Ch 90
Viewers 5k

အခန်း 90 ရေနံတင်သင်္ဘောကြီး ဒါဇင်နဲ့ချီတဲ့ ပင်လယ်ပြင်သယ်ယူပို့ဆောင်ရေး ရေတပ်စု.



ဟယ်လီကော်ပတာက ပင်လယ်ရေပြင်အပေါ်မှ ပျံသန်းနေပြီး ဘာကိုမှရှာမတွေ့သေးတဲ့အတွက် ရိုးရိုးရှင်းရှင်းပင် ပင်လယ်ရေပြင်ပေါ်မှာ ဝဲပျံနေခဲ့သည်။


ဟယ်လီကော်ပတာပေါ်ကလူတစ်ယောက်က ကင်းလှည့်ရေယာဉ်မှူးကို ဆက်သွယ်လိုက်ပြီး


“ဆူနာရေစူးကြိုးတွေချဖို့ တောင်းဆိုပါတယ်”


“ခွင့်ပြုတယ်”


ခွင့်ပြုချက်ရပြီးနောက် ဟယ်လီ ကော်ပတာ ပေါ်မှ ဆူနာရေစူးကြိုးများကို ချဖို့စတင်ခဲ့သ ည်။  RB နိုင်ငံက ပိုက်ဆံအများကြီး သုံးထား တာကိုတွေ့ရပြီး စစ်ဘက်ဆိုင်ရာ ကင်းလှည့် ရေယာဉ်များအပြင် ရေငုပ်သင်္ဘောဖျက် ဟယ် လီကော်ပတာများကိုလည်း စေလွှတ် ခဲ့သည်။


ဆူနာရေစူးကြိုးများကိုချလိုက်ပြီးနောက် သိပ်မကြာခင်မှာပဲ ရှာဖွေတွေ့ရှိမှုတစ်ခုရခဲ့ပြီး


“အစီရင်ခံစာ  ၇ နာရီမှာ ရေမိုင် ၁.၃ မိုင်အကွာ အဝေးမှာ ပစ်မှတ်တစ်ခုကို သံသယရှိစွာတွေ့ ရှိခဲ့ပါတယ်”


“ပစ်မှတ်ကို အနီးကပ်ခြေရာခံပါ”


ဟယ်လီကော်ပတာကို ပစ်မှတ်အား အနီး ကပ်ခြေရာခံဖို့ အမိန့်ပေးပြီးနောက် ကင်း လှည့်ရေယာဉ်နှစ်စင်းလည်း ပစ်မှတ်ဆီ အရှိန်အပြည့်ဖြင့်ချဉ်းကပ်လာခဲ့သည်။


သင်္ဘောပေါ်ရှိ အမြန်ပစ်အ မြောက်များကို လည်း အချိန်မရွေးပစ်ဖို့ အသင့်ပြင်ဆင်ထား သည်။


“အစီရင်ခံစာ ပစ်မှတ်ပျောက်ကွယ်သွားပါပြီ”


“ထပ်ပြောပါ့မယ် ပစ်မှတ်ပျောက်ကွယ်သွား ပါပြီ”


ရေငုပ်သင်္ဘောဖျက်ဟယ်လီကော်ပတာထဲကလူတွေဟာ စိတ်မရှည်ဖြစ်လာပြီး သူတို့က ပစ် မှတ်ကိုခြေရာခံမှုပျောက်ဆုံးသွားကြောင်း အော်ဟစ်ကာအကြိမ်ကြိမ်သတင်းပို့နေသည်။ 

ဆူနာရေစူးကြိုးများရှိပေမဲ့ ပစ်မှတ် ကိုခြေရာခံ မှုပျောက်ဆုံးနေဆဲပင်။


“ရေယာဉ်နောက်ဆွဲဆူနာကိုချပြီးရှာဖွေပါ”


ကင်းလှည့်ရေယာဉ်မှူး မာဆန်းက ရေယာဉ် နောက်ဆွဲဆူနာကိုချဖို့ အမိန့်ပေးလိုက် သည်။ ရေစူးကြိုးဆူနာက ရေမျက်နှာပြင်ပေါ်ဖြစ်ပြီး ရေယာဉ်နောက်ဆွဲဆူနာက ရေအောက်ကိုဆင်း နိုင်တယ်။


အမိန့်ရရှိပြီးနောက် ရေငုပ်သင်္ဘောဖျက် ဟယ် လီကော်ပတာက သူ့ရဲ့အမြင့်ကို ပိုမိုနိမ့်လိုက်ပြီး ရေယာဉ်နောက်ဆွဲဆူနာကိုချဖို့ ပြင်ဆင်နေ တယ်။ 

ဒီအချိန်မှာတော့ အံ့သြစရာ ကောင်းတဲ့မြင် ကွင်း တစ်ခုဖြစ်လာခဲ့သည်။


“ချက်ခြင်း ရုတ်တရက်ပဲ! “

ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ ကင်းလှည့် ရေယာ ဉ်ပေါ်ကလူတွေလည်း  တော်တော်လေးကို ကြောင် သွားကြသည်။


သူတို့က ဒီဧရာမငါးမန်းကြီးဟာ ရေထဲကနေ အမြန်ထွက်လာပြီး သူ့ရဲ့ကြီးမားတဲ့ပါးစပ် ကိုဟကာ ၁၀ မီတာကျော်အမြင့်ကို ခုန်တက် လိမ့်မယ်လို့ မထင်ထားကြပေ။

သူ့ရဲ့ပစ်မှတ်ကတော့ ဒီရေငုပ် သင်္ဘော ဖျက် ဟယ်လီကော်ပတာပင်။


အမြင့်ကိုခုန်တက်ပြီးနောက် ဟယ်လီကော် ပတာကို တစ်ကိုက်တည်းနဲ့ကိုက်လိုက်ပြီး အားအင်အပြည့်နဲ့ ရိုက်ချလိုက်ရာ ဟယ်လီ ကော်ပတာမှာ အရုပ်တစ်ခုလို မီတာရာနဲ့ချီပြီး ဝေးသွားအောင် ရိုက်ချခံလိုက်ရသည်။


ဟယ်လီကော်ပတာမှာ သူ့ရဲ့ဟန်ချက်ကို လုံးဝဆုံးရှုံးပြီး ပင်လယ်ထဲ.ပျက်ကျသွားတယ်။


“ပစ်၊ ပစ်!”


တစ်စုံတစ်ယောက်က အော်ဟစ်လိုက်ပြီး အရှိန် ပြင်းပြင်းနဲ့ရောက်လာတဲ့ ကင်းလှည့် ရေယာဉ် တစ်စင်းက အကြမ်းပတမ်းပစ်ခတ်လိုက်သည်။ 


ဒါပေမယ့် ဘာမှအ ကျိုးသက်ရောက်မှုမှရှိပုံ မရပေ။


ငါးမန်းကြီးက ရေငုပ်သင်္ဘော ဖျက်ဟယ်လီ ကော်ပတာကို ကိုက်ချပြီးနောက် ရေထဲပြန်ကျ သွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ သည်။


အမြန်ပစ်အမြောက်တွေနဲ့ပစ်ခတ်တာက ရေ မျက်နှာပြင်ပေါ်ကိုသာ ရောက်ခဲ့ပြီး ဘာမှ အ ကျိုးမရှိခဲ့ပေ။ ဖြစ်နိုင်တာက ငါးမန်းကြီးကို မထိလို့ ဖြစ်မည်။


ဒီလိုကြီးမားတဲ့တိုက်ခိုက်မှုခံရပြီးနောက် ကင်းလှည့်အဖွဲ့က ဒီပင်လယ်ပြင်မှာ ဆက် မနေဘဲ အရှိန်အပြည့်နဲ့ ထွက်ခွာသွားပြီး မြန်နိုင်သလောက် အမြန်ဆုံးပြေးခဲ့ကြသည်။



ဒါကတော့ တံငါရွာလေးဖြစ်ပြီး လူအများ အ ပြားက ငါးဖမ်းတာကိုအဓိကထားပြီး အသက် မွေးဝမ်းကျောင်းပြုကြတယ်။ ဥပမာ- ကျိုတာ ကီရဲ့မိသားစုလိုမျိုးပေါ့။ 

သူတို့ရဲ့အဓိကဝင်ငွေက ငါးဖမ်းတာပဲ ဖြစ် သည်။


မနက်စောစောမှာ ကျိုတာကီဟာ ပင်လယ်ထဲ ထွက်ဖို့ ပြင်ဆင်နေတယ်။ ငါးဖမ်းလှေ ထွက်ဖို့ ပြင်လိုက်တာနဲ့ အလယ်အလတ်အရွယ် ယောက်ျား တစ်ယောက်က အမြန်လာ တားခဲ့သည်။


“ကျိုတာကီ ဒီရက်ပိုင်း ပင်လယ်ထဲမထွက်ပါနဲ့ အရမ်းအန္တရာယ်များတယ်”



ကျိုတာကီ  ရှုပ်ထွေးသွားပြီး “ဘာလို့လဲ ရာသီ ဥတုဘယ်လောက်ကောင်းလဲကြည့်ပါဦး 


ပင်လယ်ထဲသွားဖို့ အတော်လေးသင့် တော် တယ်။ ဒီနေ့  ကျွန်တော် ငါးအပြည့် ရပြီး ပြန်လာနိုင်လောက်တယ်” ဟု ဂရုမစိုက်ပဲ ပြန်ဖြေလိုက်သည်။


အလယ်အလတ်အရွယ်ယောက်ျားက


 “မင်း သတင်းမဖတ်ဘူးလား  ဒီနားက ရေပြင်မှ ာ ဧရာမငါးမန်းကြီး တစ်ကောင်ပေါ်လာတာကို  အရမ်းကြမ်းတယ်။ လူ ၂၀ နီးပါးသေဆုံးခဲ့ တယ်။ ဒါ့အပြင် မနေ့ကမှ အဲဒီငါးမန်းကြီးက ရေငုပ်သင်္ဘောဖျက်ဟယ်လီကော်ပတာကိုတောင် တိုက်ခိုက်လိုက်တာ ဟယ်လီကော်ပတာက ပျက်ကျသွားပြီး အပေါ်ကလူ ၃ ယောက်စလုံး သေဆုံးသွားတယ်” ဟု ပြောလိုက်သည်။


“ဘာ!”


“ဒီလိုကိစ္စတွေရှိနေတာလား”


ကျိုတာကီရဲ့မျက်နှာက ပြောင်းလဲသွားခဲ့သည်။ သူ သတင်းတွေကို သိပ်မဖြစ်ခဲ့ပေ။ဒီလို ကြောက် စရာကောင်းတဲ့ကိစ္စမျိုးဖြစ်နေရင် ပင်လယ်ထဲမထွက်ရဲတော့ဘူး။


“ငါးဖမ်းထွက်လို့မရရင်တော့ ကျွန်တော် တို့ရဲ့ စီးပွားရေးဝင်ငွေ ထိခိုက်မှာပဲ။ ဘယ် တော့မှ ပင်လယ်ထဲပြန်ထွက်လို့ရမလဲ  သတင်းများ ရှိလား”


အလယ်အလတ်အရွယ်ယောက်ျားက ခေါင်းယမ်းပြီး


 “မသိဘူး အဲဒီငါးမန်းကြီးကို မသတ်နိုင် သေး သရွေ့ ပင်လယ်ထဲမထွက်ရသေးဘူး။ ဒါပေ မယ့် ဆုငွေထုတ်ပြန်ထားတယ်လို့ကြားတယ် ဒီငါးမန်းကြီးကို သတ်နိုင်မှာပါ” ဟု ပြန်ဖြေလိုက်သည်။


ပင်လယ်ထဲမထွက်နိုင်တဲ့အတွက် ကျိုတာကီ အနည်းငယ်အားလျော့သွားသည်။



ဒီနေရာက ငါးဖမ်းသမားတွေသာမကဘဲ ခရီး သွားလုပ်ငန်းပါ ထိခိုက်ခဲ့ပြီး လှေနဲ့ပင်လယ်ထဲ ထွက်ဖို့ဆိုတာ မပြောနဲ့ဦး ဘယ်သူမှကမ်းခြေမှ ာ ရေကူးဖို့နဲ့ နေပူဆာလှုံဖို့တောင် မရဲရဲ ကြ တော့ပေ။


နိုင်ငံတကာမှာ အဖွဲ့အစည်းအများအပြားက ပြီးခဲ့တဲ့နျူကလီးယားယိုစိမ့်မှုနဲ့ပတ်သက်ပြီး ရှုတ်ချခဲ့ကြပြီး ရေဒီယိုသတ္တိ ကြွဓာတ် ငွေ့တွေကို ပင်လယ်ထဲထုတ်လွှတ်တဲ့အတွက် RB အစိုးရကိုလည်း ရှုတ်ချခဲ့ကြသည်။



“အစ်ကိုယောင် သိလား  RB ရဲ့ တာနာကာ စီး ပွားရေးအင်အားစုက လွန်ခဲ့တဲ့ရက် အနည်း ငယ်က အဲဒီငါးမန်းကြီးကို သတ်နိုင်တဲ့ မည် သည့်အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ကိုမဆို အမေရိကန်ဒေါ်လာ သန်း ၂၀ ဆုချမယ်လို့ ထုတ်ပြန်ကြေညာခဲ့တယ်။ 

နောက်ဆုံးရသတင်းအရတော့ ဆုငွေက ဒေါ်လာ သန်း ၅၀ အထိတက်သွားပြီတဲ့”


ဖုန်းထဲက တင်းဝိန်ရဲ့စကားကိုကြားတော့ လျူယောင်လည်း အံ့အားသင့်သွားခဲ့တယ်" 


ရက်အနည်းငယ်အတွင်းမှာပဲ ဆုငွေက ဒေါ်လာ သန်း ၅၀ အထိတက်သွားတာလား "



ဒီလိုဆိုရင်တော့ အမဲလိုက်အဖွဲ့အ စည်း အချို့ ကတော့ သွေးကြွနေလိမ့်မယ်လို့ ယူဆရတယ်။ ဒါက ဒေါ်လာ သန်း ၅၀ ဖြစ်တာမို့ သူတို့ကို ရူးသွပ်စေဖို့ လုံလောက်သည်။


လျူယောင်ပင် သူဝင်ရောက်သင့်လားဆိုတာကို စဉ်းစားနေသည်။


"အားလုံးပြီးသွားရင်  ဒါက ဒေါ်လာ သန်း ၅၀ ပဲ "


"ငါးမန်းကြီးကိုသတ်ပြီး ဒေါ်လာ သန်း ၅၀ ကိုရ ခဲ့ရင် ကုမ္ပဏီက နောက်ထပ်တန် ၁ သိန်း ရေနံတင်သင်္ဘောတစ်စီးကို ဝယ်နိုင်မှာပဲကွာ "


ဒီလိုစဉ်းစားနေရင်း လျူယောင်  အိမ်မွေးတိရစ္ ဆာန်ထိန်းချုပ်ရေးချပ်ပြားကိုဖွင့်ပြီး လိပ်ကြီး အခြေအနေကို ကြည့်လိုက်သည်။


ရက်အနည်းငယ်အတွင်းမှာပဲ လိပ်ကြီးက တန် ၃၀ ကျော်ကနေ ၄၂.၂ တန်အထိ ကြီးထွားလာ ခဲ့သည်။ ဒီကြီးထွားနှုန်းက တကယ့် ကိုအံ့သြ စရာပဲ။


အလေးချိန်မြန်ဆန်စွာတိုးလာတဲ့အပြင် အမျိုးမျိုးသောဂုဏ်သတ္တိများလည်း တိုးလာခဲ့ပြီး ဥပမာ- ခွန်အားဂုဏ်သတ္တိမှာ ၂၃၄၂ မှတ်သို့ရောက်ရှိသွားပြီး တန် ၃၀ နဲ့နှိုင်းယှဉ်ရင် ရာပေါင်းများစွာ တိုးလာခဲ့သည်။


လိပ်ကြီးရဲ့ ခွန်အားနဲ့ သွက်လက်မှု့က တော် တော်လေးတိုးတက်လာပြီး သူ့ရဲ့ တုံ့ပြန်မှု့ အရှိန်လည်း တိုးတက်လာခဲ့သည်။


“လိပ်ကြီး အခု ဒီငါးမန်းကြီးကို ရင်ဆိုင်နိုင်တဲ့စွ မ်းရည်ရှိပြီ” ဟု လျူယောင်  စိတ်ထဲမှ ပျော်ရွှင် စွာ တွေးလိုက်သည်။


“ကောင်းပြီ စိတ်ချရအောင် နောက်ထပ် ရက် အနည်းငယ်လောက် စောင့်ဦးမယ် ဘာပဲ ဖြစ် ဖြစ် ငါမလောပါဘူး  ဒီလိုကြမ်းတမ်း တဲ့ငါး မန်းကြီး ကို သတ်ဖို့က သိပ်မလွယ်ဘူး”


နောက်ထပ်ရက်အနည်းငယ်စောင့်ဦးမယ်။ 


လိပ်ကြီးနည်းနည်းပိုကြီးလာပြီး စွမ်းရည်တွေ တွေ ပိုကောင်းလာရင် အနိုင်ရဖို့အခွင့်အရေး ပိုများလာမယ်။ အဲဒီအချိန်ကျမှ လိပ်ကြီး ဧရာ မလှံကြီးနဲ့သွားပြီး ဒီငါးမန်းကြီးနဲ့ ရန်စ တွေကို ရှင်းလိမ့်မယ် " ဟု လျူယောင် ကျေနပ်စွာ တွေးလိုက်သည်။



"ဆိပ်ခံတံတားဘေးကနေ တန် ၁ သိန်းရေနံ တင်သင်္ဘောကြီးတစ်စင်းမှာ  ရွက်လွှင့်ထွက် ခွာလာပြီး ဖြည်းဖြည်းချင်းသွားနေသည်။ ဒါက ကုမ္ပဏီရဲ့ပထမဆုံးရေနံတင်သင်္ဘောနဲ့ ပထမ ဆုံး သယ်ယူပို့ ဆောင်ရေးလည်းဖြစ် သည်။ 


လျူယောင်က ရေနံတင်သင်္ဘောကို ကြည့်ဖို့ ဆိပ်ခံတံတားကို  ကိုယ်တိုင်သွားခဲ့သည်။



ရေနံတင်သင်္ဘော တဖြည်းဖြည်းဝေးသွားပြီး အနက်ရောင်အစက်လေးသာ ကျန်တော့တဲ့ အထိ လျူယောင် ပျော်ရွှင်စွာ ကြည့်နေခဲ့သည်။


 ကျိုးယန်က 

“သူဋေး ခုချိန်ကစပြီး ကျွန်တော် တို့ရဲ့ရေနံ တင်သင်္ဘောက ကုမ္ပဏီအတွက် စဉ်ဆက်မ ပြတ်ကြွယ်ဝမှု့ကို ယူဆောင် ပေးလိမ့်မယ်” ဟု ဝမ်းသာအားရ ပြောလိုက်သည်။


ရန်ကောင်းဂရုနဲ့ပူးပေါင်းဆောင်ရွက်မှု့ကို ဖွဲ့စ ည်းပြီးသားဖြစ်လို့ နောင်အနာဂတ်မှာ ရေနံ သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှားပါးတော့မှာမဟုတ်ပေ။ ဥပမာ- ဒီခရီးစဉ်က အရှေ့ အလ ယ်ပိုင်းက  A  နိုင်ငံရဲ့ရဲ့အကြီးဆုံးရေနံ ကုန် ကြမ်းတင်ပို့ရေးဆိပ်ကမ်းကို သွားတာပဲ။


ရေနံတင်သင်္ဘောထွက်သွားတာကိုကြည့်ပြီး ဟူဂျွန်းရှီက

 “ကုမ္ပဏီမှာ ဒီလိုရေနံတင်သင်္ဘောမျိုး နောက်ထပ်အနည်းငယ်ရှိရင် အရမ်းကောင်းမှာပဲ” ဟု ပြောလိုက်သည်။



 ကျိုးယန်ကတော့ ဒီမေးခွန်းကိုမဖြေခဲပေ သူ ဋေးက ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ဘီလီယံ ၂၀ ကျော်ကို အသက်ရှူမှားအောင် ရင်းနှီးမြုပ်နှံ ခဲ့ပေမဲ့ ရံပုံငွေများက ဒီ ဧရာမသင်္ဘောတွေ မှာယူဖို့အတွက်ဖြစ်တယ်ဆိုတာ သူ သိနေခဲ့ သည်။ 


နောက်ထပ်ရေနံတင်သင်္ဘောကြီးအချို့ကို ဝယ် ယူတာ ဒါမှမဟုတ် မှာယူခဲ့ရင် ကုမ္ပဏီ က ဘဏ္ဍာရေးဖိအားအောက်မှာ ကျရောက် ပေ လိမ့်မည်။

လျူယောင် က 

“ရှိလာမှာပါ သိပ်မကြာတော့ဘူး ငါ့ရဲ့ ပန်းတိုင် ကတော့ ရေနံတင်သင်္ဘောကြီးဒါဇင်နဲ့ချီတဲ့ ပင် လယ်ပြင်သယ်ယူပို့ဆောင်ရေး ရေတပ်စုကို ဖွဲ့စည်းဖို့ပါပဲ” ဟု ပြောလိုက်သည်။


 “ ဘာ “


“ရေနံတင်သင်္ဘောကြီး ဒါဇင်နဲ့ချီတဲ့ ပင်လယ် ပြင်သယ်ယူပို့ဆောင်ရေး ရေတပ်စု!”