အခန်း 38 ပင်လယ်ရေနက်တွင် ပစ္စည်း သယ်ယူပို့ဆောင်သူ
ဘယ်သူမဆို ဒီမြင်ကွင်းကို မြင်လိုက်ရင် အံ့အားသင့်သွားပြီး မယုံကြည်နိုင်စရာလို့ပြောကြမှာသေချာသည်။
တကယ်မယုံနိုင်စရာပင်၊ ဧရာမ လိပ်တစ်ကောင်က ပင်လယ်ကြမ်းပြင်တွင် ပစ္စည်းသယ်ဆောင်သူအဖြစ် လုပ်ကိုင်နေပြီး ထူထဲတဲ့ သစ်လုံးများကို သင်္ဘောပျက်မှ ရွှေ့ပြောင်းနေသည်။လိပ်ကြီး ကြိုးစားလုပ်ကိုင်နေသည်။
ပထမဆုံးအနေနဲ့ ထူထဲသော သစ်လုံးအချို့ကို သင်္ဘောထဲမှ ရွှေ့ထုတ်ကာ သင်္ဘောပျက်နဲ့ မနီးမဝေး ပြန့်ပြူးတဲ့ နေရာလွတ်တစ်ခုတွင် သပ်ရပ်စွာ ချထားသည်။
ဆူညံသံများကြောင့် ပင်လယ်သတ္တဝါအချို့က စိတ်ဝင်တစား လာရောက်ကြည့်ရှုကြပြီး ၎င်းတို့ထဲမှ အချို့မှာ တစ်မီတာ သို့မဟုတ် နှစ်မီတာခန့် ရှည်လျားတဲ့ ကြီးမားသည့် သတ္တဝါများ ဖြစ်ကြသည်။သူတို့က ဧရာမ လိပ်ကြီးကို မြင်တဲ့အခါ လန့်ဖျပ်သွားပြီး တတ်နိုင်သမျှ အဝေးကို ပြေးကြသည်။
သင်္ဘောပျက်ကို ဗဟိုပြုပြီး မီတာ နှစ်ရာမှ သုံးရာအတွင်း ပင်လယ်သတ္တဝါများ ချဉ်းကပ်လာတာ မရှိသလောက်ပင်။
ဒါပေမဲ့ သုံးမီတာ လေးမီတာ ရှည်လျားတဲ့ ဧရာမ ရေဘဝဲကြီးတစ်ကောင်မှာ ခဏတာ ကြည့်ပြီးနောက် ဘယ် အာရုံကြော မှားယွင်းသွားလဲ မသိ သူက လိပ်ကြီးလို သတ္တဝါကို တစ်ခါမှ မမြင်ဖူးတာကြောင့် ဖမ်းဆီးပြီး အရသာခံချင်နေသည်။
ဒီကောင်က တစ်တန်နီးပါးရှိတဲ့ လိပ်ကြီးကို ရင်ဆိုင်နေရပြီး လိပ်ကြီးရဲ့ ပြိုင်ဘက် ဘယ်လို ဖြစ်နိုင်ပါ့မလဲ။
ရေဘဝဲကြီးက လိပ်ကြီးကို ရစ်ပတ်လိုက်တာနဲ့ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားလိုက်ရပြီး ချက်ချင်း ထွက်ပြေးရန် ကြိုးစားခဲ့သည်။လိပ်ကြီးက သွားများဖြင့် ကိုက်လိုက်တာကြောင့်ဖြစ်သည်။ ရေဘဝဲ ထွက်ပြေးရန် ကြိုးစားတာကို မြင်တဲ့အခါ လိပ်ကြီးက ခြေသည်းတစ်ချောင်းဖြင့် တိုက်ရိုက် အဆုံးသတ်လိုက်သည်။
“ကျွန်တော် ဗိုက်နည်းနည်းဆာနေတာ သိလို့ တချို့က ကိုယ်တိုင် အိမ်တံခါးဝအထိ လာပို့ပေးတာပဲ”
လိပ်ကြီးက သယ်ဆောင်ခြင်းကို ခဏရပ်နားပြီး ညစာစားရန် စတင်လိုက်သည်။ ကြီးမားတဲ့ ရေဘဝဲကို စားပြီးတဲ့အခါ သူ့ရဲ့ ဗိုက် ပြည့်သွားပြီး အလုပ်ကို ဆက်လုပ်လိုက်သည်။
လှေအတွင်းမှ သစ်သားများကို ရွှေ့ပြောင်းခြင်းမှာ အနည်းငယ် အနှောင့်အယှက်ဖြစ်တာကြောင့် လိပ်ကြီးက လှေကို ထပ်မံ ဖျက်လိုက်သည်။ လှေကို လုံးဝဖျက်ပြီးနောက် သယ်ဆောင်ရ ပိုမိုအဆင်ပြေမှာသေချာသည်။
နောက်တစ်နေ့
လျူယောင် ကောင်းစွာ နိုးထလာပြီး အပြင်မထွက်မီ လိပ်ကြီးရဲ့ အခြေအနေကို မေးမြန်းရန် မမေ့ခဲ့ချေ။
မနေ့ညက တစ်ညလုံးနီးပါး လိပ်ကြီး အလုပ်လုပ်ခဲ့တာ သိရတဲ့အခါ သူ အလွန်ကျေနပ်ခဲ့သည်။
“မင်း ပင်ပန်းရင် နားဖို့ လည်းဂရုစိုက်အူံး။”
လိပ်ကြီးက “သခင်၊ ကျွန်တော် လုံးဝမပင်ပန်းပါဘူး၊ ဒါပေမယ့် နည်းနည်းဗိုက်ဆာတယ် ဗိုက်ပြည့်တာနဲ့ ဆက်လုပ်ပါ့မယ်” ဟု ပြန်ဖြေလိုက်သည်။
လိပ်ကြီးက ညတိုင်းဆက်တိုက်အလုပ်လုပ်နိုင်သည်။ သူ့ရဲ့ ခန္ဓာကိုယ် ခုခံစွမ်းအင် မှာ ကောင်းမွန်တာကြောင့်ဖြစ်သည်။
တစ်ညလုံး သယ်ရခြင်းရဲ့ အကျိုးသက်ရောက်မှုမှာ အတွင်းရှိ သစ်သားအားလုံး ပေါ်လာသည်။ နောက်ဆုံး လိပ်ကြီးလုပ်ရမှာက မလှမ်းမကမ်းရှိ နေရာလွတ်တွင် သပ်ရပ်စွာ စီရုံပင်။
အဲ့တာက လျူယောင်ရဲ့ ရည်ရွယ်ချက်ဖြစ်သည်။ဒါက ဘာသစ်အမျိုးအစားဖြစ်တာကို မသိရှိပေမဲ့ သာမန်သစ်များမဟုတ်ဘဲ အနည်းငယ် တန်ဖိုးရှိနိုင်တယ်လို့ သူ့ စိတ်က ပြောပြနေသည်။
Global ကို တည်ထောင်ပြီးနောက် ငွေကြေးလိုအပ်မဲ့ နေရာများစွာရှိပြီး ကုန်စည်တင်သင်္ဘော ဝယ်ယူခြင်းလို ကနဦး ရင်းနှီးမြှုပ်နှံမှု့ များစွာ လိုအပ်သည်။
လျူယောင်အလိုချင်ဆုံးအရာမှာ နောက်ထပ်ငွေကြေးတစ်ရပ် ရရှိရန်ဖြစ်သည်။ လိပ်ကြီးနဲ့ စကားအနည်းငယ် ပြောပြီးနောက် လျူယောင် ကုမ္ပဏီကို ထွက်လာကာ လိပ်ကြီးက ပင်လယ်ကြမ်းပြင်တွင် အလုပ်ဆက်လုပ်နေသည်။
ဒီသစ်လုံးများမှာ ရာနှင့်ချီရှိလေသည်။လိပ်ကြီး မှာ ထူးချွန်တဲ့ ပစ္စည်းသယ်ဆောင်သူဖြစ်သည်။
ငါးကြီးတစ်ကောင်ကို ဝအောင်စားပြီးနောက် သူ အလုပ်ဆက်လုပ်ကာ သစ်လုံးများကို တစ်လုံးချင်းစီ ရွှေ့ပြောင်းပြီး သပ်ရပ်စွာ စုပုံထားရာ ပုံစံက ပိုမိုရှင်းလင်းလာသည်။
နောက်ဆုံးတွင် အလုပ်အားလုံး ပြီးစီးသွားပြီး သစ်သားအလုံး၁၀၀ ကျော်ကို သပ်ရပ်စွာ စုပုံထားသည်။ ထို့နောက် လိပ်ကြီးက ပျဉ်ပြားများအဖြစ် ဖျက်ထားတဲ့ သင်္ဘောပျက်ကို ဂရုတစိုက် ရှာဖွေရန် ပြင်လိုက်သည်။
တစ်ချိန်တည်းမှာပင်
လျူယောင်ရဲ့ အင်တာဗျူးလည်းပြီးစီးခဲ့ပြီး ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာကို ဆုံးဖြတ်ခဲ့သည်။
ကျိုးယန်
သူက အသက် ၄၂ နှစ်ရှိပြီး မာစတာဘွဲ့ရရှိထားကာ သင်္ဘောကုမ္ပဏီကြီးတစ်ခုရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့တာကြောင့် အတွေ့အကြုံကြွယ်ဝသူဖြစ်သည်။
လျူယောင် သူ့ရဲ့ မျက်စိအမြင်ကို ယုံကြည်ပြီး လူများကို အကဲခပ်ရာတွင် မှားယွင်းမှု့ မရှိခဲ့ချေ။ကျိုးယန်ရဲ့ အလွန်အထင်ကြီးစရာကောင်းတဲ့ ရာထူးအချက်အလက်များသာမက သူ့ရဲ့ စိတ်ဓာတ်ကောင်းမွန်တာကြောင့်ရွေးချယ်ခဲ့သည်။
လျူယောင်က လူရွေးချယ်ရာတွင် အခြေခံကျင့်ဝတ် ရှိသော! စွမ်းရည်ထက်မြက်သော၊ စိတ်ဓာတ်ကောင်းမွန်သော၊ နှင့် သစ္စာရှိသော လူများကို ရွေးချယ်ခဲ့သည်။
အထွေထွေမန်နေဂျာကို ရွေးချယ်ပြီးနောက် လျူယောင် ချက်ချင်းပင် အစည်းအဝေးတိုတစ်ခု ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ကျိုးယန်နှင့် ဟူဂျွန်းရှီတို့အား "ကုမ္ပဏီကို အမြန်ဆုံး လမ်းကြောင်းမှန်ပေါ် ရောက်ရှိစေရန် ကုမ္ပဏီရဲ့ လုပ်ငန်းပုံစံကို အမြန်ဆုံး တည်ဆောက်ရန်၊ အထူးသဖြင့် စျေးကွက်ဖွံ့ဖြိုးတိုးတက်မှုကို စတင်ရန်၊ နှင့် ပထမဆုံး ကုန်စည်တင်သင်္ဘော မရောက်မီ နက်နဲတဲ့ ပင်လယ်ပြင် ကယ်ဆယ်ရေးနှင့် စူးစမ်းရှာဖွေရေးလုပ်ငန်းကို အမြန်ဆုံး ရရှိရန် လိုအပ်တယ် "လို့ မှာကြားခဲ့သည်။
ကျိုးယန်က မေးမြန်းလိုက်သည် “သူဌေး၊ ကျွန်တော်တို့ အမှန်တကယ် ပင်လယ်နက် ကယ်ဆယ်ရေးနဲ့ စူးစမ်းရှာဖွေရေး လုပ်ငန်းတွေ လုပ်လို့ရတာလား”
လျူယောင် က အတည်ပြုလျက်
“ပြဿနာမရှိဘူး၊ စိတ်အေးအေးထားပြီး လုပ်ပါ။ ကျွန်တော့်မှာ ဖြေရှင်းနည်းရှိတယ်၊ ခင်ဗျားတို့ လုံးဝစိတ်ပူစရာမလိုဘူး၊ လုပ်ငန်းအော်ဒါကို ရယူရုံပဲ” ဟု ပြန်ဖြေခဲ့သည်။
ဖြစ်နိုင်တာက လျူယောင်ရဲ့ ခိုင်မာတဲ့ ယုံကြည်မှုကြောင့်ပင်။နက်နဲတဲ့ ပင်လယ်ပြင် ကယ်ဆယ်ရေးနှင့် စူးစမ်းရှာဖွေရေးကို ဘယ်လို လုပ်ရမလဲဆိုတာ သူနားမလည်ပေမဲ့ ကျိုးယန်က ဆက်လက် မမေးမြန်းခဲ့ချေ။
နေ့လည်စာကို သုံးဦးသား အတူတူ စားခဲ့ကြသည်။
အထွေထွေမန်နေဂျာနှင့် ဒုတိယမန်နေဂျာ နှစ်ဦးစလုံးရှိနေသဖြင့် လျူယောင် စိတ်အေးလက်အေး နေနိုင်လေသည်။
လျူယောင် အမြန်ရထား အနောက်ဘူတာကို ကိုယ်တိုင် ကားမောင်းလာခဲ့ပြီး ညနေ ၅ နာရီပင် မထိုးသေးပေ။
သူသည် အချိန်စစ်ရန် လက်ကို မြှောက်လိုက်ပြီး ထွက်ပေါက်အနီးတွင် စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။
တကယ်ပူတာပဲ။
လျူယောင် မိနစ်အနည်းငယ်သာ စောင့်ဆိုင်းရတာကို ချွေးများ စတင်ထွက်လာသည်။
ဘေးနားရှိ KFC ကို မြင်တဲ့အခါ ဝင်သွားလိုက်ရာ ချက်ချင်းပင် အများကြီး ပိုအေးသွားတယ်လို ခံစားလိုက်ရသည်။
မှန်မှတစ်ဆင့် ဘူတာရဲ့ ထွက်ပေါက်ကို မြင်နိုင်ပြီး အကွာအဝေးလည်းနီးတာကြောင့် ထို ဆိုင်ထဲတွင်သာ စောင့်နေလိုက်သည်။အမြန်ရထားက အချိန်မှန် ရောက်ရှိလာပြီး နှောင့်နှေးကြန့်ကြာမှု့ မရှိခဲ့ချေ။
လျူယောင် လူအများအပြား ဘူတာမှ ထွက်လာတာ ကို မြင်တဲ့အခါ ချန်လဲ့ ရောက်ရှိပြီဖြစ်ကြောင်း သိလိုက်သည်။သူ KFC မှ ထွက်လာပြီး ဘူတာရုံကို လှည့်ပတ်ကြည့်လိုက်သည်။
မကြာမီ လျူယောင့်ရဲ့ မျက်လုံးများ လင်းလက်လာသည်။
လီချန်လဲ့မှာ လှပပြီး ငယ်ရွယ်နုပျိုကာ အရပ်လည်းရှည်သည်။ လျူယောင် လူအုပ်ထဲမှ သူမကို အလျင်အမြန် ရှာတွေ့ခဲ့ပြီး စိတ်ထဲတွင် တွေးလိုက်ကာ
“သူမ တကယ်ကို လှတာပဲ။ စိတ်ဓာတ်ကောင်းပြီး ဟန်ဆောင်တာမရှိဘူး၊ ဒုက္ခမပေးဘူး ဆိုရင်တော့ အပြစ်အနာအဆာမရှိတဲ့သူပါပဲ။”
လျူယောင် လီချန်းလဲ့ကို လက်ဝှေ့ယမ်းပြလိုက်ရာ သူမရဲ့ မျက်နှာက ပျော်ရွှင်မှုအပြည့်ပင်။
မကြာမီ လီချန်လဲ့ လည်း လျူယောင်ကို တွေ့လိုက်ပြီး လက်ဝှေ့ယမ်းကာ သူမရဲ့ ခရီးဆောင်အိတ်ကို ဆွဲပြီး လျှောက်လာလေသည်။
“ကြာနေပြီလား။”
" မကြာသေးပါဘူး "ရောက်တာ မိနစ်အနည်းငယ်ပဲ ရှိသေးတယ်။”
“စောင့်ရတာမပူဘူးလား၊ ကျွန်မ ရှင့်ကိုကော်ဖီ အေး တိုက်မယ်လေ”ဟု ပြောပြီး အနီးအနားရှိ KFC ကို သွားကာ ကော်ဖီအေး နှစ်ခွက် ဝယ်ယူခဲ့ပြီး နှစ်ဦးအတူ သောက်ခဲ့သည်။
လျူယောင်မှာ ယနေ့ရဲ့ ဆန်းဒေး ကအေးမြပြီး အရသာရှိလွန်းတယ်လို့ ခံစားလိုက်ရသည်။