အခန်း 94 လိပ်ကြီး vs ဧရာမ ငါးမန်းကြီး မကျေပွဲ
လျူယောင်ရဲ့ ညွှန်ကြားချက်အရ လိပ်ကြီး ဧရာမ ငါးမန်းကို အဝေးကနေ တိတ်တိတ်လေး လိုက်လာခဲ့သည်။
ဧရာမငါးမန်းရဲ့ အမြင်အာရုံမှာ အတော်လေး ညံ့ဖျင်းတာကြောင့် တိတ်တိတ်လေး လိုက်ပါလာတဲ့ လိပ်ကြီးကို သတိပင်မထားမိပေ။
ဒီကောင်က အစာ ရှာဖွေနေပုံရပြီး ငါးကြီးအချို့ကို တစ်ကောင်ပြီးတစ်ကောင် သတ်ပစ်နေသည်။
ထိုထဲတွင် လေးငါးမီတာရှည်တဲ့ ငါးမန်း တစ်ကောင်အပါအဝင် သူ့ရဲ့ မျိုးနွယ်တူများကိုပင် သတ်ပစ်ခဲ့သည်။
" လိပ်ကြီး မင်းလူပ်ရှားလို့ရပြီ ငါ့အတွက် အဲ့ဒီ့ကောင်ကို သတ်ပေး
"
'" သခင် အရမ်းကောင်းတာပဲ သခင်ပြောမယ့်စကားကိုပဲ ကျွန်တော် စောင့်နေခဲ့တာ'"
ဟု ပြောပြီးနောက် လိပ်ကြီးက ၂၀ မီတာရှည်တဲ့ဧရာမလှံကို ကိုင်ဆောင်ကာ အလွန်လျင်မြန်တဲ့ အရှိန်နဲ့ ငါးမန်းကြီးဆီကို ပြေးဝင်သွားခဲ့သည်။
ဧရာမငါးမန်းကြီးကလည်း လိပ်ကြီးကို မြင်တွေ့လိုက်ရသည်။
သူ့စိတ်ထဲ ဒွိဟ ဖြစ်သွားခဲ့သည်။ပြီးခဲ့တဲ့ ဆယ်ရက်ခန့်က သူ ဧရာမ လိပ်ကြီးတစ်ကောင်နဲ့ တိုက်ခိုက်ခဲ့တယ်လေ အခု သူ မြင်လိုက်ရတာက နောက်ထပ် ဧရာမ လိပ်ကြီးတစ်ကောင် ဖြစ်သည်။
'ဒါက ပြီးခဲ့တဲ့ဆယ်ရက်က လိပ်လား'
'ဘာကြောင့် အရွယ်အစားက သိသိသာသာ ပိုကြီးနေတာလဲ'
ဆယ်ရက်ခန့်က လိပ်ကြီး အလေးချိန်မှာ တန် ၃၀ ကျော်သာ ရှိခဲ့ပေမဲ့ ယခုအခါတွင်မူ တန် ၅၀ ကျော်ရှိလာပြီး အရွယ်အစားလည်း နှစ်ဆ သုံးဆခန့်အထိ တိုးလာခဲ့သည်။
နှစ်ဖက်စလုံး တိုက်ထိပ်ရင်ဆိုင်ခဲ့သလို လိပ်ကြီးကလည်း သူ့ရှေ့က ဧရာမ ငါးမန်းကို ကြည့်နေသည်။ ပြီးခဲ့တဲ့ဆယ်ရက်က ဒီကောင်နဲ့ ရင်ဆိုင်ရချိန်တွင် ဖိအားကို ခံစားခဲ့ရပေမဲ့ ယခုအခါတွင်တော့ ဖိအားအနည်းငယ်ပင် မခံစားရတော့ပေ။
ဧရာမလှံကို ကိုင်ဆောင်ထားရင်း လိပ်ကြီး ဧရာမ ငါးမန်းဆီကို အလျင်အမြန် ပြေးဝင်ခဲ့ပြီး မီတာရာနှင့်ချီတဲ့ အကွာအဝေးကို မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိသွားသည်။
ပြီးခဲ့တဲ့ ဆယ်ရက်ခန့်က တန် ၃၀ ရှိခဲ့တာနဲ့နှိုင်းယှဉ်ပါက အခု အရှိန်တိုးလာမှု့က အလွန်သိသာခဲ့သည်။
' လခွမ်း မြန်တာဟ!'
ဧရာမငါးမန်းကြီး အံ့အားသင့်သွားခဲ့သည်။အထူးသဖြင့် သူ့ဆီ ချိန်ထားတဲ့ ဧရာမ လှံကို မြင်လိုက်ရတဲ့အခါ အလိုလိုနေရင်း အန္တရာယ်ကိုခံစားမိတာကြောင့် အားအပြည့်နဲ့ ဘေးဘက်ကို ရှောင်တိမ်းခဲ့သည်။
လိပ်ကြီးရဲ့ ဧရာမလှံမှာ ဘေးမှ ဖြတ်သွားခဲ့သည်။
ဧရာမငါးမန်းကြီးက ဒီတိုက်ခိုက်မှု့ကို ရှောင်တိမ်းပြီးနောက် သူ့ရဲ့ အမြီးကို ရိုက်ခတ်လိုက်ရာ ထိုအမြီးက လိပ်ကြီးဆီ ရောက်လာတောမည်။
ပြီးခဲ့တဲ့ အကြိမ်က လိပ်ကြီးဟာ ဒီဧရာမ အမြီးဖြင့် နှစ်ကြိမ် ရိုက်ခံခဲ့ရသည်။ဒီခံစားချက်က တကယ်တမ်း မသက်သာပေ။ တောင်တစ်တောင်နဲ့ ရိုက်ခံလိုက်ရလို ခံစားခဲ့ရသည်။
သူ့ဆီ ရိုက်ခတ်လာတဲ့ ဧရာမအမြီးကို မြင်လိုက်ချိန်တွင် လိပ်ကြီး ဘေးဘက်ကို အလျင်အမြန် ရှောင်တိမ်းလိုက်ရာ အမြီးက လိပ်ကြီးဘေးမှ ဖြတ်ကျော်သွားပြီး အချည်းနှီးသာ ဖြစ်သွားခဲ့သည်။
လိပ်ကြီးက အရူံး အနိုင်မပေါ်ဘဲ တိုက်ခိုက်ခြင်းကို ဘယ်လိုမှ သဘောတူမည်မဟုတ်ပေ။
သူ ဧရာမ လှံဖြင့် ပြေးဝင်တိုက်ခိုက်ပြီးနောက် မအောင်မြင်ခဲ့ပေမဲ့ ဧရာမ ငါးမန်းရဲ့ အမြီးက သူ့ဆီသို့ ရိုက်ခတ်လာတာကို မြင်လိုက်ရပြီး လှံကို လှည့်ရန် အချိန် နောက်ကျသွားခဲ့သည်။
ရှေ့လက်တစ်ဖက်ကို အားအပြည့်ဖြင့် လွှဲထုတ်လိုက်ပြီး အရှိန်က အလွန်လျင်မြန်သဖြင့် ရေထဲတွင် ရေဖိအား ရှိနေပေမဲ့ ဒါက အရိပ်သဖွယ် ဖြစ်နေသည် ။
ဧရာမ ငါးမန်း ရှောင်တိမ်းရန် ရှောင်တိမ်းဖို့ အချိန်မရခဲ့ပေ။
လိပ်ကြီးရဲ့ ချွန်ထက်တဲ့ ရှေ့လက်သည်းများက ဧရာမငါးမန်းရဲ့ အမြီးကို ပြင်းထန်စွာ ဖြတ်တောက်လိုက်ပြီး အသားများကို ဆုတ်ဖြဲပစ်ခဲ့သည်။အဲ့ဒါက တိုဖူးတစ်ချပ်ကို လှီးဖြတ်လိုက်သလို ဖြစ်ပြီး အားစိုက်စရာ သိပ်မလိုခဲ့ပေ။
ရုတ်တရက် ပင်လယ်ရေဟာ အနီရောင်တောက်လာသည်။
ဧရာမ ငါးမန်း ကြီးမားတဲ့ နာကြင်မှုကို ခံစားလိုက်ရသည်။
သူက ကြမ်းတမ်းလာပြီး ဧရာမပါးစပ်ကို ဖွင့်ဟကာ လိပ်ကြီး ကိုက်ရန် ကြိုးစားခဲ့သည်။ လိပ်ကြီး သူရဲ့လှံကို လှည့်ပြီးသားဖြစ်လို့ လှံကို ကိုင်ကာ ထိပ်တိုက်ရင်ဆိုင်ပြီး ဧရာမငါးမန်းရဲ့ ပါးစပ်ကြီးဆီ တည့်တည့် ချိန်ရွယ်လိုက်သည်။
'ဒုန်း!'
'ဖျက်စီးပစ်စမ်း!'
ချွန်ထက်တဲ့ လှံထိပ်ဖျားက ငါးမန်းကြီးရဲ့ပါးစပ်ထဲကို အနည်းဆုံး တစ်မီတာခန့် နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီး ဧရာမငါးမန်းမှာ နာကျင်မှုဖြင့် ပြင်းထန်စွာ ရုန်းကန် ထွက်ပြေးခဲ့သည်။
'ထွက်ပြေးချင်တာလား လုံးဝ မရဘူး!'
လိပ်ကြီး ဒီ ဧရာမငါးမန်းကို ထွက်ပြေးခွင့် မပေးနိုင်ဒါ့ကြောင့် အလျင်အမြန် လိုက်ဖမ်းခဲ့သည်။
နှစ်ဖက်စလုံးကြား အကွာအဝေးက အလျင် အမြန် နီးကပ်လာကာ လိပ်ကြီးက ဧရာမ လှံဖြင့် ထပ်မံ ထိုးလိုက်သည်။
ဧရာမငါးမန်းက သူ့ရဲ့ အရှိန်ဟာ လိပ်ကြီးရဲ့ အရှိန်နဲ့ နှိုင်းယှဉ်လို့ မရနိုင်ကြောင်း သိပုံရသဖြင့် ချက်ချင်း ပင်လယ် ရေအောက် အနက်ပိုင်းကို ပြေးသွားခဲ့ပြီး လိပ်ကြီးရဲ့ ထိုးချက်ကို မနည်း ရှောင်တိမ်းခဲ့သည်။
မီတာ ၁၀၀ မှ ၂၀၀ အနက်တွင် အလင်းရောင်က တောက်ပနေဆဲ ဖြစ်သည်။ မီတာ ၄၀၀ မှ ၅၀၀ ကျော်ပြီးနောက် လက်ချောင်းများကိုပင် မမြင်နိုင်တော့ပေ။
အလွန်အစွမ်းထက်တဲ့ အာရုံခံစားမှု့ မရှိပါကဧရာမငါးမန်း ထွက်ပြေးလွတ်မြောက်နိုင်ဖို့က သေချာသလောက် ရှိသည်။
အကြောင်းအရင်းက ပင်လယ်ရေအောက် အနက်ပိုင်းမှာ အလွန်မှောင်မိုက်နေတာကြောင့် ဖြစ်သည်။ ဒီအကြိမ်တွင် ဧရာမငါးမန်း တွက်ချက်မှု့ မှားသွားခဲ့သည်။
လိပ်ကြီး ဒီကောင့်နောက်ကို ဆက်ပြီး လိုက်လာခဲ့သည်။ ဧရာမငါးမန်းက ပင်လယ်ကြမ်းပြင်မှာရှိတဲ့ အတားအဆီးများကို အသုံးပြု၍ အကြိမ်ပေါင်းများစွာ ရှောင်တိမ်းရန် ကြိုးစားခဲ့ပေမဲ့ အကျိုးသက်ရောက်မှု မရှိပဲ နှစ်ဖက်စလုံးကြား အကွာအဝေးမှာ တဖြည်းဖြည်း နီးကပ်လာခဲ့သည်။
'ဟေး အဲ့ဒါက ဘာလဲ!'
လိပ်ကြီးမှာ ရုတ်တရက် ပင်လယ်အောက်ကြမ်းပြင်ပေါ်တွင် နစ်မြုပ်နေတဲ့ သင်္ဘောတစ်စင်းကို တွေ့လိုက်ရတာကြောင့် ခဏ အံ့အားသင့်သွားသည်။
လိပ်ကြီး နစ်မြုပ်နေတဲ့ သင်္ဘောကို မတွေ့ခဲ့ရတာ အချိန်အတော်ကြာနေခဲ့ပေမဲ့ ဒီဧရာမ ငါးမန်းကို လိုက်နေစဉ်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရသည်။
လိပ်ကြီး အလျင်အမြန် ကြည့်ပြီး နစ်မြုပ်နေတဲ့ သင်္ဘောရဲ့ တည်နေရာကို မှတ်သားထားနိုင်ခဲ့သည်။ခုအချိန်တွင် ဧရာမငါးမန်းကို လိုက်ဖမ်းရန်က ပိုအရေးကြီးသည်။
လိပ်ကြီး အံ့အားသင့်နေတဲ့ အချိန်အတွင်း ဧရာမငါးမန်းနဲ့ အကွာအဝေးက ရုတ်တရက်ဝေး လာခဲ့ပြီး မီတာ နှစ်ရာနှစ်ဆယ်နီးပါး ဖြစ်သွားခဲ့သည်။
လိပ်ကြီး ထိုနစ်မြုပ်နေတဲ့ သင်္ဘောကို ဆက်မကြည့်တော့ဘဲ အလျင်အမြန် လိုက်ဖမ်းခဲ့ရာ နှစ်ဖက်စလုံးကြား အကွာအဝေးက တဖြည်းဖြည်း ပြန်နီးလာခဲ့သည်။
တစ်ယောက်က လိုက်ဖမ်းပြီး တစ်ယောက်က ပြေးနေသည်။
ထိုဧရာမ သတ္တဝါနှစ်ကောင် ပင်လယ်ရေအောက်ကြမ်းပြင်ပေါ်တွင် ပြေးပွဲတစ်ခု ပြုလုပ်ခဲ့တာက တခြားပင်လယ်သတ္တဝါများစွာကို အံ့အားသင့်စေခဲ့သည်။
သူတို့က ချွင်းချက်မရှိဘဲ အတတ်နိုင်ဆုံး ဘေးလွတ်ရာကို ပုန်းအောင်းခဲ့ကြသည်။။
"လခွမ်း ဒီဧရာမသတ္တဝါနှစ်ကောင် အလွန်အန္တရာယ်များတယ်ဟ "
နောက်ထပ် မိနစ်အနည်းငယ်ကြာအောင် လိုက်ဖမ်းပြီးနောက် ဧရာမငါးမန်းရဲ့ အရှိန်မှာ သိသိသာသာ နှေးကွေးသွားခဲ့သည်။သူက ပေါက်ကွဲအားကောင်းပေမဲ့ ခံနိုင်ရည်အား မကောင်းပေ။
ဒီကောင်က လိပ်ကြီးနှင့် ဘယ်လို ယှဉ်နိုင်မည်နည်း။
လိပ်ကြီးက နာရီပေါင်းများစွာ ဆက်တိုက် မောပန်းမှုမရှိဘဲ အမြန်ကူးခတ်နိုင်တဲ့ သတ္တဝါမျိုး ဖြစ်သည်။ဒီဧရာမငါးမန်းက နောက်ထပ် ပြေးနိုင်ခြင်း မရှိတော့ကြောင်း ထင်ရှားသည်။
ငါးမန်းကြီးလည်း ဒီဟာကို သိပုံရသဖြင့် ထပ် မပြေးတော့ဘဲ လိပ်ကြီးနဲ့ သူသေကိုယ်သေ တိုက်ရန် ပြင်လိုက်သည်။
ထိုဧရာမ သတ္တဝါနှစ်ကောင် ပင်လယ်အောက်ကြမ်းပြင်ပေါ်တွင် တိုက်ခိုက်ခဲ့ကြသည်။
လိပ်ကြီးက အင်အားပြည့်ဝနေပြီး ဧရာမ ငါးမန်းမှာမူ အားအင်ကုန်ခမ်းနေသည်။
အချီအနည်းငယ်ကြာပြီးနောက် ဧရာမငါးမန်းဟာ လိပ်ကြီးရဲ့ ဧရာမ လှံဖြင့် အသေထိုးခံရကာ သေဆုံးခဲ့သည်။
"ဟူး တိုက်ပွဲ ပြီးဆုံးသွားပြီ "
လိပ်ကြီး မောပန်းနေတဲ့လေကို ရှူထုတ်လိုက်ပြီး ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။ ချက်ချင်းပင် လျူယောင်ကို အကြောင်းကြားလိုက်ကာ
'သခင် ကျွန်တော် အဲ့ဒီဧရာမ ငါးမန်းကို သတ်လိုက်ပါပြီ ကျွန်တော် တော်တယ်မို့လား "
လျူယောင် သက်ပြင်းချလိုက်ပြီး
'လိပ်ကြီး တော်တယ် ခုနက ငါ အကုန် မြင်ခဲ့ရတယ်' ဟု ဝမ်းသာအားရ ပြန်ဖြေလိုက်သည်။
လိပ်ကြီးနဲ့ ဧရာမငါးမန်း၏ တိုက်ပွဲကို ချပ်ပြားမှ တဆင့် လျူယောင် ကြည့်နေခဲ့ပေမဲ့ လိပ်ကြီး ထိခိုက်မှာ စိုးရိမ်တာကြောင့် စကားမပြောရဲခဲ့ပေ။
လိပ်ကြီးက ချီးမွမ်းခံရတာကြောင့် အလွန်ပျော်ရွှင်လျက်ရှိသည်။
ပျော်ရွှင်မှု့အပြည့်နဲ့ သူ ထပ်မံ ပြောလိုက်တာက 'သခင် ကျွန်တော် ခုနက ဒီဧရာမငါးမန်းကို လိုက်နေတုန်း ပင်လယ်အောက်ကြမ်းပြင်ပေါ်မှာ နစ်မြုပ်နေတဲ့ သင်္ဘောတစ်စင်းကို တွေ့လိုက်ရသလိုပဲ'
'ဘာ နစ်မြုပ်နေတဲ့ သင်္ဘောကို တွေ့ခဲ့တယ် "
ဒီစကားကို ကြားရတဲ့အခါ လျူယောင် ခဏမျှ အံ့အားသင့်ပြီးနောက် ဝမ်းသာအားရ ဖြစ်သွားသည်။
သူက ချပ်ပြားအမြင်မှတစ်ဆင့် လိပ်ကြီးရဲ့ အခြေအနေကိုသာ အာရုံစိုက်နေခဲ့တာကြောင့် ဒီဟာကို မတွေ့ခဲ့ပေ။
' တကယ်နစ်မြုပ်နေတဲ့ သင်္ဘောလား!'
'နစ်မြုပ်နေတဲ့ သင်္ဘောကို မတွေ့ရတာ အချိန်အတော်ကြာနေပြီ ဒီနေ့ ကံအရမ်းကောင်းတဲ့နေ့ပဲကွာ ".လို့ လျူယောင် စိတ်ထဲကနေ ပျော်ရွှင်စွာ ရေရွတ်လိုက်သည်။
ဧရာမငါးမန်းကို သတ်လိုက်ခြင်းက ဒေါ်လာ သန်း ၃၀၀နဲ့ အတူတူပဲ ဖြစ်ပြီး ပင်လယ်ရေအောက်ကြမ်းပြင်မှာ နစ်မြုပ်နေတဲ့ သင်္ဘောတစ်စင်း ကိုလည်း ထပ်မံတွေ့ ရှိ ခဲ့သေးသည်။