အခန်း 89 အမေရီကန် ဒေါ်လာ သန်း 20 ဆုကြေး
ကျိုးယန်ရဲ့အကြည့်အောက်မှာ လျူယောင်က သူ့အိတ်ကပ်ထဲမှ စီးပွားရေးကဒ်တစ်ခုကို ထုတ် ပြီး ကျိုးယန်ရဲ့လက်ထဲကို ထိုးထည့် လိုက် သည်။
“မင်း ဒီဒုဥက္ကဋ္ဌ ရှဲ့ကို ဆက်သွယ် လိုက်လို့ရ တယ်. ကုမ္ပဏီကိုယ်စား ပူးပေါင်းဆောင်ရွက်မှု့ အသေးစိတ်ကို သူတို့နဲ့ဆွေးနွေးလို့ရတယ်၊ ငါ တော့ ပေါ်လာမှာမဟုတ်ဘူး”လို့ ပြောလိုက် သည်။
ကျိုးယန် အနည်းငယ်ရှုပ်ထွေးနေဆဲဖြစ်ပေမဲ့ သူ့ရဲ့အကြည့်တွေက ဒီစီးပွားရေး ကဒ်ပေါ် ကျရောက်သွားတဲ့အခါ အံ့အားသင့်သွားခဲ့ သည်။
စီးပွားရေးကဒ်ပေါ်ရှိ အချက်အလက်များက ရှင်းရှင်းလင်းလင်းရှိလှသည်။
"ရှဲ့ဖူဟွာ ရန်ကောင်းဂရု ဒုဥက္ကဋ္ဌ၊ ဖုန်းနံပါတ်..."
ကျိုးယန် ပထမတော့ အံ့အားသင့်သွားပြီး ၃ စက္ကန့် ၅ စက္ကန့်အကြာတွင် အံ့အားသင့်ခြင်း ကနေ ပျော်ရွှင်ခြင်းတောင် ဖြစ်လာသည်။
“ငါ အိပ်မက်မက်နေတာဖြစ်ရမယ် အိပ်မက် မက်နေတာဖြစ်ရမယ် ဒါက တကယ့်ကို မဟုတ် တာကြီး...”
ကျိုးယန် ခပ်တိုးတိုးရေရွတ်လိုက်ပြီး သူ့ကိုယ် သူ အနည်းငယ်ညှစ်လိုက်တော့ နာကျင်မှုက ဦးနှောက်ထဲ ရှင်းရှင်းလင်းလင်း ရောက်လာတာ ကြောင့် ဒါအိပ်မက်မဟုတ်ဘူးဆိုတာ သူသိ လိုက်သည်။
အခုတော့ သူ လျူယောင် ကိုကြည့်တဲ့ပုံစံက လုံးဝကွာခြားသွားပြီး အလွန်လေးစားနေမိ သည်။
“သူဋေးက အတော်လေးမိုက်တယ်”
ဒီဒုတိယညွှန်ကြားရေးမှူး ဆွန်နဲ့ဆက်သွယ်နိုင်ဖို့ သူက အများကြီးကြိုးစားခဲ့ရတယ်။ ဒါပေမယ့် ဒုတိယညွှန်ကြားရေးမှူး ဆွန်က သူ့ကို လျစ် လျူရှုပြီး အေးစက်စက်ဆက်ဆံခဲ့သည်။
ဒုတိယညွှန်ကြားရေးမှူးနဲ့ ဒုဥက္ကဋ္ ဌကွာခြားချ က်က အလွန်ကြီးမားပြီး မီတာထောင်ပေါင်း များစွာ ကွာခြားတယ်လေ။
“သူ... သူဋေး ကျွန်တော် တကယ်ပဲ ဒုဥက္ကဋ္ဌ ရှဲ့ကို တိုက်ရိုက်ခေါ်လို့ရတာလား”
လျူယောင် လက်ကိုဝှေ့ယမ်းပြီး
“ရတာပေါ့ မင်း သူ့ကိုတိုက် ရိုက်ဆက် သွယ်လို့ရပါတယ်” ဟု ပြောလိုက်သည်။
“ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော် ချက်ချင်းပဲ ခေါ် လိုက်မယ်”
ကျိုးယန် “ဟုတ်ကဲ့ “ ဆိုတဲ့စကားလုံးနှစ်လုံးကို ပျော်ရွှင်စွာပြောခဲ့သည်။
ရုံးခန်းသို့ပြန်ရောက်သောအခါ စီးပွားရေး ကဒ် ပေါ်ရှိ နံပါတ်ကိုမြင်တော့ ကျိုးယန် စိတ်လက်မ အေးဖြစ်နေပြီး သူ့စိတ်ထဲကနေ အများကြီး တွေးနေမိသည်။
“ဟိုဘက်က ဘယ်လိုသဘောထားမျိုးလဲ သူတို့က ဘာပြောမလဲ ငါငြင်းပယ်ခံရမလား...”
အသက်ပြင်းပြင်းရှူပြီး စိတ်ကို ငြိမ်သက် အောင် ကြိုးစား ပြီးနောက် ကျိုးယန် အထက်ပါနံပါတ်ကို ဖုန်းခေါ်လိုက်သည်။
ဖုန်းခေါ်ဆိုမှုပြုလုပ်ပြီးတာနဲ့ ကျိုးယန် သူ့ရဲ့ အထောက်အထားကိုအရင်ပြောပြလိုက်ပြီး
“မင်္ဂလာပါ ဒုဥက္ကဋ္ဌ ရှဲ့ ကျွန်တော်က ကမ္ဘာ လုံးဆိုင်ရာပင်လယ်ဝန်ဆောင်မှုက ကျိုးယန်ပါ”
တစ်ဖက်ကလူမှာ ခဏတာ အနည်းငယ်အံ့အ ားသင့်သွားပုံရပြီးနောက် သူက ကမ္ဘာလုံး ဆိုင်ရာပင်လယ်ဝန်ဆောင်မှုများကုမ္ပဏီကို သတိရသွားပြီး သူ့ရဲ့သဘောထားက ချက်ချင်း ဆိုသလို စိတ်အားထက် သန်လာ သည်။
“မင်္ဂလာပါ မစ္စတာကျိုးယန် ကျွန်တော် ရေနံသ ယ်ယူပို့ဆောင်ရေးလုပ်ငန်း ပူးပေါင်းဆောင်ရွ က်မှုအကြောင်း ပြောချင်ပါသလား ပြဿနာ မရှိပါဘူး။ ကျွန်တော့်ရုံးခန်းကို ချက်ချင်း လာလို့ရတယ် ဘယ်အချိန်မဆိုလာခဲ့ပါ”
“ဘာ!”
“ဒီလောက်စိတ်အားထက်သန်နေတာလား”
ရှဲ့ဖူဟွာရဲ့ စိတ်အား ထက်သန်မှု့ကို ခံစားလိုက် ရတော့ ကျိုးယန် လုံးဝစိတ်သက်သာရာရသွား ၏။ တစ်ချိန်တည်းမှာပင် သူ လျူယောင်ကို ပို ပြီးလေးစားသွားသည်။
ကျိုးယန်က ရှဲ့ဖူဟွာရဲ့စိတ်အားထက်သန်မှုက လျူယောင်ကြောင့်ဖြစ်ရမယ်လို့ယုံကြည်ခဲ့ပေမဲ့တကယ်တော့ ဒါဟာ တင်းဝိန် ကြောင့် ဖြစ် သည်။
နှစ်ဘက်စလုံး ပျော်ရွှင်စွာစကားပြောကြပြီး ကျိုးယန်က မနက်ဖြန်မနက်ပိုင်းမှာ လာ ရောက် ကာ ရေနံသယ်ယူပို့ဆောင်ရေးလုပ်ငန်းအ ကြောင်း ဆွေးနွေးမယ်လို့ ပြောလိုက်သည်။
ရန်ကောင်း ဂရု ရဲ့ရုံးချုပ်က ဟွာဟိုင်း မြို့မှာ ရှိပြီး ဟွာဟိုင်းရိပ်သာလမ်းပေါ်က အထပ် ဒါဇင်များစွာရှိတဲ့ခန့်ညားတဲ့ ရုံးအဆောက် အအုံတစ်ခုပေါ်တွင် “ရန်ကောင်း” ဆိုတဲ့စာလုံး က အလွန်ထင်ရှားနေခဲ့သည်။
နောက်တစ်နေ့တွင် ကျိုးယန် သူ့ရဲ့ လက် ထောက်နဲ့အတူ ရန်ကောင်းကိုသွားရောက်ပြီး ရှဲ့ဖူဟွာနဲ့ တွေ့ဆုံခဲ့တယ်။ နှစ်ဘက်စလုံး ရေ နံသယ်ယူပို့ဆောင်ရေးလုပ်ငန်းကို အလွန်ရ င်းနှီးတဲ့ပတ်ဝန်းကျင်မှာ ဆွေးနွေးခဲ့ပြီး ချော မွေ့မှုကတော့ ကျိုးယန်ရဲ့ မျှော်လင့်ချက် ထက် ကျော်လွန်နေခဲ့သည်။
အသေးစိတ် အချက်အလက်တွေကို ဆွေးနွေး ပြီးနောက် ရှဲ့ဖူဟွာက သူ့ဘေးနားက ရေနံနဲ့ပင် လယ်ပြင်သယ်ယူပို့ဆောင်ရေးဌာနရဲ့ ညွှန်ကြား ရေးမှူးကို
“ရှောင်ချင်.စာချုပ်ကိုသွားပြင်ဆင်လိုက်. ငါ နောက်မှ စာချုပ် ကိုကိုယ်တိုင် လက်မှတ်ထိုး လိုက်မယ်” ဟု ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ ဥက္ကဋ္ဌ ” ညွှန်ကြားရေးမှူးချင်က ရိုသေစွာပြန်ဖြေခဲ့သည်။
အစည်းအဝေးခန်းမကနေ ထွက်ခွာ လာပြီး နောက် ချင်ကျန်းချွန်းက ရေနံနှင့်ပင်လယ် ပြင်သယ်ယူပို့ဆောင်ရေးဌာန နံပါတ် ၂ ကို ချက်ချင်းသွားပြီး
“ဒုတိယညွှန်ကြားရေးမှူးဆွန်စာချုပ်ပြင်ဆင်လိုက်” ဟု အသံကျယ်ကျယ်နဲ့ အော်ပြောလိုက် သည်။
ဒုတိယညွှန်ကြားရေးမှူးဆွန် အလျင်အမြန်ပင် ချဉ်းကပ်လာပြီး “ညွှန်ကြားရေးမှူး ဘယ် ပင် လယ်ပြင်သယ်ယူပို့ဆောင်ရေးကုမ္ပဏီနဲ့ စာချုပ်ချုပ်တာလဲ ပရိုတွန်နဲ့လား” ဟု မျက်နှာချိုသွေးပြီး မေးလိုက်သည်။
ချင်ကျန်းချွန်းက “မဟုတ်ဘူး Global ” ဟု ပြန် ဖြေ လိုက်သည်။
“ဘာ!”
ဒုတိယညွှန်ကြားရေးမှူး ဆွန် အံ့အား သင့်သွား ပြီး သူနားကြားမှားတာလား ဆိုတာ သံသယဝ င်သွားသည်။ မနေ့ကမှ Global ကုမ္ပဏီရဲ့ လက် ထောက်က သူ့ကို အဆက်အသွယ် အချို့နဲ့ ဆက်သွယ်ပြီး ညစာစားဖို့ဖိတ်၍ သူ့ကိုဖြတ်ပြီး ရေနံပို့ဆောင်ရေးလုပ်ငန်းတချို့ ရချင်ခဲ့တာ လေ။
“သူတို့၊ သူတို့၊ သူတို့က ညွှန်ကြားရေးမှူး ချင်နဲ့ တကယ်ချိတ်မိသွားတာပဲ”
ဒုတိယညွှန်ကြားရေးမှူး ဆွန်. သူ့ခေါင်းကို မထူ နိုင် တော့ပေ။
ချင်ကျန်းချွန်း မကျေမနပ်ဖြစ်နေတဲ့မျက်နှာနဲ့ ကြည့်လိုက်ပြီး “မင်း ဘာလို့ကြောင်နေတာလဲ စာချုပ်ကိုအမြန်ပြင်ဆင်လိုက် ဒုဥက္ကဋ္ဌ ရှဲ့နဲ့ ကမ္ဘာလုံးဆိုင်ရာသမုဒ္ဒရာဝန်ဆောင်မှုများကုမ္ပဏီက ကျိုးယန်တို့က စာချုပ်ကို စောင့်နေ တုန်း ပဲ” ဟု သတိပေးလိုက်သည်။
“ဘာ!”
“အိုးဘုရားရေ!”
ဒုတိယညွှန်ကြားရေးမှူး ဆွန်ကြောက်လန့်တ ကြားဖြစ်သွားပြီး လဲကျလုနီးပါး ဖြစ်လာခဲ့ သည်။
“ဒီလိုတော့ မကစားပါနဲ့”
“ဒုဥက္ကဋ္ဌ ရှဲ့နဲ့ ဒီလောက်ကြီး မားတဲ့ ဆက်ဆံ ရေး ရှိနေတာ ကျွန်တော့်လို ဒုတိယညွှန်ကြား ရေးမှူးလေးကို ဘာလို့လာရှာရတာလဲ ဒါက ကျွန်တော့်ကို ရှက်ရမ်းရတာမဟုတ်ဘူးလား”
“ခဗျားက အစကတည်းက ဒုဥက္ကဋ္ဌ ရှဲ့ရဲ့ အ ဆက်အသွယ် လို့ ပြောခဲ့ရင် ဘာမှ မတွန့်ဆု တ်ဘဲ ခဗျားကိုဝန်ဆောင်မှုပေးမှာပါ”
ဒုတိယညွှန်ကြားရေးမှူး ဆွန်ဟာ အများ ကြီးစ ဉ်းစားနေပြီး ချင်ကျန်းချွန်းက ထပ်မံသတိပေး မှသာ သတိပြန်ဝင်လာပြီး စာချုပ်ကို အလျင် အမြန်ပြင်ဆင်လိုက်သည်။
ရန်ကောင်းဂရု လို ဧရာ မအဖွဲ့ စည်းကြီး တစ်ခု အတွက်တော့ စာချုပ်က အဆင် သင့်ရှိနေပြီး နှစ်ဘက်စလုံးရဲ့အချက်အလက်တွေကိုရေးဖို့ နည်းနည်းပဲပြင်ဆင်ဖို့လိုသည်။
၁၀ မိနစ်မပြည့်ခင်မှာပဲ ဒုတိယညွှန်ကြားရေးမှူး ဆွန် စာချုပ်ကိုပြီးစီးသွားခဲ့သည်။
ချင်ကျန်းချွန်းက လက်ကိုဝှေ့ယမ်းပြီး
“လာ၊ ငါ့နောက်လိုက်ခဲ့” ဟု ပြောလိုက်သည်။
ဒုတိယညွှန်ကြားရေးမှူး ဆွန်လည်း အသာ တကြည်လိုက်ပါခဲ့ပြီး စိတ်လှုပ်ရှားစွာနဲ့ အစည်း အဝေးခန်းမထဲ ဝင်သွားတယ်။ သူ့လို ဒုတိယညွှ န်ကြားရေးမှူးလေးတစ်ယောက်အတွက်တော့ ရှဲ့ဖူဟွာနဲ့ တစ်ကြိမ်တွေ့ဆုံဖို့က ခက်ခဲပေသည်။
ဝင်သွားပြီးနောက် ကျိုးယန်က ရှဲ့ဖူဟွာနဲ့ ပျော် ရွှင်စွာစကားပြောနေတာကိုမြင်တော့ ဒုတိယညွှ န်ကြားရေးမှူးဆွန် ချက်ချင်းပဲခေါင်းငုံ့လိုက်ပြီး ကျိုးယန် သူ့ကိုမှတ်မိမှာကို ကြောက်နေ သလို ဖြစ်နေခဲ့သည်။
ကျိုးယန်က အားနည်းနေတဲ့ ဒုတိယညွှန်ကြား ရေးမှူး ဆွန်ကိုမြင်တော့ တစ်ချက်သာ ကြည့်လို က်ပြီး ရှဲ့ဖူဟွာနဲ့ဆက်ပြီး စကားပြောနေတယ်။ နှစ်ဘက်စလုံး စာချုပ်ကိုလက်မှတ်ထိုးဖို့ စတင်ခဲ့ကြသည်။
စာချုပ်လက်မှတ်ထိုးပြီး ရန်ကောင်းဂရုမှ ထွက် ခွာပြီးနောက် ကျိုးယန် လုံးဝစိတ်အေး သွား သည်။ နောင်အနာဂတ်မှာ ရေနံတင်သင်္ဘော ဘယ်လောက်များများရှိပါစေ သယ်ယူပို့ ဆောင်ရေးလုပ်ငန်းမရှိတော့မှာကို စိုးရိမ် စရာမ လိုတော့ပေ။
လျူယောင် ဖုန်းထဲမှ သတင်းတွေ ကိုကြည့် နေပြီး RB ကမ်းရိုးတန်းအနီးက ဧရာမငါးမန်း ကြီးနဲ့ပတ်သက်တဲ့သတင်းတွေကို တွေ့လိုက် ရသည်။ ဒီနေ့မှာလည်း ထိုငါးမန်းကြီးသည် လူသားတွေကို ထပ်မံတိုက်ခိုက်ပြန်သည်။
ငါးဖမ်းလှေငယ်လေးတစ်စင်းကို တစ်ကိုက် တည်းနဲ့ကိုက်ဖြတ်လိုက်ပြီး လှေပေါ်ရှိ ငါးဖမ်း သမား ၃ ယောက်ကိုသတ်ပစ်ခဲ့သည်။
လျူယောင် အံ့အားသင့်နေစဉ်မှာပင် လူသိများ တဲ့ RB စီးပွားရေးအင်အားစုတစ်စုက ဒီဧရာမ ငါးမန်းကြီးကို ဖမ်းနိုင် သို့မဟုတ် သတ်နိုင်တဲ့ မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုမဆို အမေရိကန်ဒေါ်လာ သန်း ၂၀ ဆုချမယ်လို့ ထုတ်ပြန်ကြေညာခဲ့သည်။
အမေရိကန်ဒေါ်လာ သန်း ၂၀ သည် မနည်းတဲ့ပ မာဏတစ်ခုပါ။ အဲဒီငါးမန်းကြီးကိုလိုက်ရှာပြီး သတ်ဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ကို ရယူဖို့ကြိုးစားမယ့် ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစ ည်းတွေရှိမယ်လို့ ယူဆရသည်။
လျူယောင် ဒီထုတ်ပြန်ချက်ကိုဖတ်ပြီးနောက် အဲဒီ့ စီးပွားရေးအင်အားစုများက RB အစိုးရရဲ့ညွှန်ကြားချက်နဲ့ ဒီလိုထုတ်ပြန်ချက်ကို ထုတ်ပြန်တာလားလို့ တွေးလိုက်မိသည်။
ဒေါ်လာ သန်း ၂၀ ဆုချခြင်းအပြင် RB အရာရှိ များကလည်း ငါးမန်းကြီးကိုရှာဖွေနေပြီး ကင်း လှည့်ရေယာဉ်အချို့နဲ့ ကင်း လှည့်ဟယ်လီကေ ာ်ပတာအချို့ပါတဲ့ ကင်းလှည့် အဖွဲ့တစ်ဖွဲ့ကိုပ ါဝင် ဖွဲ့စည်းထားခဲ့သည်။
ပင်လယ်ရေပြင်ပေါ်တွင် ကင်းလှည့် ရေယာဉ်နှ စ်စင်းမှာ ရေမိုင် ၁ မိုင်အကွာအဝေးတွင် ခုတ် မောင်းနေပြီး ဟယ်လီကောာ်ပတာ တစ်စင်းက အနိမ့်ပျံသန်းနေသည်။
ဒါဟာ ကင်းလှည့်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး သူတို့က ဒီပင်လယ်ရေပြင်တွင် ဧရာမငါးမန်းကြီးကို ရှာဖွေနေကြသည်။
နာရီဝက်အကြာမှာတော့ ငါးမန်းကြီးက နောက် ထပ်ကုန်တင်သင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့ တယ်ဆိုတဲ့သတင်းကို လက်ခံရရှိခဲ့သည်။
ကံကောင်းစွာနဲ့ ကုန်တင်သင်္ဘောရဲ့တန်ချိန်က မနည်းတာကြောင့် သင်္ဘောကိုထိ ခိုက်မှုအချို့ရှိ သော်လည်း လူသေဆုံးမှုတော့ မရှိခဲ့ပေ။