အခန်း 39 ဘာလို့ကျွန်မကိုမပြောခဲ့တာလဲ
နှစ်ယောက်သား ကော်ဖီအေးသောက်ရင်းစကားပြောကာရယ်မောနေကြသည်။
လျူယောင်က “ဒီလိုပူတဲ့နေ့မှာ ကော်ဖီအေးသောက်ရတာ တကယ်ကောင်းတာပဲ။”
“ဟီးဟီး၊ကော်ဖီအေးက ကျွန်မဝယ်တာဆိုတော့ရှင် ကျေးဇူးတင်ရမှာပေါ့။”
“ကောင်းပြီလေ ပြဿနာမရှိဘူး၊ နောက်မှ ခဗျားကို ညစာလိုက်ကျွေးမယ်၊ ကော်ဖီအေးအတွက် ကျေးဇူးတင်တာပေါ့၊ ဟုတ်ပြီလား။”
လီချန်လဲ့က ရယ်မောပြီး “ဒါက ကျွန်မကို ညစာဖိတ်တာလား” ဟု မေးသည်။
လျူယောင်က “ခင်ဗျား ဘယ်လိုအဓိပ္ပာယ်ဖွင့်ချင်တာလဲ၊ ကျွန်တော် ခင်ဗျားကို ချိန်းတွေ့ဖို့ ခေါ်တာပဲလို့ သဘောထားလိုက်ပါ”
နှစ်ယောက်သား ရယ်မောကြရာ လီချန်လဲ့က မငြင်းဘဲ မျက်နှာပေါ်မှ အပြုံးက သူမ သဘောတူလိုက်ကြောင်း ပြသနေသည်။
ကော်ဖီအေးသောက်ပြီးနောက် လီချန်လဲ့က မိုဘိုင်းလ်ဖုန်းကို ထုတ်ကာ “တက္ကစီခေါ်လိုက်မယ် ” ဟု ပြောလိုက်သည်။
လျူယောင် က အလျင်အမြန် “မခေါ်နဲ့ ကျွန်တော် ကားနဲ့လာတာ၊ ကားပါကင်ကို သွားရအောင်”
လဲ့ချန်လဲ့ က လျူယောင် ကားဖြင့်လာကြိုမယ် ဟု မမျှော်လင့်ခဲ့ပေ။
သူမ အရင်က သိတဲ့လျူယောင်မှာ တက္ကသိုလ်မှ ဘွဲ့ရတာ တစ်နှစ်သာ ရှိသေးပြီး မိသားစုအခြေအနေမှာလည်း သာမန်သာဖြစ်ရာ ကားဝယ်ရန် ငွေကြေးအင်အား ရှိမှာမဟုတ်ဘူးလို့ထင်ခဲ့သည်။
"သူငယ်ချင်းကားကို ငှားလာတာ ဖြစ်နိုင်တယ်" လို့ လီချန်လဲ့ နောက်က လိုက်ရင်း စိတ်ထဲမှာ တွေးနေမိသည်။
ခဏအကြာတွင် Big G ကား မှာ သူမ ရှေ့ကို ရောက်လာသည်။ လျူယောင် တံခါးဖွင့်ပြီး “ဒါ ကျွန်တော့်ကား၊ ကားထဲဝင်ပါ။” ဟု ဖိတ်ခေါ်လိုက်သည်။
လီချန်လဲ့ အလွန်အံ့အားသင့်နေခဲ့သည်။
လျူယောင် သူမရဲ့ ခရီးဆောင်အိတ်ကို ထည့်လိုက်ပြီး ကားမောင်းရန် ပြင်ဆင်ခဲ့သည်။ ရှေ့တွဲထိုင်ခုံတွင် ထိုင်နေတဲ့ လီချန်လဲ့က “ဒါ တကယ် ရှင့်ကားလား၊ ဘာလို့ ကျွန်မကို မပြောတာလဲ” ဟု မေးလိုက်သည်။
လျူယောင်က ပြုံးလျက် “ခင်ဗျားလည်း မမေးဘူးလေ” ဟု ပြန်ဖြေလိုက်သည်။
လီချန်လဲ့ ရယ်မောလိုက်သည်။ သူမက ဒီ အကြောင်းကို အမှန်တကယ် မေးမြန်းခဲ့ခြင်း မရှိချေ။
သူမရဲ့ အမြင်တွင် အရေးအကြီးဆုံးအရာမှာ နှစ်ဦးသား သဘောကျပြီး တစ်ဦးကိုတစ်ဦး ချစ်ခင်နှစ်သက်ကြခြင်းဖြစ်သည်။
သူမက တစ်ဖက်လူကို နှစ်သက်ရင် တစ်ဖက်လူ ဆင်းရဲနေရင်ပင် လက်ထပ်မည်ဖြစ်သည်။တစ်ဖက်လူရဲ့ ငွေကြေးအခြေအနေကောင်းရင် ပိုကောင်းတာပေါ့။
ကားမောင်းနေရင်း လျူယောင် သူ့ ဘဝ အခြေအနေအကြောင်း ပြောပြလိုက်သည်။ သူက လီချန်လဲ့ကို ကောင်းတဲ ခံစားချက်ရှိပြီး လက်ထပ်ရန် ရည်ရွယ်ထားတာကြောင့် အသိပေးလိုက်ခြင်း ဖြစ်သည်။
“ကျွန်တော် ကံကောင်းပြီး ပိုက်ဆံအနည်းငယ် ရှာနိုင်ခဲ့တယ် ဒီကား တစ်စီး ပြီးချင်ရွှေပင်လယ်နားက ဗီလာ ရယ် ဟွာဟိုင်းမှာ ကုမ္ပဏီ တစ်ခု ပိုင်ဆိုင်ထားပါတယ် " ဟု ရှင်းပြလိုက်သည်။
လီချန်လဲ့က “ကျွန်မ ဟွာဟိုင်း ပုံမှန်တက္ကသိုလ်က ဘွဲ့ရပြီးနောက် နံပါတ် ၂ အလယ်တန်းကျောင်းမှာ အင်္ဂလိပ်စာ သင်ခဲ့တယ်။ ထွေထွေထူးထူးတော့ မရှိပါဘူး၊ ဒါပေမယ့် ဆရာလုပ်ငန်းကို ကျွန်မ တကယ်နှစ်သက်တယ်။” ဟု ပြောသည်။
စကားပြောဆိုမှုမှတစ်ဆင့် နှစ်ဦးသား တစ်ဦးကိုတစ်ဦး ပိုမိုသိကျွမ်းလာကြသည်။
လျူယောင်က “ကျွန်တော်တို့ အရင် ညစာစားရမလား၊ ဒါမှမဟုတ် ခင်ဗျားကို အရင် အိမ်ပြန်ပို့ရမလား” ဟု ပြောသည်။
"အခု ညစာ စားဖို့စောသေးတယ် “ကျွန်မရဲ့ နေအိမ်ကို အရင်သွားရအောင်၊ အမှတ် ၂ အလယ်တန်းကျောင်းနားမှာပဲ၊ ဟု ပြောသည်။
ဟုတ်ပါတယ်၊ လျူယောင် ဟွာဟိုင်း အမှတ် ၂ အလယ်တန်းကျောင်းကို သိသည်။ မိနစ် ၃၀ မှ ၄၀ ခန့်အတွင်း အမှတ် ၂ အလယ်တန်းကျောင်းတံခါးဝသို့ ရောက်ရှိလာသည်။
လီချန်းလဲ့ လမ်းညွှန်မှုအောက်တွင် ကွေ့ပတ်ကာ လူနေရပ်ကွက်တစ်ခုကို ဝင်ရောက်ခဲ့သည်။
ရပ်ကွက်ထဲတွင် ကားရပ်ရန် နေရာတစ်ခုကို ရှာတွေ့တဲ့အခါ လျူယောင် လီချန်းလဲ့ရဲ့ အနောက်ကို အထုတ် ကိုဆွဲပြီး လိုက်လာခဲ့သည်။
“ကျွန်မ ဒီ အခန်း ကို လုပ်ဖော်ကိုင်ဖက်တွေနဲ့ မျှနေတာ " သူတို့က နွေရာသီကျောင်းပိတ် ရက်ဆိုတော့ အခု ဒီမှာ မရှိဘူး " ဟုပြောပြီးသော့ကို ထုတ်ယူကာ လီချန်လဲ့က လျူယောင် ကို ဝင်ရန် ဖိတ်ခေါ်ခဲ့သည်။
အဲ့ဒါက အိပ်ခန်းနှစ်ခန်းပါ တိုက်ခန်းတစ်ခုဖြစ်သည်။
“ခရီးဆောင်အိတ်ကို ဒီမှာထားလိုက်၊ ဆိုဖာမှာထိုင်ပြီး တစ်ခုခုသောက်လိုက်ပါအူံး”
“ရတယ် ဘာပဲဖြစ်ဖြစ် သောက်လိုက်မယ်။”
လီချန်လဲ့ ရေခဲသေတ္တာကို ဖွင့်ကာ ရေသန့်ဘူးနှစ်ဘူးကို ထုတ်ယူခဲ့သည်။
“ဒါဆို ဒါကို သောက်လိုက်ပါ။”
“ကောင်းပြီ၊ ရာသီဥတုက အရမ်းပူတယ်၊ ရေသန့်အေးလေး သောက်ရတာ မဆိုးပါဘူး။”
ရေသန့်ဘူးကို ယူပြီးနောက်လျူယောင် ဖွင့်ကာတစ်ငုံသောက်လိုက်သည်။ ရေခဲတုံးလို အေးပြီး အလွန်သက်သောင့်သက်သာ ရှိတယ်လို့ ခံစားရသည်။
ထိုင်ပြီး စကားပြောပြီးနောက် နှစ်ဦးသား ညစာစားရန် အောက်ထပ်ကို အတူတူ ဆင်းလာခဲ့သည်။
ဒီအချိန်တွင် ကောင်းကင်က အနည်းငယ် မှောင်နေကာ မီးများစတင်လင်းထိန်နေပြီဖြစ်သည်။ လမ်းမပေါ်တွင်လည်း လူများ စည်ကားနေတာကြောင့် ကားမောင်းမသွားဘဲ လမ်းလျှောက်သွားခဲ့သည်။
လီချန်လဲ့က “ ဒီနေရာမှာ ကျွန်မ၊ အရသာကောင်းတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကိုသိတယ် ကျွန်မ လိုက်ပို့မယ် ” ဟု ပြောလိုက်သည်။
လျူယောင်က ပြုံးလျက် “ဒါဆို ခင်ဗျားနဲ့အတူ လိုက်စားပါ့မယ် ”
နှစ်ယောက်သား လမ်း ခဏတာ လျှောက်သွားကြပြီး လမ်းကူးရန် လိုအပ်နေသည်။ မျဉ်းကျားများ ရှိပေမဲ့ မီးပွိုင့်များ မရှိချေ။
လမ်းကူးစဉ်တွင် လျူယောင် လီချန်းလဲ့ ရဲ့ လက်ကို အမှတ်တမဲ့လှမ်းဆွဲလိုက်သည်။ လျူယောင် ပျော်သွားသည်။လီချန်လဲ့ မှာ မငြင်းခဲ့ခြင်းပင်။
လီချန်လဲ့ရဲ့ လက်က နူးညံ့ သိမ်မွေ့ကာ အနည်းငယ် အေးမြနေသည်။
လမ်းကူးပြီးနောက် လျူယောင် မလွှတ်ဘဲ ဆက်လက်ဆုတ်ကိုင်ထားသည်။လီချန်လဲ့က ရုန်းနေပေမဲ့ လွတ်မသွားဘဲ လျူယောင်ရဲ့ တင်းတင်းဆုတ်ကိုင်ချင်ကို သာခံလိုက်ရသည်။
အစပိုင်းတွင် လီချန်းလဲ့ မျက်နှာအနည်းငယ်နီမြန်းကာ စိတ်လှုပ်ရှားနေပေမဲ့ တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာခဲ့သည်။
နှစ်ယောက်သား စကားပြောရယ်မောကြပြီး ပျော်ရွှင်နေကြသည်။
ဒီစားသောက်ဆိုင်က အလှဆင်တာရော အရသာရော ကောင်းတယ် ဒါပေမဲ့ စျေးကြီးနေတာတော့ သိပ်မကောင်းပေ။
လျူယောင်က လီချန်းလဲ့ အကြိုက်များကိုသာမှာယူလိုက်သည်။ထမင်းစားပြီးနောက် လီချန်းလဲ့ကို အောက်ထပ်ကို ပို့ဆောင်ပေးပြီး ကားမမောင်းမီ တစ်ဦးကိုတစ်ဦး နှုတ်ဆက်ခဲ့ကြသည်။
အိမ်ကို ကားမောင်းပြန်လာစဉ် လျူယောင့် စိတ်ထဲ၌ ပျော်ရွှင်မူ့ကို ခံစားလိုက်ရသည်။
လီချန်းလဲ့ အိမ်ပြန်ရောက်ပြီးဆိုဖာပေါ်တွင် ထိုင်ကာ သူငယ်ချင်းရင်း ဝမ်လီ နဲ့ We chat တွင် စကားပြောခဲ့သည်။
“လီလီ၊ ငါ ဒီနေ့ နေ့လည် ဟွာဟိုင်းမြို့ကို ရောက်ပြီ။”
“ရိုးရိုးသားသားပြောပါ၊ နင့်ရဲ့ မျက်မမြင်တွေ့ဆုံတဲ့သူက နင့်ကို ဘူတာမှာ လာကြိုခဲ့တာမို့လား။”
“အိုး၊ နင်က တကယ် စပ်စုတတ်တာပဲ။”
ဝမ်လီက “ငါ နင့်ကို စိတ်ပူလို့ပါ၊ ပြောပါဦး၊ သူ နင့်ကို လာကြိုခဲ့လား ” ဟု ပြောသည်။
“အိုး၊ အနီးမှာရှိရင်ငါ နင့်ကိုရိုက်မိတော့မယ် ၊ သူ လာကြိုခဲ့တာ၊ သူပဲ လာကြိုခဲ့တာ။”
“၊ နင်တို့ နှစ်ယောက်ပျော်နေပုံပဲ၊ ငါတို့ တက္ကသိုလ်ရဲ့ အလှဘုရင်မ ကတော့ ရီးစားရတော့မယ် ကျန်း ""
ဝမ်လီက “နင့်ကို လိုက်တဲ့သူတွေ အများကြီးပဲ၊ နင်က ဘယ်သူ့မှပြန်မကြိုက်ဘူး ခုတော့ နင် အဲ့လူနဲ့ သွားတွေ့ခဲ့တာ ပေါ့ နောက်ကျရင် ငါ့ကိုလည်း မိတ်ဆက်ပေးအူံး။ "
လီချန်လဲ့ မူလက “ဝမ်လီကို နင် တကယ်ကို ပိုပိုပြီး စပ်စုတတ်လာပြီ ” ဟု ပြောချင်ခဲ့ပေမဲ့ စဉ်းစားပြီးနောက် စာတစ်ကြောင်းပို့လိုက်သည်။
“နင် ဟွာဟိုင်းမြို့ကို ပြန်လာမှ ပြောကြတာပေါ့။”
...
နောက်တစ်နေ့
လျူယောင် ကုမ္ပဏီကို မသွားဘဲ ကျိုးယန်နှင့် ဟူဂျွန်းရှီတို့ ရှိနေသဖြင့် သူတို့ကို လွှတ်ထားလိုက်သည်။
လျူယောင် ပြီးခဲ့တဲ့နှစ်ရက်အကြာက အကျိုးဆောင်ကုမ္ပဏီနှင့် ဆက်သွယ်ခဲ့ပြီး ပင်လယ်နှင့် နီးစပ်တဲ့ ဂိုဒေါင်တစ်ခုကို ငှားရမ်းလိုကြောင်း ပြောခဲ့သည်။
အကျိုးဆောင်ကုမ္ပဏီရဲ့ ဧည့်ကြိုက ဒီလိုဂိုဒေါင်မျိုး ငှားရမ်းလိုတဲ့ ဖောက်သည် ရှိတာကို အလွန်အံ့အားသင့်ခဲ့သည်။
စိတ်ရှုပ်ထွေးနေပေမဲ့ မေးမြန်းခြင်းမရှိဘဲ ချက်ချင်းပင် သဘောတူခဲ့သည်။" "ဖောက်သည်က ဘုရားသခင် ပင် "
အဌားအကျိုးဆောင်ကုမ္ပဏီက ဒီအလုပ်အတွက် ထိုက်တန်သည်။ နှစ်ရက်သာ ကြာမြင့်ခဲ့ပြီး သဲလွန်စတစ်ခု ရရှိခဲ့သည်။
ဟွာဟိုင်းမြို့ရဲ့ အပြင်ဘက် ဆင်ခြေဖုံးတွင် ထိုသို့ ဂိုဒေါင်တစ်ခုရှိပြီး ဂိုဒေါင်ပိုင်ရှင် က ငှားရမ်းလိုနေသည်။
လျူယောင် အဌားအကျိုးဆောင်မှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိတဲ့အခါ အလွန်ပျော်ရွှင်ခဲ့သည်။
သူ မနက်စောစော အကျိုးဆောင်ဆီကို သွားခဲ့ပြီးနောက် ဂိုဒေါင်ကို ဦးတည် သွားနေပြီဖြစ်သည်။