Ch 42
Viewers 5k

အခန်း 42 သူဌေးက ဒဏ္ဍာရီလာ မာစတာများလား

ချန်းဟူ ကားကို မောင်းလာခဲ့ပြီး ပင်လယ်ကမ်းစပ်မှာရှိတဲ့ ဂိုဒေါင်ကို မနက်ဆယ်နာရီတွင်ရောက်ရှိလာသည်။

  လျူယောင် သော့ ကို ဖွင့်ပြီးဂိုဒေါင် တံခါး ဖွင့် ဝင်လိုက်သည်။

ဂိုဒေါင်တွင် ဂိတ်ကြီး နှစ်ခုရှိသည်။ သံတံခါးကြီးတစ်ခုကို ဝင်ပြီးနောက် မျက်နှာချင်းဆိုင်က ဂိုဒေါင်ကြီးမှာ နောက်ထပ် ဂိတ်တစ်ခုဖြစ်သည်။

ဂိတ်ကြီးနှစ်ခုရဲ့ သော့က လျူယောင့် လက်ထဲတွင် ရှိတာကြောင့် လုံခြုံရေး မှာ စိတ်ချရသည်။

လိပ်ကြီးမှာ သစ်လုံးများအားလုံးကို ဂိုဒေါင်ထဲ ရွှေ့ထားပြီးနေသည်။"ဒါတွေက ဘယ်သစ် အမျိုးအစားများဖြစ်ပြီး ငွေကြေးတန်ဖိုးရော ရှိပါသလား။ဒါမှမဟုတ် သာမန်သစ်များသာဖြစ်ပြီး တန်ဖိုးမရှိဘူးလား။ "

"ဘုရားသခင် ကူညီတော်မူပါ။ ကျွန်ုပ်ရဲ့ မျှော်လင့်ချက်များအားလုံး ဒီသစ်လုံးများအပေါ်တွင် တည်ရှိနေသည်။ ကုမ္ပဏီများ တည်ထောင်ပြီး ငွေကြေးများစွာ ရှာဖွေရမည် "

လျူယောင် အသက်ပြင်းပြင်းရှူကာ စိတ်ကို ငြိမ်အောင် ကြိုးစားပြီးနောက် သော့ကို ထုတ်ကာ ဂိုဒေါင်တံခါးကို ဖွင့်လိုက်သည်။

တံခါးပွင့်သွားနဲ့အတွင်းပိုင်းအခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ဂိုဒေါင်ကျယ်ရဲ့  အလယ်ဗဟိုတွင် သစ်များ စုပုံလျက် တောင်ကုန်းတစ်ခုလို သပ်သပ်ရပ်ရပ် ရှိနေပြီး အလွန်ပင် ခမ်းနားလှသည်။ သစ်လုံးတစ်ခုစီတိုင်းက အတော်အသင့် ထူထဲသည်။

အသေးဆုံးအချင်းမှာ ၃၀ မှ ၄၀ စင်တီမီတာခန့်ရှိပြီး အကြီးဆုံးတစ်ခုမှာ ၁.၅ မီတာခန့် အချင်းရှိသည်။ သစ်တစ်ချပ်စီရဲ့ မျက်နှာပြင်အရောင်က မည်းမှောင်ပြီး မီးခိုးနက်ရောင်ဖြစ်ကာ မျက်နှာပြင်တွင် စိုစွတ်နေပြီး အချို့မှာ ရွှံ့ပေနေသည်။

ဒီလောက် များပြားတဲ့ သစ်လုံးကြီးများကို မြင်လိုက်ရတော့ လျူယောင် ဝမ်းသာသွားသည်။

လျူယောင် အမိန့်ပေးလိုက်သည်- "ချန်းဟူ၊ ဂိတ်နှစ်ခုလုံးကို ပိတ်လိုက်ပါ "

အမိန့်ပြီးဆုံးတာနဲ့ လျူယောင်အပြေးအလွှားသွားကာ သစ်လုံးများရှေ့ကို ရောက်ရှိလာပြီး စိတ်ဝင်တစား ကြည့်ရှုလိုက်သည်။

သစ်လုံးများကို သူမြင်ဖူးတာက ဒါ ပထမဆုံးအကြိမ်ပင်။ ယခင် လိပ်ကြီးထံမှ သေးငယ်တဲ့ တစ်လုံးကိုသာ ထုတ်ယူဖူးပြီး ထိုသစ်လုံးကလည်း ယခုသစ်လုံးများနှင့်အတူ ဒီနေရာတွင် ရှိနေသည်။

သစ်လုံးများကို လှည့်ပတ်ကြည့်ရှုပြီးနောက် လျူယောင်က  ကိုင်တွယ်ကြည့်ရှုခြင်း၊ အနံ့ခံခြင်းများ ပြုလုပ်ခဲ့ပေမဲ့  ဒါက ဘယ်သစ်အမျိုးအစားများဖြစ်တယ်ဆိုတာကို သူ တကယ်ပင် မပြောနိုင်ခဲ့ချေ။

အကြောင်းမှာ လျူယောင်က  ကျွမ်းကျင်သူ မဟုတ်တာကြောင့်ဖြစ်သည်။

"သူဌေး၊ ဒီမှာ သစ်လုံးတွေ အများကြီးပဲ၊ အဲဒီထဲက တစ်လုံးဆို အရမ်းကြီးတာပဲ "

ချန်းဟူက ရောက်နှင့်နေခဲ့ပြီး ဂိုဒေါင်ထဲတွင် ဒီလောကြီးမားတဲ့  သစ်လုံးများစွာကို မြင်လိုက်ရာ  အနည်းငယ် အံ့အားသင့်သွားသည်။

လျူယောင် ခေါင်းညိတ်ပြပြီး ဖုန်းကိုထုတ်ကာ ဓာတ်ပုံ စတင်ရိုက်လိုက်သည်။ နေရာမျိုးစုဲမှ ဓာတ်ပုံဆယ်ပုံကျော် ရိုက်ယူခဲ့ပြီး သစ်သားအစိတ်အပိုင်းအချို့ရဲ့ အနီးကပ်ဓာတ်ပုံများကိုလည်း ရိုက်ယူခဲ့သည်။

ချန်းဟူလည်း သစ်လုံးကြီးများကို သေချာကြည့်ရှုခဲ့သည်။

ခဏကြာကြည့်ပြီးနောက် သူက "သူဌေး၊ ဒါတွေက သစ်အမျိုးအစား နှစ်မျိုးဖြစ်ပုံရတယ်" လို့  ပြောလိုက်သည်။

လျူယောင်က ခေါင်းညိတ်ပြီး "ငါလည်း သစ်အမျိုးအစား နှစ်မျိုးလို့ ထင်တယ်။ အသေးစိတ်ကိုတော့ သိတဲ့သူကို ရှာပြီး ကြည့်ခိုင်းမှ ရမယ်" လို့ ပြန်ပြောလိုက်သည်။

လျူယောင်  ဓာတ်ပုံ ဒါဇင်ပေါင်းများစွာ ရိုက်ခဲ့ပေမဲ့ မလုံလောက်သေးဘူးလို့ ခံစားရပြီး ချန်းဟူ အား ပြောလိုက်သည်။

"ဒီသစ်လုံးကို မရွေ့ရအောင်၊ငါ ဓာတ်ပုံကောင်းကောင်း ရိုက်ချင်လို့ " 

ချန်းဟူက " ဒီလိုထူထဲတဲ့ သစ်တုံးက ပေါင်တစ်ထောင်မရှိရင်တောင် အနည်းဆုံး ပေါင်ခုနစ်၊ ရှစ်ရာတော့ ရှိတယ်၊ ကျွန်တော်တို့ နှစ်ယောက် ဘယ်လိုမှ ရွှေ့နိုင်မှာမဟုတ်ဘူးလို့" ပြောချင်နေခဲ့သည်။

လျူယောင်က ဖုန်းကိုသိမ်းပြီး အက်ျီလက်ပင့်လိုက်ကာ သစ်တုံး ရွှေ့တော့မယ့်ပုံစံကိုမြင်တော့ သူ ပြောမဲ့စကားလုံးတွေကို ပါးစပ်ထဲပြန်မြိုချလိုက်ကာ စိတ်ထဲမှ ပြောလိုက်သည်။

"ရွှေ့တဲ့အခါ  မလှုပ်တာကို သိတဲ့အခါကျရင် သူဌေးလည်း ဒီသစ်တုံးက ရွှေ့ရတာ မလွယ်ဘူးဆိုတာ သိသွားမှာပဲ "

ချက်ချင်းပင် ချန်းဟူ ပါးစပ်အဟောင်းသားဖြစ်သွားသည်။

"ဘာ! "

လျူယောင်က သစ်လုံးရဲ့ အခြားတစ်ဖက်ကို လက်နှစ်ဖက်ဖြင့် အလွယ်တကူ မတင်လိုက်တာကို တွေ့ရပြီး "ဘာထိုင်ငေးနေတာလဲ၊ မြန်မြန်ရွှေ့" ဟု အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

ချန်းဟူ နောက်ဆုံးတော့ သတိဝင်လာပြီး ဒူးထောက်ထိုင်ချလိုက်ကာ သစ်လုံးရဲ့ အခြားတစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ရွှေ့ရန် ပြင်လိုက်သည်။

သူ ခွန်အားအားလုံးကို ထုတ်သုံးလိုက်ပြီး မျက်နှာနီရဲနေအောင် ကြိုးစားပြီးမှ နောက်ဆုံးတွင် မ နိုင်ခဲ့သည်။

သူက စစ်မှုထမ်းဟောင်း အထူးတပ်သားတစ်ဦးဖြစ်ပြီး အားအင်မှာ အလွန်ပြည့်ဝနေဆဲဖြစ်သည်။ ပေါင်သုံးလေးရာခန့်ကို ခဲယဉ်းစွာ မ နိုင်သေးသည်။ ယခု သူ့လက်ထဲတွင် ပေါင်သုံးလေးရာခန့်သာ ရှိသည်။

"ဒီဘက်ကို နည်းနည်းထပ်ရွှေ့လိုက်ပါ "

လျူယောင် က ပုံမှန်မျက်နှာဖြင့်ပင် ဓာတ်ပုံရိုက်လို့ အဆင်ပြေစေရန် သစ်သားကို တစ်ဖက် ရွှေ့ဖို့ အမိန့်ပေးလိုက်သည်။

ချန်းဟူကို ပိုပြီး မယုံကြည်နိုင်အောင် လုပ်ခဲ့တာက လျူယောင်ဟာ သစ်လုံးရဲ့အစွန်အဖျားကို လက်တစ်ဖက်တည်းနဲ့ မတင်ပြီး ကျန်လက်တစ်ဖက်ကိုတော့ အိတ်ထဲက ဖုန်းကို ထုတ်လိုက်တာပါပဲ။

"ဘာ"

"သူဌေးက ဘယ်လိုလုပ်တာလဲ "

ဒီသစ်သားတုံးက အနည်းဆုံး ပေါင်ခုနစ်ရှစ်ရာရှိတာ ရှင်းပါတယ်။ သူ့လက်ထဲက အလေးချိန်က ပေါင်သုံးလေးရာလောက်ပဲ ရှိမယ်လို့ ခန့်မှန်းရသည်။

"ကဲ၊ ဒီမှာပဲ ထားလိုက်ရအောင်"

လျူယောင်က ပုံမှန်အတိုင်းပဲ ကြည့်နေပေမဲ့ ချန်ဟူကတော့ အားအင်ကုန်ခမ်းနေပြီး ခုနက သူ အားအင် အကုန်သုံးလိုက်တာကြောင့် မလူပ်ချင်တော့ပေ။

သူ့တပ်ထဲတုန်းကဆို အားကြီးသူလို့ သတ်မှတ်ခံရပြီး ရဲဘော်တွေနဲ့ လက်လှဲအားပြိုင်တာမှာလည်း တစ်ခါမှ မရှုံးဖူးဘူး။ အခုတော့ သူ လုံးဝယုံကြည်မှု မရှိတော့ချေ။

"သူဌေးရဲ့ အားက ဒီလောက်ကြီးတာလား"

သူ့ပုံစံကိုကြည့်ရတာ ဖြူစင်သန့်ရှင်းပြီး နေရောင်ခြည်လို တောက်ပခန့်ချောနေတော့ ကြက်တစ်ကောင်ကိုတောင် ဖမ်းချုပ်နိုင်တဲ့ အားမရှိဘူးလို့ ထင်မိသည်။

အမြင်အတိုင်း လုံးဝမဟုတ်ဘူးဆိုတာ ဘယ်သူသိမှာလဲ။

"သူဌေးက ဒဏ္ဍာရီလာ မာစတာများလား "

ချန်းဟူမှာ အချိန်အတော်ကြာအောင် စိတ်မငြိမ်နိုင်ဘဲ သူ့ စိတ်ထဲတွင် များစွာ တွေးတောနေလေသည်။ လျူယောင်က ချန်းဟူကို အာရုံမစိုက်နိုင်ဘဲ သူ့ဖုန်းဖြင့် ဓာတ်ပုံများစွာ ရိုက်နေခဲ့သည်။

ပြီးသလောက်ဖြစ်ပြီဟု ခံစားရတဲ့အခါ လက်ဝှေ့ယမ်းပြီး "သွားကြစို့ ငါတို့ ပြန်လို့ရပြီ" ဟု ပြောလိုက်သည်။

ထိုအခါမှ ချန်းဟူ သတိပြန်ဝင်လာပြီး လျူယောင်ကို လေးစားကြည်ညိုစွာ ကြည့်ကာ နောက်မှလိုက်လာခဲ့သည်။

ကျောက်ကျန်းဗြောင်က တယ်လီဖုန်းကို ကိုင်နေပြီး သူ့နဖူးမှ ချွေးစများကို  ဂရုတစိုက်သုတ်ရင်း လေးလေးစားစား ဖြေကြားနေသည်။ဖုန်းခေါ်ဆိုမှုမှာ သူဌေးကိုယ်တိုင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အကြိမ်ကြိမ်အခါခါ ဆူပူကြိမ်းမောင်းပြီးနောက် တစ်လအတွင်း စားပွဲတစ်စုံကို အများဆုံးရအောင် လုပ်ရမယ်လို့  ရှင်းလင်းစွာ အမိန့်ပေးခဲ့သည်။

ဖုန်းပြောနေစဉ်တွင်လည်း ဒီကစ္စရဲ့  အရေးပါပုံကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့သည်။

 ဒီကျန်းစီနန်း စားပွဲခုံအစုံမှာ သူကိုယ်တိုင် အသုံးပြုဖို့ မဟုတ်ဘဲ အရှေ့အလယ်ပိုင်းမှ A နိုင်ငံရဲ့  မင်းသားတစ်ပါးကို လက်ဆောင်အဖြစ် ပေးရန်ဖြစ်သည်။

A နိုင်ငံက ကမ္ဘာ့အကြီးဆုံး ရေနံထုတ်လုပ်တဲ့ နိုင်ငံများထဲမှ တစ်ခုဖြစ်သည်။ ထိုပိုင်နက်တွင် ရေနံအရင်းအမြစ်များ အလွန်ကြွယ်ဝသည်။

မင်းသားက  A နိုင်ငံတွင် ပိုပြီး အာဏာရှိသူဖြစ်သည်။ သူက A နိုင်ငံရဲ့ ရေနံအရင်းအမြစ်များ ထုတ်ယူခြင်းနှင့် တင်ပို့ခြင်းကို ထိန်းချုပ်ထားပြီး ထီးနန်းရဲ့ ပထမဆုံး အမွေဆက်ခံသူလည်း ဖြစ်သည်။

ဒီလို မင်းသားနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိလိုသူ များစွာ ရှိပြီး ကျောက်ကျန်းဗြောင်   အား ဖုန်းခေါ်တဲ့ သူဌေးကြီးလည်း ထိုနည်းတူပင် ဖြစ်သည်။

ဖုန်းဖြေဆိုပြီးနောက် ကျောက်ကျန်းဗြောင်   စိတ်ဖိစီးမှု ပိုမို ခံစားလိုက်ရသည်။

သူ့မျက်နှာထားမှာ လုံးဝ ပေါ့ပါးမှုမရှိဘဲ သက်ပြင်းချလိုက်ကာ ဆေးလိပ်တစ်လိပ်ကို အသံတိတ် ဖွာရင်း နောက်ဘာလုပ်ရမလဲ ဆိုတာကို စိတ်ထဲတွင် စဉ်းစားနေသည်။

"ဈေးကြီးပေးရင်တောင် သင့်တော်တဲ့ ရွှေနန်းမွှေးသစ်ကို အချိန်တိုအတွင်း ရှာဖွေဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ ၊ သဘာဝအတိုင်း ဒီလိုရွှေနန်းမွှေးသစ်တွေ ရဖို့က မဖြစ်နိုင်တော့ဘူး "

သတင်းများတွင် ဖော်ပြခဲ့တာက အနောက်တောင်ပိုင်းမှ ပြည်နယ်တစ်ခုရဲ့ တောင်ပေါ်ရွာတစ်ရွာတွင် ရာစုနှစ်များစွာ သက်တမ်းရှိတဲ့ ရွှေနန်းမွှေးသစ်ပင်ကို တွေ့ရှိခဲ့ကြောင်းဖြစ်သည်။

ထိုအပင်ကို ပွေ့ဖက်ရန် လူနှစ်ဦးသုံးဦး လိုအပ်ပြီး ကျွမ်းကျင်သူများက ခန့်မှန်းခြေအားဖြင့် ဘီလီယံ ၁၀၀၀ ခန့် တန်ဖိုးရှိတယ်လို့ ခန့်မှန်းထားသည်။

"ဘယ်လိုလုပ်မလဲ "

ကျောက်ကျန်းဗြောင် မျက်မှောင်ကြုတ်လိုက်သည်။

ဒီပစ္စည်း ကို အချိန်မှီမပို့နိုင်ရင် ဘာတွေဆက်ဖြစ်လာနိုင်မလဲဆိုတဲ့ အကျိုးဆက်ကို သူ စဥ်းစားမိခဲ့သည်။