Ch 96
Viewers 5k

အခန်း 96 တကယ်လား ဒါ အမှန်ပဲလား 


လူအချို့က ပြေးလာခဲ့ပြီး ဧရာမငါးမန်းနှင့်အတူ ဝမ်းသာအားရ ဓာတ်ပုံရိုက်ခဲ့ကြသည်။အဲ့ဒါက  သူတို့ရဲ့ သူငယ်ချင်းအသိုင်းအဝိုင်းများတွင် ကြွားဝါနိုင်လိမ့်မယ်ဟု ခန့်မှန်းရသည်။



ချန်းဟူက ဧရာမငါးမန်းကို ကြည့်ပြီး


"သူဋေး ကျွန်တော်တို့က ဧရာမငါးမန်းကို သတ်ပြီးပြီ  မစ္စတာ ကီမူရာကို အခုပဲ ဆက်သွယ်လိုက်ရမလား"


ခဏ  စဉ်းစားပြီးနောက် လျူယောင်က - "မင်း သူ့ကို ဖုန်းခေါ်ပြီး သတင်းပြောပြလိုက်ပါ"


လျူယောင် အစက လူတိုင်း အေးအေး ဆေးဆေး အနားယူပြီး မနက်မှ ကီမူရာကို ပြောပြရန် စီစဉ်ထားခဲ့သည်။



ဒါပေမဲ့ လျူယောင် သေချာ စဉ်းစားကြည့်တဲ့ အခါ ဒီကိစ္စကို ဖုံးကွယ်လို့ မရနိုင်ကြောင်း သိလိုက်ရသဖြင့် အခုပဲ ပြောပြရန် ဆုံးဖြတ်လိုက်သည်။


ခွင့်ပြုချက် ရရှိပြီးနောက် ချန်းဟူ ဖုန်းကို ထုတ်လိုက်သည်။



ကီမူရာက တာနာကာအဖွဲ့ကို ပြန်ရောက်လာပြီးအခြေအနေအကျဉ်းချုပ်ကို အထက်လူကြီးများထံ အစီရင်ခံခဲ့သည်။ထို့နောက် သူ ရုံးခန်းကို ပြန်ရောက်ပြီး  ခုံပေါ် မထိုင်ရသေးမီတွင် ဖုန်းက မြည်လာခဲ့သည်။


ဖုန်းကို ကိုင်လိုက်တာနဲ့ အထဲမှ တရုတ်သံထွက်ပေါ်လာခဲ့သည်။ကီမူရာက ယန်နိုင်ငံတွင် ပညာရှင်တစ်ဦးဖြစ်တာကြောင့် တရုတ်စကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သည်။


'မစ္စတာ ကီမူရာ ကျွန်တော်က Globalက ချန်းဟူပါ'


'မစ္စတာ ချန်း ကျွန်တော်တို့ရဲ့ အကူအညီ လိုအပ်လို့လား တကယ်လို့  ခင်ဗျားတို့က အဲ့ဒီဧရာမငါးမန်းရဲ့ တည်နေရာကို သိချင်တယ်ဆိုရင် ကျွန်တော်တို့လည်း ဘာမှ မတတ်နိုင်ဘူး။ အဲ့ဒီ့ကောင်က ဖမ်းရခက်ပြီး ခင်ဗျားတို့ ကိုယ် တိုင် ရှာရလိမ့်မယ်'


သူ စကားမဆုံးမီ ချန်းဟူက ချက်ချင်း ဖြတ်ပြောလိုက်သည်။



'မစ္စတာ ကီမူရာ ကျွန်တော်တို့က ဒီလို အကူအညီမျိုး မလိုပါဘူး ခု ကျွန်တော် ဖုန်းခေါ်လိုက်တာက အဲ့ဒီဧရာမငါးမန်းကို အောင်မြင်စွာ သတ်လိုက်ပြီဆိုတာ ခင်ဗျားကို ပြောပြဖို့ပါပဲ'


'ဘာ!'


ကီမူရာရဲ့ လက်က တုန်ယင်သွားပြီး ဖုန်းမှာ မြေပြင်ပေါ်  ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။


ဒါပေမဲ့  အံ့အားသင့်မှုဖြင့် အစားထိုးခံခဲ့ရပြီး


" 'တကယ်လား  ဒါ အမှန်ပဲလား " 

ခင်ဗျားတို့က ဧရာမ ငါးမန်းကို ဒီလောက်မြန်မြန် သတ်လိုက်တာလား' ဟု ထပ်မေးလိုက်သည်။



ချန်းဟူက - 'အမှန်ပါပဲ ဒီကိစ္စအတွက် ခင်ဗျားကို ကျွန်တော် လိမ်ပြောစရာ မလိုပါဘူး ဧရာမ ငါးမန်းရဲ့ အလောင်းက အခု ကျွန်တော်တို့ သင်္ဘောပေါ်မှာ ရှိနေပါတယ် ခင်ဗျား လာရောက် အတည်ပြုနိုင်ပါတယ်'


'ကောင်းပြီ၊ ကောင်းပြီ  ကျွန်တော် အခုပဲ လာခဲ့မယ်' ဟု ကီမူရာ  ပြန်ဖြေလိုက်သည်။



ချန်းဟူက 'ခင်ဗျား မြန်မြန်လုပ်ဖို့ ကြိုးစားပါ  ကျွန်တော်တို့ရဲ့ သူဋေးက ဒီနေ့ ဟွာဟိုင်းမြို့ကို ပြန်ရမယ်လို့ ပြောတယ်' ဟု သတိပေးလိုက်သည်။


'ဟုတ်ကဲ့ပါ ကျွန်တော် အတတ်နိုင်ဆုံး မြန်မြန်လာခဲ့မယ်'


အမှန်တကယ်တော့ ချန်းဟူရဲ့ သတိပေးချက်မလိုဘဲ သူ အမြန်ဆုံး လာရောက်မှာပဲ ဖြစ်သည်။ ဒီဧရာမငါးမန်းကို သတ်လိုက်ခြင်းက သူတို့အတွက် ကြီးမားတဲ့ ကိစ္စပဲဖြစ်သည်။



ကီမူရာ ချက်ချင်း ဖုန်းဆက်ပြီး အမိန့်ပေးလိုက်သည်။ ရဟတ်ယာဉ်ကို ပြင်ဆင်ခြင်းနဲ့သက်ဆိုင်ရာ ဝန်ထမ်းများကို နေရာချထားပြီး သူ့ရဲ့ အထက်အရာရှိဆီ လမ်းတစ်လျှောက်လုံးပြေးသွားခဲ့သည်။



ဒီ သတင်း ကြားလိုက်ရချိန်တွင် အထက်အရာရှိရဲ့ မျက်နှာပေါ်တွင် သိသိသာသာ အံ့အားသင့်မှု့ ပေါ်လာခဲ့ပြီး ကီမူရာကို အတည်ပြုချက် ယူရန် ချက်ချင်း ပြောခဲ့သည်။ အမှန်တကယ်တော့ သူကိုယ်တိုင် သတ်ဖြတ်ခံရသော ဧရာမငါးမန်းကို သွားရောက်ကြည့်ရှုလိုခဲ့သည်။


ဒီကောင်က  သူတို့ကို ဒုက္ခပေးရုံသာမက ဒေါ်လာ သန်း ၃၀၀ လည်း ကုန်ကျစေတဲ့ ကျိန်စာသင့် ဧရာမငါးမန်း ဖြစ်တာကြောင့် ။ သူ  ဒီဧရာမငါးမန်းကို သေလောက်အောင် မုန်းတီးခဲ့သည်။


အခုတော့ သူ စိတ်သက်သာရာ ရခဲ့ပြီး ဒီကြီးမားတဲ့ ပြဿနာကို ဖြေရှင်းနိုင်ခဲ့သဖြင့် အလွန်ပျော်ရွှင်ခဲ့သည်။



ကီမူရာ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက်၊ အထက်အရာရှိရဲ့ မျက်နှာပေါ်မှ ပျော်ရွှင်မှု့က ပိုမို ထင်ရှားလာခဲ့သည်။


သူ  ရှည်လျားစွာ သက်ပြင်းချလိုက်ပြီး သူရဲ့ စိတ်နှလုံးတစ်ခုလုံး  မြေပြင်ပေါ် ကျသွားခဲ့ပြီး


'အမဲလိုက်တဲ့စွမ်းရည်က အလွန်ကောင်းတယ်' ဟု တွေးလိုက်မိသည်။


--

သင်္ဘောပေါ်တွင် သင်္ဘောသား အများအပြားက ဧရာမငါးမန်းနှင့်အတူ ဓာတ်ပုံရိုက်ခဲ့ကြပြီး၊ အချို့က  ဓာတ်ပုံရိုက်ပြီးနောက် ဧရာမငါးမန်းကို အကြိမ်ကြိမ် ပြန်ကြည့်ခဲ့ကြသည်။


တစ်ဦးကပင် ဧရာမငါးမန်းရဲ့ သွားများကို  လက်ဖြင့် ထိလိုက်ပြီး


'ဒီသွားတွေကို ကြည့်လိုက်ဦး ဘယ်လောက် ချွန်ထက်ပြီး မာနေလိုက်လဲ' ဟု ပြောလိုက်သည်။


အခြားတစ်ယောက်က


'ချွန်ထက်ရုံတင်မကဘူး အရမ်းလည်း ကြီးတယ် ဒီလောက်ကြီးတဲ့ သွားတွေကို ငါ တစ်ခါမှ မမြင်ဖူးဘူး' လို့ပြောလိုက်သည်။



.

သင်္ဘောသားများက အလွန် စိတ်လှုပ်ရှားနေခဲ့ကြသည်။ လျူယောင် သူတို့ကို ကြည့်ပြီး ပျော်ရွှင်စွာ ပြုံးနေမိသည်။ သူ  စိတ်ကောင်းဝင်နေပေမဲ့  ဧရာမငါးမန်းနှင့်အတူ ဓာတ်ပုံမရိုက်ဘဲ သူ့ရဲ့  မိုဘိုင်းဖုန်းဖြင့် ဓာတ်ပုံအချို့သာ ရိုက်ခဲ့သည်။



လျူယောင်က လိပ်ကြီး အခြေအနေကိုသာ ပိုပြီး အာရုံစိုက်သည်။


လိပ်ကြီး  ဒီနေရာမှ ထွက်ခွာသွားပြီးနောက်  တစ်နာရီ မိုင် ၁၅၀ ကျော်နှုန်းဖြင့် ရေအောက် မီတာ တစ်ရာ နှစ်ရာ အနက်တွင် နစ်မြုပ်နေတဲ့သင်္ဘော ရှိရာကို ကူးခတ်နေသည်။



ခုနက ဒီနေရာသို့ လာခဲ့ရာတွင် တစ်နာရီခွဲနီးပါး ကြာခဲ့ပြီး ပြန်ကူးခတ်သွားရန်လည်း ထိုအချိန်ပင်  ကြာလိမ့်မည်။အခုထိ လိပ်ကြီးက နစ်မြုပ်နေတဲ့ သင်္ဘောနေရာကို  မရောက်သေးဘဲ  အမြန်ကူးခတ်နေဆဲ ဖြစ်သည်။



ကောင်းကင်ထက်တွင် ရဟတ်ယာဉ်တစ်စင်းက ဝေးကွာရာမှ အနီးကို ရွေ့လျားလာပြီးနောက် ဆုံးတွင် သင်္ဘောရဲ့ ကုန်းပတ်ပေါ်ကိုဆင်းသက်ခဲ့သည်။



ကီမူရာက လူအများအပြားနဲ့အတူ ရဟတ်ယာဉ်ပေါ်မှ ဆင်းလာခဲ့သည်။ သူတို့ ဒီဧရာမငါးမန်းအလောင်းကို မြင်လိုက်တဲ့အခါ စိတ်လှုပ်ရှားမှု့ကို မဖုံးကွယ် ထားနိုင်ခဲ့ပေ။အချိန်အတော်ကြာအောင် ဒုက္ခခံခဲ့ရပြီးနောက် လူ ၂၀ ! ၃၀ ခန့်ကို သတ်ဖြတ်ခဲ့တဲ့ လူသတ်သမားကို နောက်ဆုံးတွင် ဖမ်းဆီးသတ်ဖြတ်နိုင်ခဲ့သည်။



သူ့တို့ကို ပိုစိတ်သက်သာရာ ရစေတာက ဒီဧရာမငါးမန်းကို သတ်ပြီးတာကြောင့် နောက် ထပ် ပြဿနာများ ဖြစ်ပေါ်လာတော့မှာ မဟုတ်ဘဲ RB အပေါ် နိုင်ငံတကာရဲ့ ရှုတ်ချမှုများလည်း တဖြည်းဖြည်း လျော့ကျသွားကာ နောက်ဆုံးတွင် ရပ်တန့်သွားတော်မှာပဲ ဖြစ်သည်။



ရဟတ်ယာဉ်ပေါ်မှ ဆင်းပြီး၊ ဧရာမငါးမန်းကို စိတ်လှုပ်ရှားစွာ ကြည့်ရှုရင်း၊ ဂျီရို သည် သူ၏လူများကို ဦးဆောင်ပြီး လျူယောင့်ထံသို့ လာခဲ့ကာ သူ၏ ညာလက်ကို တက်တက်ကြွကြွ ဆန့်ထုတ်လိုက်သည်။


ပြီးခဲ့တဲ့ အကြိမ်က လျူယောင်နဲ့ တွေ့ဆုံခဲ့စဉ်က ဒီလူဟာ RB ပုံစံ နှုတ်ဆက်နည်းကို အသုံးပြုခဲ့သည်။



ယခုအခါမှာတော့ သူက လျူယောင်နဲ့ စိတ်အားထက်သန်စွာ လက်ဆွဲနှုတ်ဆက်ပြီး၊ မစ်စတာလျူ ဒီဧရာမငါးမန်းကို အောင်မြင်စွာ သတ် ဖြတ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်' ဟု ပြောလိုက်သည်။


လျူယောင်  ပြုံးလိုက်ပြီး


'ဧရာမငါးမန်းကို အောင်မြင်စွာ သတ်ဖြတ်ပြီးတာမို့လို့  စစ်ဆေးလက်ခံပေးပါအုံး! မှတ်ထားပါ ဒေါ်လာ သန်း ၃၀၀ ကို ၂၄ နာရီအတွင်း ကျွန်တော်တို့ ကုမ္ပဏီအကောင့်ကို လွှဲပြောင်းပေးရမယ်ဆိုတာ '


'ဟုတ်ကဲ့၊ ဟုတ်ကဲ့ '  ကီမူရာ အလျင်အမြန် သဘောတူခဲ့သည်။



သူ့ရဲ့ လက်ကို အနည်းငယ် လှုပ်ယမ်းလိုက်ရာအတူ ပါလာတဲ့ ပညာရှင်များက ဧရာမငါးမန်းပတ်ဝန်းကျင်တွင် စစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့ကြပြီး တိပ်ကို  ထုတ်ယူကာ ဧရာမငါးမန်းရဲ့ အချို့ နေရာများကို တိုင်းတာခဲ့ကြသည်။



စစ်ဆေးမှု့  ပြီးဆုံးပြီးနောက် သူတို့ထဲက  တစ်ယောက်က ကီမူရာကို အစီရင်ခံလိုက်သည်။ အစီရင်ခံစာကို နားထောင်ပြီးနောက်  ကီမူရာ ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။



သူ လျူယောင်နဲ့ထပ်မံ လက်ဆွဲနှုတ်ဆက်ပြီး ကျေးဇူးတင်စကား ထပ်မံ ပြောခဲ့သည်။။ သူတို့နှစ်ဦး စတင်တွေ့ဆုံခဲ့စဉ်က မာန်မာနကြီးခြင်းနဲ့ နှိုင်းယှဉ်ပါက ခုပုံစံက လုံးဝ ကွာခြားနေသည်။


စကား အနည်းငယ် ပြောပြီးနောက် ကီမူရာက - 'မစ်စတာလျူ ဒီဧရာမငါးမန်းမှာ ဘာကြောင့် အပေါက်ကြီးတစ်ပေါက် ရှိနေတာလဲ'ဟု မေးလိုက်သည်။



အမှန်ပါပဲ  လျူယောင်က ဒီအပေါက်ဟာ လိပ်ကြီး ဧရာမ လှံဖြင့် ထိုးဖောက်ခံရလို့ ဖြစ်လာတာလို့ ပြောလို့မရပေ။


အဲ့ဒါကြောင့် လျူယောင်က


'ဒါက လျှို့ဝှက်ချက်ပါ ကျွန်တော် ပြောပြလို့ မရဘူး' ဟု ပြောလိုက်သည်။


ဒီအဆုံးသတ်စကားကို  ကြားလိုက်ချိန်တွင် ကီမူရာ နောက်ထပ် မေးခွန်းများ မမေးတော့ပေ။


လျူယောင်တွင် ကြီးမားတဲ့ အိမ်မွေးတိရစ္ဆာန် လိပ်ကြီးတစ်ကောင်ရှိမယ်လို့ ဘယ်သူမှ တွေးမထားမိပေ ။ကီမူရာနဲ့ အခြားသူများက လျူယောင်တွင် လျှို့ဝှက်တဲ့ အထူးနည်းလမ်းအချို့ ရှိတယ်လို့သာ ယူဆခဲ့ကြသည်။



စစ်ဆေးမူ့ မှန်ကန်တာကြောင့် ကီမူရာက တာနာကာဖောင်ဒေးရှင်းကိုယ်စား လက်မှတ်ထိုးခဲ့သည်။


လျူယောင်တို့ သင်္ဘောမှာ ချက်ချင်း မထွက်ခွာခဲ့ပေ။ တာနာကာဖောင်ဒေးရှင်းက ဧရာမငါးမန်းကို ပြန်လည်သယ်ယူရန် သင်္ဘောကြီးတစ်စင်းကို စေလွှတ်ခဲ့သည်။ဒီလို ဧရာမငါးမန်းတစ်ကောင် ပေါ်လာရခြင်း အကြောင်းရင်းကို သိပ္ပံနည်းကျ သုတေသနပြုရန်ဟု ပြောဆိုခဲ့သည်။



လျူယောင် ဧရာမငါးမန်းရဲ့  အလောင်းကို တာနာကာအဖွဲ့ကြီးအား ပေးရမည်။


ဒါက စာချုပ်တွင် သဘောတူထားပြီးသား ဖြစ်သည်။ လျူယောင် သင်္ဘောကို နေရာတွင်သာ စောင့်ဆိုင်းရန် အမိန့်ပေးခဲ့သည်။



ဒီအချိန်တွင် လိပ်ကြီးက နစ်မြုပ်နေတဲ့ သင်္ဘောနှင့် မဝေးတော့တာကြောင့် သူ့ အရှိန် အ နည်းငယ် တိုးလာခဲ့သည်။ လိပ်ကြီးက နစ်မြုပ်နေတဲ့ သင်္ဘောဆီကို အမြန်ဆုံး ရောက်ရှိလိုပုံရသည်။



"ဟုတ်ပါတယ် " လျူယောင်လည်း အလားတူပဲဖြစ်ပြီး သူလည်း နစ်မြုပ်နေတဲ့ သင်္ဘောကို အမြန်ဆုံး ကြည့်ချင်ခဲ့သည်။