အခန်း 83 ဒီဟာက ပုံမှန် မဟုတ်ဘူး
" ယွမ်ဆယ်သန်း ဝိူးး အများကြီးပဲ "
တန်သောင်းနှင့်ချီတဲ့ ကုန်တင်သင်္ဘောတစ်စီး RBသို့ သွားလာရာတွင် အသုံးစရိတ်များကို နုတ်လိုက်ပါက အမြတ်ပင် ဒီလောက် မရှိချေ ။
လျူယောင် သူ့ရဲ့တံခါးသို့ရောက်ရှိလာတဲ့ ယွမ် ၁၀ သန်းကို စိတ်ဝင်စားမိတာ အမှန်ပင်။
ကျောက်ကျန့်ဗြောင်က
"မစ်စတာလျူ ခင်ဗျားမှာ နည်းလမ်းရှိရဲ့လား၊ ကျွန်တော့်သူငယ်ချင်းက စိတ်ပူပန်ပြီး သတင်း ကိုစောင့်နေပါတယ်"
"စက်ပစ္စည်းနှစ်ခုရဲ့ထုတ်ပိုးမှုအရွယ်အစားကို ကျွန်တော်သိချင်တယ်၊ ဒါ့အပြင် အနည်းဆုံး မီတာ ၅၀ အနက်မှာ ရေမဝင်နိုင်အောင် ကာဖို့လည်း လိုအပ်တယ်"လို့ မေးလိုက်သည်။
"ကျွန်တော့်သူငယ်ချင်းက ကျွန်တော်တို့ ကုမ္ပ ဏီမှာရှိပါတယ်၊ မစ်စတာလျူ ခင်ဗျား ခဏ လောက် လိုက်ခဲ့ပြီး ကျွန်တော့်ဆီမှာ အသေး စိတ်ဆွေးနွေးကြရအောင် ဘယ်လိုလဲ"
"ကောင်းပြီ၊ အခုပဲသွားကြမယ်"ဟု ပြောလိုက် သည်။
ဟွန်တာအုပ်စုရဲ့ ဧည့်ခံခန်းတွင် လျူယောင် ကျောက်ကျန့်ဗြောင် နှင့် ကျိုးကျန်းမင်တို့ အတူတူထိုင်ကာ တစ်ဦးနှင့်တစ်ဦး မိတ်ဆက် လိုက်ကြသည်။ လိုအပ်တဲ့ ယဉ်ကျေးမှုများ ပြောဆိုပြီးနောက် အဓိကအကြောင်းအရာကို တဖြည်းဖြည်းရောက်ရှိလာကြသည်။
လျူယောင် ရဲ့မေးမြန်းမှုကို ရင်ဆိုင်ရတဲ့အခါ
ကျိုးကျန်းမင်က
"စက်ပစ္စည်းနှစ်လုံးကို သီးခြား စီထုပ်ပိုးထား ပါတယ် စက်တစ်ခုစီရဲ့ ထုပ်ပိုးပုံးက အလျား ၅မီတာ အနံ ၃ မီတာ အမြင့် ၂.၅ မီတာနဲ့ အလေးချိန်ကတော့ ၅၈၀၀ ကီလိုဂရမ်ရှိပါ တယ်"ဟု ဖြေလိုက်သည်။
လျူယောင် ဂရုတစိုက်နားထောင်နေသည်။ဒီလို အရွယ်အစားနှင့် အလေးချိန်ရှိတဲ့ ပစ္စည်းက တန်ချိန် ၃၀ ကျော်နေတဲ့လိပ်ကြီးအတွက် ကြီးမားတဲ့ ပြဿနာမဟုတ်ပေ။ လိပ်ကြီးက ဒါကို အပြည့်အဝသယ်ဆောင်နိုင်သည်။
ဟွာဟိုင်းမြို့မှ RB ကို အနည်းငယ်ဝေးပေမဲ့ အလွန်ဝေးတာတော့မဟုတ်ချေ။ လိပ်ကြီးရဲ့ အရှိန် ၁၃၀နူန်းဖြင့် တစ်ရက်အတွင်း အသွား အပြန်ပြုလုပ်နိုင်သည်။ ဒါပေမဲ့ ရေလုံမှု့က အရေးကြီးသည်။
အခြေအနေကို ပြောပြပြီးနောက် ကျိုးကျိန်းမင် က မျှော်လင့်ချက်ဖြင့် လျူယောင်ကို ကြည့် နေသည်။
"စက်ပစ္စည်းတစ်ခုစီရဲ့ ထုပ်ပိုးပုံးကို ရေလုံအောင်လုပ်ရပါမယ် အနည်းဆုံး မီတာ ၅၀ ရေအောက်အနက်မှာ ရေမဝင်စေရဘူးလို့ အာမခံနိုင်ရမယ်"ဟု ပြောလိုက်သည်။
ကျိုးကျိန်းမင်က
"ပြဿနာမရှိပါဘူး၊ ကျွန်တော်တို့က မီတာ ၁၀၀ အနက်အထိ ရေလုံအောင် အပြည့် အဝ လုပ်နိုင်ပါတယ်"လို့ သဘောတူလိုက်သည်။
"ဒါက ပိုပြီးကောင်းပါတယ်၊ ထုပ်ပိုးပုံးကို ရေလုံ အောင်လုပ်ပြီးနောက် ပင်လယ် ကမ်းစပ် ကိုရှာ ပြီး စက်ပစ္စည်းနှစ်ခုကို ပင်လယ်ထဲမှာထား လိုက်ပါ နေရာကတော့ လူသူနည်းနိုင်သမျှ နည်းသင့်တယ်၊ ပစ္စည်းတွေကို ထားပြီးရင် ကျွန်တော့်ကို နေရာအတိအကျပြောပြပေးပါ"
ကျိုးကျန်းမင် ရှုပ်ထွေးနေခဲ့သည်။
စက်ပစ္စည်းကို ပင်လယ်ထဲ ဘာလို့ထားရမည် နည်း။မကြာမီ သူနားလည်သွားခဲ့သည်။
ညနက်တဲ့ချိန်တွင် Global ရဲ့သင်္ဘောက အဲဒီနေရာ ကို တိတ်တဆိတ်သွားပြီးနောက် စက်ပစ္စည်းကို သင်္ဘောပေါ်သို့ အကူကိရိ ယာဖြင့် တင်ဆောင်ကာ ပြည်တွင်းကို တိတ်တဆိတ် ပို့ဆောင်လိမ့် မည်ဖြစ်သည်။
"ဟုတ်ပြီ ဒီလိုပဲဖြစ်ရမယ်"
ကျိုးကျန်းမင် စိတ်ကူး အရမ်းလွန်နေခဲ့သည်။ တကယ်တမ်းတော့ လျူယောင် ထိုမျှ ပင်ပန်း ရန် မလိုအပ်ချေ။ လိပ်ကြီးကိုသာ စေလွှတ် လိုက်မယ်ဆိုရင် ၅ တန် ၆ တန်သာရှိတဲ့ ပစ္စည်းကို အသာလေး သယ်ပေးနိုင်သည်။
သူတို့သုံးဦး အတူတူထိုင်ကာ လက်ဖက်ရည် သောက်ရင်း အသေးစိတ် အချက် အလက်များ ကို ဆွေးနွေးလိုက်ကြသည်။
နောက်တစ်နေ့ နံနက်စောစောတွင် ကျိုးကျန်း မင်က လိုအပ်တာ အားလုံးလုပ်ဆောင်ပြီး ကြောင်း လျူယောင်ကို ဖုန်းခေါ်ကာ တည် နေရာအတိအကျကို ပြောပြလိုက်သည်။
လျူယောင် ဖုန်းဖြေကြားပြီးနောက် လိပ်ကြီး ကို ဆက်သွယ်လိုက်သည်။
"လိပ်အကိုကြီး အလုပ်အချို့ရှိတယ် RB ကို အခုပဲသွားပြီး ပစ္စည်းတွေကို ပြန်ယူလာပေး အုံး"
"သခင်.ကျွန်တော်အခုပဲ သွားပါ့မယ်"
ထိုအချိန်တွင် လိပ်ကြီးက ဟိုင်ဟွားမြို့နှင့် ကီလိုမီတာ နှစ်ရာ၊ သုံးရာအကွာတွင် ရှိနေ သည်။ မနက်စာစားပြီးကာစဖြစ်တာကြောင့် လေ့ကျင့်ခန်းလုပ်ချင်နေတာနဲ့ အတော်ပဲ ဖြစ်သွားသည်။
နေရာအတိအကျကို သိပြီးနောက် လိပ်ကြီး သူ့ ရဲ့ ဧရာမလှံဖြင့် RB ကို ဦးတည် ကူးခတ် လာ ခဲ့သည်။
လျူယောင် အိမ်မွေးတိရစ္ဆာန် ချပ်ပြားကို ကြည့်ကာ ကျေနပ်နေခဲ့သည်။ လိပ်ကြီး ရဲ့အ လေး ချိန်က ၃၀.၆ တန်ကို ရောက်ရှိနေ ပြီဖြစ် ရာ နေ့တိုင်းနီးပါး တိုးတက်မှု့ရှိနေသည်။
အလေးချိန်တိုးလာခြင်းနှင့်အတူ အရည်အ ချင်းအမျိုးမျိုးလည်း တိုးတက်လာခဲ့သည်။
ဥပမာအားဖြင့် ခွန်အားအမှတ်မှာ ၁၈၄၉ ကို ရောက်ရှိခဲ့သည်။ ဒီလိုမျိုး ခွန်အားအရည် အ ချင်းနှင့်ဆိုရင် တစ်ဖက်တွင် ၁၇ သို့မဟုတ် ၁၈ တန်ရှိ ဧရာမလှံတစ်လက်ကို ကိုင်ထားပြီး
အခြားတစ်ဖက်တွင် ၅ တန်မှ ၆ တန်ရှိ စက်ပ စ္စည်း ယကို ကိုင်ထားခြင်းမှာ ပြဿနာမဟုတ် တော့ပေ။
RB သို့ သွားရာတွင် ရေမိုင် ခုနစ်ရာ !ရှစ်ရာခန့် အကွာအဝေးကို လိပ်ကြီးက လုံးဝမရပ် တန့် ခဲ့ပေ။
သူ ဦးတည်ရာကို ရောက်ရှိရန် ရေမိုင် နှစ်ရာ ကျော်သာ ကျန်တော့သည်။ရေအောက် မီတ ာတစ်ရာ ! နှစ်ရာခန့်တွင် ဧရာမလိပ်ကြီး ခရီး ဆက်နေသည်။ရေထဲတွင် သွားနေတဲ့ လိပ် ကြီးမှာ ဆယ်ကီလိုမီတာ ကျော်အကွာ တွင်ရှိ သော ကြောက်မက်ဖွယ်ကောင်းတဲ့ ငါးမန်းကို လောလောဆယ်တွင် သတိမထားမိပေ။
ဒီလို ဧရာမငါးမန်းကို လူသားတို့သမိုင်းတွင် တစ်ခါမျှရှာဖွေတွေ့ရှိဖူးခြင်း မရှိသေးဘူးလို့ ခန့်မှန်းရသည်။
ထိုငမန်းတို့တွေ့ရှိခဲ့ပါက ထိပ်တန်း လျှို့ဝှက် ချက်အဖြစ် သတ်မှတ်ခံရဖွယ်ရှိသည်။
ဒီဧရာမငါးမန်းက အလျား ၃၀ မှ ၄၀ မီတာ အ ထိရှည်ပြီး အလေးချိန် ၁၀၀ တန်ကျော်ရှိ သည်။
သူ့ရဲ့အလေးချိန်က လိပ်ကြီးထက် သုံးဆပိုများ သည်။ ပါးစပ်တွင် သွေးများပြည့်နေပြီးအတွင်း တွင် ဧရာမချွန်ထက်နေတဲ့သွားများက စိတ်ကို အေးစိမ့်သွားနိုင်သည်။
ငါးမန်းတစ်ကောင်ရဲ့ကိုက်နိုင်တဲ့အားက အံ့သြ စရာကောင်းနေပြီဖြစ်သည်။ဒီလို ဧရာမငါးမန် းတစ်ကောင် ဘာလို့ ပေါ်လာရတယ်ဆိုတာ လောလောဆယ်တွင် လျှို့ဝှက်ချက် တစ်ခုဖြစ် နေသည်။
ဧရာမငါးမန်းနဲ့ လိပ်ကြီးတို့ လောလောဆယ် တွင် တစ်ဦးနှင့်တစ်ဦး ရှာမတွေ့သေးပေ။ သူတို့နှစ်ဦးကြား အကွာအဝေးမှာ ဆယ်ကီလို မီတာကျော် ကျန်နေသေးသည်။
သူတို့တွေ့ဆုံခဲ့ပါက ဘာတွေဖြစ် လာမလဲ ဆိုတာကိုတော့ ဘာသာပြန်သူလည်း မသိပေ။
သူ့ရဲ့အရွယ်အစားထက် သုံးဆပိုကြီးတဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ရမယ်ဆိုရင် လိပ်ကြီး အနိုင်ရရန် အခွင့်အရေးရှိပါသလား။
ခန့်မှန်းချက်က အလွန်နည်းပါးနေသည်။
လိပ်ကြီး ရေလမ်းပေါ်တွင် အလုပ်များနေခဲ့ပြီး ဒီကြောက်မက်ဖွယ်ကောင်းတဲ့ ဧရာမငါးမန်းကို ဆယ်ကီလိုမီတာကျော်အကွာအဝေးမှ ဖြတ် သွားခဲ့သည်။
လိပ်ကြီး တဖြည်းဖြည်း ပိုမိုဝေးကွာသွားကာ RB နိုင်ငံကို ရောက်ဖို့ ပိုမိုနီးကပ်လာသည်။
တစ်နာရီကြာပြီးနောက် ဦးတည်ရာ အကွာ အဝေးမှာတဖြည်းဖြည်းနီးကပ်လာသည်။
မရပ်မနားဘဲ ရေမိုင် ၇၀၀ ကျော်ကို တစ်ခါ တည်း ကူးခတ်လာခဲ့တဲ့ လိပ်ကြီးမှာ ပင်ပန်း ခြင်းမရှိပေမဲ့ ဆာလောင်နေသည်။
လမ်းတစ်လျှောက်လုံး မနားတမ်း ရေကူးခတ် တာကြောင့် မောပန်းတာကတော့ အမှန်ပင်။
နောက်ဆုံးတော့ လိပ်ကြီး သူ့ရဲ့ခရီးကို ခေတ္တ ရပ်တန့်ပြီး အစာစားဖို့ စတင် အမဲလိုက်ခဲ့ သည်။
ဒီနေရာရဲ့ ပင်လယ်ရေမှာ ကြည်လင်နေတာ ကြောင့် အလွန်အမင်းမြင်နိုင်စွမ်းဖြင့် သူ က တစ်ကီလိုမီတာ နှစ်ကီလိုမီတာအကွာတွင်ရှိနေ တဲ့ ငါးကြီးများကို မြင်နိုင်သည်။
ပစ်မှတ်ကိုတွေ့ပြီးတာနဲ့ လိပ်ကြီး ချက်ချင်း ပြေးဝင်သွားသည်။ တစ်ကီလိုမီတာ နှစ်ကီ လိုမီတာက ဝေးကွာတယ်လို့ ထင်ရပေမဲ့ လိပ်ကြီးက မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာခဲ့သည်။
"ဟိုမှာ ငါးကြီးတစ်ကောင်ရှိတယ်"
ပစ်မှတ်ကိုတွေ့ရှိပြီးနောက် လိပ်ကြီး ပြေးဝင် သွားသည်။ထိုအကောင်ရဲ့ လျင်မြန်တဲ့ အရှိန် ကြောင့် နာမည်ကြီး နေရောင်ခြည်ငါးဖြစ်ပေမဲ့ လိပ်ကြီးရှေ့တွင်တော့ ထွက်ပြေးရန် ပင် အခွင့်အရေးမရခဲ့ပေ။
သူ ပြေးသွားကာ ကိုက်လိုက်သည်။
ဒီ နေရောင်ခြည်ငါးက ဘာလို့ဒီ လောက်ကြီး နေရတာလဲ။ အများအားဖြင့် တွေ့ရလေ့ရှိတဲ့ ငါးထက် နှစ်ဆ၊ သုံးဆပိုကြီးနေသည်။
အရသာရှိသောအစားအစာကို စားနေစဉ်တွင် လိပ်ကြီးက အနည်းဆုံးပေါင်တစ်ထောင် နှစ် ထောင်ရှိတဲ့ ဒီနေရောင်ခြည်ငါးကို စားရင်း အံ့သြနေခဲ့သည်။
လိပ်ကြီး စိတ်ထဲမှ
" ဒီဟာက အနည်းငယ်ပုံမှန်မဟုတ်ဘူး”လို့ ခံစားနေရသည်။
"ဒီပင်လယ်ပြင်ဧရိယာက ငါးများမှာ အခြား ပင်လယ်ပြင်ဧရိယာမှာရှိတဲ့ ငါးများထက် ယေဘုယျအားဖြင့် ပိုကြီးတာလား! "
ဒါပေမယ့်လည်း ဒီအဖြေက မမှန်ပေ ။
ငါး ၉၀% ကျော်က ပုံမှန်ဖြစ်နေခဲ့ပြီး အရေ အတွက်အလွန်နည်းပါးတဲ့ ငါးမျိုးစိတ်များသာ သာမာန်ထက် နှစ်ဆ၊ သုံးဆ ပိုကြီးနေသည်။