အခန်း 84 ဘာ ဒီလို ကိစ္စ မျိုး ဖြစ်ခဲ့တာလား
လိပ်ကြီး ရဲ့စိတ်ထဲ သံသယတွေရှိနေပေမဲ့ သခင်ဖြစ်သူ အပ်နှံထားတဲ့တာဝန်ကြောင့် အလေးအနက်မထားတော့ဘဲ အစာစားပြီး နောက် သူရဲ့ ခရီးပန်းတိုင်ဆီကို တရွေ့ရွေ့ ထွက်လာခဲ့သည်။
ထိုနေရာကို နာရီဝက်ခန့်တောင် မကြာလိုက်ဘဲ ရောက်ရှိခဲ့သည်။
ဒီနေရာက လူသူကင်းမဲ့တဲ့ ကမ်းနားပင်လယ် ပြင်တစ်နေရာဖြစ်ပြီး အဆောက်အဦးတွေ ရှိမနေတာ ကို တွေ့ရသည်။
ကျိုးကျန်းမင်က ဒီလိုနေရာမျိုးကို ရွေးချယ်ဖို့ အတွက် အတော်လေးကို အားထုတ်ခဲ့သည်ဟု ထင်ရသည်။
‘လိပ်ကြီး’ ရောက်လာတဲ့အခါ ပစ္စည်းတွေကို ယူပြီး ပြန်ဖို့သာ ရည်ရွယ်ထားသည်။ တာဝန်ကို အမြန်ဆုံး ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရင် အကောင်းဆုံးဖြစ်သည်။ ဒီလိုနဲ့ စတင်ရှာဖွေတော့သည်။
ရေအနက် မီတာ ၂၀ မှ ၃၀ အထိရှိတဲ့ ပင် လယ်ကြမ်းပြင်တွင် ကြီးမားစွာ ထုပ်ပိုးထားတဲ့ သေတ္တာနှစ်ခုကို တွေ့ရသည်။ သေတ္တာတစ်လုံး စီတိုင်းကို ရေလုံအောင် အထူးပြုလုပ်ထားပြီး သေတ္တာတစ်လုံးစီထဲမှာ စက်ကိရိယာတစ်ခုစီ ပါဝင်သည်။
‘လိပ်ကြီး’ သူရဲ့ပါးစပ်နဲ့ ထုပ်ပိုးထားတဲ့ သေတ္တာ တွေထဲက တစ်ခုကို ကိုက်ယူပြီး အဲဒီနေရာ ကနေ အမြန်ထွက်ခွာကာ ဟွာဟိုင်းမြို့ဘက်ကို ဦးတည်လိုက်သည်။
‘လိပ်ကြီးမှာ စက်ပစ္စည်းနှစ်ခုထဲက တစ်ခုကို တစ်ကြိမ်တည်းသာ သယ်ယူနိုင်တာကြောင့် နှစ်ကြိမ် အသွားအပြန် လုပ်ဖို့ လိုအပ်သည်။
ပါးစပ်ထဲတွင် တန်ချီလေးတဲ့ စက်ကိရိယာ တစ်ခု ရှိနေပေမယ့် သူ့’ရဲ့ အရှိန်က အလွန် လျင်မြန်နေဆဲဖြစ်သည်။
တန် ၁၀၀ ကျော်ပြီး အလျား ၃၀ မှ ၄၀ မီတာအထိ ရှိတဲ့ ဧရာမငါးမန်းကြီးက အစာစာ းနေတုန်းပဲ။ ရုတ်တရက် သူ ရပ်တန့်သွားပြီး ညာဘက်အပေါ်ဘက်ကို ကြည့်လိုက်တဲ့အခါ အမြင်အာရုံ လွဲမှားနေတာလို့ ယူဆမိသည်။
ခုလေးတင် သူရဲ့ ညာဘက်အပေါ်ဘက်ကနေ ကြီးမားတဲ့ အရာတစ်ခု အလျင်အမြန် ဖြတ် သွားပုံရသည်။ သင်္ဘောတစ်စီးတော့ မဖြစ်နိုင် ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သင်္ဘောရဲ့အရှိန်က အဲဒီလောက် မြန်လွန်းတာ မရှိလို့ပဲ။
"ဘယ်လိုအရာမျိုးပါလဲ "
အဲဒီဧရာမငါးမန်းကြီးက သူ့ရဲ့အစာကို စွန့်ပစ် ပြီး လိုက်ကြည့်ချင်မိပေမယ့် မလှုပ်ရှားခင်မှာပဲ အဲဒီကြီးမားတဲ့အရာက သူ့ရဲ့အမြင်အာရုံကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
အဲဒီအရာက ‘လိပ်ကြီး’ပဲ ဖြစ်ပါသည်။
‘လိပ်ကြီးက သူရဲ့လက်ထဲမှာ ဧရာမလှံကို ကိုင် ကာ ပါးစပ်ထဲမှာ ထုပ်ပိုးထားတဲ့ သေတ္တာ တစ်လုံးကို ကိုက်ပြီး သွားနေတုန်း ရေအောက် မီတာ ၃၀၀ ကျော်အကွာမှာ ကြီးမားတဲ့ အရာ တစ်ခုကို တွေ့လိုက်ရသည်။‘လိပ်ကြီး "လည်း အဲ့တာကို သိပ်အာ ရုံမစိုက်ခဲ့ ပေ။
လိပ်ကြီးက ခရီးစဉ်ကိုသာ အာရုံစိုက်ခဲ့ပြီး ည အချိန် ရေမိုင် ၇၀၀. မှ ၈၀၀ အထိ ခရီးနှင်ပြီး နောက် ဟွာဟိုင်းမြို့ကို ရောက်ရှိခဲ့သည်။
မကြာမီမှာပဲ ပင်လယ်ဘေးမှာရှိတဲ့ ဂိုဒေါင်ထဲ ကို ဝင်ရောက်လာခဲ့ပြီး
“သခင်၊ ပထမဆုံးစက်ကို ပြန်ယူလာခဲ့ပြီးပါပြီ”
လျူယောင် ချပ်ပြား ရဲ့ အမြင်အားနဲ့ ဂိုဒေါင် ထဲမှ လိပ်ကြီးကို တွေ့မြင်ခဲ့ရသည်။ ပြန်ယူလာ ခဲ့တဲ့ စက်ကိုလည်း တွေ့မြင်လိုက်သည်။
“လိပ်ကြီး၊ မင်းပင်ပန်းသွားပြီ ပင်လယ်ထဲမှာ အရင်အနားယူသင့်တယ်။ မနက်ဖြန်မနက်ကျမှ RB ကိုသွားပြီး ကျန်တဲ့စက်ကို ပြန်ယူခဲ့”
“သခင် ကျွန်တော်ဗိုက်ဆာနေပြီ နောက်မှ ဗိုက်ဖြည့်လိုက်ပါ့မယ် ခု အိပ်လိုက်ဦးမယ် မနက်ဖြန်ကျရင် RB ကို သွားလိုက်ပါ့မယ်”
လျူယောင်က
“ပြဿနာမရှိပါဘူး အလျင်မလိုပါနဲ့ ငါ့ကို ရက်အနည်းငယ်ပေးထားတာမို့ ဖြည်းဖြည်းသွ ားလည်း ကိစ္စမရှိပါဘူး”
သင်္ဘောတစ်စီးဆို RB ကို အသွားအပြန် သွားဖို့ ရက်အတော်ကြာမည်ဖြစ်သည်။
ကျိုးကျန်းမင်လည်း ဒီအကြောင်းကို သိရှိ သည်။
ဒါကြောင့် လျူယောင် ဒီပစ္စည်းတွေကို ရက်အ နည်းငယ် ကြာမှ ပေးဖို စီစဥ် ထားသည်။
“သခင်.RB အနီးက ရေပြင်မှာ ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခုကို ကျွန်တော်တွေ့ခဲ့တယ်။ အဲဒီမှာ ငါးအနည်းငယ်က အရွယ်အစား အများကြီး ပိုကြီးနေကြတယ်။ ကျွန်တော် တစ်တန် ကျော်ရှိတဲ့ နေရောင်ခြည်ငါး တစ်ကောင် ကိုတောင် တွေ့ခဲ့ရတယ် “
"ဒီလိုအခြေအနေမျိုး ရှိနေသေးတာပဲပေါ့ "
ဒီကိစ္စက ကောင်းတဲ့လက္ခဏာမဟုတ်ဘူးလို့ လျူယောင် ရဲ့ အလိုလိုသိစိတ်က ပြောပြနေ သည်။
‘လိပ်ကြီး’နဲ့ စကားအနည်းငယ်ပြောပြီးနောက်
လျူယောင် သူရဲ့ မိုဘိုင်းဖုန်းကို ကောက်ယူပြီး စစ်ဆေးဖို့ စတင်ခဲ့ကာ မကြာမီ သတင်းအချို့နဲ့ ထင်ကြေးအချို့ကို ရရှိခဲ့သည်။
မိုဘိုင်းဖုန်းပေါ်မှာ RB နျူကလီးယား ဓာတ် ရောင်ခြည်သင့်တဲ့ တိရစ္ဆာန်တွေနဲ့ အပင်တွေရဲ့ ပြောင်းလဲမှုတွေအကြောင်း အစီရင်ခံစာများစွာ ရှိနေသည်။ RB အနီးမှာရှိတဲ့ ပင်လယ်ထဲမှာ ကြီးမားတဲ့ ပင်လယ်သတ္တဝါတွေ ပေါ်ပေါက် လာတာက နျူကလီးယား ဓာတ်ရောင်ခြည်နဲ့ ဆက်စပ်နေနိုင်သည်။
လျူယောင် သူရဲ့မိုဘိုင်းဖုန်းပေါ်မှာ RB နျူက လီးယား ဓာတ်ရောင်ခြည်အကြောင်း အစီရင်ခံ စာကို တွေ့ရှိသည်။RB ပင့်ကူ ဂဏန်းလို့ ခေါ်တဲ့ ဂဏန်းတစ်မျိုး ရှိသည်။ နျူကလီးယား ဓာတ် ရောင်ခြည်ကြောင့် ပြောင်းလဲသွားပြီး နောက် အရွယ်အစားကြီးမားလာယုံသာမက ရူးသွပ်ပြီး သွေးဆာနေတတ်သည်။
ဒီငမန်းက မကြာခဏဆိုသလို အလွန်ဆိုး သွမ်းနေသည်။လူသားတွေ ကို တိုက်ခိုက်တာ ကြောင့် ငါးဖမ်းသမား .၃၄ယောက်နဲ့ ခရီးသွား ၂၆ ယောက်တို့သည် ငမန်းရဲ့ဗိုက်ထဲမှာ ရောက် ရှိခဲ့ ကြပြီးဖြစ်သည်။
"ပိုကြီးတဲ့ ပိုပြီးရူးသွပ်တဲ့ ငမန်းတွေ ရှိနေဦးမ လား "
"ဒါမှမဟုတ် အဲဒီအပြင်ဘက်မှာ ပိုကြီးတဲ့ ပိုပြီး သတ်ဖြတ်လိုစိတ်ရှိတဲ့ ပင်လယ်သတ္တ ဝါတွေ ရှိနေဦးမလား"
"လိပ်ကြီး ဒီလိုသတ္တဝါကြီးနဲ့ တွေ့ရင် အနိုင်ရ ပါ့မလား"
ဒီလိုစိုးရိမ်မှုတွေ သူ့ရဲ့စိတ်ထဲမှာ ပြည့်နှက် နေ တာကြောင့် လျူယောင် ‘လိပ်ကြီး’ကို ထပ် မံဆက်သွယ်ခဲ့ပြီး မနက်ဖြန် RB ကို သွားတဲ့ အခါ သတိထားဖို့ ပြောခဲ့သည်။
ဒီလို ကြီးမားတဲ့သတ္တဝါ တွေ နဲ့တွေ့လျင် မ တိုက်ခိုက်နိုင်ရင် ထွက်ပြေးခဲ့ လို့ လိပ်ကြီး ကို မှာလိုက်သည်။ ဒီလိုအရှိန်အဟုန် လျင်မြန်တဲ့ ‘လိပ်ကြီး’ကို ဘယ်ပင်လယ်သတ္တဝါကမှ လိုက် မီနိုင်မှာ မဟုတ်ဘူးလို့ လျူယောင် ယုံကြည် နေ သည်။
လိပ်ကြီးကတော့ အလွန်ပဲ စိတ်အေး လက်အေး ရှိ နေဟန်ရပြီး
“သခင် စိတ်မပူပါနဲ့ ကျွန်တော်က မိုက်မဲတဲ့သူ မဟုတ်ပါဘူး ဘယ်လိုလုပ်ရမယ်ဆိုတာ သိပါ တယ်” လို့ ပြန်ဖြေခဲ့သည်။
လျူယောင် တဖြည်းဖြည်းနဲ့ စိတ်သက်သာရာ ရသွားပြီးစိတ်ထဲတွင်
" ဟုတ်တယ် ‘လိပ်ကြီး ’ကအနည်းဆုံး အသက် (၁၂) နှစ် ၁၃ နှစ်အရွယ် ကလေးတစ်ယောက် ရဲ့ ဉာဏ်ရည်ဉာဏ်သွေး ရှိနေတာဖြစ်ပြီး ဘယ် လိုလုပ်ရမယ်ဆိုတာ သိမှာပါလို့ တွေးလိုက် မိသည်။
နောက်တစ်နေ့ မနက်အစောပိုင်းမှာ ‘လိပ်ကြီး’ က ဧရာမလှံကို ကိုင်ဆောင်ပြီး RB ကို ထပ်မံထွ က်လာကာ ကျန်ရှိနေသေးတဲ့ စက်ကိရိယာ ကို ဒီနေ့မှာ ပြန်ယူဖို့ စီစဉ်တော့သည်။
လျူယောင် သူရဲ့ကုမ္ပဏီကို ရောက်ရှိ လာကာ ရုံးခန်းထိုင်ခုံပေါ်မှာ ထိုင်လိုက်ပြီးနောက် လိပ် ကြီး’ရဲ့ အခြေအနေကို ကြည့်လိုက်တဲ့အခါ ပင် လယ်ထဲမှာ အလျင်အမြန် ရှေ့ကို ကူးခတ် နေတာကို တွေ့လိုက်ရသည်။
မနေ့ကနေ ဒီနေ့အထိ သူ့ရဲ့ အလေးချိန်မှာ ထပ်တိုးလာပြီး အနည်းငယ် ကြီးလာတယ်လို့ လျူယောင် ရဲ့စိတ်ထဲမှာ တွေးလိုက်မိသည်။
“အလျင်အမြန် ကြီးထွားလာပါ”
ဒီလိုကြီးလာမှသာ အခြားပင်လယ် သတ္တဝါ တွေက သူ့ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး။ ဒီလိုကြီးလာမှသာ သူ့အတွက် အရာများစွာကို လုပ်ဆောင်ပေးနိုင်မှာဖြစ်သည်။ လျူယောင် စိတ်ထဲမှ တွေးလိုက်မိသည်။
ချပ်ပြားရဲ့အမြင်ကို ပိတ်ပြီးနောက် လျူယောင် စားပွဲပေါ်မှာရှိတဲ့ စာရွက်စာတမ်းအချို့ကိုကြည့် ရှုဖို့ ပြင်ဆင်နေတုန်း ရုံးခန်းအပြင်ဘက်က တံခါး ခေါက်သံများစွာ ကြားလိုက်ရသည်။
ဟူဂျွန်းရှီ အံ့အားသင့်နေတဲ့မျက်နှာနဲ့အတူ လျှောက်လှမ်းဝင်ရောက်လာပြီး
“အကိုယောင်၊ ခုနက သတင်းကို ဖတ်ပြီးပြီ လား” လို့ အသံကျယ်ကျယ်နဲ့ အော်ပြော လိုက်သည်။
ဟူဂျွန်းရှီက သူရဲ့မိုဘိုင်းဖုန်းပေါ်မှာ သတင်းကို ဖွင့်ပြပြီး
“အကိုယောင် မနေ့က မွန်းလွဲပိုင်းမှာ RB ကမ်း ရိုးတန်းမှာ ဆိုးရွားတဲ့ တိုက်ခိုက်မှု့တစ်ခု ဖြစ်ပွ ားခဲ့တယ်။ မျက်မြင်သက် သေတွေရဲ့အဆို အရ ဧရာမငါးမန်းတစ်ကောင် ဖြစ်ပြီး အနည်း ဆုံး မီတာ .၃၀ကနေ ၄၀အထိ ရှိတယ်လို့ သိရတယ်”
“အဲဒီငါးမန်းက ရွက်လှေတစ်စီးကို တိုက်ခိုက် ပြီး စုစုပေါင်း လူ ၇ ယောက် သေဆုံးခဲ့တယ်”
“ဘာ! ဒီလိုကိစ္စမျိုး ဖြစ်ခဲ့တာလား”
အလျား ၃၀ ကနေ .၄၀မီတာအထိ ရှိတဲ့ ဧရာ မငါးမန်းတစ်ကောင်က အနည်းဆုံး တန် ၁၀၀ကျော်ရှိပြီး ‘လိပ်ကြီး’ရဲ့ အလေးချိန်ထက် သုံးဆပိုများသည်။ အဓိကအချက်ကတော့ ငါးမန်းရဲ့ ကိုက်အားက အံ့မခန်းဖြစ်၏။
ဘယ်ပင်လယ်သတ္တဝါကမှ ဒီလောက် ကြီးမား တဲ့ ကိုက်အားကို မခံနိုင်ပါ။ မာကျောတဲ့ အခွံနဲ့ ကာကွယ်ထားပေမယ့် ဒီလိုကြီးမားတဲ့ ကိုက်အ ားကို လိပ်ကြီး ခံနိုင်ရည်ရှိ မရှိ သူ မသိပေ။
လျူယောင် မိုဘိုင်းဖုန်းကို ယူပြီး သတင်းကို ဂရုတစိုက် ဖတ်ရှုလိုက်သည်။
အထဲမှာ ရုပ်ပုံများစွာပါရှိပြီး သူတို့ထဲမှ တစ်ပုံ ကတော့ စက်လှေငယ်လေးတစ်စီးကို အလယ် ကနေ ကိုက်ဖြတ်ထားတဲ့ တုန်လှုပ်ဖွယ်ရာ ပုံဖြစ်နေသည်။