Ch 30
Viewers 5k

အခန်း (30) ငါမင်းကိုသိတယ်


မကြာမီ လျူယောင် အံ့အားသင့်သွားခဲ့သည်။

ထိုမိန်းကလေးက  ဒီဘက်ကို ကြည့်ပြီးနောက် လျူယောင်ရဲ့ တစ်ဖက်ရှိ ဗလာကျင်းနေတဲ့ ထိုင်ခုံတွင် တိုက်ရိုက်ဝင်ထိုင်လိုက်သည်။


သူမက "ရှင် လျူယောင်မလား၊ ကျွန်မက လီချန်လဲ့ပါ"  ဟု ရင်းရင်းနှီးနှီး ပြောလိုက်သည်။

လီချန်လဲ့ဆိုသော မိန်းကလေးက နေရာတိုင်းတွင် လူအများရဲ့ အာရုံစိုက်ခြင်းကို ခံရသူဖြစ်၏။ 


လျူယောင်နှင့်အတူ ထိုင်နေတာကို မြင်တဲ့အခါ ကော်ဖီဆိုင်က အမျိုးသားများအားလုံး လျူယောင်ကို မနာလိုတဲ့ မျက်လုံးများဖြင့် ကြည့်ရှုနေကြသည်။တစ်ယောက်က

“အံ့ဩစရာပဲ၊ အရမ်းလှတဲ့ ချစ်သူရထားတယ်” ဟု ပြောလိုက်သည်။

လျူယောင်လည်း အနည်းငယ် အံ့အားသင့်နေခဲ့သည်။


သူ့ရဲ့ ခန့်မှန်းချက်အရ မျက်မမြင်ချိန်းတွေ့ခြင်း ဖြစ်တဲ့အတွက် မိန်းကလေးများက ရုပ်ဆိုးလိမ့်မည်ဟု ထင်ထားခဲ့သည်။

"ဒီလောက် လှပပြေပြစ်တဲ့ အလှပဂေးတစ်ယောက်က မျက်မမြင်ချိန်းတွေ့ရန် လိုအပ်ပါသလား "


ခဏမျှ ကြောင်ငေးနေပြီးနောက် လျူယောင် ခေါင်းညိတ်ပြလိုက်ပြီး “ဟုတ်တယ်၊ ကျွန်တော် လျူယောင်ပါ၊ ခင်ဗျား ဘာသောက်မလဲ” ဟု မေးလိုက်သည်။

“ဘာသောက်သောက် အရေးမကြီးပါဘူး” ဟု သူမက ပြန်ပြောသည်။

လျူယောင် ဆုံးဖြတ်ချက်ချကာ လက်ဖက်ရည်နှစ်ခွက်နှင့် အချိုပွဲအချို့ကို မှာလိုက်သည်။


နှစ်ဦးသား ကော်ဖီသောက်ရင်း စကားစမြည်ပြောဆိုကြသည်။ ငယ်ရွယ်သူများ ဖြစ်တဲ့အတွက် စကားပြောဆိုရာတွင် အဆင်ပြေကြပြီး  အကြောင်းအရာများစွာကို ပြောဆိုခဲ့ကြသည်။

ပြောဆိုမူ့မှတစ်ဆင့် နှစ်ဦးစလုံး အချင်းချင်း နားလည်မှု့ အတိုင်းအတာတစ်ခုအထိ ရရှိခဲ့ကြသည်။


ဥပမာအားဖြင့် လီချန်လဲ့က ယမန်နှစ်က ဟွာဟိုင်း ဆရာအတတ်သင်တက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး ယခုအခါ ဟွာဟိုင်း အမှတ်(၂) အထက်တန်းကျောင်းတွင် အင်္ဂလိပ်အတန်းပိုင်ဆရာမအဖြစ် လုပ်ကိုင်နေကြောင်း သိရှိခဲ့၏။


နှစ်ဦးသား စကားပြောဆိုနေစဉ် လျူယောင်သည် တစ်ဖက်လူက သူ့ကို ရည်ရွယ်ချက်ရှိရှိ (သို့ ) ရည်ရွယ်ချက်မရှိဘဲ တိတ်တဆိတ် အမြဲကြည့်နေတာကို သတိပြုမိခဲ့သည်။

ကော်ဖီ ကုန်လုနီးပါး ဖြစ်တဲ့အခါ လီချန်လဲ့က ရုတ်တရက် “ကျွန်မ ရှင့်ကို အရင်က မြင်ဖူးတယ် ထင်တယ်၊ ရင်းနှီးသလို ခံစားရတယ်” ဟု ပြောလိုက်သည်။


လျူယောင်လည်း ထိုသို့ ခံစားရသည်။


“တကယ်လား။ ကျွန်တော်လည်း ဒီလိုပဲ ခံစားရတယ်၊ ဘယ်မှာမြင်ဖူးတယ်ဆိုတာ မမှတ်မိဘူး” ဟု လျူယောင်က ပြန်ပြောလိုက်သည်။


ခဏမျှ စဉ်းစားပြီးနောက် လျူယောင်က “ခင်ဗျားက အမှတ်(၆) အထက်တန်းကျောင်းကလား။ ကျွန်တော်က အမှတ်(၆) အထက်တန်းကျောင်း အတန်း ၁၇၃ က ဘွဲ့ရတာ”

“ရှင်က အတန်း ၁၇၃ ကလား။ ကျွန်မက အတန်း ၁၇၁ ကပါ။” လီချန်လဲ့ရဲ့ လေသံတွင် အံ့အားသင့်မှု အနည်းငယ် ပါဝင်နေပုံရသည်။


လျူယောင်က “ကျွန်တော် မှတ်မိသွားပြီ။ အတန်း ၁၇၁ မှာ တကယ်ကို လှတဲ့မိန်းကလေးတစ်ယောက် ရှိတယ်။ အဲဒီတုန်းက ကောင်လေးတွေ အများကြီးက သူမကို ကျွန်တော်တို့ကျောင်းရဲ့ ကျောင်းဘုရင်မလို့ တိတ်တိတ်လေး ပြောကြတယ်။ ဟုတ်တယ်၊ လီချန်လဲ့လို့ ခေါ်တာ။ ခင်ဗျား ပဲ”


ဘာလို့ အခုမှ မှတ်မိရတာလဲဆိုတော့ အတန်း ၁၇၁ က ဝိဇ္ဇာဘာသာရပ် အတန်းဖြစ်ပြီး အတန်း ၁၇၃ က သိပ္ပံဘာသာရပ် အတန်း ဖြစ်သည်။ ထိုစဉ်က ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ်များရဲ့ ဆက်စပ်မှုက နည်းပါးသည်။

အထက်တန်းကျောင်းတုန်းက လျူယောင် လှပတဲ့  မိန်းကလေးများကို အခြေခံအားဖြင့် စိတ်မဝင်စားခဲ့ပေ။


သူ့ရဲ့ အကြီးမားဆုံး ဝါသနာမှာ ဘတ်စ်စကက်ဘော ကစားခြင်း ဖြစ်သည်။ သူက အရပ်မရှည်ပေ၊ ၁၇၆ စင်တီမီတာခန့်သာ ရှိပေမဲ့ ကျောင်းဘတ်စ်စကက်ဘော အသင်းရဲ့ အဓိက ကစားသမားဖြစ်သည်။


အရေးအကြီးဆုံးအချက်မှာ ခုလျူယောင်က မူလလျူယောင် မဟုတ်ဘဲ မူရင်းခန္ဓာကိုယ်ရဲ့ မှတ်ဉာဏ် အများစုကိုသာ အမွေဆက်ခံထားပြီး အားလုံးကို မဟုတ်ပေ။

နက်ရှိုင်းမှုမရှိတဲ့ အချို့အရာများကို ခဏတာ မမှတ်မိခြင်းမှာ လုံးဝ ပုံမှန်ပင် ဖြစ်သည်။


လီချန်လဲ့လည်း လျူယောင်ကို မှတ်မိသည်။

“ကျွန်မလည်း ရှင့်ကို သိပါတယ်။ အဲဒီတုန်းက ရှင် က ကျောင်းဘတ်စ်စကက်ဘော အသင်းရဲ့ အကောင်းဆုံး ကစားသမားပဲ” ဟု ပြောသည်။


လျူယောင်က “အဲ့တာကတော ဟုတ်ပါတယ်။ ဒါပေမဲ့ ကောလိပ်ကနေ ဘွဲ့ရပြီးကတည်းက ဘတ်စကက်ဘော ကစားဖို့ အခွင့်အလမ်း နည်းသွားတယ်” ဟု ပြန်ဖြေလိုက်သည်။


နှစ်ဦးသား အထက်တန်းကျောင်း တစ်ခုတည်းက ဖြစ်ကြပြီး အတန်းတစ်ခုတည်းက ဘွဲ့ရခဲ့ကြသည်။ သူတို့ကြားက အကွာအဝေးမှာ ရုတ်တရက် များစွာ နီးစပ်သွားပြီး အချင်းချင်း ပို၍ စကားပြောဆိုကြသည်။

သို့သော် လျူယောင် တစ်ခုကို နားမလည်နိုင်သေးပေ။ လီချန်လဲ့က အထက်တန်းကျောင်းတုန်းက လှပပေမဲ့ အခုလောက်တော့ မလှခဲ့ပေ ။


တက္ကသိုလ်က ပြောင်းသွားပြီး နှစ်အနည်းငယ်အတွင်း ဒီ မိန်းခလေးက ပိုမိုလှပလာခြင်းမှာ ဖြစ်နိုင်ပါသလား။

ကော်ဖီသောက်ပြီး အချိုပွဲအချို့ စားပြီးနောက် လီချန်လဲ့က “နေက အနောက်ဘက်ကိုတောင် ရောက်နေပြီ၊ ဒီချိန်လူတွေကို  မပူစေတော့ဘူး။ လမ်းလျှောက်ထွက်ကြရအောင်”အကြံပေးလိုက်သည်။


လျူယောင် သဘောတူလိုက်ပြီး “ဟုတ်ကဲ့၊ ဘယ်သွားရင် ကောင်းမလဲ” ဟု မေးခဲ့သည်။

လီချန်လဲ့က “အမှတ်(၆) အထက်တန်းကျောင်းကို သွားပြီး လမ်းလျှောက်ကြမယ်။ အဲဒီကို သွားရတာ သိပ်မဝေးဘူး” ဟု ပြောသည်။


နှစ်ဦးသား ကော်ဖီဆိုင်မှ ထွက်ခွာခဲ့ကြသည်။ လီချန်လဲ့က နေကာထီးကို ယူဆောင်ကာ လျူယောင်ဘေးတွင် ကပ်လျှောက်ခဲ့သည်။

နှစ်ဦးသား လျှောက်ရင်း အထက်တန်းကျောင်းမှ စိတ်ဝင်စားစရာ အကြောင်းအရာအချို့ကို ပြောဆိုဖြစ်ကာ အလွန် စိတ်ကူးယဉ်ဆန်သည်။


အကွာအဝေးက တကယ်တော့ မဝေးလှပေ။ ဆယ်မိနစ်ခန့်သာ ကြာသည်။ နွေရာသီကျောင်းပိတ်ရက် ဖြစ်တဲ့အတွက် ကျောင်းဝင်းက အလွန် တိတ်ဆိတ်နေသည်။


နှစ်အနည်းငယ်ကြာပြီးနောက် ကျောင်းဝင်းထဲကို ပြန်ရောက်လာတဲ့အခါ လျူယောင်အလွန်ပင် စိတ်လှုပ်ရှားခဲ့သည်။


လီချန်လဲ့က ကြင်နာတတ်သူဖြစ်ပြီး လျူယောင်ရဲ့ ခံစားချက်များကို သတိထားမိကာ

“ကျွန်မ အထက်တန်းကျောင်း ဘွဲ့ရပြီးကတည်းက ဒီကို ပထမဆုံးအကြိမ် လာဖူးတာ” ဟု နူးညံ့စွာ ပြောခဲ့သည်။


“ဟုတ်တယ်၊ ကျွန်တော်လည်း ဒီကို ပထမဆုံးအကြိမ် လာတာ။ ဒီထဲကို ရောက်တာနဲ့ ကျွန်တော့်ရဲ့ အထက်တန်းကျောင်း ဘဝ အမှတ်တရတွေက ရေကြီးသလို ပြန်ဝင်လာတယ်” ဟု လျူယောင်က ပြောခဲ့သည်။


အရှေ့ဘက် မလှမ်းမကမ်းတွင် ဘတ်စ်စကက်ဘောကွင်း ရှိကာ ထိုနေရာတွင် လူအချို့ ရှိနေပြီး အနည်းငယ် စည်ကားနေပုံရသည်။


ဘတ်စ်စကက်ဘောပွဲ ကစားနေသူများ ရှိပေမဲ့ လူတစ်ဦး လိုနေသေးပုံရသည်။ လေးယောက်တစ်သင်း လေးယောက်တစ်သင်း ကစားမည်ဆိုပါက လူတစ်ဦး ပိုနေမည်ဖြစ်သည်။

“အဲဒီမှာ ဘတ်စကက်ဘော ကစားနေတယ်။ သွားကြည့်ကြရအောင်” ဟု လီချန်လဲ့က အကြံပြုသည်။


နှစ်ဦးသား ဘတ်စကက်ဘောကွင်း အစွန်းကို လျှောက်သွားကြသည်။ ကွင်းထဲတွင် လူကိုးဦး ရှိနှင့်ပြီးဖြစ်ကာ ၁၂ ဦးခန့်က ကြည့်ရှုလျက်ရှိသည်။

ကွင်းထဲမှ ပွဲစီစဉ်သူက ဘတ်စ်စကက်ဘောကို ကိုင်ဆောင်ကာ “လူတစ်ဦး လိုနေသေးတယ်။ ဘယ်သူ လာမလဲ” ဟု ကျယ်လောင်စွာ ပြောသည်။


ဘယ်သူ့မှ  တုံ့ပြန်ခြင်းတာကြောင့် ပွဲစီစဉ်သူက အနည်းငယ် စိတ်ပျက်နေသည်။ လူမလုံလောက်ပါက လေးယောက်တစ်သင်း လေးယောက်တစ်သင်းသာ ကစားနိုင်မည်ဖြစ်ရာ လူတစ်ဦး ထွက်ရမည် ဖြစ်သည်။

လီချန်လဲ့က “လျူယောင်၊ ရှင် ဘာလို့ မစမ်းကြည့်တာလဲ။


ကျွန်မ က " ရှင် ဘတ်စ်စကက်ဘော ကစားတာကို အထက်တန်းကျောင်းတုန်းက အကြိမ်ပေါင်းများစွာ ကြည့်ဖူးတယ် ရှင် အရမ်း ကောင်းကောင်း ကစားတတ်တယ်” ဟု ပြောခဲ့သည်။


မူလက စီစဉ်ထားခြင်း မဟုတ်ပေမဲ့ လီချန်လဲ့က ထိုသို့ ပြောတဲ့အခါ လျူယောင် ပါဝင်ကစားရန် ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် သူ ညာလက်ကို မြှောက်ကာ

“ကျွန်တော့်ကိုပါ ထည့်တွက်လိုက်”

 ဟု ကျယ်လောင်စွာ ပြောလိသည်။


ပွဲစီစဉ်သူ ချန်ဟွေ့က လျူယောင်ကို ကြည့်လိုက်ပြီး အတော်လေး သံသယဖြစ်နေသည်။ သူ့ အရပ်က ၁၇၅ (သို့)၁၇၆ စင်တီမီတာခန့်သာ ရှိသဖြင့် မလုံလောက်လှပေ။ သူတို့အနက် အချို့မှာ ၁၈၀ စင်တီမီတာအထက် ရှိကြသည်။


အားလုံးမှာ အားကစားဖိနပ်များနှင့် ဘတ်စကက်ဘော ဝတ်စုံများ ဝတ်ဆင်ထားကြသည်။ လျူယောင်က ပေါ့ပေါ့ပါးပါး အဝတ်အစားများသာ ဝတ်ဆင်ထားပြီး အားကစားဖိနပ် မဟုတ်ဘဲ ပေါ့ပေါ့ပါးပါး ဖိနပ်  ဖြစ်နေသည်။


အချိန်အတော်ကြာ တုံ့ဆိုင်းပြီးနောက် ချန်ဟွေ့က သဘောတူလိုက်သည်။ “ကောင်းပြီ၊ ခင်ဗျားနဲ့ သူတို့လေးယောက်က အသင်းတစ်သင်း လုပ်လိုက်ကြ” ဟု ပြောလိုက်သည်။

သူ့ အမြင်တွင် လျူယောင်က လူစုံရုံသာ ဖြစ်ပြီး ပြိုင်ဘက်အသင်းနှင့် ပေါင်းကာ သူတို့အသင်းရဲ့ ရမှတ်ကို အလကား လျှော့ချရန် ဖြစ်သည်။


စည်းမျဉ်းများ သဘောတူညီပြီး အသင်းခွဲပြီးနောက် လျူယောင် အသင်းဖော်လေးဦးကိုကြည့်ရှုကာ ပုံပန်းသဏ္ဍာန်နှင့် ဂျာစီနံပါတ်များကို မှတ်သားထားလိုက်သည်။


ပွဲစတင်ပြီး ဒိုင်လူကြီးက ဘောလုံးကို စတင်ကန်လိုက်သည်။

အပြာရောင်အသင်း ကစားသမားက ဘောလုံးကို မျက်နှာတစ်ပြင်လုံး ရိုက်လိုက်ပြီး သူတို့ရဲ့ ကွင်းတစ်ဝက်ကို  ပို့လိုက်သည်။တစ်ဖက် အသင်းဖော်က ဘောလုံးကို ဖမ်းယူပြီး ကွင်းထဲ တရွေ့ရွေ့ဝင်လာသည်။


အကွာအဝေးမှာ တဖြည်းဖြည်း နီးလာပြီး သုံးမှတ်စည်းနား ရောက်နေပြီဖြစ်ရာ ပစ်ရန် နီးစပ်နေပြီဖြစ်သည်။ထိုအချိန်တွင်

ပုံရိပ်တစ်ခု ရောက်လာပြီး ဘောလုံးကို အလွယ်တကူ လုယူလိုက်သည်။ထိုသူမှာ လျူယောင်ဖြစ်သည်။


ဘောလုံးကို လုယူပြီးနောက် ရှင်းလင်းပြတ်သားစွာ ဘောလုံးကို  ကွင်းတစ်ဝက်မှ အနီးဆုံး အသင်းဖော်ထံကို တိကျစွာ ပေးပို့လိုက်သည်။ဘာမှ သံသယဖြစ်စရာ မရှိပေ။


အလွန်နီးကပ်ပြီး ဘယ်သူ့မှ မကာကွယ်နိုင်သဖြင့် အသင်းဖော်က သုံးဆင့် layup ကို မှန်ကန်စွာ လုပ်ဆောင်ကာ ဘောလုံးကို ခြင်းတောင်းထဲ ထည့်လိုက်သည်။


"အရမ်းလှလိုက်တာ"

ပရိသတ်များက အားပေးချီးကျူးကာ လက်ခုပ်တီးလိုက်ကြသည်။ ထိုဘောလုံးအတွက် လျူယောင်မှာ အကြီးမားဆုံး ပံ့ပိုးသူဆိုတာ သံသယဖြစ်စရာ မရှိပေ။


ဂိုးသွင်းခဲ့တဲ့ အသင်းဖော်က လျူယောင်ကို လက်မထောင်ပြကာ

“ခင်ဗျားရဲ့ ပေးပို့မှုက တကယ် လှတယ်ဗျာ” ဟု ပြောလိုက်သည်။