Ch 91
Viewers 5k

အခန်း 91   အတွေ့အကြုံ ရှိဖို့ မလိုဘူး


ဟူဂျွန်းရှီနဲ့ ကျိုးယန်တို့ တိတ်ဆိတ်စွာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး “သူဋေးရဲ့ရည်မှန်းချက်ကြီးက တကယ့်ကိုစိတ်လှုပ်ရှားစရာပဲ” လို့ တပြိုင်နက်တည်း တွေးမိခဲ့ကြသည်။

ကုမ္ပဏီမှာက လက်ရှိဒီလိုရေနံတင်သင်္ဘောကြီးတစ်စင်းသာရှိပြီး ဒုတိယတစ်စင်းကို ရဖို့ဆိုရင် အနည်းဆုံး ၁၀ ရက်လောက်ကြာဦးမှာပဲဖြစ်သည်။



ဟူဂျွန်းရှီက သေချာအောင် ထပ် မေးကြည့်သည်။

“အစ်ကိုယောင် ကျွန်တော်တို့မှာ တန်ချိန်အများကြီးရှိတဲ့ ရေနံတင်သင်္ဘော ဒါဇင်နဲ့ချီရှိလာမှာ တကယ်လား”

လျူယောင်က ယုံကြည်မှုအပြည့်နဲ့ “ဒါကဖြစ်လာမှာသေချာတယ်။ သိပ်မကြာတော့ဘူး” ဟု ပြောလိုက်သည်။

ဒီစကားကိုကြားတော့ ဟူဂျွန်းရှီနဲ့ ကျိုးယန်တို့ စိတ်အားထက်သန်လာခဲ့ကြသည်။

--

RB နိုင်ငံ အနီးက ပင်လယ်ပြင်တစ်နေရာမှာ ဝေလငါးဖမ်းသင်္ဘောကြီးတစ်စင်း ရေပြင်ပေါ်တွင် ရွက်လွှင့်နေခဲ့သည်။

ဒီသင်္ဘောပေါ်မှာ သန်မာတဲ့နိုင်ငံခြားသားတွေအပြည့်ရှိပြီး သူတို့ဟာ အတွေ့အကြုံရှိတဲ့ ဝေလငါးဖမ်းသမားအဖွဲ့တစ်ဖွဲ့ ပဲ ဖြစ်သည်။



အမေရိကန်ဒေါ်လာ သန်း ၅၀ ဆုငွေသတင်း ကြားတော့ ငါးနံ့ရတဲ့ကြောင်တစ်ကောင်လိုပဲ စိတ်ဝင်စားပြီးရောက်လာခဲ့ခြင်းဖြစ်သည်။

ဒီပင်လယ်ပြင်မှာ ဝေလငါးဖမ်းသင်္ဘောတစ်စင်းထက်ပိုပြီး ရှိနေတာ သေချာသည်။အချို့က အနောက်တိုင်းသားတွေနဲ့ အချို့က RB လူမျိုးတွေဖြစ်သည်။



RB နိုင်ငံတွင် ဝေလငါးဖမ်းလုပ်ငန်းက ဖွံ့ဖြိုးတာကြောင့် နှစ်စဉ်ဝေလငါးထောင်ပေါင်းများစွာကို အမဲလိုက်ခဲ့ကြသည်။

ဒီဝေလငါးဖမ်းသမားတွေရဲ့အမြင်မှာတော့ အရှည် ၃၀ မီတာကနေ ၄၀ မီတာရှိပြီး အလေးချိန် တန် ၁၀၀ ကျော်တဲ့ဧရာမငါးမန်းကြီးဟာ ဝေလငါးကြီးတစ်ကောင်နဲ့ ဘာမှမကွာခြားပါဘူးလို့ ထင်နေကြသည်။



အမေရိကန်ဒေါ်လာ သန်း ၅၀ ကို အလွယ်တကူရနိုင်တယ်လို့ သူတို့ အိမ်မက် မက်နေခဲ့ကြသည်။

ဝေလငါးဖမ်းသင်္ဘောပေါ်မှ ဒီအနောက်တိုင်းသားဝေလငါးဖမ်းသမားတွေက သွေးကြွနေသလိုပဲ အရမ်းစိတ်လှုပ်ရှားနေပြီး

“ဒီတစ်ခါပြီးရင် ငါတို့အနားယူနိုင်ပြီကွာ အိမ်ကောင်းကောင်း  ကားကောင်းကောင်းဝယ်ပြီးဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုက်ပြီ”လို့ တစ်ယောက်က ပျော်ရွှင်စွာပြောလိုက်သည်။



ငါးမန်းကြီးရဲ့အရိပ်တောင် မတွေ့သေးဘဲ သူတို့အားလုံးက အမေရိကန်ဒေါ်လာ သန်း ၅၀ ဆု ကြေး ကို ဘယ်လိုသုံးရမလဲဆိုတာကို စိတ်ကူးယဉ်နေလျက်ရှိသည်။

ရုတ်တရက် စိတ်လှုပ်ရှားနေတဲ့အသံတစ်သံထွက်ပေါ်လာပြီး “သူငယ်ချင်းတို့ ငါးစာချလိုက် ပစ်မှတ်က ဒီနားမှာရှိနေတယ်”



သင်္ဘောပေါ်က သန်မာတဲ့လူအနည်းငယ် ပြင်ဆင်ထားတဲ့ သွေးချွဲနေတဲ့ငါးကြီးတွေကို ပင်လယ်ထဲ ပစ်ချလိုက်ကြသည်။

ဒါက ငါးမန်းကြီးကိုဆွဲဆောင်ဖို့ပဲ ဖြစ်သည်။


ဝေလငါးဖမ်းသေနတ်တွေကိုလည်း ပစ်ဖို့ အဆင်သင့်ပြင်ဆင်ထားတဲ့သူတွေလည်းရှိသည်။


ငါးမန်းကြီးပေါ်လာတာနဲ့ ဒီဝေလငါးဖမ်းသေနတ်တွေကိုသုံးပြီး ငါးမန်းကြီးကိုပစ်ဖို့ အဆင်သင့် ပြင်ဆင်ထားကြသည်။ ဒါက သူတို့ ဝေလငါးတွေအမဲလိုက်တဲ့အခါ ပုံမှန်လုပ်နေကျအလုပ်ပဲ ဖြစ်သည်။



အချို့က ချွန်ထက်ကြီးမားတဲ့ ချိတ်တွေကိုချလိုက်ပြီး ပေါင်ရာပေါင်းများစွာအလေးချိန်ရှိတဲ့ငါးကို ငါးစာအဖြစ်သုံးခဲ့ကြသည်။

အားလုံးအဆင်သင့်ဖြစ်နေတာမို့လို့ ငါးမန်းကြီးပေါ်လာဖို့ကို  တိတ်တိတ်လေးစောင့်နေခဲ့ကြသည်။


“ငါ့လူတို့ အဆင်သင့်ပြင်ထား ပစ်မှတ်က မကြာခင်ရောက်လာတော့မယ်”


မိနစ်အနည်းငယ်အတွင်းမှာ ဝေလငါးဖမ်းသင်္ဘောပေါ်ကလူတွေ ထဲက တစ်ယောက် မှာမှန်ပြောင်းကိုချလိုက်ပြီး ရှေ့ကိုလက်ညိုးထိုးကာ အသံကျယ်ကျယ်နဲ့

“ဟိုမှား ကြည့်စမ်း ပေါ်လာပြီကွ” ဟု ပြောလိုက်သည်။

လူအများအပြားက သူ လက်ညိုးထိုးပြတဲ့နေရာကိုကြည့်လိုက်တော့ ရှေ့ကပင်လယ်ပေါ်မှာ ကြီးမားတဲ့ကျောဖျံ တစ်ခုပေါ်လာတာကိုတွေ့လိုက်ရသည်။



ဒီလိုဧရာမကျောဖျံကြီးဆိုရင်တော့ ငါးမန်းကြီးဖြစ်ဖို့က သေချာသွားပြီ

သူတို့ထဲက ခေါင်းဆောင်က အမိန့်ပေးလိုက်သည်။

“အန်ထိုနီ  ဝေလငါးဖမ်းသေနတ်ကို ပစ်ဖို့ပြင်ထား”

“ဟာကွာ သေစမ်း ဒီကောင် ငါးစာကိုမကိုက်ဘူး ငါတို့ဘက်ကိုလာနေတယ်”

ငါးမန်းကြီးက ငါးစာကိုမကိုက်ဘူးလို့ သူတို့အားလုံးကမမျှော်လင့်ထားခဲ့ပေ။


ဒီငမန်းကြီးမှာ ရှင်းလင်းတဲ့ပန်းတိုင်ရှိပုံရပြီး ဝေလငါးဖမ်းသင်္ဘောဘက်ကို အရမ်းလျင်မြန်တဲ့အရှိန်နဲ့ ဦးတည် ကူးခတ်လာနေသည်။

ရုတ်တရက် သင်္ဘောပေါ်ကလူတွေ ကြောက် လန့်တကြား  ထိတ်လန့်သွားကြသည်။



“ဟာကွာ ဟိုကောင် အမြန်ပစ်ဟ မင်းတို့ဘာလုပ်နေကြတာလဲ”


ဝေလငါးဖမ်းသေနတ်ကိုင်ထားတဲ့အဖြူရောင်လူက မီတာ ဒါဇင်အနည်းငယ်အကွာအဝေးမှာရှိတဲ့ ငါးမန်းကြီးကို နောက်ဆုံးမှာ ပစ်လိုက်ပြီး ဝေလငါးဖမ်းလှံတံက ရှည်လျားတဲ့ကြိုးနဲ့အတူပျံထွက်သွားပြီး ပစ်မှတ်ကို ထိသွားခဲ့သည်။


 " ဟျောင်တွေ ထိသွားပြီလား မသိဘူးကွ "

သင်္ဘောပေါ်ကလူတွေ မပျော်ရွှင်ခင်မှာပဲ ငါးမန်းကြီးက ပစ်ခံထိမိပြီးနောက် အလွန်ကြမ်းတမ်းလာပြီး လက်မလောက်ထူတဲ့နိုင်လွန်ကြိုးကို ပြတ်ထွက်အောင်ကိုက်လိုက်ပြီး သူရဲ့ကြီးမားတဲ့အမြီးနဲ့ ဝေလငါးဖမ်းသင်္ဘောဘက်ကို ရိုက်ချလိုက်သည်။


“ဗုန်း!”


အသံကျယ်ကြီးတစ်ခုထွက်ပေါ်လာပြီး ကြီးမားတဲ့အမြီးက သင်္ဘောကို ပြင်းပြင်းထန်ထန်ရိုက်မိလိုက်သည်။ အားက အရမ်းကြီးမားတာကြောင့် သင်္ဘောကိုယ်ထည် ချိုင့်ဝင်သွားပြီး သင်္ဘောတစ်စီးလုံး ခဏတာတုန်ခါသွားပြီးနောက် လူတစ်ယောက်က ကုန်းပတ်ပေါကနေ ခြေချော်ပြီး ပြုတ်ကျသွားသည်။


  " ဗုန်းး ဂျွတ် "


နောက်ထပ်အသံကျယ်ကြီးတစ်ခုထွက်လာပြီး ဒီငါးမန်းကြီးက သူ့ရဲ့ကြီးမားတဲ့ပါးစပ်ကိုဟပြီး ကိုက်လိုက်ရာ သင်္ဘောရဲ့ဦးပိုင်းတွင် အပေါက်ကြီးတစ်ပေါက်နီးပါးဖြစ်သွားခဲ့ပြီး နိုင်ငံခြား သား တစ်ယောက်မှာ မတ်တပ်မရပ်နိုင်တော့ဘဲ ပင်လယ်ထဲ တိုက်ရိုက်ပြုတ်ကျသွားခဲ့သည်။


“မက်စ် အမြန် ကြိုးကိုဆွဲ”


ရေထဲပြုတ်ကျသွားတဲ့မက်စ်  ကြိုးကိုမဆွဲခင်မှာပဲ ငါးမန်းကြီးက တစ်ကိုက်တည်းဗိုက်ထဲ မျိုချလိုက်သည်။


ဝေလငါးဖမ်းလှေပေါ်ကလူတွေမှာ ခဏတာကြောင်အသွားပြီးနောက် ကြောက်လန့်သွားကြသည်။



" ဘုရားဘုရား အမေရေကယ်ပါ "


“သွားစမ်း အရှိန်အပြည့်နဲ့ ဒီကနေထွက်စမ်း ဟာကွာ ဒီကနေထွက်ကြစမ်းလို့!”


ဒီငါးမန်းကြီးက အရမ်းကြမ်းတမ်းပြီး သူတို့အရင်ကသတ်ဖူးတဲ့ ဝေလငါးတွေနဲ့မတူတာကြောင့် ခေါင်းဆောင်နိုင်ငံခြားသားက အော်ဟစ်လိုက်ပြီး အမြန်ထွက်သွားချင်နေသည်။



လျူယောင် ငါးမန်းကြီးရဲ့အခြေအနေကို အာရုံစိုက်နေပြီး နေ့တိုင်းဆက်စပ်သတင်းတွေကို ဂရုစိုက်ကြည့်ရှုခဲ့သည်။ ရက်အနည်းငယ်အတွင်းမှာပဲ ငါးမန်းကြီးကိုအမဲလိုက်တဲ့ အဖွဲ့များစွာ ကျရှုံးသွားခဲ့ပြီး အချို့က သူတို့ရဲ့အသက်ပင် ပေးဆပ်ခဲ့တာကို တွေ့လိုက်ရသည်။



ငါးမန်းကြီးကိုအမဲလိုက်ခြင်းမှာ ဆိုးရွားစွာကျရှုံးခဲ့ပြီး အမဲလိုက်အဖွဲ့အစည်းများစွာမှာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ နုတ်ထွက်သွားခဲ့ကြသည်။ အမေရိကန်ဒေါ်လာ သန်း ၅၀ က ဆွဲဆောင်မှုရှိပေမဲ့ အသက်ကပိုပြီးအရေးကြီးတယ်လေ။


“စိတ်ဝင်စားစရာပဲ”


လျူယောင် သူဋေးကုလားထိုင်ပေါ်ထိုင်ပြီး ငါးမန်းကြီးနဲ့ပတ်သက်တဲ့သတင်းအသစ်တွေကိုကြည့်ပြီး ရေရွတ်လိုက်သည်။

တာနာကာ စီးပွားရေးအင်အားစုက ငါးမန်းကြီးကိုသတ်ဖို့အတွက် ဆုငွေကို အမေရိကန်ဒေါ်လာ သန်း ၈၀ ထိ ထပ်တိုးလိုက်တယ်ဆိုတဲ့အကြောင်း ထုတ်ပြန်ချက်တစ်ခုကိုပါ လျူယောင် တွေ့လိုက်ရသည်။



ဒီသတင်းကိုဖတ်ပြီးနောက် လျူယောင်စိတ်ထဲမှ “ဆုငွေကို အမေရိကန်ဒေါ်လာ သန်း ၈၀ အထိ တိုးလိုက်တာဆိုတော့ RB နိုင်ငံ အပေါ်မှာ ဖိအားတွေ ကျရောက်နေတာမို့လို့ ဒီကိစ္စကို အမြန်ပြီးဆုံးသွားစေချင်လို့ထင်တယ်” ဟု တွေးလိုက်မိသည်။



ဒီဖြစ်ရပ်က ပိုကြီးလာပြီး ကြာရှည်လာလေ  သူတို့အတွက် ပိုဆိုးလေပဲမို့ RB နိုင်ငံက ငွေပမာဏတစ်ခုသုံးပြီး ဒီကိစ္စကိုဖြေရှင်းချင်နေတာ သေကြသည်။


“ဒေါ်လာ သန်း ၈၀ အထိ တိုးလိုက်ပြီဆိုတော့ ငါ စမ်းကြည့်သင့်တယ်”လို့ လျူယောင် စိတ်ပါသွားကာ ရေရွတ်လိုက်သည်။



လိပ်ကြီးရဲ့လက်ရှိအလေးချိန်က တန် ၅၀ နီးပါးရှိတာကြောင့် မူလက တန် ၃၀ နဲ့နှိုင်းယှဉ်ရင် ပိုကြီးလာတာသာမက စွမ်းရည်တွေလည်း ပိုမြင့်လာပြီး သူ့ရဲ့ခွန်အားနဲ့ သွက်လက်မှုကလည်း အရင်ကထက်ပို တိုးတက်လာခဲ့သည်။


လျူယောင် ဖုန်းကိုကောက်ယူပြီး ကျိူးယန်ကိုခေါ်လိုက်သည်။


ခဏကြာပြီးနောက် ကျိုးယန်ဝင်လာကာ


“သူဋေးကျွန်တော့်ကိုရှာနေတာလား” ဟု မေးလိုက်သည်။



လျူယောင်က ခေါင်းညိတ်ပြီး “မင်း RB ကမ်းရိုးတန်းအနီးက ငါးမန်းကြီးနဲ့ပတ်သက်တဲ့သတင်းကို ဖတ်ပြီးပြီမလား။ တာနာကာ စီးပွားရေးအင်အားစုက ဖမ်းဆီးသတ်ဖြတ်ဖို့အတွက် ဆုငွေ အမေရိကန်ဒေါ်လာ သန်း ၈၀ အထိ တိုးမြှင့်လိုက်တာကို ” ဟု ပြောလိုက်သည်။



ကျိုးယန်က 

“ကျွန်တော် သတိထားမိပါတယ် သတင်းတစ်ခုတွေ့တယ်! အဲဒီသတင်းမှာတော့ ငါးမန်းကြီးရဲ့လှုပ်ရှားမှု့နယ်ပယ်က ချဲ့ထွင်လာတယ်လို့ ဖော်ပြထားပြီး ဒီငမန်းကြီးက RB ကမ်းရိုးတန်းရေပြင်မှာသာမက ရေနက်ပိုင်းမှာလည်း ပေါ်လာခဲ့တယ် ! ဒီကောင်ကြီးကျွန်တော်တို့ ဟွာဟိုင်းမြို့ရဲ့ကမ်းရိုးတန်းရေပြင်မှာ ပေါ်မလာဖို့  မျှော်လင့်မိပါတယ်” ဟု ပြောလိုက်သည်။


ဒီကိစ္စက တကယ်ကိုအာမခံချက်မရှိပါဘူး။


ဒီလိုကြမ်းတမ်းတဲ့ကောင်မျိုးက ဟိုဟိုဒီဒီလှည့် လည်သွားလာနိုင်ပြီး မဆင်မခြင် ကျွန်တော်တို့ရဲ့ကမ်းရိုးတန်းရေပြင်ကို ရောက်လာပြီး ပြဿ နာရှာနိုင်တာ အတော်လေးဖြစ်နိုင်သည်။



ဒီအကောင်ကြီးသာ တကယ်ပဲ ဟွာဟိုင်းမြို့ကမ်းရိုးတန်းရေပြင်မှာ ပေါ်လာမယ်ဆိုရင် ကောင်းတဲ့ကိစ္စဖြစ်လာမှာမဟုတ်လို့ လျူယောင် ဒီကောင့်ကို အမဲလိုက်သတ်ဖို့ ဆုံးဖြတ် ချက်က ပိုသေချာစေခဲ့သည်။


လျူယောင် က

“အမေရိကန်ဒေါ်လာ သန်း ၈၀ ဆို ငါတို့ ရေနံတင်သင်္ဘောကြီးနှစ်စင်းဝယ်ဖို့ လုံလောက်လုနီးပါးဖြစ်နေပြီ "

"ပြီးတော့ တာနာကာစီးပွားရေးအင်အားစုကို ငါတို့ Global ကုမ္ပဏီက အမဲလိုက်ခြင်းထဲ ဝင်ရောက်မှာဖြစ်ပြီး ငါးမန်းကြီးကို ယုံကြည်မှု့အပြည့်နဲ့ သတ်ပေးမယ်လို့ပြောလိုက်ပါ”လို့ လျူယောင် ဆက်ပြောလိုက်သည်။



ကျိုးယန် အံ့အားသင့်သွားပြီး “သူဋေးကျွန်တော်တို့က အမဲလိုက်တာနဲ့ပတ်သက်ပြီး သက်ဆိုင်တဲ့ အတွေ့အကြုံမရှိပါဘူး” ဟု သတိပေးလိုက်သည်။

လျူယောင် လက်ကိုဝှေ့ယမ်းကာ ဆက်ပြီးပြောလိုက်သည်။


" အတွေ့အကြုံ ရှိဖို့မလိုဘူး "ငါတို့ သယ်ယူပို့ဆောင်ရေးသင်္ဘောက ရွက်လွှင့်ဖို့အသင့်ဖြစ်နေပြီ အချိန်မရွေး RB နဲ့နီးတဲ့ ရေနက်ပိုင်းကိုသွားရမှာ အဲဒါက ငါးမန်းကြီး မကြာခဏပေါ်လာတတ်တဲ့ပင်လယ်ပြင်မို့လို့ ဒီကောင့်ကို သတ်ကိုသတ်ရမယ် "


ကျိုးယန်က 

“ဒါဆို ကျွန်တော်တို့ ဘာတွေပြင်ဆင်ဖို့လိုလဲ သူဋေး” ဟု မေးလိုက်သည်။

" ငါတို့ကုမ္ပဏီက ငါးမန်းကြီးကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ စျေးနဲ့ အမဲလိုက်သတ်ဖြတ်နိုင်တယ်လို့  တာနာကာစီးပွားရေးအင့်အားစုကို ပြောလိုက်”


“ဘာကြီး!”


“ဒေါ်လာ သန်း  ၂၀၀ လား "



ကျိုးယန် နားကြား မှားနေတာလားလို့ ခဏစဉ်းစားလိုက်သည်။