Ch 95
Viewers 5k

အခန်း  95  ချိတ်ကို ကိုက်နေပြီ  တကယ် ချိတ်ကို ကိုက်နေပြီ 


လျူယောင်က မည့်သည့်သင်္ဘောပျက်ဖြစ်ကြောင်းနဲ့ အထဲတွင်  ဘာတွေရှိလည်းဆိုတာကို သိချင်ခဲ့သည်။


ဒါပေမဲ့  ဦးစားပေးလုပ်ရမဲ့ ကိစ္စက ရှိနေသည်။ ဒီသင်္ဘောပျက်ကပင်လယ်အောက်ကြမ်းပြင်တွင် နှစ်ပေါင်းများစွာ ရှိနေခဲ့တာကြောင့် လုံးဝ ထွက်ပြေးသွားမှာ မဟုတ်ပေ။



အရေးအကြီးဆုံးအလုပ်က ဧရာမငါးမန်းကြီးရဲ့ အလောင်းကို သင်္ဘောပေါ်  အရင်ဆုံး တင်ရန်ဖြစ်သည်။

'လိပ်ကြီး ဧရာမငါးမန်းကို ဒီကို ယူခဲ့'

'သခင် ပြဿနာမရှိဘူး  ကျွန်တော် ဒီကောင့်ကို သယ်ခဲ့မယ် နောက် တစ်နာရီခွဲလောက်ဆို သခင့်ဆီ ရောက်တော့မှာပါ'ဟု လိပ်ကြီး ပြန်ဖြေလိုက်သည်။



အကွာအဝေးမှာ ရေမိုင် ၂၀၀ ခန့်သာ ရှိတာကြောင့် လိပ်ကြီး တစ်နာရီခွဲလောက် လာရမှာပဲ ဖြစ်သည်။တကယ်လို့ အခြား သင်္ဘောများ အမြန်လှေများနဲ့ ဆိုပါက ၈နာရီနီးပါးလောက် ကြာမှာပဲ ဖြစ်သည်။


လိပ်ကြီးက  လှံကို ဧရာမငါးမန်းရဲ့ ခန္ဓာကိုယ်မှ မထုတ်ဘဲ ထိုလှံကို ဆွဲပြီး လျူယောင့်ဆီကို အမြန်ကူးခတ်သွားခဲ့သည်။



လျူယောင် သင်္ဘောပေါ်က ဝန်ထမ်းများကို အမိန့်‌ပေးလိုက်ပြီး 'အားလုံးပဲ၊ ငြိမ်မနေကြနဲ့အစာတွေ ပြင်ဆင်ပြီး  နောက်မှ ချကြ' ဟု ပြောလိုက်သည်။

အခြားသူများကို လှည့်စားရန်အတွက် ရှာဖွေရေး သင်္ဘောတွင် ပြင်ဆင်မှု့ များစွာကို လုပ်ခဲ့ရသည်။


ဥပမာအားဖြင့် ငါးစာနဲ့ ဧရာမချိတ်များစွာကို ပြင်ဆင်ခြင်းတို့ ဖြစ်သည်။

အဲ့ဒါတွေက သာမန်ငါးမန်းများကို ချိတ်ဖို့ အသုံးပြုတဲ့  ချိတ်များထက် ပိုကြီးပြီး ဆယ်ကီလိုဂရမ် အလေးချိန်လောက် ရှိကြသည်။



ချန်းဟူက အသံကျယ်ကျယ်ဖြင့်


'ညီအစ်ကိုတို့  အလုပ်စကြစို့'


သင်္ဘောပေါ်တွင် အလုပ်များလာပြီး ပြင်ဆင်ထားတဲ့ ငါးစာများကို ထုတ်လာခဲ့ကြသည်။အဲ့ဒါတွေက ပေါင် ရာနှင့်ချီ ရှိတဲ့ ငါးကြီးများဖြစ်ပြီး ပလတ်စတစ် တောင်းကြီးများဖြင့် ထည့်ထားသည်။ တစ်တောင်းလျှင် ငါးတစ်ကောင်နူန်းဖြစ်သည်။



မကြာခဏဆိုသလို  လူနှစ်ဦး သုံးဦး အတူတူ အလုပ်လုပ်ရသည်။

ငါးကြီးကို တောင်းထဲမှ ထုတ်ပြီး ဧရာမချိတ်တွင် ငါးကြီးကို အတူတူ ချိတ်လိုက်ကြသည်။ 

ငါးမျှားကြိုးကလည်း အထူးကြိုးပင် ဖြစ်ပြီး လက်မအရွယ် အထူရှိတဲ့ ကြိုးဖြစ်ကာ  တန် ၂၀ ဆွဲအားကို ခံနိုင်ရည်ရှိသည်။


သင်္ဘောပေါ်က လူတစ်ယောက်က မယုံံကြည်ပဲ မေးလိုက်သည်။


'သူဋေး အဲ့ဒီဧရာမငါးမန်းက အစာကို ကိုက်ပါ့မလား'

ဒီမေးခွန်းကို ရင်ဆိုင်ရချိန်တွင် လျူယောင်ယုံကြည်မှုအပြည့်နဲ့ ပြုံးလိုက်ပြီး'သေချာပေါက် အစာကို ကိုက်လိမ့်မယ် အားလုံးက ငါ့ရဲ့ အမိန့်အတိုင်း လုပ်ယုံပဲ' ဟု ပြောသည်။



တခြားတစ်ယောက်က


'သူဋေး တကယ်လို့ ဧရာမငါးမန်းက ချိတ်ကို တကယ်ကိုက်ခဲ့ရင် ကျွန်တော်တို့ရဲ့ ကြိုးပြတ်သွားမလား'


လျူယောင်က


'ငါက မီတာရာနှင့်ချီတဲ့ ကြိုးကို ပြင်ဆင်ထားတာပဲ  ဒီ ဧရာမငါးမန်းက ချိတ်ကို ကိုက်လိုက်တာနဲ့  ငါတို့က ကြိုးကို မှန်ကန်စွာ အလျော့အတင်း လုပ်ရမယ်  ဒါမှ မရုန်းကန်တော့မှာ'


လျူယောင်ရဲ့ အမိန့်ပေးချက်အရ စုစုပေါင်း ဧရာမချိတ် သုံးလေးခုကို ငါးစာတပ်ဆင်ခဲ့သည်။ ဆိုလိုတာက ချိတ်တစ်ချောင်းစီတွင် ပေါင် ရာနှင့်ချီ လေးတဲ့ ငါးကြီးတစ်ကောင်စီကို တပ်ဆင်ထားတာပဲ ဖြစ်သည်။


'သူဋေး အားလုံး အသင့်ဖြစ်ပြီ အခု ငါးစာကို ချလိုက်ရမလား'


လျူယောင် အချိန်ကြည့်ရန် လက်ကို မြှောက်လိုက်သည်။ ခုနက အလုပ်များနေခဲ့ပြီးနောက် မိနစ် ၃၀ မှ ၄၀လောက် ကြာသွားခဲ့ပြီ ဖြစ်သည်။ လိပ်ကြီး နောက်ထပ် မိနစ် ၄၀ မှ ၅၀ အတွင်း ဒီနေရာသို့ ရောက်လာတော့မာ်လို့ ခန့်မှန်းရသည်။



လျူယောင် ခဏစဉ်းစားပြီးနောက် 'အလျင်မလိုနဲ့  နောက်ထပ် နာရီဝက်လောက် စောင့်ဦး'လို့ပြောလိုက်သည်။


ငါးစာအတွက်က ငါးကြီးအနည်းငယ်သာ ပြင် ဆင်ထားတာကြောင့် ဧရာမချိတ်တစ်ချောင်းစီတွင် ငါးကြီးတစ်ကောင်စီကို အသုံးပြုခဲ့ရာ နှစ်ကောင်သာ ကျန်တော့သည်။

အခု ငါးကြီးတပ်ထားတဲ့ ဧရာမချိတ်ကို ချလိုက်မယ်ဆိုရင်  တခြားအသားစားငါးကြီးအချို့က သွေးနံ့ရပြီး ငါးစာကို လာစားသွား အချည်းနှီး ဖြစ်သွား နိုင်သည်။



လျူယောင် မိနစ် ၃၀ ခန့် စောင့်ပြီးနောက် လိပ်ကြီး ကို မေးမြန်းခဲ့ရာ သူက  မိနစ်အနည်းငယ်အတွင်း ရောက်လာမှာဖြစ်ကြောင်း သိလိုက်ရသည်။ မျှော်လင့်ထားတာထက် ပိုမြန်သည်။


လျူယောင် အသံကျယ်ကျယ်ဖြင့် -

'အားလုံးပဲ၊ အခု ချိတ်ကို ချလိုက်လို့ ရပြီ'

ထို့ကြောင့်  လူနှစ်ဦး သုံးဦး အတူတူ အလုပ်လုပ်ခဲ့ပြီး ပထမဆုံး ငါးမျှားချိတ်ကို သင်္ဘောပေါ်မှ ပင်လယ်ထဲ ချလိုက်ကြသည်။


ထို့နောက် ဘီးကို ကိုင်ထားတဲ့ လက်ကို လှုပ်ယမ်းပြီး  ဧရာမ ငါးမျှားချိတ်ကို မီတာရာနှင့်ချီ ရှိတဲ့ အနက်ထဲ ချလိုက်သည်။



ဧရာမချိတ်များ အားလုံးကို လွှတ်ချပြီးနောက် လူတိုင်းက အနည်းငယ် စိတ်လှုပ်ရှားခဲ့ကြပြီး၊ ဧရာမငါးမန်းကြီး လာ ကိုက်ရန် စောင့်ဆိုင်းနေကြသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် လူတစ်ယောက်က လှုပ်ရှားမှုကို သတိပြုမိပြီး အော်ပြောလိုက်သည်။


'ဟေး ကြည့်အူံး ဒီချိတ်က လှုပ်နေတယ်!'


လူအများအပြားက တစ်ယောက်ပြီးတစ်ယောက် ကြည့်လိုက်ကြသည်။ ဟုတ်ပါတယ် မူလက ပျော့နေတဲ့  ကြိုးက တဖြည်းဖြည်း တင်းလာခဲ့ပြီး မီတာတစ်ရာကျော် အချင်းရှိတဲ့ဧရာမ ဘီးကလည်း စတင်လည်ပတ်လာခဲ့သည်။



'ချိတ်ကို ကိုက်နေပြီ၊ တကယ် ချိတ်ကို ကိုက်နေပြီ!' လို့ ထိုလူက ဝမ်းသာအားရ အော်ပြောလိုက်သည်။


'အဲ့ဒါ ဧရာမငါးမန်း ဖြစ်ရမယ်!'


လူအများအပြား စိတ်လှုပ်ရှားနေတာကြောင့် လျူယောင် ပျော်ရွှင်စွာ ပြုံးလိုက်သည်။ သူတစ်ဦးတည်းသာ ဘာဖြစ်နေလဲဆိုတာကို သိပြီး ပြင်ပအမြင်မှတဆင့် အခြေအနေကို ရှင်းရှင်းလင်း လင်း မြင်နိုင်သည်။



လိပ်ကြီး ရောက်လာပြီးနောက် ဧရာမချိတ်ပေါ်မှ ငါးကြီးကို ဆွဲဖြုတ်ကာ တစ်ကိုက်တည်း  ဗိုက်ထဲ ထည့်လိုက်ပြီးနောက် ဧရာမ ငါးမန်းရဲ့  ပါးစပ်ကို ထိုချိတ်တွင် ပြန်ချိတ်ထားလိုက်သည်။



ကိစ္စအားလုံးပြုလုပ်ပြီးနောက် လိပ်ကြီးက ဧရာမငါးမန်းကို ဖြည်းဖြည်းချင်း ဆွဲယူ ကူးခတ်ခဲ့သည်။ မီတာ ဆယ်ဂဏန်းခန့် ကူးခတ်ပြီးနောက် အရှိန်ကို နှေးနှေးကူးလိုက် မြန်မြန်ကူးလိုက် လုပ်နေသည်။လိပ်ကြီးက ငါးမန်းကို ဆွဲပြီး ကစားနေခြင်း ဖြစ်သည်။



သင်္ဘောပေါ်မှ လူများက ဒီဟာကို မသိခဲ့ကြပေ။ သူတို့က ဧရာမငါးမန်းကြီး ချိတ်ကို ကိုက်မိပြီလို့သာ ထင်နေကြပြီး  အားလုံးက အလွန်စိတ်လှုပ်ရှားနေကြသည်။

အမိန့်ပေးစရာ မလိုဘဲ လူသုံးလေးဦးက  ကြိုးကို ဆွဲရန်  သွားခဲ့ကြပြီး  တစ်ဦးကပင် အသံကျယ်ကျယ်နဲ့  ' ဟာ အရမ်းလေးတာပဲ' ဟု ပြောလိုက်သည်။



ဘီးရဲ့ကြိုးကို  လူသုံး လေးဦး အတူတူ ဆွဲခဲ့ပြီး အနည်းဆုံး ဆယ်တန်နှင့်ချီတဲ့ အားနဲ့ ကြိုးကို အလျော့အတင်း လုပ်နိုင်ခဲ့သည်။


'ရာနှုန်းပြည့် အဲ့ဒါဧရာမငါးမန်းကြီး ဖြစ်ရမယ်'


'ဟုတ်တယ် လက်ရှိအနေအထားအရ ဧရာမငါးမန်းက သေချာပေါက် ချိတ်မိနေပြီ'


' အမှန်ပဲ ကျွန်တော်တို့ ချိတ်ကြီးတွေက အထူးပြုလုပ်ထားပြီး  အထစ်တွေ ပါတယ်လေ။ ဒီဧရာမငါးမန်းက ထွက်ပြေးနိုင်မှာ မဟုတ်ဘူး'


ဘီးကို နောက်ပြန်လှည့်ကာ  ကြိုး အလျော့အတင်းကို အနည်းဆုံး မိနစ် ၂၀ ကြာ ပြုလုပ်ပြီးနောက် လျူယောင် လုံလောက်ပြီ  ခံစားမိကာ

'လိပ်ကြီး ရပြီ မင်း လွှတ်လိုက်လို့ ရပြီ'လို့ လိပ်ကြီးကို ပြောလိုက်သည်။


'အိုခေဘာပါ သခင်'


လိပ်ကြီး မီတာ တစ်ရာ နှစ်ရာ အနက်တွင် လည့်ပတ် ကူးခတ်နေရာမှ အမိန့်ကို ကြားတဲ့အခါ ငါးမန်းကြီးကို  လွှတ်လိုက်သည်။



ချက်ချင်းပင် ကြိုးအလျော့အတင်း လုပ်နေတဲ့သင်္ဘောသားများက  တင်းအားမှာ အများကြီး လျော့သွားတယ်လို့ ခံစားမိခဲ့ပြီး သူတို့အားလုံး ပျော်ရွှင်ခဲ့ကြသည်။ဒီ ဧရာမငါးမန်း အားကုန်သွားတာ  ဖြစ်နိုင်ချေရှိသည်။



'မြန်မြန် မြန်မြန် ကြိုးကို ဆွဲကြ!'


ထိုသင်္ဘောသားများက  ဘီးလက်ကိုင်ကို အားအပြည့် လှုပ်ယမ်းပြီး ကြိုးကို အမြန်ဆွဲတင်ခဲ့ကြသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် မီတာရာနဲ့ချီ ရှိတဲ့ ကြိုးများကို အခြေခံအားဖြင့် အကုန် ဆွဲတင် ပြီးစီးသွားခဲ့သည်။ ထိုအချိန်တွင်  လှေပေါ်ရှိ လူတိုင်းက အော်ဟစ်ခဲ့ကြသည်။


'ဘုရားရေ!'


'ဘယ်လောက်တောင် ကြီးမားတဲ့ ငါးမန်းလဲ!'


'အရမ်းကြီးတယ်၊ ဒါကို ကြည့်ရုံနဲ့တင် ကြောက်စရာ ကောင်းနေပြီ'


လူတိုင်းက ဧရာမငါးမန်းကို မြင်ခဲ့ရပြီး ဒီ့ကောင့်ကို  ရေမျက်နှာပြင်ပေါ်ထိ  ဆွဲတင်ခဲ့ပြီး ဖြစ်သည်။ ထိုမျှ ကြီးမားတဲ့ ငါးမန်းသည် သေဆုံးနေပေမဲ့  လူများကို ကြောက်လန့်ဖွယ် ခံစားချက်ကို ပေးနေဆဲ ဖြစ်သည်။


'ကြည့်  ဒီငါးမန်းရဲ့ ဗိုက်မှာ အပေါက်ကြီးနဲ့  ဒါ့ကြောင့် သေတာပဲ ဖြစ်ရမယ် '


'ခုနက အား အရမ်းပြင်းလို့ ပြန်ဆွဲတင်လို့တောင် မရဘူး  ဒါဆို ဘယ်လိုလုပ် သေနေတာလဲ'


'ဗိုက်နားက အပေါက်က ဘယ်လိုဖြစ်လာတာလဲ'

.

သင်္ဘောပေါ်ရှိ လူများက မျိုးစုံ ပြောဆိုနေကြပြီ  လူတိုင်း စိတ်လှုပ်ရှားမှုများနဲ့ ပြည့်နှက်နေခဲ့သည်။



လျူယောင် အသံကျယ်ကျယ်နဲ့


- 'ရေငုတ်သမားတွေ အောက်ဆင်းပြီး ကြိုးတွေ ချည်လိုက် ငါတို့ ဒီဧရာမငါးမန်းကို ဆွဲတင်တော့မယ်' ဟု အမိန့်ပေးလိုက်သည်။


ဒါက  တန်ချိန် ထောင်နှင့်ချီ ရှိတဲ့ သင်္ဘောကြီးဖြစ်သည်။ ရေထဲက တန်ရာနှင့်ချီသော ပစ္စည်းများကို ဆွဲတင်နိုင်တဲ့ ကိရိယာများအပြင်ကျယ်ပြန့်တဲ့ ကုန်းပတ်လည်း ပါရှိသည်။


ဧရာမငါးမန်းက တကယ်သေဆုံးတာဖြစ် ကြောင်း အတည်ပြုပြီးနောက် သင်္ဘောသား အများအပြားက ရေငုပ်ဝတ်စုံများကို ဝတ်ဆင်ပြီး ရေထဲ ဆင်းကာ  ဧရာမငါးမန်းကို ကြိုးနဲ့ ချည်ကာ ဆွဲတင်ဖို့ လုပ်ခဲ့ကြသည်။



တန် ၁၀၀ ကျော်လေးပြီး အရှည် ၃၀ မှ ၄၀ မီတာ ရှိတဲ့ ဧရာမငါးမန်းကို ရေထဲမှ  ဖြည်း ဖြည်းခြင်း ဆွဲတင်ခဲ့ပြီး နောက်ဆုံးတွင် ကုန်း ပတ်ပေါ် ရောက်လာခဲ့သည်။

ဒီလောက် ကြီးမားတဲ့ငါးမန်းဟာသင်္ဘောရဲ့ ကုန်းပတ်ကို အပြည့်နီးပါး နေရာယူထားပြီး ကြိုးကို ဖြုတ်လိုက်ချိန်တွင် လူများစွာက အော်ဟစ် အားပေးခဲ့ကြသည်။



လျူယောင်လည်း ပျော်ရွှင်စွာ ပြုံးလိုက်သည်။


"သူ ဒေါ်လာ သန်း ၃၀၀ ရရှိခဲ့ပြီလေ "