား!”


လော့မောင်ယွမ်ရဲ့ တုံ့ပြန်မှုသည် မသေးလှပေ။

 "ဝူန်းး "


သူ  ချက်ချင်းမတ်တပ်ရပ်လိုက်ပြီး ကျယ်လောင်စွာ ပြန်မေးလိုက်သည်။


“တကယ် ဒီလိုကိစ္စရှိတာလား"


ချက်ချင်းပဲ လော့မောင်ယွမ်ရဲ့မျက်နှာက ပိုညိုမည်းလာ ပြီးအနည်းငယ်ပင် ကြောက်စရာကောင်းနေခဲ့သည်။



Global က ပင်လယ်ကူးရေနံတင်သင်္ဘောများအပါအဝင် ကြီးမားတဲ့သင်္ဘောများစွာကို ဝယ်ယူခဲ့တာက ရန်ကောင်းရေနံအုပ်စုမှ ရေနံစိမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ပိုမိုရရှိလိုခြင်းကြောင့်ဖြစ်တာကို သူသိသည်။


ထို လုပ်ငန်းတချို့ကို  အဓိကအားဖြင့် သူတို့  က တာဝန်ယူထားခဲ့သည်။


“ဒီလိုဆို မဖြစ်တော့ဘူး အစီအမံအချို့လုပ် ဆောင်ရတော့မယ်” ဟု လော့မောင်ယွမ် စိတ်ထဲတွင် တွေးလိုက်မိသည်။


-------


ယနေ့က သောကြာနေ့ဖြစ်သည်။


လီချန်လဲ့ဟာ ကျောင်းစဖွင့်ကတည်းက  အလုပ်ပိုများလာခဲ့သည်။ အနည်းဆုံး တစ်နေ့လုံး ကျောင်းတွင်နေခဲ့ပြီး  ညနေပိုင်း ကျောင်းအပိုချိန်ရှိပါက ဆက်နေခဲ့သည်။


သူ့ ရည်းစားကို ရက်အနည်းငယ်ကြာအောင် မတွေ့ရပဲ အများဆုံး WeChat တွင်သာ နေ့တိုင်း စကားပြောရတာကြောင့်  လျူယောင်ဟာ  လီချန်လဲ့ကို လွမ်းနေသည်။


လျူယောင် ညနေငါးနာရီခန့်တွင်  လီချန်လဲ့ရဲ့ကျောင်းဂိတ်ကို ကားမောင်းသွားခဲ့သည်။ ကားရပ်ပြီးနောက် ဂိတ်ရှေ့တွင် ရိုးရိုးရှင်းရှင်း စောင့်နေခဲ့သည်။


  လျူယောင် WeChat ကနေ မက်ဆေ့စ် ပို့လိုက်သည်။


“လဲ့လဲ့ ကိုယ် ကျောင်းဂိတ်ရှေ့မှာ မင်းကို စောင့်နေတယ် "


လီချန်လဲ့ ပထမဆုံး ပျော်ရွှင်နေတဲ့ အီမိုဂျီကို ပို့လိုက်ပြီးနောက်


“ကောင်းပါပြီ  ကျွန်မ နောက် မိနစ်နှစ်ဆယ်လောက်နေရင် ထွက်လာခဲ့ပါ့မယ်”


ဟု စာကြောင်းတစ်ကြောင်းဖြင့် ပြန်ဖြေခဲ့သည်။


လျူယောင်မှာ လီချန်လဲ့ ပို့လိုက်တဲ့ အီမိုဂျီနဲ့စာကြောင်းကို ကြည့်ပြီး ပျော်ရွင်သွားကာ မပြုံးဘဲ မနေနိုင်ဘဲ သူရဲ့စိတ်နှလုံးထဲတွင် နွေးထွေးပျော်ရွှင်မှု့ကို ခံစားလိုက်ရသည်။



ယခု သူတို့နှစ်ဦးမှာ ချစ်ကြိုက်နေတဲ့ ကာလတွင် ရှိနေကြပြီး  နှစ်ဦးစလုံးက အချစ်ရဲ့ချိုမြိန်မှု့ကို အပြည့်အဝ ခံစားနေကြရသည်။


ဒါ့ကြောင့် လျူယောင် ကျောင်းဂိတ်ရှေ့တွင် စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။


မိနစ်အနည်းငယ်အကြာတွင် အနက်ရောင်ကားငယ်တစ်စင်း မောင်းလာပြီး ကျောင်းရှေ့တွင် ထင်ရှားစွာ ရပ်လိုက်တာကို လျူယောင် သတိထားမိသည်။


လျူယောင်က ဒီအမိုက်စားကားမှာ ဘယ်သူ့ရဲ့ကားလဲဆိုတာကိုသိချင်လို့ ကြည့်နေမိသည်။



ထိုကားက Mercedes-Benz C တစ်စင်းသာဖြစ်ပေမဲ့  ထင်ထင်ရှားရှားဖြစ်လို့ နေသည်။ ခုချိန်က ကျောင်းဆင်းချိန် အထွက်ဖြစ်သည်။ ကျောင်းဂိတ်တွင် ကားရပ်ထားပါက ကျောင်းသားများ ကျောင်းဆင်းချိန်ကို ထိခိုက်မှာမဟုတ်လား။


ဒါက ထင်ရှားပြီး အရည်အသွေးမြင့်တာ မဟုတ်ဘဲ ကျင့်ဝတ်သိက္ခာ နှိမ့်ကျတာပဲ ဖြစ်သည်။


လျူယောင် ဒီကားကို သူ မာင်းလာတဲ့အခါတွင်လည်း အရမ်းထင်ရှားအာင် မလုပ်ပေ။


အဲဒီအစား သူ နေရာလွတ်တစ်ခုကို ရှာပြီး ကားကို ကျောင်းဂိတ်မှ ဆယ်မီတာအကွာတွင် ရပ်ထားခဲ့သည်။



အနက်ရောင် Mercedes-Benz C က ကျောင်းဂိတ်ရှေ့တည့်တည့်တွင် ရပ်ပြီးနောက် လူငယ်တစ်ဦး ကားထဲမှ ထွက်လာသည်။


ထိုလူငယ်က အဖြူရောင်ရှပ်အင်္ကျီ၊နက်ကတိုင်၊ တောက်ပတဲ့သားရေဖိနပ်နဲ့ ဖြောင့်စင်းသောဘောင်းဘီကို ဝတ်ဆင်ထားပြီး အလွန် သေသပ် ကောင်းမွန်စွာ ဝတ်စားဆင်ယင်ထားသည်။


ပို ထင်ရှားတာက  နှင်းဆီပန်းစည်းကြီးတစ်ခုကို ကိုင်ထားပြီး ထိုပန်းစည်းမှာ အနည်းဆုံး ဒါဇင်ပေါင်းများစွာ ရှိပုံရသည်။


“ဒီလူက ငါ့လိုပဲ သူ့ရည်းစား ထွက်လာတာကို စောင့်နေတာလား” ဟု လျူယောင်ရဲ့စိတ်ထဲတွင် တွေးလိုက်သည်။



လျူယောင် ကြည့်လိုက်ယုံသာဖြစ်ပြီး  ကားရွှေ့ရန် လူငယ်ကို သွားမပြောပေ။ဒီဟာက  ကျောင်းလုံခြုံရေးများ လုပ်ဆောင်ရန် ဖြစ်သည်။


လူငယ်က နှင်းဆီပန်းစည်းကြီးကို ကိုင်ဆောင်ထားပြီး ဘယ်ညာကြည့်ကာ  သူ့ရဲ့ခြေထောက်များကိုပင် ဟန်ပါပါ ချိတ်ပြီး လည်ပင်းကို ဆန့်ကာ ကျောင်းဝင်းထဲ  ကြည့်နေခဲ့သည်။



ဒီလူ့ရဲ့ ရဲ့အသွင်အပြင်ကို မြင်တဲ့အခါ လျူယောင် မပြုံးဘဲ မနေနိုင်ပေ။လူငယ်ဟာ အရပ်အနည်းငယ်ပုပြီး အလွန်ပိန်ကာ အရပ်က ၁.၆၅ မီတာခန့်သာရှိကြောင်း မြင်နိုင်သည်။


ဆယ်မိနစ်ကျော်ကြာပြီးနောက် လီချန်လဲ့ဟာ ပျော်ရွှင်တဲ့မျက်နှာနဲ့အတူ ကျောင်းအတွင်းမှ ထွက်လာတာကို တွေ့လိုက်ရသည်။


သူရဲ့ရည်းစား ပျော်ရွှင်စွာ ထွက်လာတာကို မြင်တဲ့အခါ လျူယောင် သူမနား သွားရန်  ပြင်လိုက်သည်။


ပန်းများ ကိုင်ဆောင်ထားတဲ့ အရပ်ပုသောလူငယ်က မမျှော်လင့်ဘဲ လီချန်လဲ့ထံ ပြေးသွားခဲ့ပြီး


“လဲ့လဲ့ မင်းကို ငါပြန်တွေ့ပြီ။ ဒီပန်းတွေကို မင်းအတွက် အထူးဝယ်လာတာ”ဟု ပြောလိုက်သည်။



မူလက ပျော်ရွှင်နေတဲ့ လီချန်လဲ့မှာ ချက်ချင်းမျက်မှောင်ကြုတ်သွားပြီး မျက်နှာတည်တည်နှင့် ပြောလိုက်သည်။


“ဝူယိုချိုင် ရှင့်ကို ကျွန်မ အကြိမ်ပေါင်းများစွာ ပြောပြီးပြီနော် ကျွန်မတို့ကြားမှာ ဘာမှမရှိဘူးကျွန်မမှာ ရည်းစားရှိပြီးသား”


“ကျေးဇူးပြုပြီး နောင်မှာ ဒီနေရာကို လာမနှောင့်ယှက်ပါနဲ့ ပြီးတော့ ကျေးဇူးပြုပြီး ကျွန်မကို လီချန်လဲ့ ဒါမှမဟုတ် ဆရာမ လီလို့ ခေါ်ပါ”


ဝူယိုချိုင် ဂရုမစိုက်တဲ့ အမူအရာဖြင့်


“လဲ့လဲ့ မင်းမှာ ရည်းစားရှိတာကို ငါ ဂရုမစိုက်ဘူး။ ငါက မင်းကို စိတ်ရင်းမှန်နဲ့ ချစ်တာ ပြီးတော့  ငါက မင်းဘဝကို အကောင်းဆုံးထားပေးနိုင်တယ် "


လီချန်လဲ့ အလွန်စိတ်တိုနေပုံရပြီး ဝူယိုချိုင်ကို တိုက်ရိုက်ဖြတ်ပြောလိုက်သည်။


“ရှင့်မှာ ပိုက်ဆံအနည်းငယ်ရှိရုံနဲ့ ကျွန်မကခင်ရှင့်ကို တစ်စုံတစ်ရာ လုပ်ပေးခိုင်းမယ်လို့ မထင်ပါနဲ့”


ဝူယိုချိုင်က


“လဲ့လဲ့ ငါက မင်းကို လက်တွေ့ကျကျ ပြုမူဖို့ အကြံပေးပါတယ်။တကယ်လို့ မင်းရဲ့ရည်းစားက ကား ဒါမှမဟုတ် အိမ်တစ်လုံး မဝယ်နိုင်ရင် မင်း သူ့နဲ့အတူရှိနေတဲ့အခါ  ဒုက္ခရောက်လိမ့်မယ်”


လျူယောင့် ရဲ့ အကြားစွမ်းရည်မှာ အလွန်ကောင်းတာကြောင့် သူတို့ရဲ့စကားပြောဆိုမှု့ကို ရှင်းရှင်းလင်းလင်းကြားရသည်။



တစ်စုံတစ်ယောက်က သူ့ရဲ့ရည်းစားကို လိုက်တာက ပျော်စရာကောင်းတဲ့ကိစ္စ ဖြစ်သင့်ပြီး ဒါက သူ့ရဲ့ရည်းစား ဆွဲဆောင်မှုရှိတာကို ပြသနေသည်။


သို့သော် ဒီအချိန်မှာ လျူယောင် တကယ်ပျော်ရွှင်နိုင်ခြင်းမရှိပေ။ သူ့ရဲ့မျက်စိရှေ့မှ ဝူယိုချိုင်ဟု ခေါ်တဲ့ အရပ်ပုသောလူငယ်က တကယ်ကို အသိဉာဏ်ကင်းမဲ့ပုံရသည်။


သူရဲ့ရည်းစားရှေ့တွင် ပိုက်ဆံအနည်းငယ်နဲ့ ကြွားဝါခဲ့ပြီး  အိမ်တစ်လုံး ကားတစ်စင်း မဝယ်နိုင်ဘူးဟုပင် ပြောခဲ့သည်။


စိတ်မကြည်လင်နေတဲ့  လျူယောင်က ခြေလှမ်းအနည်းငယ်ဖြင့် အနား လျှောက်သွားလိုက်သည်။ယင်ကောင်ကဲ့သို့သော ဝူယိုချိုင်ကို ဂရုစိုက်ဖို့ မလိုဘဲ လီချန်လဲ့ကို တိုက်ရိုက်ပြောလိုက်သည်။

         

  " လဲ့လဲ့ သွားရအောင် သူ့ကို ဂရုစိုက်မနေနဲ့ "


သူမ ရဲ့ရည်းစား လာတာကို မြင်တဲ့အခါ မျက်နှာတင်းမာနေတဲ့ လီချန်‌လဲ့ ရုတ်တရက်မျက်နှာပေါ်တွင် ပျော်ရွှင်မှု့ကို ပြသပြီး ဝူယိုချိုင်ကိုပင် မကြည့်ဘဲ ချစ်ခင်စွာ လျူယောင့်ရဲ့လက်မောင်းကို ကိုင်လိုက်သည်။


လီချန်လဲ့ ပျော်ရွှင်စွာပြောလိုက်သည်။


    " အကိုယောင် ရောက်နေတာကြာပြီလား ညီမ ဗိုက်ဆာနေပြီ"


လျူယောင် ပြုံးပြီး ပြန်ဖြေလိုက်သည်။


“ကောင်းပြီ ငါတို့အိမ်မှာ စားကြရအောင် လျူလန်လည်း ပြန်ရောက်နေတာနဲ့ အတူတူ စားကြတာပေါ့”



နှစ်ယောက်သား ထွက်ခွာတော့မဲ့အချိန်တွင် ဝူယိုချိုင်က ထွက်သွားဖို့ ဆန္ဒမရှိဘဲ လျူယောင်ရဲ့ရှေ့တွင် ပိတ်ရပ်လိုက်သည်။