အခန်း 88 မင်းကိုယ် မင်း အရှက်ရစရာ မလိုတော့ဘူး
တင်းဝိန်မှာ အရင်ကအတိုင်း စိတ်အား ထက် သန်နေပြီး "အစ်ကိုယောင် အစ်ကိုယောင်” ဟု အော်ဟစ်ခေါ်နေသည်။
လျူယောင်က စားပွဲပေါ်ရှိ တန်ဖိုးကြီး ဟင်းပွဲမျ ားကိုကြည့်ပြီး ကျေနပ်စွာပြောလိုက်ကာ
“ပိုက်ဆံဖြုန်းလိုက်တာ ဒီတစ်နပ်ဆိုရင် ဒေါ်လာ ထောင်ပေါင်းများစွာကုန်ပြီး ဘာမှကျန် တော့ မှာ မဟုတ်ဘူး”
လူနှစ်ယောက်စာ ထမင်းတစ်နပ်အတွက် ဒေါ် လာထောင်ချီကုန်ကျတာ ဆိုတော့ အကုန် အ ကျက မနည်းပေ။
တင်းဝိန်က လက်ဝှေ့ယမ်းပြီး “ဒီပိုက်ဆံလေးက ဘာဖြစ်လဲ လာပါဦး၊ အစ်ကိုယောင် ဒီ စတိဗ့် ကို မြည်းစမ်းကြည့်ပါဦး”
ထိုနှစ်ယောက်သား ပျော်ရွှင်စွာ စားသောက် ကြပြီး ပျော်ရွှင်စွာစကားပြောဆိုကြသည်။
“ အကိုယောင် မရီးကော ခေါ်မလာဘူးလား “
တင်းဝိန်က လီချန်းလဲ့ကို မရီးလို့ ခေါ်ရတာ ကို ကြိုက်ပြီး မပြောင်းလဲနိုင်ပေ။
လျူယောင်က “သူကတော့ ကျောင်း ဖွင့်တော့ မှာဖြစ်လို့ အလုပ်များနေတယ်” လို့ ပြန်ဖြေ လိုက်သည်။
“အင်း”
တင်းဝိန်က ခေါင်းညိတ်လိုက်ပြီးနောက် လက် ရှိဖြစ်ပျက်နေတဲ့ အသစ်အဆန်းများအကြောင်း ပြောပြခဲ့သည်။
“အစ်ကိုယောင် ကျွန်တော်ကြားတာတော့ RB နဲ့နီးတဲ့ရေပြင်မှာ ဧရာမငါးမန်းကြီး တစ်ကောင် ပေါ်လာတယ်လို့ ကြားတယ်။ မနေ့ညက လူ ၇ ယောက်၊ ဒီမနက်စောစောမှာ နောက်ထပ် ၅ ယောက်ကို ထပ်စားတယ်လို့ ကြားတယ် အဲဒီ့ ငါးမန်းကြီးက အရမ်းရက်စက်တယ်”
လျူယောင် ခေါင်းအသာညိတ်ပြီး
“ဒီလိုငါးမန်းကြီးရှိတယ်ဆိုတာတော့ ငါ သိ တယ်၊ ဒါပေမယ့် ဒီလောက်အများ စားလိမ့်မယ် လို့တော့ မထင်ထားဘူး” ဟု ပြန်ပြော လိုက် သည်။
တင်းဝိန်ပြောတာက
“အဲဒီငါးမန်းကြီးက အရမ်းရက်စက်တယ်။ အခု လူအများအပြားနဲ့ အဖွဲ့အစည်းတွေက အဲဒီငါး မန်းကြီးက နျူကလီးယား ဓါတ်ရောင်ခြည်ရဲ့ အကျိုးသက်ရောက်မှုဖြစ်တယ်လို့ ပြောပြီး RB အစိုးရကို ပြစ်တင်ရှုတ်ချနေကြတယ်။ ဒါ့အပြင် လူတွေလည်း နေ့တိုင်းသေဆုံးနေတာကြောင့် RB နိုင်ငံ အနေနဲ့ ဖိအားတွေ အများကြီး ခံစား နေရ တယ်”
“ကျွန်တော်ကြားတဲ့သတင်းကတော့ RB က ငါးမန်းကြီးကိုရှာပြီး ဖျက်ဆီးဖို့ ကင်းလှည့် ရေယာဉ်တစ်စီးကိုစေလွှတ်လိုက်ပြီတဲ့”
လျူယောင် က
“ဒါလွယ်ကူမှာမဟုတ်ဘူး အဲဒီငါးမန်းကြီးက ဖမ်းရခက်တယ် သူ့ကိုရှာဖို့အရမ်းခက်ခဲသလို ဖျက်ဆီးဖို့က ပိုပြီးတောင်ခက်ခဲတယ်” ဟု ပြောလိုက်သည်။
တင်းဝိန် ခေါင်းညိတ်ပြီး သဘောတူလိုက် သည်။
နှစ်ယောက်သား ငါးမန်းကြီးအကြောင်း ခဏ ပြောဆိုပြီးနောက် တင်းဝိန် ခေါင်းစဉ် ပြောင်း လိုက်ပြီး
"အစ်ကိုယောင် အစ်ကို့ကုမ္ပဏီက တန် ၁ သိန်း အလေးချိန်ရှိတဲ့ ရေနံတင် သင်္ဘော တစ်စီးဝယ် လိုက်တယ်လို့ ကျွန်တော်ကြားတယ် သယ်ယူပို့ ဆောင်ရေးလုပ်ငန်းရပြီလား”
လျူယောင် က
“မင်းကတော့ ငါ တို့ကုမ္ပဏီအခြေအနေကို တော်တော်လေးသိသားပဲ”
တင်းဝိန် ပြုံးလိုက်ပြီး “လုပ်ငန်းမရှိသေးရင် ကျွန်တော် တစ်ခုနှစ်ခုမိတ်ဆက်ပေးနိုင်တယ်” ဟု ပြောသည်။
“အော် ဒီလိုကောင်းတဲ့ကိစ္စမျိုးရှိတာလား ပြော ပါဦး ဘယ် ရေနံသယ်ယူပို့ဆောင်ရေးလုပ်ငန်း လဲ”
တင်းဝိန် က
“အရှေ့အလယ်ပိုင်းကိုသွားပြီး A နိုင်ငံ ကနေ ရေနံသယ်ယူပို့ဆောင်တာ။ ကျွန်တော် ချိတ်ဆ က်ပေးပါ့မယ်။ သယ်ယူပို့ ဆောင်စရိတ်အပါ အဝင် အသေးစိတ်အချက်အလက်တွေကိုတော့ အကို က အဲဒီဘက်ကလူနဲ့ ဆွေးနွေးနိုင်ပါ တယ်”
လျူယောင် နည်းနည်းတော့သိချင်နေသည်။
တင်းဝိန်ရဲ့စွမ်းရည်က မသေးဘူး သူ့မှာ ဆက် ဆံရေးနယ်ပယ်ကလည်း ကျယ်ပြန့်တာပဲလို့ စိတ်ထဲမှာတွေး မိသည်။ရေနံလုပ်ငန်းအဖွဲ့ကို သိတဲ့လူတွေက ရေနံလုပ်ငန်းကို ရန်ကောင်း က လက်ဝါးကြီးအုပ်ထားတယ်ဆိုတာ သိကြ သည်။
“တင်းဝိန်ရဲ့ မိသားစုနောက်ခံက ဘာလဲ “
လျူယောင် အလွန်သိချင်နေတာကြောင့် မေး ကြည့်လိုက်ပြီး “တင်းဝိန် မင်းတို့မိသားစုက ဘာအလုပ်လုပ်တာလဲဆိုတာကို ငါမသိသေး ဘူး”
တင်းဝိန်က
“ကျွန်တော်တို့နှစ်ယောက် အဆင် ပြေပြေနေ ဖို့ပဲ အရေးကြီးတယ် ဒါက မိသားစုနောက်ခံနဲ့ ဘာမှမဆိုင်ပါဘူး”
လျူယောင် က ပြုံးပြီး “မင်းက ငါ့ကို လှည့်စား နေတုန်းပဲ မပြောလည်း ဘာမှမဖြစ်ဘူး နောက် ကျရင် ငါသိလာမှာပါ” ဟု ပြောလိုက်သည်။
ဒီအချိန်မှာတော့ လျူယောင် စိတ်ကောင်း ဝင် နေသည်။
ကုမ္ပဏီရဲ့ပထမဆုံးရေနံတင်သင်္ဘောကြီးက ဆိပ်ကမ်းမှာရက်အနည်းငယ်ကြာနေပြီး ပြင် ဆင်မှုတွေလည်း ပြီးခါနီးပြီ။ သင်္ဘောပေါ်မှာ လိုအပ်တဲ့သင်္ဘောသားတွေလည်း ပြည့်စုံနေပြီ ဒါပေမယ့် ပို့ဆောင်ရေးလုပ်ငန်းတော့ မရသေးဘူး။
ပြည်တွင်းရေနံလုပ်ငန်းက ရေနံစည် ၂ မျိုးအ ပေါ်တွင် အဓိကမူတည်ပြီး အခြားကိုယ်ပိုင် ရေနံကုမ္ပဏီအချို့ကလည်း ပြည်ပမှရေ နံများ ကို ပြန်လည်သယ်ယူပို့ဆောင်ရန်လိုအပ်သည်။
“အခုတော့ အားလုံးပြီးသွားပြီတင်းဝိန်က ငါ့ ကို အများကြီးကူညီလိုက်တာပဲ တကယ့်ကို အံ့ သြစရာပဲ "
...
ကမ္ဘာလုံးဆိုင်ရာပင်လယ်ဝန်ဆောင်မှုများကုမ္ပဏီ။
ကျိုးယန် ဖုန်းချလိုက်ပြီး စိတ်ပျက်အားငယ်စွာ ခေါင်းယမ်းပြီး ပြုံးလိုက်သည်။
လွန်ခဲ့တဲ့ရက်အနည်းငယ်က ကိုယ်ပိုင်ရေနံကု မ္ပဏီတစ်ခုကိုဆက်သွယ်ပြီး သူတို့ရဲ့ ရေနံသယ် ယူပို့ဆောင်ရေးလုပ်ငန်းကိုရအောင်လုပ်ခဲ့ပေမယ့် ကိစ္စက ပျက်သွားခဲ့သည်။
“ရေနံစည်အဖွဲ့ နဲ့ ဆက်ဆံရေးထူ ထောင်ဖို့လို မယ်ထင်တယ်။ ရေနံစည်အဖွဲ့ ဆီက ရေနံသယ် ယူပို့ဆောင်ရေးလုပ်ငန်းကို ရနိုင်ရင် အပန်း ဖြေနိုင်ပြီ။
အဆင်မပြေရင် ငါ ကိုယ်တိုင် အရှေ့ အလယ်ပို င်းကိုသွားပြီး ရေနံတွေကို သယ်ယူပို့ဆောင်ဖို့ ပိုက်ဆံပေးရလိမ့်မယ်။
“ဘယ်သူမှမ လိုချင်ဘူးဆိုတာတော့ ငါ မယုံဘူး…”
ကျိုးယန် သူ့ရုံးခန်းထဲမှာ တစ်ယောက်တည်း အများကြီးစဉ်းစားနေမိသည်။
အသေးစိတ်စဉ်းစားပြီးနောက် ကျိုးယန် တံခါး ခေါက်ကာ လျူယောင်ရဲ့ရုံးခန်းထဲ ဝင်လာ ခဲ့ သည်။
လျူယောင် ညစာစားပြီးမှ ပြန်ရောက် လာ တာဖြစ်ပြီး တင်းဝိန်ပေးခဲ့တဲ့ စီးပွားရေးက ဒ်တစ်ခုကို ကြည့်နေသည်။
ဒီစီးပွားရေးကဒ် ကိုထားပြီး ခဏတာ ကြည့်နေ ပြီး ပျော်ရွှင်စွာပြုံးလိုက်ကာ
“ဒီကောင်လေးတင်းဝိန်က တကယ် ကိုစိတ် ကောင်းရှိတာပဲ.သူက ဒုဥက္က ဋ္ဌရဲ့စီးပွားရေး ကတ်ကို ချက်ချင်းပေးလိုက်တာ”
“အံ့ဩစရာပဲ!”
“ရိုးရှင်းစွာပင် အားကောင်းလိုက်တာ” ရန်ကောင်းဂရုရဲ့ ဒုဥက္ကဋ္ဌတစ်ယောက် ဒီလူရဲ့ရာထူးက မနိမ့်ပါဘူး။
လျူယောင်အထင်ကတော့ ဒုက္ကဋ္ဌက ရေနံသယ် ယူပို့ဆောင်ရေး!ဝယ်ယူရေးနဲ့ ရေနံမြေတူးဖော် ရေးကို တာဝန်ယူရတဲ့သူဖြစ်သည်။
တင်းဝိန်က သူ့လိုလူမျိုးကို တကယ် ကူညီ ပေး ခဲ့တာ ဒါဟာ တခြား လူတွေလုပ်နိုင်တဲ့အရာ မဟုတ်ဘူး။
လျူယောင် ဒီစီးပွားရေးက ဒ်ကိုဖတ်ပြီးတဲ့ နောက်မှာပဲ ကျိုးယန်က တံခါးခေါက်ပြီး အသံ တိုးတိုးနဲ့ဝင်လာခဲ့သည်။ ဒီအချိန်မှာတော့ သူ ဖိအားအများကြီးခံစားနေရတယ်။
“သူဋေး”
သူ သူဋေး ညင်သာစွာခေါ်လိုက်ပြီး တစ်ခဏ တော့ သူ့နှုတ်ခမ်းဖျားရောက်လာတဲ့စကားကို ဘယ်လိုပြောရမှန်းမသိဘူး။
လျူယောင် စိတ်ကောင်းဝင်နေ သည်။တင်းဝိန် ကသူ့ကိုဒီလိုကြီးမားတဲ့အံ့အားသင့်မှုကိုပေးလိမ့်မယ်လို့ မမျှော်လင့်ထားပေ။
“ကျိုးယန် မင်းအချိန်မှီရောက်လာတာပဲ။ မင်းကိုပြောစရာတစ်ခုရှိနေတာနဲ့ အတော်ပဲ”
လျူယောင်က ကျိုးယန်ရဲ့ မျက်နှာအမူအရာကို သတိထားမိပုံ မရဘဲ ဆိုဖာပေါ်မှာထိုင်ဖို့ လက် ဟန်နဲ့ပြလိုက်််ပြီး
“ ငါတို့ ရေနံတင်လုပ်ငန်း မရသေးဘူးလား" ဟုမေးလိုက်သည်။
ကျိုးယန် ခပ်တိုးတိုးသက်ပြင်းချလိုက်ပြီး ခေါင်းကိုနည်းနည်းငုံ့လိုက်ကာ သူ့အသံကတော့ တော်တော်လေး တိုးနေသည်။
“သူဋေး ရေနံသယ်ယူ ပို့ဆောင် ရေးလုပ်ငန်း တော့ မရသေးပါဘူး။ ဒါပေမယ့် ရန်ကောင်း ဂ ရုရဲ့ ဒုတိယညွှန်ကြားရေးမှူး ဆွန်နဲ့ ကျွန်တော့် ဆက်ဆံရေးကနေတဆင့် ဆက်သွယ်နိုင်ခဲ့ ပါ တယ်။ သူ့ကိုညစာစားဖို့ဖိတ်ပြီး ရေနံသယ်ယူပို့ ဆောင်ရေးလုပ်ငန်းအကြောင်း ပြောဖို့ကြိုးစားပါ့မယ်”
ဒီဒုတိယညွှန်ကြားရေးမှူး ဆွန်နဲ့ဆက်သွယ်နိုင်ဖို့ ကျိုးယန်အားထုတ်မှု အများကြီးလုပ်ခဲ့ပြီး သူ့ ရဲ့မျှော်လင့်ချက်တွေအားလုံးကို ဒီဒုတိယညွှ န်ကြားရေးမှူး ဆွန်အပေါ်မှာ မူတည် ထားခဲ့သ ည်။
ဒီဒုတိယညွှန်ကြားရေးမှူး ဆွန်က သူ့ကိုရော ကုမ္ပဏီတစ်ခုလုံးကိုပါ လစ်လျူရှုပြီး အေးစက် စက်ဆက်ဆံတာကို သိသော်လည်းပဲ။
ကျိုးယန် သူ့ရဲ့အစွမ်းအစအကုန် လုပ်ဖို့ ပြင် ဆင်ထားပြီး ဒုတိယညွှန်ကြားရေးမှူး ဆွန်ဆီ ကနေ အောင်မြင်မှုတစ်ခုရှာတွေ့ဖို့ မျှော်လင့် ခဲ့သည်။
လျူယောင် ခဏတာစိတ်လှုပ်ရှားသွားပြီး ရေနံ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကိုရဖို့အတွက် ကျိုးယန်က တခြားသူ တွေရဲ့အေးစက်စက် ဆက်ဆံမှုကို မရှုမလှခံရတာကို နားလည် ခဲ့ သည်။
ကျိုးယန်က
“ကျွန်တော် ကုမ္ပဏီအတွက် ရေနံသယ် ယူပို့ ဆောင်ရေးလုပ်ငန်းကို ရနိုင်သရွေ့ ကျွန်တော့် ရဲ့စွန့်လွှတ်မှု့က ဘာမှမဟုတ်ပါဘူး” ဟု ပြော လေသည်။
လျူယောင် က ကျိုးယန်ရဲ့ ပခုံးကို ပုတ်လိုက် ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်မှာ
“အဲဒီဒုတိယညွှန်ကြားရေးမှူး ဆွန်ရဲ့ရှေ့မှာ" မင်းကိုယ်မင်း အရှက်ရစရာမလိုတော့ဘူး”
ကျိုးယန် နည်းနည်းရှုပ်ထွေးသွားပြီး လျူ ယောင် ကို ကြည့်လိုက်သည်။