Ch 41
Viewers 5k

အခန်း  41   သစ်တုံးအားလုံး ရွေ့ပြောင်းခြင်း  


ကျောက်ကျန်းဗြောင်မှာ ချက်ချင်း စိတ်ဓာတ်များ ပြန်လည်တက်ကြွလာခဲ့သည်။

သူ့မှာ ဘာနည်းလမ်းမှ မရှိပေမဲ့ဝူချင်းရှန်တွင် နည်းလမ်းရှိတာက ကောင်းလှသည်။

"မြန်မြန်ပြောပါဦး မင်းမှာ ဘယ်လိုကောင်းတဲ့အဖြေမျိုးရှိတာလဲ! လိုအပ်ချက်ပြည့်မီတဲ့ ရွှေနန်းမွှေးသစ်တွေရဲ့ သတင်းများလား "

ဝူချင်းဆောင်က "အဲဒါနဲ့ပတ်သက်ပြီးတော့ သတင်းမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ တကယ် ကောင်းတဲ့ အကြံတစ်ခုရှိတယ် "

ကျောက်ကျန်းဗြောင် နားစွင့်ကာ သေချာနားထောင်လိုက်သည်။

"သူဌေး၊ ကျွန်တော်တို့ရဲ့ ဂိုဒေါင်ထဲမှာ ရွှေနန်းမွှေးသစ်ပြားကြီးနှစ်ချပ် ရှိတယ်လေ တစ်ချပ်စီ အကျယ် ၇၀ ကနေ ၈၀ စင်တီမီတာအထိရှိတယ်။ သူဌေးက ရတနာလို သဘောထားပြီး တစ်ချပ်မှ အသုံးမပြုခဲ့ဘူး"

ကျောက်ကျန်းဗြောင်က

"ဒီလို အကျယ်ရှိတဲ့ ကျင်းစီနန်သစ်ပြားတွေက ရှားပါးပေမဲ့ စားပွဲတစ်လုံးတည်းအတွက်တော့ အကျယ်မလုံလောက်ဘူး "

"ကြီးမားပြီး ခေတ်မီတဲ့ စားပွဲတစ်လုံးရဲ့ အကျယ်က တစ်မီတာ နှစ်မီတာ အကျယ်က အကောင်းဆုံးပဲ!၁.၅ မီတာ အကျယ်ကတော့ ရှားပါးတယ်၊ ဘာလို့လဲဆိုတော့ ဒီလိုထူထဲတဲ့ ရွှေနန်းမွှေးသစ်တွေ ရဖို့ခက်လို့ပဲ "

ဝူချင်းရှန်က "ဟုတ်တာပေါ့၊ တစ်ချပ်တည်းဆိုရင် မလုံလောက်ဘူး။ ဒီရွှေနန်းမွှေးသစ်ပြားနှစ်ချပ်ကို ဆက်ပြီးသုံးရင်တော့ လုံလောက်လိမ့်မယ်"

သူက ဆက်လက်စည်းရုံးပြောဆိုလိုက်ပြီး

"ကျွန်တော်တို့ အဖွဲ့မှာ ထုတ်လုပ်ရေးအတွက် တာဝန်ယူထားတဲ့ ကျွမ်းကျင်ဆရာတွေရှိတယ် သာမန်လူတွေဆိုရင် အချပ်ဆက်ထားတာကို မမြင်နိုင်ဘူး "

ကျောက်ကျန်းဗြောင်  သေချာစဥ်းစားခဲ့ပြီးနောက် ထိုနည်းလမ်းကို ငြင်းပယ်ခဲ့သည်။

သူတို့အဖွဲ့မှာ တကယ်ပဲ ပထမတန်းစား ကျွမ်းကျင်ဆရာတွေရှိတယ်။ အထူးနည်းစနစ်တွေနဲ့ ပေါင်းစပ်လိုက်ရင် သစ်ပြားနှစ်ချပ်ကို တကယ် မမြင်ရပေမဲ့ ကျွမ်းကျင်သူတစ်ဦးနဲ့တွေ့ရင်တော့ သိသွားနိုင်သည်။ ကျောက်ကျန်းဗြောင် စွန့်စားရဲခြင်းမရှိချေ။

သူက ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။ "ဒီနည်းလမ်းက မသင့်တော်ဘူး။ အန္တရာယ်အရမ်းများတယ် တစ်စုံတစ်ယောက်က ရှာတွေ့ရင် ငါတို့ အကုန်ဒုက္ခ ရောက်ကုန်လိမ့်မယ် "

ဝူချင်းရှန်က စိုးရိမ်တကြီး "ဒါဆိုရင် ကျွန်တော်တို့ ဘာလုပ်သင့်လဲ"

ကျောက်ကျန်းဗြောင် ခဏစဉ်းစားပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

"နောက်ထပ် နည်းလမ်းတစ်ခု စဉ်းစားရအောင်။ ဒီလိုလုပ်ကွာ ၊ ငါတို့ ဟွန်ဒါ က အချင်းတစ်မီတာကျော်တဲ့ ရွှေနန်းမွှေးးသစ်တွေ လိုအပ်ကြောင်း၊ အကျယ်တစ်မီတာကျော်တဲ့ ရွှေနန်းမွှေးသစ်ပြားကြီးတွေလည်း လက်ခံနိုင်ကြောင်း သတင်းထုတ်ပြန်လိုက်"

"ဈေးနှုန်းကတော့ တခြားသူတွေဆီမှာ ကုန်ပစ္စည်းရှိရင် ဘယ်လောက်ပဲဖြစ်ဖြစ် ဆွေးနွေးနိုင်တယ် "

"ဘာ!?"

ဝူချင်းရှန် အလွန်အံ့အားသင့်သွားသည်။ "ငွေကြေးဘယ်လောက်ရှိရှိ ဆွေးနွေးနိုင်တာက ဘယ်လိုသဘောတရားမျိုးလဲ"

 ဒီသတ်မှတ်ချက်တွင် မိမိသူဋေး က ရွှေနန်းမွှေးသစ်အရေးတကြီးလိုအပ်နေမှုကို အပြည့်အဝ ဖော်ပြနေသည်။

လျူယောင်က လိပ်ကြီး ကို အလုပ်တစ်ခု ပေးလိုက်သည်။ အဲဒါက ပင်လယ်နက်ထဲမှာ ရှိတဲ့ ရွှေနန်းမွှေးသစ်အားလုံးကို ဂိုဒေါင်ဆီရွှေ့ဖို့ပဲ။

ညဘက်မှာ အလုပ်လုပ်ပြီး နေ့ဘက်မှာ အနားယူတာ ဒါမှမဟုတ် လွတ်လွတ်လပ်လပ် ရွှေ့ပြောင်းတာ အကောင်းဆုံးပဲ။ညဘက်မှာ ပိုစိတ်ချရပြီး ဂိုဒေါင်ကို တိုက်ရိုက်သွားနိုင်တဲ့ ကျယ်ဝန်းပြီး ရေလမ်းကြောင်းနက်ရိူင်းပေမဲ့ လုံခြုံမူ့ ပိုကောင်းသည်။

တာဝန်ရပြီးနောက် "လိပ်ကြီး စတင်အလုပ်လုပ်ကာ သစ်လုံးကြီးတစ်ရာကျော်ကို ဂိုဒေါင်ထဲ ရွှေ့ခဲ့သည်။ဒါက  ကြီးမားတဲ့ စီမံကိန်းတစ်ခုဖြစ်သည်။

လိပ်ကြီးမှာ ယခု များစွာကြီးထွားလာပြီး အလေးချိန် ၃ တန်နီးပါးရှိသည်။ သူ့ရဲ့အခြေအနေကို အိမ်မွေးတိရစ္ဆာန်ကဏ္ဍမှသိရှိနိုင်သည်။

- နာမည်:  မျိုးပြောင်းလိပ်

     - ခွန်အား: ၄၂၆

- ဖွဲ့စည်းပုံ: ၄၀၁

 - သွက်လက်မှု: ၃၈၉

 - အလေးချိန်: ၂၈၁၇ ကီလိုဂရမ်

ကျွမ်းကျင်မှုများ: အဆင့် ၁ လိပ်ခွံနည်းပညာ၊ အဆင့် ၁ လိပ်အသက်ရှုခြင်းနည်းပညာ၊ အဆင့် ၁ စူပါအာရုံခံနိုင်စွမ်း

လိပ်ကြီးမှာ အလွန်အားကောင်းပုံရပြီး ခန့်ညားထည်ဝါလှသည်။ အခြားသူများက ပထမတစ်ချက်မြင်ရင် ကြောက်လန့်တုန်လှုပ်ဖွယ်ရှိသည်။

"ဘုရားရေ!"

"ဒါ လိပ်လား။ ဒီလိုကြီးမားတဲ့ ပုံစံနဲ့ လိပ် ဆိုတာ မဖြစ်နိုင်ဘူး"ဆိုပြီး အံ့အားသင့်ကာ မျက်နှာဖြူဖျော့သွားမှာ သေချာသည်။

တခြားသူတွေကို မကြောက်စေဖို့အတွက် လျူယောင်က ညဘက်မှာ သစ်သားတွေကို ဂိုဒေါင်ထဲ ရွှေ့ခိုင်းပြီး နေ့ဘက်မှာတော့ ပင်လယ်အောက် မီတာ ၁၀၀၀ ကျော် အနက်မှာရှိတဲ့  သစ်သားတွေကို ဂိုဒေါင်နားက ပင်လယ်ကြမ်းပြင်ဆီ ရွှေ့ခိုင်းလိုက်သည်။ 

အလေးချိန်က ၃ တန်နီးပါးရှိပြီး လိပ်ကြီးရဲ့ ဉာဏ်ရည်ဉာဏ်သွေးမှာလည်း အများကြီး တိုးတက်လာခဲ့သည်။ သစ်သားအသေးတွေကို အရင်သယ်ပြီးမှ သစ်သားကြီးတွေ သယ်ရမယ်ဆိုတာကို သိနေသည်။

သင်္ဘောပျက် နေရာကနေ ဂိုဒေါင်အထိကို လိပ်ကြီးရဲ့  အံ့မခန်းအရှိန် ၇၂ နော့တ်နဲ့ဆိုရင် အသွားအပြန်  တစ်နာရီလောက်ကြာမည်။

နေ့ဘက်မှာ သစ်လုံးကြီးရှစ်လုံးကို ဂိုဒေါင်မှ နှစ်-သုံး ကီလိုမီတာခန့်ဝေးတဲ့ပင်လယ်ကြမ်းပြင်တွင်  ယာယီထားရှိခဲ့သည်။

မှောင်လာတာကြောင့်  လိပ်ကြီးအလုပ်စလုပ်တော့သည်။ အချင်း ၄၀-၅၀ စင်တီမီတာရှိပြီး အရှည် ၆-၇ မီတာရှိတဲ့ သစ်တုံးတစ်တုံးကို ပါးစပ်ဖြင့် ကိုက်ထားသည်။

ထို့နောက် ဂိုဒေါင်က်ု ရေကူးသွားကာ  ပင်လယ်နှင့် ဆက်သွယ်ထားတဲ့ ရေလမ်းကြောင်းမှတစ်ဆင့် ပထမဆုံးသစ်တုံးကို ဂိုဒေါင်ထဲ ထည့်လိုက်သည်။တစ်နာရီမပြည့်မီ သစ်တုံးရှစ်လုံးကို ဂိုဒေါင်ထဲ ရွှေ့ပြောင်းပြီးစီးခဲ့သည်။

လိပ်ကြီး စိတ်ထဲကနေ 'အရင် ညစာစားပြီးမှ သစ်ရွှေ့တာ ဆက်လုပ်မယ်' လို့ ပြောလိုက်သည်။ သင်္ဘောပျက်နေရာကို သွားတဲ့ လမ်းတွင် ငါးအုပ်တစ်အုပ်ကို တွေ့ရှိခဲ့ပြီး ကိုက်ဖဲ့ရန် ပါးစပ်ဟလိုက်သည်။

ငါးအုပ်စုမှာ ထိတ်လန့်သွားပြီး ချက်ချင်း အသက်လုပြေးကြသည်။ဒါပေမဲ့ သူတို့အမြန်နှုန်းမှာ နှေးတာကြောင့် လိပ်ကြီးရဲ့ အစာဖြစ်သွားခဲ့ရသည်။

ပျမ်းမျှရေကူးနှုန်း  ၇၂ နော့ အရှိန်ဖြင့်  အားထုတ်စရာမလိုဘဲ  ငါးကြီးတစ်ကောင်ကို တစ်ကိုက်တည်းဖြင့် ဖမ်းကိုက်လိုက်သည်။ရာနဲ့ချီတဲ့ ပေါင်ချိန်ရှိတဲ့ ငါးကြီးကို တစ်ကိုက်တည်းစားလိုက်ပြီး နှစ်ကြိမ်လောက်ဝါးလိုက်တာနဲ့ ဗိုက်ထဲရောက်သွားသည် လိပ်ကြီး စားတဲ့အခါ ပုံမှန်အတိုင်း ကြမ်းတမ်းတာမျိုး မရှိချေ။

မြန်နှုန်း အားသာချက်ကို အားကိုးပြီး လိပ်ကြီး စုစုပေါင်း ငါး ၂၀ ကျော် စားခဲ့သည်။နောက်ဆုံးတော့ လိပ်ကြီးဗိုက်ပြည့်သွားပြီး  သင်္ဘောပျက်ဆီသို့ ဦးတည်သွားကာ၊ ထိုနေရာကို ရောက်တော့ သစ်ရွှေ့ရန် စတင်လိုက်သည်။ 

ပါးစပ်ကိုဟကာ သစ်တစ်တုံးကို ကိုက်ထားပြီး ဂိုဒေါင်ကို  ကူးခတ်သွားသည်။မနက်ခင်း လျူယောင် နိုးလာတဲ့အခါ အရင်ဆုံး လိပ်ကြီးနဲ့ ပြောလိုက်သည်။

"အလုပ် ဘယ်လိုအခြေအနေရှိလဲ၊သူငယ်ချင်း "

လိပ်ကြီးက - "သခင်၊ ကျွန်တော် သစ်လုံး ၁၇ လုံးကို ဂိုဒေါင်ထဲ ရွှေ့ပြီးပါပြီ မနက်စာစားပြီးလို့ အနားယူတော့မလို့ပါပဲ။"

လိပ်ကြီးမှာ မအိပ်ပဲ တစ်ညလုံး လုပ်ထားပုံရသည်။လုပ်အားရဲ့ ရလဒ်မှာ အလွန်ကျေနပ်စရာကောင်းသည်။ ထူထဲတဲ့ သစ်လုံး ၁၇ လုံးကို ဂိုဒေါင်ထဲတွင် သပ်သပ်ရပ်ရပ် စုပုံထားပြီး၊ တစ်လုံးစီက တောင်ကုန်းတစ်ခုလို ဖြစ်နေသည်။

လျူယောင်က "အရမ်းမလုပ်ပါနဲ့ !မင်း အနားယူလိုက်အုန်း"

လိပ်ကြီးက "ကျွန်တော် တကယ်တော့ မပင်ပန်းပါဘူး။ အိပ်ဖို့နေရာရှာပြီးမှ အလုပ်ဆက်လုပ်မယ်။ ပင်လယ်နက်ထဲက သစ်တွေကို ဂိုဒေါင်နားက ပင်လယ်ကြမ်းပြင်ပမှာ ထားပြီး ညဘက်ကျမှ ဂိုဒေါင်ထဲကို ရွှေ့မယ်"လို့ပြောလိုက်သည်။

လိပ်ကြီးနဲ့  စကားခဏပြောပြီးနောက် လျူယောင် မနက်စာစားပြီး ကုမ္ပဏီကို သွားကြည့်ခဲ့သည်။

ကျိုးယန်နဲ့ ဟူဂျွန်းရှီ တို့ရဲ့စီမံခန့်ခွဲမှုအောက်မှာ ကုမ္ပဏီက ပြောင်းလဲမှုတွေ ရှိနေပြီး လူဆယ်ကျော်ကို ခန့်ထားကာ ကုမ္ပဏီဖွဲ့စည်းပုံမှာ တဖြည်းဖြည်း တိုးတက်နေသည်။

ကုမ္ပဏီမှာ တစ်နာရီ ပြည့်အောင်နေပြီး စိတ်ပူစရာ ဘာမှမရှိတာတွေ့တော့ လျူယောင်ကားမောင်းထွက်လာပြီး လီချန်းလဲ့ကို စျေးဝယ်ထွက်ဖို့ပြောလိုက်သည်။

ရက်အနည်းငယ်ကြာပြီးနောက်။

လျူယောင်ကုမ္ပဏီ ရုံးခန်းကြီးတွင် ထိုင်နေချိန် လိပ်ကြီးထံမှ စာတိုတစ်စောင်ချက်ချင်း ရောက်လာခဲ့သည်။ "သခင်၊ အလုပ်ပြီးပါပြီ။"

ဒီအသံကိုကြားတော့ လျူယောင် ဝမ်းသာသွားသည်"လိပ်ကြီး၊ သစ်တွေအားလုံး ဂိုဒေါင်ထဲ ရွှေ့ပြီးပြီလား။"

လိပ်ကြီးက "အားလုံးရွှေ့ပြီးပါပြီ၊ တော်တော်များများပဲ။ ဒါပေမဲ့ ဒီသစ်တွေထဲမှာ သစ်အမျိုးအစားနှစ်မျိုးရှိပုံရတယ်။ နားမလည်ဘူး "လို့ ပြန်ဖြေလိုက်သည်။

လျူယောင် ဝမ်းသာသွားကာ "ငါသိပြီ၊ အလုပ်ပြီးပြီဆိုတော့ မင်း အနားယူလိုက်အုန်း "ဟုပြောလိုက်သည်။

ပထမတော့ "လိပ်ကြီး ဘေးကင်းရေးကို ဂရုစိုက်ဖို့ မှာချင်ပေမဲ့ လိပ်ကြီးရဲ့ ပုံစံ ကို အခြားသတ္တဝါများရန်မပြုနိုင်လောက်ပါဘူး"" လို့တွေးရင်း  လျူယောင်မပြောဖြစ်ခဲ့ချေ။

အခု ပထမဆုံး စဉ်းစားမိတာက ဂိုဒေါင်ကို အရင် သွားကြည့်ဖို့ပင် လိပ်ကြီးက သစ်အမျိုးအစား တစ်မျိုးတည်းမဟုတ်ဘဲ နှစ်မျိုးရှိတယ်လို့ ပြောတဲ့အခါ လျူယောင် သူတို့ကို သွားကြည့်ဖို့ မစောင့်နိုင်တော့ချေ။