Ch 85
Viewers 5k

အခန်း  85  ဒါ ဘာ ဖြစ်တာလဲ  




လှေကို ကိုက်ဖြတ်ထားတဲ့အပိုင်းများက မညီ ညာတဲ့အတွက် အနည်းငယ်ကြောက်စရာ ကောင်းနေသည်။




လျူယောင် အချိန်အတော်ကြာ တိတ်ဆိတ် နေပြီး စိတ်ထဲတွင်တွေးနေတာ ဒီလောက် ကြီး မားတဲ့ ကိုက်အားမျိုးရှိရင် လိပ်ကြီးတောင် ထို ကြီးမားတဲ့အကောင်နှင့်တွေ့ပါက အနိုင်ဖို့ မ သေချာပေ။ တိုက်ပွဲက ရှုံးတောင်ရှုံးနိုင်သည်။

ရန်သူမှာ အလွန်ကြီးမားပြီး ကိုက်အားလည်း အလွန်အံ့သြဖွယ်ကောင်းလှသည်။




ဟူဂျွန်းရှီ ဆက်ပြောတာက 



“အစ်ကိုယောင်၊ လှေငယ်လေးကိုတောင် နှစ်ပိုင်းဖြတ်လိုက်တာ ကိုက်အားက အရမ်းကြောက်စရာကောင်းတယ်။ RB ရဲ့ ရေပြင်မှာ ဒီလိုမျိုးကောင်ကြီးရှိနေတော့ အဲ့နေရာကလူတွေ ပိုပြီးသတိထားနေသင့်တယ် ”ဟု  ထိတ်လန့်စွာ ပြောလိုက်သည်။



လျူယောင်  ခေါင်းညိတ်ပြီး 


“ဒီလိုရက်စက်တဲ့ဧရာမငါးမန်းကြီးက အခွင့်အ ရေးရတာနဲ့ လူသားတွေကို ပြန်တိုက်ခိုက် လိမ့် မယ်။ သက်ဆိုင်ရာ သတင်းတွေထွက်လာဖို့ သိပ်မကြာတော့ဘူး၊ လူတချို့လည်း ထပ်သေ နိုင်လောက် တယ် “




သူတို့နှစ်ယောက်စကားပြောပြီးနောက် ဟူဂျွန်း ရှီ ပြန်သွားကာ လျူယောင်က  RB ကို ဦးတည် နေတဲ့ လိပ်ကြီးကို ဆက်လက် အာရုံစိုက် နေခဲ့ သည်။ ချပ်ပြားတွင်ကြည့်လိုက် တဲ့အခါ လိပ် ကြီးက ပင်လယ်ထဲတွင် အလွန်လျင်မြန်စွာ ရွေ့ လျားနေတာကိုတွေ့ရပြီး လုံးဝပင် ပန်းနွမ်းနယ် ခြင်းမရှိပေ။



လိပ်ကြီး  ရပ်တန့်ခြင်းမရှိဘဲ ရေမိုင်ရာပေါင်းမျ ားစွာ ကို ကူးခတ်ခဲ့သည်။ 




ယခုအချိန်တွင် ဦးတည်ရာက ရေမိုင် ၂၀၀ ခန့်သာကျန်တော့သည်။ ရောက်ဖို့ တစ်နာရီ ကျော်ကြာလာက်မည်။



လိပ်ကြီးရဲ့ အရှိန် အနည်းငယ်ပိုမြန်လာသည်။ ရှင်းနေတာက သူ ဒီတာဝန်ကို ပြီးအောင် လုပ် ချင်ပြီး ပစ္စည်းကို အမြန်ယူလိုသည်။


နောက်ထပ် ရေမိုင်ဆယ်ဂဏန်းလောက် ကူးခ တ်ပြီးအကြာမှာ လိပ်ကြီး ရပ်လိုက်ရသည်။

ရှေ့တွင် အကောင်ကြီးတစ်ကောင် ရှိနေသည်။




ပင်လယ်ထဲတွင် ငါးမန်းကက မရှားပါးပေ။ 



လိပ်ကြီးက  ဝေလငါးများကိုပင် မြင်ဖူးသည်။

သူမြင်ဖူးတဲ့အကြီးဆုံးငါးမန်းက အနည်းဆုံး ၆ မီတာ သို့မဟုတ် ၇ မီတာရှည်ပြီး အလေးချိန် ၂ တန်၊ ၃ တန်ထက်ပိုရှိသည်။ 



“ဒါဆို ရှေ့က ကောင်ကရော “



သူ့ရှေ့ကကောင်က လိပ်ကြီးမြင်ဖူးသမျှ အကြီး ဆုံး ငါးမန်းဖြူထက် အနည်းဆုံး အဆများစွာ ကြီးမားပြီး အလေးချိန်ကလည်း ၁၀ တန်မရှိရင် တောင် အနည်းဆုံး ၇ တန်၊ ၈ တန်လောက် ရှိ သည်။အလေးချိန်များတဲ့အပြင် သူ့ရဲ့အရွယ်အ စားကလည်း ကြီးမားလှသည်။




ဒါက ရှားပါးတဲ့ ငါးမန်းကြီးတစ်ကောင်ဖြစ်ပြီး နျူကလီးယားဓါတ်ရောင်ခြည်ရဲ့ လွှမ်းမိုးမှု့ ကြောင့် ဒီလောက်ကြီးမား လာခြင်းဖြစ်နိုင် သည်။ သွေးဆာပြီး ရက်စက် ကြမ်းကြုတ် သည်။


လိပ်ကြီး ရပ်တန့်လိုက်ပြီး ဧရာမလှံကြီး ကို ကိုင်ကာ ရှေ့မှကောင်ကြီးကို ကြည့်နေသည်။

သူက ဒီကောင်ကိုကြောက်ခြင်းမဟုတ်ပေ။ 




လိပ်ကြီးက  ထို အကောင်ထက်ကြီးပြီး အလေး ချိန်ကလည်း အဆများစွာပိုသည်။ ဒါ့ကြောင့် ကြောက်စရာအကြောင်းမရှိပေ။



လိပ်ကြီး ဒီလောက်ကြီးမားတဲ့ ငါးမန်းကြီးဘယ် လို ရှိလဲဆိုတာ သိချင်ရုံသာ ဖြစ်သည်။ဒီ ကြီး မားတဲ့  ငါးမန်းကြီးရဲ့အရသာက ဘယ်လိုရှိမလဲ လိပ်ကြီး လျှာသပ်လိုက်သည်။


“ အိုး သူနည်းနည်းဆာနေပုံရသည် “



ငမန်းကြီးက လိပ်ကြီးကို မြင်တဲ့အခါ လုံးဝမ ကြောက်ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူ့ရဲ့ ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာတဲ့ မျက် နှာသွင်ပြင်က လုံးဝပေါ်လာသည်။


သူတို့ ၃ စက္ကန့်မှ ၅ စက္ကန့်ခန့်သာ ထိပ်တိုက်ရင် ဆိုင်နေပြီးနောက် ရှေ့ကိုပြေး ဝင်လာကြ သည်။ငမန်းကြီးက  သွေးများပေကျံနေတဲ့ ပါး စပ်ကို အဟောင်းသားဖွင့်လိုက်ပြီး အတွင်းထဲရှိ လွှသွားလို ချွန်ထက်တဲ့အံများကိုထုတ်ပြကာ လိပ်ကြီးကို ကိုက်ချလိုက်သည်။




လိပ်ကြီးက  ကြီးမားပုံရပေမဲ့ နှေးကွေး လေးလံ ခြင်းမရှိတဲ့အပြင် ပိုမိုသွက်လက်ကာ လျင် မြန်စွာ ရှောင်တိမ်းလိုက်သည်။ ငါးမန်းကြီးက 

လည်း အလျှော့မပေးပေ။ လေကိုသာ  ကိုက်မိ ပြီးနောက် အမြီးကိုရိုက်ခါ ပြန်လှည့်ပြီး ထပ်ကိုက်ပြန်သည်။



“မင်း၊ ငါ့ကို အကြိမ်ကြိမ်ထပ်ကိုက်ဖို့ ကြိုးစား တယ်  ငါ့ကို ဗိုလ်ကျနိုင်မယ်လို့ထင်နေလား”


လိပ်ကြီး ဒေါသထွက်သွားသည်။



လက်စားချေတဲ့အနေဖြင့် ပါးစပ်ကိုဖွင့်ကာ ဝေ လငါးကြီးကို ပြန်ကိုက်လိုက်သည်။


“ဗြုန်း!”


ငမန်းကြီးကလည်း နောက်ဆုံးတွင် လိပ်ကြီးကို ကိုက်မိပေမဲ့ ကိုက်မိတာက လိပ်ကြီးရဲ့ နောက် ကျောရိုးကို ဖြစ်သည်။



ငမန်းကြီးသာ  စကားပြောနိုင်ပါက


 “မင်းကိုယ် က ဘာလို့ ဒီလောက်မာတာလဲ ငါ့ သွားတွေကျိုးကုန်ပြီ” ဟု အော်ဟစ်ဆဲဆို ပေလိမ့်မည်။



လိပ်ကြီးလည်း ငမန်းကြီးကိုတစ်ကိုက် ကိုက် မိလိုက်သည်။ ဒီတစ်ကိုက်က  အသက်မသေ စေနိုင်ပေမဲ့ ငမန်းကြီးကို ပြင်းထန်စွာ ထိခိုက် စေပြီး ပင်လယ်ရေမှာ ချက်ချင်းနီရဲသွား၏။


ကိုက်ပြီး ဆွဲဖြဲပစ်လိုက်သည်။


အသား အနည်းဆုံး ပေါင် ၁၀၀ ခန့်ကို လိပ်ကြီး ကိုက်ဖြတ်ပစ်လိုက်သည်။



" အမငီး နာလိုက်တာ  နာလိုက်တာ" 


ငမန်းကြီး  အမြီးကိုခါကာ ထွက် ပြေးချင်ခဲ့ သည်။ သူက ဆက်ပြီး  မိုက်ရူးရဲ မဆန်သင့် ကြောင်း သူ့ကိုယ်သူ သိသည်။




ဒါပေမဲ့  လိပ်ကြီးရဲ့လက်ထဲမှ ဧရာမလှံက လျင်မြန်စွာ ထိုးသွင်းပြီးသားဖြစ်၏။


  " စွက် "


ထက်မြက်တဲ့ လှံသွားက အသားထဲ ထိုးဖောက် ဝင်ရောက်သွားသော အသံနှင့်အတူ ငါးမန်း ကိုယ်ကြီး ထက်ဝက်ပြတ်သွားသည်။ ကြီးမား တဲ့လှံထိပ်ချွန်က  ငမန်းကြီးရဲ့ကိုယ်ကို လုံးဝ ဖောက်ဝင်သွားခဲ့သည်။



ပင်လယ်ရေများ ပိုမို နီရဲလာပြီး ငမန်းသွေးများ နဲ့ ပြည့်နေသည်။ဒီမိုက်ရူးရဲဆန်တဲ့ ငမန်း ငတုံး နောက်ဆုံးတွင်သေဆုံးသွားခဲ့သည်။ 


လိပ်ကြီးက ဒီလောက်ကြီးမား တဲ့ငါးမန်း ကို မြင်တဲ့အခါ သူ့အစာစားချင်စိတ်လည်း တိုးလာသည်။


“ကောင်းပြီ၊ ရေမိုင်ရာပေါင်းများစွာ ကူးလာ တော့ ဗိုက်ဆာနေတာနဲ့ အတော်ပဲ ဗိုက်ဖြည့် ပြီးမှ ဆက်သွားရမယ်”





ဒါ့ကြောင့်ဒီ ၁၀ မီတာအရှည်ရှိတဲ့ ငမန်းကြီးက  လိပ်ကြီးရဲ့ စားစရာဖြစ်သွားပြီး လျင်မြန်စွာ ဝါးစားနေခဲ့သည်။



၁၀ မိနစ်အတွင်းမှာပင် လိပ်ကြီးဒီ ငါးမန်းကြီးရဲ့ တစ်ဝက်ကျော်ကို စားပြီးသားဖြစ်နေသည်။ လုပ်ငန်းစဉ်တစ်ခုလုံးက  ဝံပုလွေတစ်ကောင် ဆာလောင်နေသလို စားချင်းပဲဖြစ်သည်။



တစ်ဝက်ကျော်သာကျန်တော့ပြီး လိပ်ကြီး ဆက်မစားတော့ဘဲ ပစ်ထားခဲ့သည်။ သူ ဗိုက် ပြည့်သွားပြီဖြစ်သည်။ ပထမဦးစားပေးမှာ တာဝန်ပြီးအောင်လုပ်ပြီး စက်ကိရိယာများကို ပြန်ယူရန်သာဖြစ်သည်။



လိပ်ကြီး သူ့ရဲ့ဦးတည်ရာကို လျင်မြန်စွာ ထွက် ခွာသွားသည်။




မိနစ်အနည်းငယ်အတွင်းမှာပင် အရှည် ၃၀ မီ တာမှ ၄၀ မီတာရှိပြီး ဧရာမကိုယ်ထည်ရှိသော ငါးမန်းကြီးတစ်ကောင် ရောက်လာသည်။ ခုနကငါးမန်းကြီးက ဒီဧရာမငါးမန်းကြီးနှင့် လုံးဝယှဉ်လို့မရပေ။


ဧရာမငါးမန်းကြီးက တစ်ဝက်ကျန်နေ တဲ့ငါး မန်းကိုယ်ကိုမြင်တဲ့အခါ တစ်ကိုက်တည်းနှင့် မျိုချလိုက်ပြီးနောက် ထိုနေရာတစ်ဝိုက်တွင် ရက်စက်ကြမ်းကြုတ်စွာ ကူးခတ်နေသည်။

အနည်းဆုံး မိနစ် ၃၀ ခန့် ကူးနေပြီး မထွက် ခွာချင်ထွက်ခွာချင်နှင့် ထွက်သွားခဲ့သည်။


လိပ်ကြီးက ထွက်သွားနှင့်ပြီဖြစ်သည်။




လိပ်ကြီးသာ မိနစ်အနည်းငယ်နောက်ကျပါက ဒီဧရာမငါးမန်းကြီးနှင့် တွေ့ဆုံမိမှာ သေချာ သည်။ဒီလိုဖြစ်လာပါက ဘယ်လိုရလဒ် ဖြစ်မ လဲဆိုတာကို ဘာသာပြန်သူ ကိုယ်တိုင်လည်း မသိပေ။




လိပ်ကြီး စက်ကိရိယာများထားရှိတဲ့  ကမ်းခြေ ကိုရောက်တဲ့အခါ ပင်လယ်ရေအနက်က ၂၀ မီတာမှ ၃၀ မီတာခန့်ရှိပြီး စက်ကိရိယာများက ရေအောက်တွင် ငြိမ်သက်စွာရှိနေခဲ့သည်။

ဘယ်လိုပဲရှိရှိ လိပ်ကြီးက  နည်းဟောင်းအတိုင်း စက်ကိရိယာကို ပါးစပ်ဖြင့်ကိုက်ကာ ထွက်ခွာ လာခဲ့သည်။



 မကြာမီပင် ဒီနေရာမှ ထွက်ခွာပြီး ဟွာဟိုင်းမြို့ ကို ဦးတည် ကူးခတ်နေသည်။


“သခင် ကျွန်တော် ပြန်လာနေပါပြီ ”


လိပ်ကြီး  ဟွာဟိုင်းကို ရောက်ပြီးနောက် လျူ ယောင် ကို အရင်ဆုံးဆက်သွယ်ခဲ့သည်။



လျူယောင်  တတိယအမြင်ကို လျင်မြန်စွာ ဖွင့် လိုက်ပြီး ပင်လယ်ထဲတွင်ရွေ့ လျားနေတဲ့ လိပ် ကြီးကို တွေ့လိုက်ရသည်။ သူ့ပါးစပ်ထဲတွင် ကြီးမားတဲ့ အထုပ်တစ်ထုပ် ကိုက်ထားတာကို လည်းတွေ့ခဲ့ရသည်။ 


ဒါက စက်ကိရိယာပင်ဖြစ်ရမည်။



“လိပ်ကြီး လမ်းမှာ ဘာတွေဖြစ်ခဲ့သေးလဲ ”




လိပ်ကြီး မကြာမီက ဖြစ်ပျက်ခဲ့တာများကို လျင်မြန်စွာ ပြန်ပြော ပြလိုက်သည်။



လျူယောင် ခဏတာ အံ့အားသင့်သွားပြီး ၁၀ မီတာကျော်အရှည်ရှိသော ငါးမန်းကြီးနှင့် တွေ့ဆုံခဲ့ရတာကို မမျှော်လင့်ထားပေ။ 


ဒီငါးမန်းမျ်ုးက  အလွန်ရက်စက်ပြီး သွေးဆာ သည်။




လျူယောင် စိတ်ထဲတွင်တွေးတာက  နျူက လီးယားဓါတ်ရောင်ခြည်ရဲ့ လွှမ်းမိုးမှု့ကြောင့် အဆမတန်ကြီးမားလာဖွယ်ရှိသည်။ 


“လိပ်ကြီး  ဒီလိုကြီးမားတဲ့ငါးမန်းနဲ့တွေ့တာ အဆင်ပြေလား ”


လိပ်ကြီး ပြောလိုက်တာက 


“ကျွန်တော်အဆင်ပြေပါတယ် အဲဒီငါးမန်း ကြီးရဲ့ သေခြင်းရှင်ခြင်းကို ဂရုမစိုက်ပါဘူး “ 


“ကျွန်တော့်ရဲ့အစားအစာဖြစ်သွားပါပြီ၊အဲ့ကောင်က ကျွန်တော့်  ဗိုက်ကို ပြည့်စေခဲ့တယ် ”



“ကောင်းပါပြီ ”



လျူယောင် လည်း စိတ်သက်သာ ရာရသွား ခဲ့သည်။ လိပ်ကြီး စက်ကိရိယာကိုကိုက်ပြီး ပြန် လာနေတာကိုတွေ့ရတဲ့အခါ ဘေးကင်းရေး ကို ဂရုစိုက်ရန် မှာကြားခဲ့သည်။




RB ရဲ့သတင်းအရ အဆိုပါနေရာတွင် အရှည် ၃၀ မီတာမှ ၄၀ မီတာနှင့် အလေးချိန် တန် ၁၀၀ ကျော်ရှိတဲ့ ဧရာမငါးမန်းကြီး ပေါ်လာနိုင် သည်။



လိပ်ကြီးကို မှာကြားပြီးနောက် လျူယောင် တတိယအမြင်ကိုပိတ်ရန် စဉ်းစားခဲ့ပေမဲ့  



ရုတ်တရက် လိပ်ကြီးက ပုံမှန်မဟုတ်တော့ပဲ သူ့ အရှိန်မှာ အတော်လေးမြန်လာတာကို တွေ့ လိုက်ရသည်။



     

          “ဒါ ဘာ ဖြစ်တာလဲ "