အပိုင်း 92 ဒါက ပိုက်ဆံ ခိုးတာနဲ့ အတူတူပဲ
ကျိုးယန် တုံ့ပြန်ရန် စက္ကန့်အနည်းငယ်ကြာသွားခဲ့သည်။
သတိဝင်လာပြီးနောက်
"သူဋေး တာနာကာအဖွဲ့က ငါးမန်းကြီးကို သတ်ဖို့ ဒေါ်လာ သန်း ၈၀ ဆုချထားတာ ကျွန်တော်တို့က ဒေါ်လာ သန်း ၂၀၀ တောင်းတယ်ဆိုတော့ သဘောတူပါ့မလား"
လျူယောင်က
- "မကြိုးစားကြည့်ဘဲနဲ့ သဘောမတူဘူးဆိုတာ ဘယ်လိုလုပ်သိနိုင်မှာလဲ"လို့ ပြန်ဖြေလိုက်သည်။
သူဋေးက ဘာကြောင့် ဒီလောက် အားကိုး တကြီး ယုံကြည်မူ့ရှိနေလဲဆိုတာ ကျိုးယန် မသိပေမဲ့ သူကတော့ သစ္စာရှိရှိ ခေါင်းညိတ်ကာ
"ဟုတ်ကဲ့ပါ သူဋေးပြောတဲ့အတိုင်း လုပ်လိုက်ပါ့မယ်" ဟု ပြန်ဖြေလိုက်သည်။
လျူယောင် ထပ်ဖြည့်ပြောလိုက်ကာ
-"ငါ နဲ့ချန်းဟူပဲ သင်္ဘောနဲ့သွားလိုက်မယ် “
ကျိုးယန်က
"သူဋေး အိမ်မှာပဲ ထိုင်နေသင့်ပါတယ် ဒီကိစ္စကအန္တရာယ် အရမ်းများတာမို့ သူဋေးရဲ့ ဘေးကင်းရေးကို ကျွန်တော် စိတ်ပူတယ်"ဟု ပြောလိုက်သည်။
လျူယောင်က -
"ငါတို့ သင်္ဘောက တန်ချိန် ထောင်နဲ့ချီရှိပြီး အဲ့ဒီဧရာမငါးမန်းက အများဆုံး တန်ချိန် တစ်ရာကျော်လောက်ပဲ ရှိတယ် ငါ သင်္ဘောပေါ်မှာ ရှိနေရင် အရမ်း ဘေးကင်းတာမို့လို့ မင်း စိတ်မပူပါနဲ့"ဟု နှစ်သိမ့်လိုက်သည်။
ထိုအစီအစဉ်များ ပြုလုပ်ပြီးနောက် လျူယောင် လိပ်ကြီးနဲ့ တိုက်ရိုက်ဆက်သွယ်လိုက်သည်။
ကုမ္ပဏီရဲ့ ရှာဖွေရေးသင်္ဘောနဲ့ ထိုနေရာကို သွားခြင်းမှာ လှည့်စားခြင်းသာ ဖြစ်ပြီး တကယ်တမ်း အဓိက အခန်းကဏ္ဍမှ ပါဝင်သူဟာ တန်ချိန် ၅၀ နီးပါးရှိတဲ့ လိပ်ကြီးပဲ ဖြစ်သည်။
"လိပ်ကြီ မင်း နောက်သုံး လေးရက်နေရင် အလုပ်လုပ်ရတော့မယ်နော် "
အလုပ်လုပ်မယ်ဆိုတော့ လိပ်ကြီး သိသိသာသာ စိတ်လှုပ်ရှားလာပြီး "သခင် အဲ့ဒီဧရာမ ငါးမန်းနဲ့ ကျွန်တော့်ကို တိုက်ခိုင်းမလို့လား"
"ဟုတ်တယ် ကြွေးဟောင်း ကြွေးသစ် အကုန်လုံး တစ်ခါတည်း ရှင်းရအောင် မင်း အဲ့ဒီ ဧရာမငါးမန်းကို သေအောင် သတ်ရမယ်"
လိပ်ကြီးက "ကျွန်တော် ခုချက်ချင်း သွားချင်နေပြီ ကျွန်တော် အဲ့ဒီဧရာငါးမန်းကို ဆော်နိုင်မယ်လို့ ထင်တယ်"
လိပ်ကြီး အရင်က ကိုယ်အလေးချိန်မှာ တန် ၃၀ ကျော်သာ ရှိပေမဲ့ သူက အရှိန်အဟုန် အားသာချက်ကို အသုံးပြုနိုင်ခဲ့သည်။
ယခုတော့ သူ့ရဲ့ ကိုယ်အလေးချိန်က တန် ၅၀ နီးပါးအထိ ရှိနေပြီ ဖြစ်သည်။
လိပ်ကြီးရဲ့ ပိုကြီးမားလာတဲ့ ခန္ဓာကိုယ်နဲ့ တိုးတက်လာတဲ့စွမ်းရည်များကြောင့်ဧရာမငါးမန်း ကို ဒီတစ်ခါတော့ နိုင်ဖို့က သေချာသလောက် ရှိသည်။
လျူယောင်က
"အလျင်မလိုနဲ့ ရက်အနည်းငယ်လောက် အနားယူပြီးတော့ ငါ့အမိန့်ကို စောင့်နေအုံး"ဟု သတိပေးလိုက်သည်။
ခုအချိန်တွင် အလျင် မလိုတာ သေချာပါသည်။
တာနာကာ အဖွဲ့ကြီးရဲ့ အကြောင်းပြန်စာကို စောင့်ရအူံးမှာ ဖြစ်ပြီး နှစ်ဖက်စလုံး စာချုပ် လက်မှတ်ရေးထိုးပြီးမှသာ လိပ်ကြီးကို စတင် လှုပ်ရှားခိုင်းခြင်းက အကောင်းဆုံးပဲ ဖြစ်သည်။
လျူယောင်ရဲ့ ညွှန်ကြားချက်အရ ရှာဖွေရေး သင်္ဘောက ရွက်လွှင့်ခြင်း မပြုမီ ကြိုတင်ပြင်ဆင်မှု့များ လုပ်ခဲ့သည်။
သင်္ဘောသားများကို နေရာအသင့်ယူခိုင်းကာ ချွန်ထက်တဲ့ ငါးမျှားချိတ်ကြီး နှစ်ခုသုံးခုကိုပင် ပြင်ဆင်ခဲ့ကြသည်။
တစ်ခုချင်းစီက ဆယ်ကီလိုဂရမ်ထက် လေးပြီး အချို့မှာ ကီလိုဂရမ်ဒါဇင်ပေါင်းများစွာ လေးကြသည်။ဒီလို ဧရာမငါးမျှားချိတ်များကို ဧရာမငါးမန်းနဲ့ ရင်ဆိုင်ဖို့ သုံးရန် ဖြစ်သည်။
"တာနာကာ အခြေစိုက်စခန်း "
သူတိုက Global ထံမှ အီးမေးလ်တစ်စောင်ကို မကြာမီပင် လက်ခံရရှိခဲ့သည်။ ရုံးခန်းထဲတွင် အကြီးတန်း အမှုဆောင်တစ်ဦးက အီးမေးလ်ကို ဖတ်နေပြီး သူ့ဘေးတွင် အလယ်အလတ်အဆင့် ဝန်ထမ်းအချို့ ရပ်နေကြသည်။
အီးမေးလ်ကို သေချာဖတ်ပြီးနောက် အကြီးတန်းအမှု့ဆောင်က
"အားလုံးပဲ မင်းတို့ရဲ့ အမြင်က ဘယ်လိုလဲ"လို့မေးလိုက်သည်။
တစ်စုံတစ်ယောက်က ချက်ခြင်း ပြောလိုက်ပြီး
"ဒေါ်လာ သန်း ၂၀၀ တောင်းတာ အရမ်းများတယ်"
"ဟုတ်တယ် ဒါက ပိုက်ဆံခိုးတာနဲ့ အတူတူပဲ"
"ဒီ Global ဆိုတဲ့ ကုမ္ပဏီအကြောင်း တစ်ခါမှ မကြားဖူးဘူး။သူတို့မှာ တကယ် အစွမ်းအစ ရှိရဲ့လားဆိုတာ ကျွန်တော် သံသယရှိတယ်"
ထိုလက်အောက်ငယ်သားများက တစ်ယောက်ပြီးတစ်ယောက် ပြောနေတာကြောင့် ဆူညံသံများစွာ ထွက်ပေါ်လာခဲ့သည်။
သူတို့ရဲ့ တုံ့ပြန်မှုများက အလွန်ပြင်းထန်လှသည်။ ဒေါ်လာ သန်း ၂၀၀ တောင်းဆိုတာက သူတို့ကို လှုံ့ဆော်ပေးလိုက်ပုံရသည်။
ရာထူးမြင့်သူက သူတို့ကို ပြောဆိုခွင့်ပေးထားပြီး မိနစ်အနည်းငယ်ကြာမှ လက်ကိုမြှောက်ကာ တိတ်တိတ်နေရန် အချက်ပြလိုက်သည်။
တစ်ပြိုင်နက်တည်းမှာပင် ရုံးခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။
သူ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"ငါ ဒီအီးမေးလ်ကို လက်ခံရပြီးနောက် Global အကြောင်း အချက်အလက်တွေ စုဆောင်းဖို့ အမိန့်ပေးခဲ့တယ်။ လွန်ခဲ့တဲ့ တစ်လလောက်က မင်းသား A. ဟွာဟိုင်းမြို့ကို တရားမဝင် လည်ပတ်ခဲ့တုန်းက ပင်လယ်ထဲ ကျပြောက်သွားတဲ့ လည်ဆွဲကို ဒီကုမ္ပဏီက ရှာဖွေဖို့ တာဝန်ယူခဲ့တာ"လို့
ပြောပြီးနောက် သူ ဆက်မပြောတော့ပဲ စဉ်းစားခန်း ဝင်နေပြီး ညာလက်ညှိုး နှစ်ချောင်းနဲ့ စားပွဲကို ဖြည်းညှင်းစွာ ခေါက်နေသည်။
သူနဲ့ ရင်းနှီးသူများက ဒါဟာ အလေးအနက် စဉ်းစားနေကြောင်း သိကြသည်။
နှစ်မိနစ်မှ သုံးမိနစ်ကြာပြီးနောက် ထိုအမှုဆောင်က စဉ်းစားခြင်းကို ရပ်ပြီး
"မစ္စတာ ကီမူရာ Global ကို ချက်ချင်း ဆက်သွယ်ပြီး သူတို့နဲ့ သေချာ စကားပြောကြည့်သင့်တယ် တကယ်လို့ တစ်ဖက်က အဲ့ဒီ ဧရာမ ငါးမန်းကို အောင်မြင်စွာ အမဲလိုက်နိုင်ခဲ့မယ်ဆိုရင် ငါတို့ဘက်က ဒေါ်လာ သန်း ၂၀၀ ပေးဖို့ သဘောတူလိုက်မယ်"
အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးက ခေါင်းကို အလျင်အမြန် ငုံ့ကာ အရိုအသေပြုရင်းနဲ့
"ဟုတ်ကဲ့ ဒီကိစ္စကို တစ်ဖက်လူနဲ့ ချက်ချင်း ဆက်သွယ်ပြီး ဆွေးနွေးလိုက်ပါ့မယ်" ဟု ရိုသေစွာ ပြန်ပြောလိုက်သည်။
ဆိပ်ခံတံတားဘက်တွင်
Global ကုမ္ပဏီရဲ့ တန်ချိန် ထောင်ချီရှိတဲ့ သင်္ဘောက ဆိပ်ခံတံတားမှ ရွက်လွှင့် ထွက်ခွာလာခဲ့သည်။
လျူယောင်နဲ့ချန်းဟူတို့ သင်္ဘောပေါ်တွင် လိုက်ပါ လာခဲ့ကြသည်။
တာနာကာ အဖွဲ့ကြီးက မတုံ့ပြန်သေးပေမဲ့ လျူယောင်က အခြားတစ်ဖက်မှာ မကြာမီ သဘောတူလိမ့်မယ်ဆိုတာ ယုံကြည်ထားသည်။ အချိန်ဆွဲလေလေ သူတို့အတွက် ပိုပြီး ဆိုးရွားလေလေပဲ ဖြစ်သည်။
အရေးကြီးတာက ယခုအချိန်အထိ ဧရာမ ငါးမန်းကို အမဲလိုက်သူများထဲတွင် တစ်ဦးမှ မအောင်မြင်သေးတဲ့အပြင် လူအသေအပျောက်ပင် ရှိခဲ့ပြီး တချို့လူများစွာက နောက်ဆုတ်ခဲ့ကြသည်။
သူတို့က ဒေါ်လာ သန်း ၅၀ ဒါမှမဟုတ် ဒေါ်လာ သန်း ၈၀ မှာ အလွန်ဆွဲဆောင်မှု့ ရှိနေပေမဲ့ အဲ့ဒါကို အလွယ်တကူ ရရှိရန် မဖြစ်နိုင်ကြောင်း သိထားကြသည်။
ဒီဧရာမငါးမန်းက ဖမ်းရခက်ပြီး ရှာဖွေရန်လည်း ခက်ခဲလှသည်။ ကံကောင်းထောက်မလို့ ပစ်မှတ်ကို ရှာတွေ့ခဲ့ရင်တောင် မကြာခဏဆိုသလို ဆိုးရွားစွာ ကျရှုံးတတ်သည်။
အမဲလိုက်အဖွဲ့ အများအပြား အသေအပျောက် ရှိခဲ့တာက ဥပမာပင် ဖြစ်သည်။
လျူယောင် ဆိပ်ခံတံတားပေါ်တွင် ရပ်နေရင်း အဝေးက ကမ်းရိုးတန်းကို ကြည့်ပြီး "ဒေါ်လာ သန်း ၂၀၀ က နည်းနည်းနောနော ပမာဏ မဟုတ်ဘူး ဒီပိုက်ဆံနဲ့ဆို ကုမ္ပဏီက သင်္ဘောကြီးအချို့ ထပ်ဝယ်နိုင်တယ်" လို့ တွေးလိုက်မိသည်။
"နောက်တစ်နေ့"
ဆယ်နာရီကျော်ကြာ ရွက်လွှင့်ပြီးနောက် ကယ်ဆယ်ရေး သင်္ဘောမှာ ဟွာဟိုင်းမြို့ကနေ ထွက်ခွာခဲ့ပြီး RB ဘက်ကို ဦးတည်မောင်းလာခဲ့သည်။
ကောင်းစွာ သွားနိုင်ပါက ဧရာမငါးမန်းကြီးကျက်စားတဲ့ ပင်လယ်ပြင်ကို နှစ်ရက်ခန့်တွင် ရောက်ရှိပါလိမ့်မည်။
လိပ်ကြီးက အစွမ်းထက်နေဆဲ ဖြစ်သည်။ ရေမိုင် ခုနစ်ရာ ရှစ်ရာ အကွာအဝေးကို နာရီအနည်းငယ်အတွင်း ရောက်နိုင်ပြီး သာမန်သင်္ဘောများဆို ရက်များစွာ ကြာနိုင်သည်။
လျူယောင် ဒီအကြောင်းများကို စိတ်ထဲမှ တွေးနေစဉ် ဖုန်းက ထ မြည်လာခဲ့သည်။သူ ဖုန်းကို ကြည့်လိုက်တော့ ကျိုးယန် ခေါတာပဲ ဖြစ်သည်။
"သူဋေးသတင်းကောင်းတစ်ခု ရှိတယ် တာနာကာ အဖွဲ့ကြီးက ကျွန်တော်တို့နဲ့ ဒီကိစ္စကို အသေးစိတ် ဆွေးနွေးချင်ပါတယ်တဲ့"
လျူယောင် စိတ်သက်သာရာရသွားပြီးမျှော်လင့်ထားတဲ့အတိုင်းပဲ ဖြစ်လာသည်။
ဈေးနှုန်းမှာ ဒေါ်လာ သန်း ၂၀၀ ဖြစ်နေတာကြောင့် အခြားတစ်ဖက်က မျက်နှာချင်းဆိုင် ဆွေးနွေးလိုသည်။ RB နိုင်ငံ အပေါ် ဖိအား များလောက်ပေမည်။
ဒီဧရာမ ငါးမန်းကြီး ပေါ်လာကတည်းက ရက်အနည်းငယ်ကြာခဲ့ပြီး အသေအပျောက် ၂၀ မှ ၃၀ အထိ ရှိခဲ့သည်။
ဒါ့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဓါတ်ရောင်ခြည် ပါတဲ့ ဓာတုရည်များကို ပင်လယ်ထဲတွင် စွန့်ပစ်မှု့အပေါ် ပြစ်တင်ရှုတ်ချနေပြီး RB နိုင်ငံ အပေါ် ဖိအားက ကြီးမားနေတာကြောင့် သူတို့က ဒီကိစ္စကို အမြန်ပြီးဆုံးချင်ကြသည်။
လျူယောင်က ဒေါ်လာ သန်း ၂၀၀ တင်လိုက်ပေမဲ့ ၎င်းတို့မှာ မျက်နှာပူပူဖြင့် လက်ခံရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
ဒီကိစ္စကို ပိုက်ဆံ အကုန်ခံကာ ဖြေရှင်းနိုင်ရင် ဈေးကြီးပေးရတာလဲ တန်တယ်လို့ သူတို့ သတ်မှတ်ထားပုံရသည်။
နောက်နှစ်ရက်ကြာပြီးနောက်၊ လျူယောင်ဧရာမ ငါးမန်းကြီး ရှိတဲ့ရေပိုင်နက်ကို ရောက်ရှိခဲ့သည်။
"လိပ်ကြီး မင်း ဘယ်မှာလဲ"
လိပ်ကြီးက တစ်နာရီ မိုင် ၁၅၀ ကျော်နှုန်းဖြင့် ပင်လယ်ထဲတွင် အလျင်အမြန် ရှေ့ဆက်နေသည်။ သူက နာရီပေါင်းများစွာ ဆက်တိုက် ကူးခတ်လာနေခြင်း ဖြစ်သည်။
"သခင် ကျွန်တော် သခင့်ဆီကို အများဆုံး နှစ်နာရီအတွင်း ရောက်တော့မယ်"
လိပ်ကြီးရဲ့ အရှိန်က အလွန်မြန်သည်။သူက လျူယောင့် နဲ့ ရေမိုင် ၃၀၀ လောက်သာ ဝေးတော့သည်။ သာမန်သင်္ဘော ဖြစ်ပါက ဆယ်နာရီကျော် ကြာနိုင်ပေမဲ့ လိပ်ကြီးကတော့ နှစ်နာရီပင် မကြာပေ။
သူရဲ့ရှေ့လက်သည်းတွင် ဧရာမလှံကို ကိုင်ထားပြီး ရှေ့ကို အလျင်အမြန် ကူးခတ်နေသည်။
လိပ်ကြီးက ဒီဧရာမငါးမန်းကို တော်တော် တိုက်ခိုက်ချင်နေပုံရသည်။
လိပ်ကြီးနဲ့ စကားအနည်းငယ် ပြောပြီးနောက် လျူယောင် အဝေးမှ ကောင်းကင်ကို မော့ကြည့်လိုက်ရာ ရဟတ်ယာဉ် တစ်စီးက သင်္ဘောဆီကို ပျံသန်းလာနေသည်။