အခန်း 32 လှူဒါန်းခြင်း
သုံးယောက်စလုံး လျူယောင်ကို ကြည့်နေခဲ့သည်။
“အစ်ကို၊ ကျွန်မ မမှားလောက်ပါဘူး။ တစ်ဖက်မိန်းကလေးက သေချာပေါက် ကောင်းလိမ့်မယ်။ ပြောပါဦး၊ ဒီနေ့ ဘယ်သွားခဲ့လဲ၊ ဘာတွေ လုပ်ခဲ့လဲ”
လျူယောင် က ပြုံးလျှက် “နင်က ယောက်ယက်ခတ်နေတာပဲ”လို့ ဆူလိုက်သည်။
ကျိုးရှိုယင်က လျူလန်ရဲ့ ခေါင်းကို ဖြည်းညင်းစွာ ပုတ်ပြီး
“ဘယ်လို မေးခွန်းတွေ မေးနေတာလဲ”
လျူလန်က တဟီးဟီး ရယ်လိုက်သည်။
အကိုယောင်က တစ်ခုခု ဝန်ခံရမည်ကို သိသည်။ မဟုတ်ရင် အဆုံးမရှိ မေးမြန်းခံရမှာဖြစ်ပြီး ဒီမေးခွန်းမှ လွတ်မြောက်နိုင်မှာမဟုတ်ပေ။
“ကျွန်တော်တော့ မဆိုးဘူးလို့ ထင်တယ်။ လီချန်လဲ့က အရမ်းလှတယ်၊ ကျွန်တော်တို့ စကားပြောလို့အဆင်ပြေပါတယ်”
ကျိုးရှိုယင်နှင့် လျူဟုန်ဖူတို့ တိတ်တဆိတ် အချင်းချင်းကြည့်လိုက်ပြီး နှစ်ယောက်လုံး အံ့ဩဝမ်းသာ ဖြစ်နေကြသည်။
တစ်ချိန်တည်းနီးပါး တွေးမိတာက
“တစ်ခုခု ေတာ့ ထူးခြားနေတယ်၊ ဒီကလေး ရည်းစားရတော့မယ်ထင်တယ်’
လျူလန်က
“အစ်ကို၊ တစ်ဖက်လူက လှတယ်ဆိုရင် အကိုပဲ ဦးဆောင်ပြီး လိုက်လေ အကိုလိုက်လို့ရမှာပါ၊ ကျွန်မ အကို့ကို ယုံတယ်”ဟု ပြောလိုက်သည်။
လျူယောင်က “သူ့ကို ဖြည်းဖြည်းချင်း အရင်သိကျွမ်းအောင် လုပ်ရမယ် ။သူ ဘယ်လို စိတ်နေစိတ်ထားရှိလဲဆိုတာ ငါ မသိသေးဘူးလေ “
အချိန်ကြာအောင် တိတ်ဆိတ်နေတဲ့ လျူဟုန်ဖူက ဒီအချက်ကို သဘောတူသည်။
“ဟုတ်တယ်၊ မိန်းကလေးရဲ့ စိတ်နေစိတ်ထားကောင်းတာက ပထမဦးစားပေးပဲ၊ လှတာက စားလို့မရဘူး”
စကားအနည်းငယ် ပြောပြီးနောက် ထိုအကြောင်းအရာကို ဆက်မပြောတော့ဘဲ လျူဟုန်ဖူက အခြားကိစ္စတစ်ခုကို ပြောပြသည်။
“ရှောင်ယောင် မနေ့က မွန်းလွဲပိုင်းမှာ မင်းဦးလေး ကျန်းဖိန် ရောက်လာပြီး ဒီမှာ အတော်ကြာကြာ ထိုင်ခဲ့တယ်။ ရွာမှာ လမ်းဖောက်တာနဲ့ ပတ်သက်ပြီး ငါနဲ့ စကားပြောနေတာ”
ဦးလေးကျန်းဖိန်က ရွာသူကြီး လျူကျန်းဖိန်ပင်။
“ရွာအဝင်က လမ်းပိုင်းက တကယ် ကျဉ်းလွန်းတယ်၊ ပြုပြင်သင့်တယ် တချို့ နေရာတွေဆို ပျက်စီးနေပြီ”လို့
လျူဟုန်ဖူက ပြောသည်။
“ဒီလမ်းက ဆယ်နှစ်ကျော်ပြီ ဆောက်ခဲ့တာ။ လမ်းတိုင်းကို ရွာတိုင်းနဲ့ ချိတ်ဆက်ဖို့ ဆောက်ခဲ့တာ။ ရွာက ပြန်ဆောက်ပြီး ချဲ့ထွင်ဖို့ စီစဉ်နေတာကွ။ ပြီးခဲ့တဲ့လက လူတိုင်း လမ်းပြင်ဖို့ ပိုက်ဆံ တွေ ခွဲပေးခဲ့ကြတယ်၊ ဒါပေမယ့် လိုနေသေးတာက သုံးသိန်း။”
လျူယောင်က ဘာဖြစ်နေတယ်ဆိုတာကို အခြေခံအားဖြင့် နားလည်လိုက်သည်။
လျူကျန်းကျွန်းက မွန်းလွဲပိုင်းမှာ သူ့အဖေကို လော်ဘီ လုပ်ခဲ့တာ သေချာတယ်။ ပိုက်ဆံလှူဖို့ မျှော်လင့်တာပေါ့။
သုံးသိန်းဆိုတာ လျူယောင်အတွက် ဖိအားသိပ်မရှိေပ။ ရွာအတွက် ကောင်းမှုကုသိုလ်လုပ်တာ ပြဿနာမရှိပါဘူး။
လျူဟုန်ဖူက “ပိုက်ဆံတွေက မင်းရဲ့ ပိုက်ဆံတွေပါ ငါက အကြံပေးရုံပဲ။ မင်း မကောင်းဘူး ထင်ရင် နားထောင်စရာ မလိုဘူး”
လျူယောင်က ေခါင်းညိတ်ပြီး
“ဟုတ်ကဲ့” “အဖေ့အကြံပေးချက်အတိုင်း လုပ်ပါ့မယ်”
လျူဟုန်ဖူက ဆက်ပြောလိုက်သည်။
“ရွာမှာ လမ်းဆောက်တာကို ကူညီတာ ကောင်းတဲ့ အလုပ်ပဲ။ မင်း ပိုက်ဆံလှူပြီးရင် ရွာသူရွာသားတွေ အားလုံးက မင်းကို ကျေးဇူးတင်ကြလိမ့်မယ်။ ငါတို့က ရွာမှာပဲ ဆက်နေဦးမှာ။ နောင်မှာ တစ်ခုခုဆိုရင် လူတိုင်းက ပျော်ပျော်ရွှင်ရွှင် ကူညီကြလိမ့်မယ်”
ကျိုးရှိုယင်က ကြားဖြတ်ပြောလိုက်သည်။
“လမ်းပြင်ပြီးရင် မူရာကန်က ရွာအဝင်မှာ အထိမ်းအမှတ်ကျောက်တိုင် ထောင်လိမ့်မယ်။ အလှူရှင်စာရင်းကို အပေါ်မှာ ဖော်ပြလိမ့်မယ်”လို့ ဝင်ပြောလိုက်သည်။
လျူယောင် ခဏစဉ်းစားပြီးနောက်
“ကျွန်တော် သုံးသိန်း လှူပါမယ်။ အဖေ၊ ဒီနေ့ နောက်ကျနေပြီဆိုရင် မနက်ဖြန် ဦးလေးကျန်းဖိန်ကို ပြောပြလိုက်ပါ”
လျူဟုန်ဖူသည် ‘ကောင်းပြီ’ ဟူသော စကားကို နှစ်ကြိမ်ဆက်တိုက် ပြောလိုက်သည်။
နောက်တစ်နေ့။
မနက်စောစောတွင် လျူကျန်းဖိန် နိုးလာခဲ့သည်။ မနေ့ညက တစ်ညလုံး စဉ်းစားခဲ့ပြီး ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။ နောက်ဆုံးတွင် ဖြေရှင်းနည်းမဟုတ်တဲ့ ဖြေရှင်းနည်းတစ်ခုကို ရှာတွေ့ခဲ့သည်။
သူ ကူကယ်ရာမဲ့နေသည်။
တကယ်တော့ ဒီလိုလုပ်ဖို့ အပြင် တခြား နည်းလမ်းမရှိဘူး။
သူက ယနေ့နံနက် ရွာခေါင်းဆောင်များ အားလုံးကို အစည်းအဝေးသို့ ခေါ်ယူပြီး သုံးသိန်းကို လူတိုင်း ခွဲပေးကြဖို့ စီစဥ်ချင်ခဲ့သည်။
တစ်ဦးလျှင် တစ်သောင်းစီဆို တစ်လအတွင်း ဘယ်နည်းလမ်းဖြင့်မဆို ငွေများ ရရှိလိမ့်မည်။
သူက ရွာလူကြီးဖြစ်ပြီး ဒါက သူ့ရဲ့ စီမံကိန်းဖြစ်ကာ ေငွများကို ခွဲဝေပေးကြဖို့ ဆန္ဒရှိခဲ့သည်။
လျူကျန်းဖိန်က တစ်လအတွင်း သံုးသိန်းကို ဘယ်နေရာမှ ရရှိမယ်ဆိုတာ မသိပေ။ တစ်သောင်းပင် ရရှိရန် ခက်ခဲမယ်လို့ ခန့်မှန်းရသည်။
ဖုန်းခေါ်ဆိုပြီးနောက် ကိုးနာရီ အစည်းအဝေးရှိကြောင်း အကြောင်းကြားပြီး လျူကျန်းဖိန်က အိမ်တံခါးဝတွင် ထိုင်ပြီး စိတ်ကျဉ်းကျပ်စွာ ဆေးလိပ်သောက်နေခဲ့သည်။
သူ့ရဲ့မျက်ခုံးများက တွန့်ကြုတ်လျက်ရှိပြီး တစ်ခါသောက်လျှင် တစ်ဖွာစီ သောက်ကာ ကိုးနာရီ အစည်းအဝေးတွင် လူတိုင်းကို ဘယ်လိုပြောရမယ်ဆိုတာကို စဉ်းစားနေသည်။
'ဒီအဆိုပြုချက်ကို လူတိုင်း သဘောတူပါ့မလား'
သူတစ်ဦးတည်း ဆေးလိပ်သောက်ရင်း စဉ်းစားနေပြီး အတွေးတွေက ရှုပ်ထွေးနေသည်။ထိုအချိန်မှာ
ဆဲလ်ဖုန်းမြည်သံက အတွေးများကို အနှောင့်အယှက်ပေးလိုက်သည်။
ဖုန်းခေါ်ဆိုသူမှာ လျူဟုန်ဖူဖြစ်သည်။
“ကျန်းဖိန်၊ မင်း မနေ့က ငါ့ကို ပြောခဲ့တဲ့အရာကို ရှောင်ယောင်သဘောတူလိုက်ပြီ
” မင်း ငါ့အိမ်ကို လာခဲ့”
'မနေ့က ဘာပြောခဲ့တာလဲ'
'ဘာဖြစ်တာလဲ???'
လျူကျန်းဖိန် ခဏတာ တုံ့ပြန်မှု့ မရှိခဲ့ပေ။ နှစ်စက္ကန့် သုံးစက္ကန့်ကြာမှ ဘာဖြစ်ခဲ့တယ်ဆိုတာကို သတိရပြီး ရုတ်တရက် ထရပ်လိုက်ကာ သူ့မျက်နှာပေါ်တွင် သိသိသာသာ စိတ်လှုပ်ရှားမှုများ ပေါ်လာခဲ့သည်။
“ဘာ!”
'လျူယောင်က လှူမယ်လို့ ကတိပေးခဲ့တယ် ဟုတ်လား” တကယ်ကို ကောင်းတယ်!'
သူက အလွန်စိတ်လှုပ်ရှားတဲ့ အသံဖြင့် ပြန်ပြောလိုက်သည်။ “ကောင်းပြီ၊ ကျွန်တော် ချက်ချင်း လာခဲ့မယ်”
နောက်ထပ် စကားမပြောတော့ဘဲ ဖုန်းချလိုက်ပြီး လျူဟုန်ဖူရဲ့ အိမ်ကို ပြေးသွားခဲ့သည်။
သူ့ရဲ့ဇနီး အိမ်ထဲမှ ထွက်လာတဲ့အခါ လျူကျန်းဖိန် တစ်လမ်းလုံး ပြေးလာတာကို မြင်တော့ နားမလည်နိုင်ဖြစ်နေသည်။ “ဘာဖြစ်တာလဲ၊ဘာလို့ အရမ်းမြန်မြန် ပြေးလာတာ”
လျူကျန်းဖိန်က မကြာမီတွင် လျူဟုန်ဖူရဲ့ အိမ်ကို ရောက်ရှိလာပြီး ဝင်လာနဲ့ တပြိုင်နက် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
“အစ်ကို ဟုန်ဖူ၊ ခင်ဗျား ကျွန်တော့်ကို နောက်ပြောင်နေတာ မဟုတ်ဘူးလား”
ပျော်ရွှင်မှုက ရုတ်တရက် ရောက်လာတာမို့ လျူကျန်းဖိန် မယုံလို နောက်တစ်ကြိမ် ထပ်မေးမိသည်။
လျူဟုန်ဖူက ပြောသည်။ “ဒီလို ကိစ္စကြီးကြီးမားမားအတွက် မင်းကို နောက်ပြောင်ရဲမှာ မဟုတ်ဘူး”
“နောက်ပြောင်တာ မဟုတ်ဘူး၊ဒါဆို တကယ်ပေါ့!”
လျူကျန်းဖိန် အရမ်းစိတ်လှုပ်ရှားနေတာမို့ လက်နှစ်ဖက်ကို ပွတ်သပ်ပြီး လျူယောင်ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
လျူယောင်က
“ဦးလေးကျန်းဖိန်၊ အဖေက ကျွန်တော့်ကို ကိစ္စအကြောင်းစုံ ပြောပြပြီးပြီ။ ရွာမှာ လမ်းဖောက်ဖို့အတွက် သုံးသိန်း လိုနေသေးတယ်ဆိုလို့ ကျွန်တော်က ရွာလမ်းဖောက်လုပ်ရေးအတွက် သုံးသိန်း လှူဒါန်းပါမယ်”
လျူကျန်းဖိန်က သိသိသာသာ စိတ်လှုပ်ရှားလာပြီး လျူယောင်ရဲ့လက်ကို တင်းတင်းကိုင်လိုက်သည်။
“လျူယောင် ဒီ ဒေါင်းမင်းရွာရဲ့ လူ ၉၂၆ ယောက် ကိုယ်စား မင်းကို ကျေးဇူးတင်ပါတယ်ကွာ “ကျေးဇူးအများကြီးတင်ပါတယ်။ မင်းက ငါတို့ရွာရဲ့ ပြဿနာကြီးကို ဖြေရှင်းပေးခဲ့တာပဲ”
လျူယောင် က နှိမ့်ချတဲ့ အမူအရာဖြင့် ပြောသည်။
“ကျွန်တော်က ကျွန်တော့်စွမ်းအားရှိသမျှအတိုင်း ရွာကို ကူညီပေးရုံပါပဲ။ နောက်တစ်ခါ ပြန်လာတဲ့အခါ ကျယ်ဝန်းပြီး ချောမွေ့တဲ့ ကွန်ကရစ်လမ်းတစ်ခု ဖြစ်နေပါစေလို့ မျှော်လင့်မိတယ်”
လျူကျန်းဖိန်က “ဖြစ်ကို ဖြစ်ရမှာပါကွာ”
ထို့နောက် လျူယောင်က သူပြောတဲ့အတိုင်း လုပ်ဆောင်ခဲ့ပြီး လျူကျန်းဖိန်ရှေ့တွင် အွန်လိုင်းဘဏ်စနစ်မှတစ်ဆင့် ရွာရှိ အကောင့်ကို သုံးသိန်း လွှဲပြောင်းပေးခဲ့သည်။
လမ်းဖောက်လုပ်ရေးအတွက် ငွေကြေးပြတ်လပ်မှု မရှိတော့သဖြင့် လျူကျန်းဖိန်က ထပ်မံကျေးဇူးတင်ခဲ့သည်။
အကြိမ်ကြိမ် ကျေးဇူးတင်ပြီးနောက် သူ ပျော်ရွှင်စွာ နေရာမှ ထွက်သွားခဲ့သည်။ ကိုးနာရီ နီးနေပြီဖြစ်ပြီး အစည်းအဝေး တက်ရောက်သူအချို့ ရောက်နှင့်နေပြီလို့ ခန့်မှန်းရသည်။
လျူကျန်းဖိန်က တက်ကြွစွာ ရွာဘက်ကို အားမာန်အပြည့်ဖြင့် လျှောက်သွားခဲ့သည်။
“ရွာသူကြီး ကျန်းဖိန်က ရုတ်တရက် အစည်းအဝေး တက်ဖို့ အကြောင်းကြားတယ်၊ ဘာဖြစ်တာလဲ”
“ကျွန်တော်ထင်တာ ၈၀ ရာခိုင်နှုန်းက လမ်းဖောက်လုပ်ရေးနဲ့ ပတ်သက်တာပဲ။ အခုချိန်ထိ ရန်ပုံငွေ သုံးသိန်း လိုနေသေးတယ်”
“သုံးသိန်း၊ ဒါက နည်းတဲ့ပမာဏ မဟုတ်ဘူး”
“ဟုတ်တာပေါ့၊ ကျန်းဖိန်ရွာသူကြီးက ပိုက်ဆံကြောင့် အပေါ်အောက် ပြေးလွှားနေရတာ သူ့ဆံပင်တွေတောင် မီးခိုးရောင်ဖြစ်လုနီးပါးပဲ”
လူတိုင်းက ဒီလို ပြောနေကြပြီး ကိုးနာရီထိုးဖို့နီးလာတာနဲ့အမျှ အစည်းအဝေးတက်ရောက်သူများ တဖြည်းဖြည်း ရောက်ရှိလာကြသည်။
အစည်းအဝေးခန်းမက ဆူညံနေပြီး လူတိုင်းက သုံးသိန်း လိုအပ်ချက်အကြောင်း ပြောနေကြသည်။ လူတိုင်း ဖိအားပေးခံနေရပြီး ဒါက နည်းတဲ့ပမာဏ မဟုတ်ဘူးဆိုတာကို သိကြသည်။
ဒေါင်းမင်းရွာက မကြီးသလို ချမ်းသာတဲ့ရွာလည်း မဟုတ်ဘူး။ ရွာအတွက် သောင်းချီတဲ့ငွေရဖို့တောင် မလွယ်တာ၊ သုံးသိန်းလို များတဲ့ငွေဆိုရင် ပိုဆိုးတာပေါ့။
လူတိုင်းက ဒီအကြောင်းအရာကို ပြောနေတုန်း အစည်းအဝေးခန်းမတံခါး တွန်းဖွင့်လိုက်ပြီး လျူကျန်းဖိန် ဝင်လာခဲ့သည်။
ချက်ချင်းပင် ဆူညံနေတဲ့ ညီလာခံခန်းမမှာ တိတ်ဆိတ်သွားပြီး မျက်လုံးတစ်ဒါဇင်ကျော်က လျူကျန်းဖိန်ကို ကြည့်လိုက်ကြသည်။
“မှားနေတယ်နဲ့ တူတယ်!”
ရွာသူကြီး ကျန်းဖိန် မျက်နှာက သိသိသာသာ ပျော်ရွှင်နေသည်။
အကြီးအကျယ် ပျော်ရွှင်စရာ ကိစ္စတစ်ခု ကြုံတွေ့ခဲ့ရသလိုပင်။
“ဒါ ဘယ်လိုဖြစ်တာလဲ”