Ch 43
Viewers 5k

အခန်း 43 မစ္စတာ လျူ၊ ခင်ဗျား ချမ်းသာသွားပြီ

လျူယောင်နဲ့ချန်းဟူတို့မှာ ကုမ္ပဏီကို သွားတဲ့လမ်းတွင် ရှိနေကြသည်။

သစ်တုံးများအားလုံးကို ဂိုဒေါင်ထဲ ရွှေ့ထားပြီးတာကြောင့် အရေးအကြီးဆုံးအချက်မှာ  ဒီသစ်များက ဘာအမျိုးအစားလဲဆိုတာ နားလည်သူတစ်ဦးကို ရှာဖွေရန်ဖြစ်သည်။

တန်ဖိုးရှိပါက အားလုံးကို ရောင်းချပြီး ငွေသားဖြင့် လဲလှယ်မည်။ ကုမ္ပဏီအနေဖြင့် ရင်းနှီးမြှုပ်နှံရန် ငွေကြေးများစွာ လိုအပ်နေသေးသည်။လျူယောင်က သစ်လုံးများကို ကြည့်ရှုရန် ဘယ်သူကို  ရှာရမလဲ ဆိုတာ စဉ်းစားပြီးပြီဖြစ်သည်။

ဟွန်ဒါအဖွဲ့မှ ကျောက်ကျန်းဗြောင်မှာ  အကောင်းဆုံး ကိုယ်စားလှယ်ဖြစ်သင့်သည်။

သူက ကျွန်းသစ်လုပ်ငန်းတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့တာကြောင့် အတွေ့အကြုံကြွယ်ဝရုံသာမက စိတ်ရင်းကောင်းသူတစ်ဦးလည်း ဖြစ်ပုံရသည်။

တွေ့ဆုံတဲ့အခါတိုင်း သူ့ကို အမြဲတမ်း နွေးထွေးစွာ နှုတ်ဆက်တတ်သည်။

လျူယောင် အချိန်ကောင်းပဲဟု ယူဆကာ ကျောက်ကျန်းဗြောင်ရဲ့ နာမည်ကဒ်ပြားကို ထုတ်ယူပြီးဖုန်းခေါ်ဆိုလိုက်သည်။ဖုန်းအဆက်အသွယ် လျင်မြန်စွာ ရရှိပြီး လျူယောင် က

"မစ္စတာ ကျောက်၊ အနှောက်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်၊ ကျွန်တော် Global က လျူယောင်ပါခဗျ"

ကျောက်ကျန်းဗြောင်ရဲ့ အသံက အနည်းငယ် တိုးနေပြီး သေချာနားထောင်ကြည့်ရင်အနည်းငယ် ခြောက်ကပ်ကပ်ဖြစ်နေသည်။

"ဪ၊ မစ္စတာ လျူကိုး၊ ဘာကိစ္စလဲ။"

သူက ခုမှ အစည်းအဝေး ပြီးဆုံးခဲ့ခြင်းဖြစ်သည်။

ဟွန်ဒါ အဖွဲ့မှ အဆင့်မြင့်အရာရှိအများအပြားမှာ ကျင်းစီနန်း စားပွဲခုံကိစ္စကို အဓိကဆွေးနွေးခဲ့ကြပေမဲ့ နာရီဝက်ကျော် ဆွေးနွေးပြီးနောက်တွင်  ဒီကိစ္စနှင့်ပတ်သက်လို့ ထူးခြားချက်တစ်စုံတစ်ရာ မရှိသေးချေ။

ဟွန်ဒါ အဖွဲ့က ဈေးနှုန်းမြင့်မြင့်နဲ့ ဝယ်ယူရန် သတင်းထုတ်ပြန်ထားပေမဲ့ ယခုအချိန်အထိ ရွှေနန်းမွှေးသစ်ကို မိမိလက်ဝယ်ရှိကြောင်းဘယ်သူ့မှ လာပြောဆိုခြင်း မရှိသေးချေ။

ရုံးခန်းသို့ ပြန်ရောက်တဲ့အခါ ကျောက်ကျန်းဗြောင်ရဲ့ မျက်နှာက အနည်းငယ် ညိုမှိုင်းနေပြီး စိတ်တိုနေသည်။ လျူယောင်ထံမှ ဖုန်းလက်ခံရရှိတဲ့အခါ အနည်းငယ် အံ့အားသင့်သွားပြီး ပုံမှန်အတိုင်းပြောဆိုလိုက်သည်။

အရေးကြီးတဲ့ ကိစ္စမရှိပါက စကားနှစ်ခွန်းသုံးခွန်း ပြောပြီးတာနဲ့ ဖုန်းချလိုက်တော့မည်။

လျူယောင်က

"မစ္စတာ ကျောက်၊ ကျွန်တော့်လက်ထဲမှာ သစ်လုံးတွေ အများကြီးရှိတယ်။ အခုမှ ပင်လယ်အောက်ခြေကနေ ဆယ်ယူလာတာပါ။ ဘယ်လိုသစ်အမျိုးအစားလဲဆိုတာ ကျွန်တော် မခွဲတတ်လို့ပါ ! ဓာတ်ပုံတချို့ရိုက်ထားပါတယ်။ အဆင်ပြေရင် အခုလာခဲ့မယ်! ကျွန်တော့်အတွက် ကြည့်ပေးပါဦး"လို့ လျူယောင် မြန်မြန်ပြောလိုက်သည်။

"သစ်လုံးတွေ ဖြစ်နေတာကိုး"

သစ်လုံးဆိုတာကို ကြားလိုက်ရတာကြောင့် သူ့စိတ်ဝင်စားမှုကို အနည်းငယ်နှိုးဆွလိုက်သည်။ သူက ဒီလုပ်ငန်းနယ်ပယ်မှ ဖြစ်တာကြောင့် သစ်အမျိုးအစားအားလုံးကို အထူးနှစ်သက်သည်။

"ကျွန်တော် ရုံးခန်းမှာ ခင်ဗျားကို စောင့်နေမယ်၊ မစ္စတာ လျူ၊ အခုလာခဲ့ပါ"ဟု ပြန်ဖြေလိုက်သည်။

ဖုန်းချပြီးနောက် လျူယောင် ထွက်လာရာ မကြာမီပင် ဟွန်ဒါကုမ္ပဏီရဲ့ ဧည့်ခံစားပွဲကို ရောက်ရှိလာသည်။

အကြောင်းကြားထားပြီးသား ဖြစ်ပုံရကာ တစ်စုံတစ်ဦးက ထိုနေရာတွင် စောင့်ဆိုင်းနေသည်။

"မစ္စတာ လျူ မဟုတ်လား"

"ဟုတ်ပါတယ်။ ကျွန်တော် Global က လျူယောင် ပါ "

"မစ္စတာ လျူ၊ ကျေးဇူးပြုပြီး ကျွန်တော့်နောက် လိုက်ခဲ့ပါ၊ ကျွန်တော်တို့သူဌေးက ရုံးခန်းမှာ စောင့်နေပါတယ်။"

ထိုအမျိုးသမီးငယ်ရဲ့ ဦးဆောင်မှုဖြင့် လျူယောင်က ကျောက်ကျန်းဗြောင်ရဲ့  ရုံးခန်းကို ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့ပြီး ဝင်လိုက်တာနဲ့ တစ်ပြိုင်နက် ဆေးလိပ်နံ့ ရလိုက်သည်။

စားပွဲပေါ်မှ  ပြာခွက်တွင် စီးကရက်ဖင်များ ပြည့်နေတာကို သတိပြုမိပြီး ကျောက်ကျန်း ဗြောင်ရဲ့ မျက်နှာမှာ မူန်မှိုင်းနေပုံရသည်။

လျူယောင် စိတ်ထဲမှ

"မစ္စတာ ကျောက် စိတ်မကောင်းဖြစ်နေတာများလား" ဟု ရေရွတ်လိုက်သည်။

"ကောင်းပြီ၊ ဒါဆိုရင်တော့ သူ ဓာတ်ပုံတွေ ပြပြီးတဲ့အခါ  မြန်မြန်ပြန်သင့်တယ်၊ သူ့ကို အနှောင့်အယှက် အနည်းဆုံး ဖြစ်အောင်လုပ်ရမယ်"လို့  စိတ်ကူးပြီးနောက် ကျောက်ကျန်းဗြောင် ကို ယဉ်ကျေးစွာ နှုတ်ဆက်ပြီး သူ့ရဲ့ ဖုန်းထဲက  ဓာတ်ပုံများကို ဖွင့်ပြလိုက်သည်။

"မစ္စတာ ကျောက်၊ ဒါတွေ ဘယ်လိုသစ်အမျိုးအစားတွေလဲဆိုတာ ကျွန်တော့်ကို ကူညီကြည့်ပေးပါအုံး "

ကျောက်ကျန်းဗြောင်က  ဖုန်းကိုယူကာ သေချာကြည့်ရှု့ လိုက်သည်။

တဖြည်းဖြည်း သူ့မျက်နှာပေါ်ရှိ အမူအရာမှာ ပိုပိုပြီး စိတ်လှုပ်ရှားဖွယ်ဖြစ်လာသည်။

ခုနက လို မျက်မှောင်ကြုတ်နေတာနဲ့မတူဘဲ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ၊ စိတ်လှုပ်ရှားမှုများနဲ့  ပြည့်နှက်နေသည်။"မစ္စတာ လျူ၊ ဒီသစ်လုံးတွေအားလုံး ခင်ဗျားပိုင်တာလား "ကျောက်ကျန်းဗြောင် စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ချေ။

သူ ဘယ်မှမသွားရပဲနဲ့ အားမစိုက်ထုတ်ရဘဲ ရခဲ့တာကိုး။ဘာလုပ်ရမှန်းမသိဖြစ်နေတုန်း အခုလို အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်လို့ သူ မမျှော်လင့်ခဲ့ချေ။

သူက ဒီနယ်ပယ်တွင် ကျွမ်းကျင်သူဖြစ်သည်။

ဒီဓာတ်ပုံများကို ကြည့်ယုံဖြင့် အမှန်တကယ် ပစ္စည်းကို လုံးဝမမြင်ရဘဲနဲ့  ဒီသစ်များမှာ အဖိုးတန်သစ်နှစ်မျိုးဖြစ်ကြောင်း သူ ဆုံးဖြတ်နိုင်သည်။

ထိုအထဲတွင် သူ အိပ်မက်မက်ခဲ့တဲ့ ကျန်းစီနန်း လည်း ပါဝင်သည်။

အသက်ပြင်းပြင်းရှူကာ၊လှုပ်ရှားနေတဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်ရန် ကြိုးစားပြီးနောက် ထပ်မံပြောလိုက်သည်- "မစ္စတာ လျူ၊ ကျွန်တော် မှန်ကန်စွာ ခန့်မှန်းရမယ်ဆိုရင်၊ ဒါတွေက ရွှေနန်းမူးသစ်နဲ့ ရွှေလီဖလားသစ်တွေ ဖြစ်ဖို့များတယ် "

လျူယောင် ပါးစပ်အဟောင်းသားဖြစ်သွားသည်။သူက  ဒီနယ်ပယ်တွင် ကျွမ်းကျင်သူမဟုတ်ရင်တောင် ကျန်းစီနန်း နှင့် ဟွမ်ဟွမ်လီ တို့ရဲ့ တန်ဖိုးကို သိသည်။

"မစ္စတာ ကျောက်၊ ဒါတွေက ကျန်းစီနန်း နဲ့ ဟွမ်ဟွမ်လီ ဆိုတာ သေချာလား "

ပျော်ရွှင်မှုက ရုတ်တရက် ရောက်လာလွန်းလို့ လျူယောင်ရဲ့လေသံမှာ စိတ်လှုပ်ရှားပြီးတုန်နေသည်။ဒီသစ်တွေက တန်ဖိုးကြီးတဲ့ သစ်အမျိုးအစားတွေ ဖြစ်နိုင်တယ်လို့ တစ်ခါက ခန့်မှန်းဖူးပေမဲ့ ကျန်းစီနန်း နဲ့ ဟွမ်ဟွမ်လီ ဖြစ်မယ် ဆိုတာ စိတ်မကူးထားခဲ့ချေ။

ကျွန်တော့်အတွေ့အကြုံအရ ဒါတွေက ကျန်းစီနန်းနဲ့ ဟွမ်ဟွမ်လီ လို့ ၇၀% ကနေ ၈၀% အထိ သေချာပြောနိုင်ပါတယ်။ ဒါပေမဲ့ ဒါက ဓာတ်ပုံပဲလေ။ တကယ့်ပစ္စည်းကို မြင်ရရင်တော့ ပိုပြီး သေချာပြောနိုင်ပါလိမ့်မယ်"

ဒီသစ်လုံးများ ကျင်းစီနန်း ဒါမှမဟုတ်  ဟွမ်ဟွမ်လီ ဖြစ်ပါက လျူယောင် အားလုံးကို ရောင်းချလိုပြီး ငွေသားအဖြစ် ပြောင်းလဲချင်သည်။

လျူယောင် က "ဒီသစ်လုံးတွေ အားလုံး ကျွန်တော့်ဂိုဒေါင်ထဲမှာပါ။သိပ်မဝေးပါဘူး! ကားနဲ့သွားရင် တစ်နာရီကျော်ပဲကြာပါတယ်။ ဒါမှမဟုတ် အခုပဲ သွားကြည့်ရအောင်လေ"သူက တစ်စက္ကန့်လေးမျှပင် အချိန်ဖြုန်းချင်စိတ်မရှိချေ။

ကျောက်ကျန်းဗြောင်ကလည်း "ဒီလိုထူထဲတဲ့ရွှေနန်းမူးသစ်မှာ သူလိုအပ်တဲ့ သစ်အမျိုးအစားပင် ဖြစ်သည်။ ထိုအထဲမှ တစ်ခုသာ ရရှိခဲ့ရင် သူရင်ဆိုင်နေရတဲ့ ပြဿနာများ အလွယ်တကူ ပြေလည်သွားမည်။ " လို့ ဝမ်းသာအားရ တွေးလိုက်သည်။

နှစ်ဦးသား ပျော်ရွှင်စွာ ထွက်သွားကြသည်။လျူယောင်ကပင် "မစ္စတာ ကျောက်၊ ကျွန်တော့်ကားနဲ့ လိုက်ခဲ့ပါ" ဟု နွေးထွေးစွာ ဖိတ်ခေါ်လိုက်သည်။

"ဟုတ်ကဲ့၊ ပြဿနာမရှိပါဘူး။"

ဂိုဒေါင်ကို ရောက်တဲ့အခါ လျူယောင်ကဂိုဒေါင်တံခါးကို ဖွင့်လိုက်ပြီး "လာပါ၊ ဝင်ကြရအောင်၊ သစ်သားတွေ အားလုံး အတွင်းထဲမှာပါ" လို့ ဖိတ်ခေါ်လိုက်သည်။

ဖွင့်ထားသော တံခါးမှတစ်ဆင့် ကျောက်ကျန်း ဗြောင်က သစ်လုံးများဆီ.လျှောက်သွားကာ တစ်ချက်ကြည့်လိုက်တာနဲ့  သူ စိတ်လှုပ်ရှားသွားသည်။

"ဒါတွေက တကယ်ပဲ ကျင်းစီနန်းနဲ့ ဟွမ်ဟွမ်လီပဲ "ကျောက်ကျန်းဗြောင် သေချာသိသည်။

သူ့ရဲ့လက်ထောက်ကလည်း တောသားမဟုတ်ဘဲ အမြင်အာရုံ အနည်းငယ်ရှိကာ "ဘုရားရေ၊ ဒီလိုထူတဲ့ ကျင်းစီနန် လည်း ရှိတာပဲ " လို့ အာမေဍိတ်သံ ပြုလိုက်သည်။

သူတို့နှစ်ဦးရဲ့  တုံ့ပြန်မှုကို မြင်တဲ့အခါ လျူယောင် လုံးဝစိတ်အေးချမ်းသွားသည်။

ဒါတွေက သစ်ပုံတွေ မဟုတ်ဘဲ ငွေစက္ကူပုံတွေ ဖြစ်သည်။လျူယောင်က "ငါ မကြာခင် ထပ်ပြီး ချမ်းသာတော့မယ်ထင်တယ်" လို့ စိတ်ထဲက တွေးလိုက်သည်။

ကျောက်ကျန်းဖျောင်က သစ်လုံးများကို အကြိမ်ကြိမ် လှည့်ပတ်ကြည့်ရှုပြီး တစ်ခါတစ်ရံတွင် သစ်သားအချို့ရဲ့ အသေးစိတ်များကို ဂရုတစိုက် ကြည့်နေသည်။

ပြီးသလောက်ဖြစ်ပြီလို့ ခံစားရတဲ့အခါ လျူယောင်က "မစ္စတာ ကျောက်၊ ဒါတွေ တကယ်ပဲ ကျင်းစီနန် နဲ့ ဟွမ်ဟွမ်လီ ဟုတ်ရဲ့လား" ဟုထပ်မံ မေးလိုက်သည်။

ကျောက်ကျန်းဖျောင် ကသေချာစွာ ပြန်ဖြေသည်- "ဟုတ်ကဲ့၊ ဒါတွေက ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိတဲ့ ရွှေနန်းမူးသစ်နဲ့ ရွှေလီဖလားသစ်တွေဆိုတာ ၁၀၀% သေချာပါတယ်။"

အရှည် ရှစ်မီတာမှ ကိုးမီတာရှိပြီး အချင်း တစ်မီတာကျော်ရှိတဲ့ အကြီးဆုံးသစ်လုံးကို ညွှန်ပြကာ "အဲဒါ ရွှေနန်မွှေးပင်တစ်ပင်ပဲ  အနှစ်တစ်ထောင်ကျော် သက်တမ်းရှိတယ်" လို့ ပြောလိုက်သည်။

"မစ္စတာ လျူ၊ ခင်ဗျား ချမ်းသာသွားပြီ "