အခန်း 31 မင်းက အံ့အားသင့်စရာပဲ
ကိုယ့်အသင်းရဲ့ ပူးပေါင်းအားစိုက်ထုတ်မူ့ကကောင်းတာကြောင့် လျူယောင် ပြုံးပြီး လက်မထောင်ပြလိုက်သည်။ မကြာခင် ခြင်းအောက် ကို ရောက်ရှိလာပြီး ဘောလုံးပစ်ဖို့ အသင့်ပြင်လိုက်တယ်။
ဘောလုံးပစ်သူမှာ ချန်ဟွေ့ ဖြစ်ပြီး ခြင်းအောက်မှ စံပြပစ်ဟန်(ခြေနှင့်လက်ကို ကွေး ၍တဖြောင့်တည်း ) ဖြင့် အမြင့်ကိုလှမ်းပစ်လိုက်သည်။ လျူယောင်လည်း ရောက်နေပြီမို့ ချက်ချင်း ခုန်တက်ပြီး ပစ်ချက်ကို တားဆီးလိုက်တယ်။
"ဘာလဲ!" လန့်သွားပေမယ့် ချန်ဟွေ့ တုံ့ပြန်ဖို့ နောက်ကျနေပြီ။ လျူယောင်လက်က ဘတ်စကက်စ်ဘောကို ပြင်းပြင်းထန်ထန် ရိုက်ထုတ်လိုက်တာကြောင့် ဖြစ်သည်။
"ဒုန်း!" ထိခတ်တဲ့ အသံ ထွက်ပေါ်လာပြီး ဘောလုံးက ပြင်းထန်စွာ ရိုက်ထုတ်ခံလိုက်ရသည်။ "လှလိုက်တာ!" လူအများ လက်ခုပ်တီးကာ ပြောလိုက်သည်။ ဘောလုံး အောက်မကျသေးခင် ပြန်လုကြ "ဟု လျူယောင်အော်ပြောလိုက် ရာ လျူယောင်အသင်းဖော် က ဘောလုံး ကို ဖမ်းမိပြီး။ ကိုယ်ဘက်ခြမ်းကို လိမ်ခေါက်ပြေးသွားတယ်။
ချန်ဟွေ့ စိတ်ပျက် အားငယ်နေတယ်။ သွင်းရမယ့် ဂိုး အလကား ဖြစ်သွားတာကြောင့်ပင်။ ဘောလုံး လုသွားတာ မြင်တာနဲ့။ ချက်ချင်း ကာကွယ်ရေးပုံစံ ပြန်စီလိုက်တယ်။ ခြေထောက်တွေ ဖြဲပြီး ပြိုင်ဘက်ခြင်းဆီပြေးလွားနေသည်။ အရာအားလုံးက အလွန်မြန်ဆန်နေသည်။
ဘောလုံး က ကွင်းလယ်ရောက်မှ ပိတ်ခံလိုက်ရတာကြောင့် လျူယောင် ဘောလုံးပေးဖို့ အချက်ပြတယ်။အသင်းဖော်က တစ်ဖက်လူကို မြင်တာနဲ့ ရွေးချယ်စရာမရှိပဲ လျူယောင်ကို လှမ်းပစ်ပေးလိုက်သည်။ လျူယောင် လည်းဘောလုံးကို မြဲမြဲ ဖမ်းလိုက်သည်။
လက်ရှိအနေအထားက သုံးမှတ်စည်းနား လိမ်ခေါက်မူ့ နည်းနည်းလုပ်ပြီး အကွာအဝေး နီးလာရင် ပစ်ဖို့ သူ စီစဉ်ထားတယ်။ ချန်ဟွေ့ ရောက်လာပြီ။ ခုနကမှ "ပြင်းထန်စွာ" ခံစားခဲ့ရလို့ စိတ်မပျော်မရွှင်ဖြစ်ကာ လျူယောင်ရှေ့ပိတ်ပြီးကာလိုက်သည်။
သူ့အရပ် ၁၈၈ စင်တီမီတာ မို့လို့ လျူယောင်ထက် ၁၀ စင်တီမီတာကျော် ပိုမြင့်ကာမြင့်မားတဲ့ နံရံကြီးသဖွယ် ရှိနေတယ်။
"ငါ့အရပ် အားသာချက်က ဒီမှာပဲ" "မင်း ဘယ်လိုသွားမလဲ ငါ ကြည့်မယ်" "ပြန်ကလဲ့စားချေပြီး မင်း မျက်နှာကို ဖြတ်ရိုက်ပစ်မယ် "ဟု ပြောလိုက်သည်။
"လျူယောင်၊ အားတင်းထား!" ဒါက ဘေးနားက လီချန်လဲ့ အသံ။
လျူယောင် လှပတဲ့ ဘေးတိုက် ထိုးဖောက်မှုဖြင့် ဘောလုံးကို တစ်ချက် လိမ်ခေါက်ကာ ပုတ်လိုက်ပြီး အမြင့်ကြီး ခုန်တက်လိုက်တယ်။ ချန်ဟွေ့ အံ့အားသင့်သွားသည်။ သူ့ခေါင်းထဲ အတွေးတစ်ခုတည်း ရှိတော့တယ်။
"သူ ဘာလုပ်မလို့လဲ?"
ဘတ်စကက်ဘော ကြည့်သူများလည်း
"ဘာဖြစ်တာလဲ ညီလေး၊ အဝေးကြီးပဲ!" မကြာခင်မှာပဲ အာမေဍိတ်သံ ထွက်ပေါ်။
"ဘုရားရေ၊ သူ ပိုက်အပေါ် မှာလုပ်တော့မယ်!"
"ဒီအကွာအဝေးက မီတာများစွာ မြင့်တယ်လေ “
"ဘန်းဘန်း!!!"
“ဟာ ဒါ တကယ်ကို အမြင့်ဘောရိုက်ချက်ပဲ”
လျူယောင်က ဘတ်စကက်ဘောကို ခြင်းထဲပြင်းပြင်းထန်ထန်
ခြင်းရိုက်ထည့်လိုက်ကာ ခြင်းတစ်ခုလုံး တုန်ခါသွားသည်။
ပွဲကြည့်စင်ပေါ်မှ လူတိုင်း အံအားသင့်သွားပြီး တိတ်ဆိတ်သွားသည်"ဒါက NBA မှာတောင် ရှားပါတယ်။" "တကယ်ကို အံ့ဩစရာ ကောင်းတယ်။"
လီချန်လဲ့အော်သံက ကွင်းအတွင်းတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တယ် —
"အကိုလျူ၊ အမြင့်ခုန် ထည့်လိုက်တာ အရမ်းလှလိုက်တာ!"
ဒီအော်သံနဲ့ ကွင်းထဲ ပြန်ဆူညံလာပြီး။ လက်ခုပ်သံများ တစ်ပြိုင်တည်း ထွက်ပေါ်
လာသည်။ တစ်ယောက်ကိုတစ်ယောက် မသိကြပေမဲ့ လျူယောင်ကို အသင်းဖော်များ က လက်ဝါးရိုက်ကြလေသည်။
"ညီလေး၊ မင်း တကယ်ကို မိုက်လိုက်တာ!" "ညီလေး၊ အံ့ဩစရာပဲ!" တစ်ဖက်အသင်းကေ နှစ်ယောက်သုံးယောက် ကို လှည့်စားသွားတာကွာ " အရမ်းတော်တယ် ဟု ပြောကာ လျူယောင့်ကို လေးစားမှုအပြည့်နဲ့ လက်မထောင်ပြကြသည်။
ချန်ဟွေ့မှာ? တွေဝေနေပြီး အတော်ကြာအောင် ဘာမှ။ တုံ့ပြန်နိုင်ခြင်း မရှိသေးပေ။ "ဒီလူ ဘယ်သူလဲ၊ ပရော်ဖက်ရှင်နယ်လား " "ငါက အရေအတွက်ဖြည့်ဖို့ပဲ ပါတာထင်နေတာ။"
သူသတိပြန်ဝင်တော့ နောင်တရလွန်းလို့ သေတော့မတတ်ပင်။ အစက သိရင် လျူယောင်ကို သူတို့အသင်းမှာပဲ ထားခဲ့ရမှာ ဟု အော့နှလုံးနာပုံစံ ဖြင့် ညည်းတွားလိုက်သည်။
နောင်တရခြင်းမှာ အချည်းနှီးသာ ဖြစ်ပြီးနောက်ကျနေပြီလေ။ လျူယောင်ရဲ့ နောက်ဆက်တွဲ စွမ်းဆောင်ရည် မှာအံ့ဩစရာ ကောင်းတုန်းပင် ဖြစ်တယ်။
ဘေးနားမှ အားပေးသံများနဲ့ လက်ခုပ် အသံများက အချိန်တိုင်း ထွက်ပေါ်နေတယ်။ ပထမပိုင်းပြီးတော့ ရမှတ်မှာ ၈ မှ ၃၉။ အခြေခံအားဖြင့် ၃၀ မှတ်သည် လျူယောင် ရဲ့ စွမ်းဆောင်မှုဖြစ်ပြီး ကျန်အမှတ်များမှာလည်း လျူယောင်နဲ့ ဆက်စပ်နေသည်။
ပထမပိုင်းပြီးတော့ မိနစ် ၂၀ အနားယူကြပြီး။ ချန်ဟွေ့ အသင်းမှာမူ နှင်းရိုက်ခံထားရတဲ့ ခရမ်းချဉ်သီးလို ရူံ့တွလျက်ရှိသည်။ လျူယောင် အသင်းမှာတော့ စိတ်ဓာတ် တက်ကြွလျက်ရှိသည်။ လျူယောင်ကို ပျော်ရွှင်စေသူမှာ လီချန်လဲ့ပင် ။ သူမ က ရေသန့်များ ဝယ်လာပေးခြင်းပင်။ "လျူယောင်၊ ရေသောက်လိုက်ဦး။ နင် ခုနက။" "တကယ်ကို ကောင်းကောင်းကစားသွားတယ်။"ပြုံးကာပြောလိုက်သည်။
လျူယောင် ပျော်ရွှင်စွာ ပြန်လည် ပြုံးလိုက်တယ်။ သူ တကယ်ကို ရေသောက်ချင်နေတာ။ ရေသန့်ဘူးကို ယူကာ တစ်ဝက်လောက် သောက်လိုက်သသည်။ မိနစ် ၂၀ အနားယူပြီးနောက် သိပ်မကြာခင်မှာ ပဲဒုတိယပိုင်း စတင်ခဲ့တယ်။ လျူယောင်၏ တစ်ဦးတည်း စွမ်းဆောင်မူ့ ဖြင့် နောက်ဆုံးရမှတ်မှာ ၁၇ မှ ၆၅ နဲ့အဆုံးသတ်ကာ ပွဲ ပြီးဆုံးသွားသည်။
ပရိသတ်များထံမှ လက်ခုပ်သံများက ဆူညံ့ကာ ထွက်ပေါ်လာခဲ့သည်။ လျူယောင်က ဒီပွဲတွင် အဓိကဇာတ်ကောင်ပင် ဖြစ်သည်။ သူ့ရဲ့ စွမ်းဆောင်ရည် က တကယ်ကို အံ့ဩစရာပင်။
"သူငယ်ချင်း၊ ဒါ အရမ်းကောင်းတယ်!" အသင်းဖော်များက တစ်ယောက်ပြီးတစ်ယောက်။ အောင်ပွဲအတွက် ဂုဏ်ပြုရန် လာကြပြီး လျူယောင့် အားဝိုင်းပြောကြသည်။
မမျှော်လင့်ဘဲ ချန်ဟွေ့မှာ အသစ်ဝင်လာ သူလို ပုံစံမျိုးဖြင့် "ညီလေး၊ ငါ လက်ခံတယ်။" "ကောင်းကင်ထက် မှာ သူ့ထက်မြင့်တဲ့ကောင်းကင်ရှိတယ်။" "ဟု လက်မောင်းကို ပုတ်ကာ ပြောလိုက်သည်။
လျူယောင် က "မင်းတို့လည်း ကောင်းကောင်းကစား ကြပါတယ်" ဟုပြန် ပြောခဲ့သည်။
ချန်ဟွေ့က "မင်း အရမ်းတော်တယ်။" "ပရော်ဖက်ရှင်နယ် ကစားသမား ဖြစ်ရမယ်။" လျူယောင်က
"မဟုတ်ပါဘူး။ ဝါသနာအရပါပဲ။"
"မင်း တကယ်ကို တော်တယ်!"
ချန်ဟွေ့က
"ဒီလို ပရော်ဖက်ရှင်နယ် ဝါသနာနဲ့။" "ပရော်ဖက်ရှင်နယ် လိဂ်တွေမှာ မကစားတာ။" "ဝမ်းနည်းစရာပဲ။"
တကယ်တော့ လျူယောင်က သူ့ရဲ့အားကို အစွမ်းကုန် ! ထုတ်မသုံးသေးပေ။ လိပ်စနစ်နဲ့ဝေမျှပြီးနောက် " သူ့ ခွန်အားနှင့် တုံ့ပြန်မှုမှာ သာမန်လူများထက် အဆပေါင်းများစွာမြန်ဆန်သည်။ အမြင့်ဘောရိုက်ထည့်ခြင်းမျိုးမှာ ကလေး သာသာပင်။
ဘောလုံးကစားပြီးနောက် နေဝင်စပြုလာပြီး မကြာခင် ညနေစောင်းတော့မည်။ လျူယောင်က လူတိုင်းကို နှုတ်ဆက်ခဲ့သည်။ လီချန်လဲ့က "လျူယောင်၊ နင် ဘတ်စကက်စ် ဘော ကစားတာ တကယ်တော်တယ်။ အရမ်းကို အံ့ဩစရာပဲ" ဟု ပြောလိုက်သည်။
လျူယောင်ပျော်ရွှင်စွာ ပြုံးလိုက်တယ်။ သူတို့နှစ်ဦးသည် အရင်က ကျောင်းဆောင် အဆောက်အအုံကို လမ်းလျှောက်သွားကြပြီး အထက်တန်းကျောင်းတုန်းက အမှတ်တရများစွာကို ပြန်လည်သတိရခဲ့
ကြတယ်။ ညနေဘက်တွင် သူတို့နှစ်ဦး အမှတ် ၆ အလယ်တန်းကျောင်းဝင်းမှ အတူတူ ထွက်ခွာကြပြီးနောက် လျူယောင်က
"မပြန်ခင် ညစာ စားကြမလား။"
ထိုစကား ပြောလိုက်ပေမဲ့ မျှော်လင့်ချက် မရှိပေ။ လျူယောင်က လီချန်လဲ့ ငြင်းလိမ့်မယ် ထင်မိသည်။ ဒါပေမဲ့ လီချန်လဲ့ က ခဏလေး တုံ့ဆိုင်း ပြီးမှ သဘောတူလိုက်သည်–
"ကောင်းပြီ" "ဟိုနားမှာ စားကောင်းတယ်လို့ ထင်ရတဲ့" "စားသောက်ဆိုင်တစ်ဆိုင် ရှိတယ်။" "အဲဒီကို သွားစားကြမယ် “ဟိုဘက်လမ်း
ကျော်တာနဲ့ ရောက်ပြီ သွားကြမယ်လေ “
ထိုနေရာတွင် သူတို့နှစ်ဦး ညစာစားခဲ့ကြသည်။ စားပြီးတဲ့အခါ အပြင်ဘက်တွင် မှောင်နေပြီး မီးများလည်း စတင်လင်းနေပြီဖြစ်သည်။
လီချန်လဲ့ က
" အကိုယောင် ညီမ ပြန်တော့မယ်”
လျူယောင်က
"ငါ လိုက်ပို့ပေးမယ်" ဟု ပြောလိုက်သည်။ " လီချန်လဲ့က "မလိုဘူး"ညီမတို့အိမ်က သိပ် မဝေးဘူး ခဏလေး လမ်းလျှောက်သွားရင်ကို ရောက်ပြီ" ဟု ပြောလိုက်သည်။ သူမက ဒီ မြို့နယ်ထဲတွင် နေထိုင်ပြီး။ လမ်းလျှောက်ပြန်ရန် အချိန်သိပ်မကြာပေ။
မထွက်ခွာမီ လီချန်လဲ့က "WeChat လဲကြရအောင်" ဟု ပြောလိုက်ရာလျူယောင်မှာ ခဏတာ တိတ်တိတ်လေး ပျော်သွားပြီး။ လီချန်လဲ့ က WeChat လဲရန် သူကပင်။ စတင်လိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်မိ။
သူထိုနှစ်ဦး WeChat လဲပြီးနောက် လျူယောင်က လီချန်လဲ့ ထွက်ခွာတဲ့ဘက်ကို ကြည့်ကာ စိတ်ထဲတွင် "သူ တကယ်လှတယ်။" "ဒါပေမယ့် သူ့ရဲ့ စရိုက်က ဘယ်လိုလဲ မသိဘူး။"
မင်းသမီးတစ်ပါးလို အလိုလိုက်ခံရသူလိုမျိုး ဆိုးသွမ်းပြီး ဦးနှောက်မရှိပါက ဘယ်လောက် လှပသည်ဖြစ်စေ လျူယောင် ထို မိန်းကလေးကို သူ့ရဲ့ ရည်းစားအဖြစ် သတ်မှတ်မည်မဟုတ်ပေ။
"ကောင်းပြီ လေ"သူမက စရိုက်ကောင်းရင်တော့ ငါတို့နှစ်ဦးအဆင်ပြေမယ်လို့ မျှော်လင့်ရတာပဲ။လျှူယောင် သည် လီချန်လဲ့ အဝေးရောက်နေသည်ကို မမြင်ရတော့ မှ လှည့်ထွက်လာခဲ့သည်။
အိမ်ပြန်ရောက်တော့ ည 8 နာရီ ထိုး နေ လေပြီ။ လျူဟုန်ဖူ ကျိုးရိူ့ယင်းနှင့်လျူလန်တို့ တီဗွီကြည့်ပြီးရယ်မောနေရာမှ လျူယောင် ဝင်လာတဲ့အခါ အားလုံးတိတ်ဆိတ်သွားပြီး သူတို့အားလုံး လျူယောင် ကိုကြည့်လိုက်သည်။
ကျိုးရိူ့ယင်း က " ရှောင်ယောင် မျက်မမြင်ချိန်းတွေ့မူ့က ဘယ်လိုလည်း အဆင်ပြေလားဟုမေးလိုက်သည်။
" အမေ ကလည်း အဆင်ပြေမှာပေါ့ " မဟုတ်ရင်အကို က ဒီ အချိန်
ကြီးကျမှ ဘယ်ပြန်လာမလည်း အစောကြီး ပြန်လာမှာပေါ့ " ဟု လျူလန် က ဝင်ပြောလိုက်သည်။