Ch 40
Viewers 5k

အပိုင်း 40  " ကျောက်ကျန့်ဗြောင် စိတ်ဓာတ်ကျခြင်း"

ဂိုဒေါင်မှာ မြို့ပြင်၊ ကျေးလက်ဒေသတွင် တည်ရှိတာကြောင့် ဒီနေရာနဲ့ အနည်းငယ်ဝေးသည်။

 ချန်းဟူ တစ်နာရီကျော်ကြာအောင် ကားမောင်းလာခဲ့ရသည်။ ပင်လယ်နှင့် နီးတာကြောင့် ဒေသခံများမှာ ရေချိုငါး မွေးမြူရေး ဒါမှမဟုတ် ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။

 ကမ်းနားတွင် ကျယ်ပြန့်တဲ့ ရေချိုငါး မွေးမြူရေး မြေနိမ့်ပိုင်းများ ရှိပြီး အနည်းငယ် ဝေးတဲ့ ပင်လယ်ပေါ်တွင် ရေချိုငါး မွေးမြူရေးလှောင်အိမ်များကို မြင်နိုင်သည်။

အကျိုးဆောင်က " ဒီဂိုဒေါင်ပိုင်ရှင် အရင်က ပင်လယ်စာလုပ်ငန်းလုပ်တာ အခုအသက်ကြီးလာတော့ မလုပ်ချင်တော့ဘူး။ သူ့ဂိုဒေါင်က လွတ်နေလို့ အဌားနဲ့ ပေးချင်တာ” ဟု မိတ်ဆက်ပေးသည်။

လျူယောင်က “သူ့ကလေးတွေ မရှိဘူးလား၊ ဆက်လုပ်လို့ရတာပဲ ” ဟု ပြောလိုက်သည်။

အကျိုးဆောင်က “သူ့မှာ သားတစ်ယောက်ပဲ ရှိတာ၊M နိုင်ငံ ကနေ ပြန်မလာချင်ဘူး ”

လျူယောင် သဘောပေါက်လိုက်သည် ။ ဂိုဒေါင်က ဘယ်လိုပုံလဲဆိုတာ တကယ်ကြည့်ချင်ပြီး သူ့လိုအပ်ချက်နဲ့ ကိုက်ညီမယ်လို့ မျှော်လင့်မိသည်။

ဂိုဒေါင်ဝယ်ရခြင်းမှာ အနာဂတ်တွင် လိပ်ကြီး ပစ္စည်း အများအပြားရှာတွေ့ရင် သိုလှောင်ထားဖို့ ဖြစ်သည်။ဂိုဒေါင် မရှိပဲ ပစ္စည်း တွေ ဘယ်နားထားရမလဲ" တခြားလူတွေ မြင်ရင် မကောင်းပေ။

လိပ်ကြီး ပိုပိုပြီး ကြီးလာတာကြောင့် ပင်လယ်နားတွင် ဂိုဒေါင်ဝယ်ထားခြင်း က ပိုလုံခြုံ သည်။

လျူယောင်ရဲ့ စံပြဂိုဒေါင်က ပင်လယ်နဲ့ တတ်နိုင်သမျှ နီးရမယ်၊ နည်းနည်း ဝေးလံပြီး ပတ်ဝန်းကျင်မှာ အဆောက်အအုံ ဒါမှမဟုတ် လူနေအိမ်ခြေမရှိရင် ပိုကောင်းမယ်လို့ စဥ်းစားထားသည်။

ရှေ့တွဲထိုင်ခုံက အကျိုးဆောင်က ရှေ့က ပင်လယ်ဘေးက အဆောက်အအုံကို လက်ညှိုးထိုးပြီး “မစ္စတာလျူ၊ မြင်လား။ အဲ့ဒါ ဂိုဒေါင်ပဲ” ဟု ပြလိုက်သည်။

လျူယောင် ချက်ချင်းကြည့်လိုက်တော့ ပင်လယ်ဘေးမှာ တကယ်ရှိနေတာပဲ။ ပင်လယ်နဲ့ အရမ်းနီးတော့ ဂိုဒေါင်ရဲ့ ကွန်ကရစ် အောက်ခံကို ပင်လယ်ရေက ထိလုနီးပါးပဲ။ ကြီးမားတဲ့ ဂိုဒေါင်ကြီးတစ်ခုကို တွေ့လိုက်ရသည်။

လျူယောင် ချက်ချင်း စိတ်ဝင်စားသွားတယ်။ကားပေါ်ကနေ ဂိုဒေါင်တံခါးဝကို မြင်လိုက်ရသည်။ နှစ်ထပ် အဆောက်အဦးကြီးပင် တစ်ထပ် က အလုပ်သမားတွေ အတွက်ဖြစ်နိုင်လောက်သည်။

ဂိုဒေါင်ပိုင်ရှင် မှာစောင့်နေပြီး ဆံပင်ဖြူစွန်နေကာ အသက်ခြောက်ဆယ်ကျော်လောက်ရှိတဲ့ အမျိုးသားတစ်ဦးကြီးပင် ဖြစ်သည်။အကျိုးဆောင် ရှောင်ကျိုးက နှစ်ဖက်စလုံးကို မိတ်ဆက်ပေးပြီးနောက် ဂိုဒေါင်ပိုင်ရှင်ရဲ့ ဦးဆောင်မှုနဲ့ ဂိုဒေါင်ကို လည်ပတ်ကြည့်ရှုခဲ့တယ်။

 ဂိုဒေါင်တံခါးဖွင့်လိုက်တော့ အတွင်းမှာ ကျယ်ဝန်းသည်။

"ဒီဂိုဒေါင်ပိုင်ရှင် အရင်က ပင်လယ်စာတွေကို စီခွဲပြီး ထုပ်ပိုးဖို့ သုံးခဲ့တာပါ၊ ဧရိယာက စတုရန်းမီတာ ၂,၈၀၀ ကျော် ရှိပါတယ် " လို့ မိတ်ဆက်ပေးသည်။

လျူယောင်ရဲ့ အဓိက အာရုံစိုက်မှုက ဒီမိတ်ဆက်မှုတွေကို နားထောင်တာ မဟုတ်ဘဲ ဂိုဒေါင် ကို အရမ်းကြည့်ချင်နေတာကြောင့်  သူ အလျင်အမြန်လျှောက်သွားပြီးအနီးကပ် ကြည့်လိုက်သည်။

ဂိုဒေါင်ပိုင်ရှင်က “ဒါက အထူးတည်ဆောက်ထားတဲ့ ရေလမ်းကြောင်းပါ။ ကျွန်တော်တို့ရဲ့ ပင်လယ်စာ သယ်ယူပို့ဆောင်တဲ့ ငါးဖမ်းလှေတွေက ဂိုဒေါင်ထဲကို တိုက်ရိုက်ဝင်နိုင်တယ်၊ ကုန်ချဖို့ အရမ်းအဆင်ပြေတယ်” လို့ ရှင်းပြလိုက်သည်။

"ဒီလို ရေလမ်းကြောင်းတစ်ခု ရှိတာ အရမ်းကောင်းတာပဲ "ဒါက လျူယောင်လုံးဝမမျှော်လင့်ထားတဲ့ အရာပဲ။

"အံ့သြစရာပဲ!"

ဒီရေလမ်းကြောင်းက အနံ မီတာ ၂၀ ကနေ ၃၀ အထိ ရှိတယ်။ သံကွန်ကရစ်နဲ့ ဆောက်ထားတာ။ ပင်လယ်ရေအပြည့်ပဲ။ ရေလမ်းကြောင်းအတိုင်း ကြည့်လိုက်ရင် အပြင်ဘက် ပင်လယ်ကို မြင်နေရသည်။

ရေအနက်မှာ  မီတာအတော်အသင့် ရှိသောကြောင့် တန်ရာနှင့်ချီတဲ့ ငါးဖမ်းလှေများ ဂိုဒေါင်ထဲကို တိုက်ရိုက် အလွယ်တကူ ဝင်ရောက်နိုင်သည်။

တံခါးများလည်း ရှိသည်။ တံခါးများကို ချလိုက်ပြီးနောက် ဂိုဒေါင်ရဲ့ လုံခြုံရေးကိုလည်း အာမခံနိုင်သည်။

"ဒါက ရိုးရှင်းစွာ စံပြဂိုဒေါင်ပဲ "

လျူယောင်ရဲ့ စိတ်ထဲက ဂိုဒေါင်က ဒီလိုပဲ ဖြစ်ပြီး အပြင်ဘက် ပင်လယ်ဆီကို ဦးတည်တဲ့ ဒီလို ရေလမ်းကြောင်း ရှိသည်။

 လိပ်ကြီး ဒီရေလမ်းကြောင်းအတိုင်း ပင်လယ်ကနေ ဂိုဒေါင်ထဲကို  လျှို့ဝှက်စွာ ဝင်နိုင်မည်။

"အရမ်းကောင်းတယ်"

လျူယောင် နည်းနည်း စိတ်လှုပ်ရှားသွားပြီး ကျေနပ်စွာ ရေရွတ်လိုက်သည်။

ကြည့်ပြီးနောက် အလွန်ကျေနပ်မိသည်။ ဂိုဒေါင်က လုံလောက်စွာ ကြီးပြီးစတုရန်းမီတာ ၃,၀၀၀ နီးပါး ရှိတယ်။ လျှို့ဝှက်မှုလည်း အရမ်းကောင်းတယ်။ ပြတင်းပေါက်မှန်တွေကလည်း ဖလင်ကပ်ထားတော့ အပြင်ကနေ အတွင်းအခြေအနေကို သိပ်မမြင်ရဘူး။ ဂိုဒေါင်ပတ်ပတ်လည်မှာ မြင့်မားတဲ့ နံရံတွေ ရှိတော့ အပြင်ကလူတွေ ဂိုဒေါင်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ မြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။

ဂိုဒေါင်က အရမ်းကြီးတော့ လှည်းကြီးတစ်စီးတောင် အလွယ်တကူ ဝင်နိုင်တယ်။ ဒါ့အပြင် ဂိုဒေါင်မှာ တန် ၂၀ ရှိတဲ့ ကရိန်းတစ်စင်းလည်း ရှိတယ်။ တန် ၂၀ အောက် အလေးချိန်ရှိတဲ့ ပစ္စည်းတွေကို မြှောက်လို့ရတယ်၊ ပစ္စည်းတင်ဖို့ အရမ်းအဆင်ပြေသည်။

အကျိုးဆောင် ရှောင်ကျိုးမှာ လျူယောင် စကားလုံးများနဲ့ အမူအရာများကို လေ့လာပြီး ကျေနပ်နေပုံရတာကို သတိပြုမိရာ မျှော်လင့်ချက်ဖြင့် “မစ္စတာလျူ၊ ဒီဂိုဒေါင်ကို စိတ်ကျေနပ်ပါသလား။” ဟု မေးလိုက်သည်။

လျူယောင်ခေါင်းညိတ်ပြီး “ကောင်းပါပြီ၊ ကျွန်တော့်လိုအပ်ချက်တွေအရ ဒီဂိုဒေါင်က  ပြည့်မီပါတယ်။ အဌားခက ဘယ်လောက်လဲ မသိဘူး။”

မကြာမီ လူတိုင်း အဌားအကြောင်းကို ပြောဆိုကြပြီး  ဈေးဆစ်မှုများ ပြုလုပ်ပြီးနောက် အဌားစာချုပ်ကို ချက်ချင်း လက်မှတ်ထိုးခဲ့ကြသည်။

အကျိုးဆောင်က အသင့်ပြင်ထားသော စာချုပ်ကို ယူလာခဲ့သည်။ နှစ်ဖက်စလုံး လက်မှတ်ထိုးပြီး လက်ဗွေနှိပ်ကြရာ အဌားစာချုပ် ချုပ်ဆိုပြီးစီးခဲ့ရာ လျူယောင်လည်း ဂိုဒေါင်သော့ကို ရရှိခဲ့သည်။

အပြန်လမ်းတွင် လျူယောင် စိတ်ထဲက ဝမ်းမြောက်မှု့က သူ့ရဲ့ မျက်နှာပေါ်၌ ပေါ်လာသည်။ ဂိုဒေါင်ကို ငှားရမ်းပြီးစီးခဲ့ပြီဖြစ်လို့ ဒီ ဝမ်းမြောက်မှုကို သူ့စိတ်ထဲတွင် ဖုံးကွယ်ထားရန် မလိုအပ်တော့ချေ။

ဒါက သူ့ကိုယ်သူနဲ့ လိပ်ကြီးအတွက် အထူးဒီဇိုင်းထုတ်ထားတဲ့ ဂိုဒေါင်တစ်ခုပဲ " ဟု လျူယောင် ရေရွတ်လိုက်သည်။

ကျောက်ကျန့်ဗြောင်  ဆေးလိပ်သောက်ရင်း စိတ်အလွန်တိုနေသည်။

တစ်ခါတစ်ရံတွင် လုပ်ငန်းတစ်ခုတွင် နာမည်ကြီးခြင်းမှာ အမြဲတမ်း ကောင်းမွန်တဲ့အရာ မဟုတ်ချေ။

 ဥပမာအားဖြင့် ကျောက်ကျန့်ဗြောင်က ပြည်တွင်း မဟောဂနီလုပ်ငန်းတွင် နာမည်ကြီးပေမဲ့ မကြာသေးမီက ပြဿနာများကြုံတွေ့ခဲ့ရသည်။

ထိုပြဿနာမှာ သူဌေးတစ်ဦးက စားပွဲခုံတစ်ခုလုံးကို ရွှေနန်းမွှေးသစ်သား အပြည့်အစုံဖြင့် ပြုလုပ်ရန် သူ့ကို့ အလုပ်အပ်ခဲ့သည်။ကျောက်ကျန့်ဗြောင်က “ဒီလို ရွှေနန်းမွှေးသစ်သားကြီးက မျိုးသုဉ်းလုနီးပါးမို့ မဖြစ်နိုင်ဘူး”လို့  တကယ်ပြောချင်ခဲ့ပေမဲ့ ပြောရဲခြင်း မရှိချေ။

ဘာကြောင့်လဲဆိုတော့ ထိုသူဌေးမှာ စိတ်တိုဒေါသထွက်လွယ်သူအဖြစ် နာမည်ကြီးပြီး သူ လုံးဝမစော်ကားနိုင်တာကြောင့်ဖြစ်သည်။

ရွှေနန်းမွှေးသစ်သား အပြည့်အစုံကို စားပွဲခုံပြုလုပ်ရန် ထိုသူဌေးသာလျှင် ဒီလိုအကြံရှိရဲမှာဖြစ်ပြီး  သူ့ ရာထူးနဲ့သာ ဒီလိုစားပွဲခုံမျိုးကထိုက်တန်သည်။ကျောက်ကျန့် ဗြောင်မစော်ကားရဲတာကြောင့် ထိုအမှာစာကို လက်ခံလိုက်ရသည်။

ထို့နောက် အဆက်အသွယ်နဲ့ချန်နယ်များအားလုံးကို စုစည်းကာ ကြီးမားတဲ့ ရွှေနန်းမွှေးသစ်ပင်ကို  ရှာတွေ့နိုင်ရန် မျှော်လင့်ခဲ့သည်။ဆယ်ရက်ကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့  ဘာလက္ခဏာမှ မတွေ့ရသေးချေ။

"ဒီလို ကြီးမားတဲ့ ရွှေနန်းမွှေးသစ်သား၊" ဟူး "ပြောတာထက် လုပ်ရတာ ပိုခက်တယ်"ကျောင်းကျန့်ဗြောင် သက်ပြင်းချလိုက်ပြီး စဥ်းစားနေစဥ်

ဒုန်း၊ ဒုန်း၊ ဒုန်း!

ရုံးခန်းတံခါးကို ခေါက်သံကြားရပြီးနောက်ဒုတိယဥက္ကဋ္ဌ ဝူချင်းရှန် ဝင်လာပြီး သူဋေးမှာ ကို ကုလားထိုင်ပေါ်တွင် ထိုင်ပြီး ဆေးလိပ်သောက်နေတာကို မြင်တဲ့အခါ ညင်သာစွာ ပြောလိုက်သည်။

“သူဌေး၊ အဲ့ဒီ ရွှေနန်းမွှေးသစ်သားအပိုင်းအကြောင်း စိတ်ပူနေတုန်းပဲလား”

ကျောက်ကျန့်ဗြောင် သက်ပြင်းချပြီး  လက်ထဲမှ ဆေးလိပ်တိုကို ပြာခံခွက်ထဲတွင် ညှစ်ပစ်လိုက်ကာ   “ဒီလောက်ရက်အများကြီး ကြာတာတောင် သဲလွန်စ မရှိဘူး ငါ့ အထင်တော့ ဒါက မျှော်လင့်ချက် မရှိတော့ဘူး ထင်တယ် "

ဝူချင်းရှန်က “ကျွန်တော်တို့ ကြိုးစားလို့ရတဲ့ နည်းလမ်းတစ်ခုရှိတယ် ” ဟု ပြောလိုက်သည်။

“အိုး၊ ဘာနည်းလမ်းလဲ၊ မြန်မြန်ပြောပါဦး။”

 ကျောက်ကျန့်ဗြောင်ရဲ့ မျက်လုံးများ လင်းလက်လာပြီး မျှော်လင့်ချက်များ ပြည့်နေတဲ့ ပုံစံ ဖြစ်လာခဲ့သည်။