Chapter : 67 ( ထာဝရတောက်ပခြင်း [7] )
Viewers 3k

Chapter : 67 ( ထာဝရတောက်ပခြင်း [7] )


ဟိုင်ရိသည် ရှန့်ချန့်ယန်ကို နံနက် ၆ နာရီတွင် အိပ်ရန် သွားခိုင်းခဲ့ပြီး ၈ နာရီ၌ ရှန့်ချန့်ယန် နိုးထကာ သူ့အတွက် အဝတ်အစားများ ဝယ်ယူရန် လမ်းလျှောက်ခဲ့သည်မှာ ချီးကျူးထိုက်သော လုပ်ရပ်ဖြစ်သည်။

၎င်းသည် တစ်ချိန်တည်းမှာပင် ရယ်စရာကောင်းသလို ဝမ်းနည်းစရာလည်း ဖြစ်သည်။ ဟိုင်ရိသည် ထိုင်ချလိုက်ပြီး အိတ်များအတွင်း ရှာဖွေလိုက်သည်။

ဟိုင်ရိ: "အဝတ်တွေချည်းပဲလား"

"ဖိနပ်တွေနဲ့..."

ရှန့်ချန့်ယန်သည် အိမ်စာစစ်ဆေးခံရသည့် ကလေးတစ်ဦးနှယ် ဖြေလိုက်သည်။

"ခြေအိတ်တွေရောပဲ"

ရှန့်ချန့်ယန်: "ခါးပတ်တွေ၊ ဦးထုပ်တွေ၊ လိုးရှင်းတွေ၊ ပြီးတော့ ဖုန်းတစ်လုံးပါ ဝယ်ခဲ့သေးတယ်..."

ဟိုင်ရိ: ...

ရှန့်ချန့်ယန် အသိဉာဏ်မဲ့သော မျက်နှာဖြင့် မေးလိုက်သည်။

"တစ်ခုခု မှားနေလို့လား"

ဟိုင်ရိ: "ဘာမှမဟုတ်ပါဘူး"

ဟိုင်ရိက ပြုံးလိုက်သည်။

"ကျေးဇူးပဲ"

ရှန့်ချန့်ယန်သည် သက်ပြင်းချကာ ပြုံးလိုက်သည်။

ဟိုင်ရိသည် အဝတ်အစားနှစ်ထည်ကို ကျပန်းထုတ်ယူလိုက်သည်။ ၎င်းတို့သည် ရှန့်ချန့်ယန် ပုံမှန်ဝတ်လေ့ရှိသော အဝတ်အစားပုံစံမျိုး ဟုတ်ပုံမရပေ။ ရှန့်ချန့်ယန်သည် ဖက်ရှင်ကျပြီး လန်းဆန်းသော အဝတ်အစားများကို မကြာခဏ ဝတ်ဆင်တတ်သော်လည်း သူဝယ်လာသော ဟိုင်ရိအတွက် အဝတ်အစားများမှာ သက်သောင့်သက်သာရှိပြီး ရိုးရှင်းသော အရောင်များ ဖြစ်နေသည်။

ဟိုင်ရိ: "ဘယ်သူ သင်ပေးတာလဲ"

ရှန့်ချန့်ယန်သည် ခေါင်းခါလိုက်သည်။

"ဒါက ခင်ဗျားကို ကျွန်တော် ပထမဆုံးတွေ့တုန်းက ခင်ဗျားဝတ်ထားတဲ့ အဝတ်အစားပုံစံပဲ"

ဟိုင်ရိသည် ဤနေရာသို့ ပထမဆုံးရောက်ရှိသည့်နေ့က သက်သောင့်သက်သာရှိသည့် အဖြူရောင် လည်ပင်းဝိုင်းဆွယ်တာအင်္ကျီကို ဝတ်ဆင်ထားခဲ့သည်။ သူ၏ ဖြူစင်သော အသားအရေနှင့်ဆိုလျှင် သူသည် သန့်ရှင်းပြီး သေသပ်လှပနေခဲ့သည်။

ဟိုင်ရိသည် ၎င်းက အကြောင်းရင်းဖြစ်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

"အဲဒီနေ့က ငါဘာဝတ်ထားလဲဆိုတာတောင် မမှတ်မိတော့ဘူး"

ထင်ရှားသည်မှာ ရှန့်ချန့်ယန်သည် ပထမဆုံးအကြိမ် တွေ့ဆုံစဉ်ကတည်းက သူ့ကို သတိပြုမိခဲ့ပြီး ထိုအချိန်ကတည်းမှ သူ့အပေါ် နက်ရှိုင်းသော စွဲမှတ်မှုရှိခဲ့ခြင်းပင် ဖြစ်သည်။

ဟိုင်ရိ: "မင်း အိပ်ချင်နေပြီလား"

ရှန့်ချန့်ယန်သည် ခေါင်းခါလိုက်သည်။

"အိပ်မပျော်တာမဟုတ်ဘူး၊ ကျွန်တော် မအိပ်ချင်သေးတာ"

"ကောင်းပြီ"

ဟိုင်ရိက အတင်းအကြပ် မလုပ်တော့ပေ။

"ဒါဆို မအိပ်နဲ့"

သို့သော် အိပ်စက်ခြင်းမရှိဘဲဆိုလျှင် လူတစ်ဦး၏ လှုပ်ရှားမှုများ နှေးကွေးလာမည်ဖြစ်ပြီး သတိထားမှုခံစားချက်လည်း နှောင့်နှေးလာမည်ဖြစ်သည်။ ဟိုင်ရိသည် ရှန့်ချန့်ယန်ဝယ်လာသော အဝတ်အစားများထဲမှ တစ်ထည်ကို ရွေးချယ်ကာ ရေချိုးခန်းထဲသို့ ဝင်ဝတ်လိုက်ပြီး အနည်းငယ် ရှက်ကိုးရှက်ကန်းနှင့် ပြန်ထွက်လာသည်။

ရှန့်ချန့်ယန်သည် သူအိပ်နေသည့် ကုတင်ပေါ်မှနေ၍ ကြည့်လိုက်သည်။

"တော်တော်ကြည့်ကောင်းတယ်"

ဟိုင်ရိ: "ငါနဲ့ လိုက်တယ်"

ရှန့်ချန့်ယန်သည် လက်ဖြင့် အမြင့်တစ်နေရာကို ညွှန်ပြလိုက်သည်။

"ခင်ဗျားက ကျွန်တော့်ထက် နည်းနည်းပုတယ်"

ဟိုင်ရိ: "ဒီလိုမျိုး အရောင်းဝန်ထမ်းကို ပြောပြခဲ့တာလား"

ရှန့်ချန့်ယန်သည် ခေါင်းငြိမ့်လိုက်သည်။ သူ၏အကြည့်သည် ဟိုင်ရိအပေါ်တွင် ရှိနေဆဲဖြစ်သည်။

ဟိုင်ရိလည်း လှဲချလိုက်သည်။

"ကျေးဇူးပဲ"

"ကျေးဇူးတင်စရာမလိုဘူး"

ရှန့်ချန့်ယန်က ပြန်ဖြေသည်။

"ဘာလုပ်ရမှန်း မသိဘူး"

ဟိုင်ရိ: "တစ်ယောက်ယောက်ကို ပထမဆုံးအကြိမ် လိုက်နေတာလား"

ရှန့်ချန့်ယန်သည် ခေါင်းငြိမ့်လိုက်သည်။ ဟိုင်ရိက သူ့ကိုမမြင်နိုင်သည်ကို သတိရပြီး သူက ပြောလိုက်၏။

"ကျွန်တော် ဘယ်သူ့ကိုမှ မလိုက်ဖူးဘူး"

"မင်းကိုပဲ အမြဲတမ်း လိုက်ကြတာလား"

ဟိုင်ရိက မေးလိုက်သည်။ ဤမေးခွန်းက သူ့ကို အနည်းငယ် စိတ်မကောင်းဖြစ်စေသည်။

ရှန့်ချန့်ယန်သည် စဉ်းစားလိုက်သည်။

"ဘယ်သူမှလည်း ကျွန်တော့်ကို မလိုက်ဖူးဘူး"

သူသည် ငယ်ရွယ်စဉ်ကတည်းက ဖျော်ဖြေရေးလုပ်ငန်းထဲသို့ ရောက်ရှိလာခဲ့ပြီး သူ့ပတ်ဝန်းကျင်မှ ကောင်လေး၊ ကောင်မလေးများအားလုံး ရုပ်ရည်ကောင်းမွန်ကြသည်။ လူတိုင်းသည် တိတ်တဆိတ် ချစ်ကြိုက်နေခဲ့ကြ၏။ ရှန့်ချန့်ယန်သည် အချစ်ရေးတွင် တကယ်တမ်း စိတ်မဝင်စားခဲ့သောကြောင့် သူ့ထံ ဦးတည်လာသော မည်သည့်ကောင်လေး သို့မဟုတ် ကောင်မလေး၏ အရိပ်အယောင်ကိုမဆို နားမလည်ဟန်ဆောင်ခဲ့သည်။ ထို့ကြောင့် လူအနည်းငယ်သာ သူ့နောက်လိုက်ကြသည်မှာ သဘာဝကျ၏။

သူ၏ပရိသတ်များနှင့် ရှန့်ယွီအတွက်ကမူ နောက်ထပ်ကိစ္စတစ်ခု ဖြစ်သည်။

ဟိုင်ရိ: "မင်းအတွက် ပထမဆုံးအကြိမ်ဖြစ်လို့ ကောကောက သင်ပေးမယ်"

သူသည် ရှန့်ချန့်ယန်ဘက်သို့ လှည့်လိုက်ပြီး သူ၏လက်မောင်းများကို ရှန့်ချန့်ယန်၏ နားနားတွင် ထောက်ထားလိုက်သည်။ ရှန့်ချန့်ယန်၏ ထင်ရှားစွာ အံ့ဩနေသည့် အကြည့်ကို သူတွေ့လိုက်၏။ နှစ်ယောက်သား မျက်လုံးချင်းဆုံကြသည်မှာ နှစ်စက္ကန့်ပင် မပြည့်မီ ဟိုင်ရိသည် မျက်လုံးများကိုမှိတ်ကာ သူ့ကို နမ်းလိုက်သည်။

ရှန့်ချန့်ယန်က ချက်ချင်း တုံ့ပြန်လိုက်ပြီး သူ့ခါးကို ဖက်လိုက်၏။ သို့သော် ဟိုင်ရိသည် မျက်လုံးများကို ဖွင့်လိုက်ပြီး သူ့ကို ကြည့်နေပြီ ဖြစ်သည်။ သူတစ်ခုခုပြောချင်သော်လည်း အသံထွက်မပြောလိုက်ရပေ။

သူသည် ပုံမှန်အတိုင်း ဟာသလုပ်ပြီး ရှန့်ချန့်ယန်ကို လက်ဆောင်ပေးလိုက်သည့်လူက သူ့ကို စိတ်ဝင်စားကြောင်းနှင့် ပိုမိုရှေ့ဆက်နိုင်သည်ဟူသော အချက်ကို ပြောပြချင်ခဲ့သည်။ သို့သော် ရှန့်ချန့်ယန်၏ တည်ကြည်သော အကြည့်ကို သူမြင်လိုက်ရသောအခါ မပြောဖြစ်လိုက်ပေ။

ရှန့်ချန့်ယန်သည် သူ၏ ဖိအားပေးမှုကိုခံရပြီး ခဏကြာ နမ်းနေခဲ့သည်။ သူတို့နှစ်ယောက်ကြားတွင် တစ်ခုခုဖြစ်တော့မည်ဟု ခံစားရသောအခါ ဟိုင်ရိက စိတ်ထဲမှ "မကောင်းဘူး" ဟု ရေရွတ်လိုက်ပြီး ရှန့်ချန့်ယန်ကို လှမ်းပုတ်လိုက်သည်။

"ဒါပဲ...ဒီလောက်ပဲ"

ထိုအခါမှသာ ရှန့်ချန့်ယန်က ရပ်တန့်ပြီး ကလေးတစ်ဦးကဲ့သို့ သူ့အား ကြည့်လိုက်သည်။

ဟိုင်ရိက နာကျင်နေသည့်နှလုံးသားဖြင့် ပြောလိုက်၏။

"ငါ့ကို မလိုက်ပါနဲ့တော့၊ ငါ သဘောတူတယ်"

ရှန့်ချန့်ယန် အံ့အားသင့်သွားသည်။

ဟိုင်ရိက ရှန့်ချန့်ယန်၏ ခါးကို တင်းတင်းဖက်လိုက်ပြီး သူ့ကို ကိုယ်ပေါ်လှဲချခိုင်းကာ ရှန့်ချန့်ယန်၏ ပခုံးပေါ်တွင် မေးစေ့ကို တင်ရင်း ပြောလိုက်၏။

"ဒါကို လုပ်ချင်နေခဲ့တာ ကြာလှပြီ "

ထုံးစံအတိုင်း မရေရာမှုနှင့် အချစ်ရေးစည်းမျဉ်းများအရ ဟိုင်ရိသည် ရက်အနည်းငယ်ကြာအောင် ဆွဲဆောင်မှုများ လုပ်ဆောင်ပြီး အောင်မြင်မှုအရသာလေး အနည်းငယ်ရရှိအောင် လုပ်ဆောင်သင့်သည်။ ထို့နောက် နောက်ထပ် ရက်အနည်းငယ်ကြာအောင် ဆွဲဆောင်မှုများ ဆက်လုပ်သင့်၏။ အတွေ့အကြုံရှိသူများ လုပ်ဆောင်သင့်သည်မှာ ဦးဆောင်ပြီး လုပ်ဆောင်ခြင်းမျိုးဖြစ်သည်။

သို့သော် ဟိုင်ရိ ဘာမှ မစောင့်နိုင်တော့ပေ။ သူသည် ရှန့်ချန့်ယန်ကို ချစ်သောကြောင့် မစောင့်ချင်ပေ။ ယခုချက်ချင်း ရှန့်ချန့်ယန်ကို ပျော်ရွှင်စေချင်ရုံသာ ဖြစ်၏။

ဟိုင်ရိက စိတ်ထဲမှ တွေးလိုက်သည်။

'အသင့်စားမုန့်ပဲ၊ ပျော်နေသရွေ့ အားလုံးကောင်းတယ်'

သို့သော် ဤကိစ္စကို သူ အနည်းငယ် ပို၍ အဆိုးမြင်စိတ်ဖြင့် တွေးနေသည်ဟု မရေမရာ ခံစားမိသည်။ ရှန့်ချန့်ယန်က သူ့ကို ဤမျှကြီးမားစွာ မကြိုက်ဟု သူက တိတ်တဆိတ် ကောက်ချက်ချထား၏။ ထို့အပြင် သူသည် ငယ်ရွယ်သော စိတ်ဆန္ဒများ ပေါက်ကွဲထွက်နေရုံသာဟုလည်း တွေးမိသည်။ သို့သော် ရှန့်ချန့်ယန်၏ အပြုအမူက သူတို့တစ်လသာ သိကျွမ်းဖူးသကဲ့သို့ လုံးဝမဟုတ်ပေ။ နက်ရှိုင်းစွာ တွယ်ကပ်နေသော အမြစ်ကဲ့သို့သော အချစ်တစ်ခုနှင့် ပိုမိုတူနေ၏။

ဟိုင်ရိသည် ဘာလုပ်ရမှန်းမသိဖြစ်ကာ သူ၏နှလုံးသားနောက်သို့သာ လိုက်ပါသွားခဲ့သည်။ အချစ်ကို မည်သည့်အရာနှင့်မျှ ချိန်တွယ်၍မရဟု ထင်၏။

ရှန့်ချန့်ယန်သည် ကုတင်ပေါ်တွင် ဟိုင်ရိကို လက်မောင်းများဖြင့် ပွေ့ဖက်ရင်း လှဲလျောင်းလိုက်သည်။ ဟိုင်ရိ၏ဖုန်းကို အသုံးပြုကာ ကြွက်သားထူထပ်သော အမျိုးသားထံ စာတစ်စောင်ပို့လိုက်သည်။

ရှန့်ချန့်ယန်: "ကျေးဇူးတင်ပါတယ်...ကျွန်တော့်မှာ ရည်းစားရှိနေပြီ၊ ဒီလိုလုပ်တာ မကောင်းဘူး"

ဟိုင်ရိ: "ဒါက မကောင်းဘူးမလား"

"ဘာလို့ မကောင်းရမှာလဲ"

ကြွက်သားထူထပ်သော အမျိုးသားသည် ဟိုင်ရိ သဘောတူပြီးနောက် ရှန့်ချန့်ယန်၏ စိတ်ထဲသို့ မမျှော်လင့်ဘဲ ပထမဆုံးဝင်လာသည့်အရာ ဖြစ်၏။ ဟိုင်ရိအား တစ်ခုခု ပေးကမ်းရန် ရည်ရွယ်သည်ကို သိရှိပြီးနောက် ရှန့်ချန့်ယန်သည် ထိုစာအား ကိုယ်တိုင် ပြန်မဖြေဘဲ နေခဲ့သည်။

ရှန့်ချန့်ယန်က မေးလိုက်သည်။

"သူ့ကို ရှင်းရှင်းလင်းလင်း ပြောပြချင်တာ မဟုတ်ဘူးလား"

ဟိုင်ရိ: "...ဆက်လုပ်"

ရှန့်ချန့်ယန်သည် မက်ဆေ့ချ်ပို့ပြီးနောက် ဖုန်းမျက်နှာပြင်ပေါ်တွင် စူးစိုက်ကြည့်နေကာ ပြန်စာကို စောင့်ဆိုင်းနေသည်။

ဟိုင်ရိ လုပ်စရာသိပ်မရှိပေ။ ရှန့်ချန့်ယန်က သူ့ကို ဖုန်းအသစ်ဝယ်ပေးထားသော်လည်း သူ ပြောင်းရမှာ ပျင်းရိသောကြောင့် ရှန့်ချန့်ယန်၏ ဖုန်းဖြင့်သာ ကစားနေလိုက်၏။ ရှန့်ချန့်ယန်က ဂိမ်းများ သို့မဟုတ် ဗီဒီယိုအတိုများကို ပုံမှန်ကြည့်ရှုခြင်းမရှိသောကြောင့် ဟိုင်ရိတွင် သူ၏ Weibo အကောင့်ကို နှိပ်ကြည့်ရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိ။ ရုတ်တရက် သူတစ်ခုခုကို သတိရသွားသည်။

ဟိုင်ရိ: "မင်းရဲ့ အရင် Weibo အကောင့်ထဲကို ဝင်လို့ရသေးလား"

ရှန့်ချန့်ယန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

"ပြဿနာမရှိလောက်ပါဘူး"

ဟိုင်ရိ: "သုံးလို့ရလား"

ထိုအခါမှ ရှန့်ချန့်ယန်က သူ့ကို လှမ်းကြည့်လိုက်သည်။

"ကုမ္ပဏီမှာလည်း လျှို့ဝှက်နံပါတ်တော့ရှိတယ်၊ ဒါပေမဲ့ သူတို့ကတော့ သုံးမှာမဟုတ်ဘူး၊ ခင်ဗျား စမ်းကြည့်လို့ရတယ်...ခင်ဗျားဘာလုပ်ချင်လို့လဲ"

ဟိုင်ရိ: "ငါဝင်ကြည့်ချင်လို့"

ထို့ကြောင့် ရှန့်ချန့်ယန် သူ၏ အရင်အကောင့်အထဲအား ဝင်ကြည့်ဖို့ကြိုးစားသည်။ အသုံးပြုသူအမည်နှင့် စကားဝှက်ကို မှတ်မိခြင်းက အနည်းငယ်ဝေဝါးနေပြီး ဒုတိယအကြိမ်မှသာ အောင်မြင်သွား၏။ အချိန်အကြာကြီး loading လုပ်ပြီးနောက် သူ အောင်မြင်စွာ log in ဝင်သွားသည်။

ရှန့်ချန့်ယန်က သူ့ကို ဖုန်းပစ်ပေးလိုက်သည်။

"private message တွေကို မကြည့်နဲ့... ခင်ဗျားအဆင်ပြေသလို သုံး”

private message များကို မကြည့်ရန် ပြောခြင်းဖြင့် ဘာကိုဆိုလိုသည်ကို ဟိုင်ရိက အကြမ်းဖျင်းသိလိုက်၏။ ထိုအထဲ၌ ကျိန်ဆဲထားသောစာများ ရှိနေနိုင်ပေသည်။

စဉ်းစားပြီးနောက်မှာတော့ ဟိုင်ရိ သူတကယ်ပင် မခံစားနိုင်တော့ဘူးဟု တွေ့ရှိရသောကြောင့် ထို message များကိုနှိပ်မကြည့်ဘဲ main feed ကိုသာ လှမ်းကြည့်လိုက်သည်။ ရှန့်ချန့်ယန် လူအများကြီးကို follow လုပ်ထားသော်လည်း ဤကမ္ဘာက အင်တာနက်သည် အခြားကမ္ဘာမှ အရာများကို ပိတ်ဆို့ထားသောကြောင့် scroll လုပ်ရန် အကြောင်းအရာသိပ်မရှိပေ။

ဟိုင်ရိက နည်းနည်းစိတ်မကောင်းဖြစ်ရင်း တွေးလိုက်မိသည်။

'ဒီလူတွေကတော့ အေးအေးဆေးဆေးပဲ နေနိုင်ကြတုန်းပဲ'

သူ ရှန့်ချန့်ယန်၏ အရင် Weibo post များကို နှိပ်ကြည့်လိုက်သည်။ သူတို့ကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ဖတ်ဖူးပြီး သူအောက်တွင် ရေးထားသည့် မှတ်ချက်များကို ရှာချင်နေခဲ့၏။ သို့သော်လည်း သူ၏မှတ်ချက်များအားလုံး ပျောက်ဆုံးနေပြီး သူမည်မျှအချိန်ကုန်ခံ၍ ရှာရှာ မတွေ့တော့ပေ။

ဟိုင်ရိက ပရိသတ်များ၏ Weibo အကောင့်များကို လိုက်ကြည့်သော်လည်း အကြောင်းအရာအသစ်အား ဘာမှမတွေ့ချေ။ သူမြင်နိုင်သည့် အရာများအားလုံးမှာ တစ်နှစ်ကျော်ခန့်က ရှန့်ချန့်ယန်၏ post များကို ပြန် share ထားခြင်းများသာ ဖြစ်သည်။

သူသည်လည်း တစ်ချိန်တုန်းက ဤကဲ့သို့ပင် အဝေးက ပရိသတ်တစ်ဦးသာ ဖြစ်ခဲ့၏။ သို့သော် ယခုတွင် သူ ရှန့်ချန့်ယန်၏ ရင်ခွင်ထဲတွင် လဲလျောင်းနေပြီ။

ဤအတွေးကြောင့် ဟိုင်ရိသည် များစွာ ပိုမိုကောင်းမွန်လာသလို ခံစားရ၏။ တကယ်ပင် ဘဝဆိုသည်မှာ ရရှိမှုများနှင့် ဆုံးရှုံးမှုများကြားမှ မျှခြေတစ်ခု ဖြစ်သည်။

ရှန့်ချန့်ယန်တွင် Weibo ၌ မဖတ်ရသေးသည့် message ၉၉၉ ခုကျော်ရှိနေသည်။ ဟိုင်ရိက ဘာမဆို စူးစူးစမ်းစမ်းနှင့် နှိပ်ကြည့်နေသော်လည်း ဘာအရာကိုမျှ မထိရဲချေ။ ဥပမာ တစ်စုံတစ်ယောက်ကို follow လုပ်ခြင်း၊ Weibo post တင်ခြင်း စသည်တို့ကို မလုပ်ရဲပေ။ ရှန့်ချန့်ယန်က သူးအဆင်ပြေသလို သုံးနိုင်သည်ဟု ပြောထားသော်လည်း သူ သိပ်ပျော်လို့မရပေ။

ဤအကောင့်ကို အချိန်အတော်ကြာအောင် သုံးထားပုံမရ၊ ရှန့်ချန့်ယန်က ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် တစ်ခါမှပင် log in မဝင်ခဲ့။

ရှန့်ချန့်ယန်က ဂရုမစိုက်ခဲ့ပေ။

"ခင်ဗျားကြိုက်ရင် သုံးသာသုံး"

ဟိုင်ရိ: ...

ရှန့်ချန့်ယန်: "ကြော်ငြာတွေ ဘာတွေ တင်ပြီး ခင်ဗျား ပိုက်ဆံမရှာချင်ဘူးလား"

ဟိုင်ရိ: "ဒီလိုမျိုးတော့ မလုပ်ချင်ဘူး"

ရှန့်ချန့်ယန်က ပြုံးလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် အခု ဒါက ခင်ဗျားဟာပဲ"

ကြွက်သားများရှိသောလူက ဖြည်းဖြည်းလေး ပြန်ဖြေပြီး ရှန့်ချန့်ယန်လည်း အိပ်ငိုက်လာ၏။ ဖုန်းကို ချလိုက်ရင်း သူ ဟိုင်ရိကို ဖက်လိုက်သည်။

"ကျွန်တော် အိပ်လိုက်ဦးမယ်"

ဟိုင်ရိက ပျော်လွန်း၍ ဘာမှမပြောနိုင်အောင် ဖြစ်နေသည်။

ည ၇ နာရီတွင် ရှန့်ချန့်ယန် နိုးလာ၏။ ဆံပင်ဝါက အောက်ထပ်တွင် ၁၀ မိနစ်ခန့် စောင့်ဆိုင်းနေပြီးသားဖြစ်သော်လည်း သူ၏ဒေါသကို ဖော်ပြရန် သတ္တိမရှိပေ။ ရှန့်ချန့်ယန် အိပ်ပျော်နေသည်ကို မနှောင့်ယှက်ရဲချေ။

သူတို့နှစ်ယောက် ကားထဲဝင်လိုက်သောအခါ ရှန့်ချန့်ယန်၏ မျက်နှာတစ်ပြင်လုံးတွင် စိတ်တိုမှုများ ရေးထိုးထားဆဲဖြစ်သည်။ သူ၏ဆံပင်က အိပ်ရာကနိုးလာသောကြောင့် ရှုပ်ပွနေသောကြောင့် ဟိုင်ရိက သူ့ကို ဦးထုပ်တစ်လုံးပေးပြီး ဖုံးခိုင်းလိုက်၏။

ရှန့်ချန့်ယန်က ဆံပင်ဝါကို ပြောလိုက်သည်။

"မရီးလို့ ခေါ်"

ဆံပင်ဝါက ရှန့်ချန့်ယန်ကို မျက်နှာသေဖြင့် ပြောလိုက်သည်။

“မရီး"

ဟိုင်ရိ: ...

ရှန့်ချန့်ယန်က ဟိုင်ရိကို လက်ညှိုးထိုးပြသည်။

ရှန့်ချန့်ယန်: "မရီး"

ဆံပင်ဝါ အံ့အားသင့်သွားကာ နောက်လှည့်ပြီး ဟိုင်ရိကို ကြည့်လိုက်သည်။

ဆံပင်ဝါ: "တကယ်ကြီးလား"

"ဒီလောက်မြန်မြန်လား၊ ခင်ဗျား နည်းနည်းပါးပါး စဉ်းစားဦးမှာ မဟုတ်ဘူးလား"

ဆံပင်ဝါက မေးလိုက်သည်။

ဟိုင်ရိက ဝမ်းဗိုက်ကိုဖိပြီး ရယ်လိုက်သည်။

"ဘာကိုစဉ်းစားရမှာလဲ"

ဆံပင်ဝါ: "ခင်ဗျား အရမ်း အလျင်လိုလွန်းတယ်"

ရှန့်ချန့်ယန်က သူ၏နောက်စေ့ကို ဒေါသတကြီး ရိုက်လိုက်သည်။

"မောင်းတော့..."

ဆံပင်ဝါက နာခံစွာဖြင့်

"ဟုတ်ကဲ့"

ဆံပင်ဝါက Haidilao ကို ကြိုတင်မှာယူထားသည်။ သူတို့သုံးယောက် တိုက်ရိုက်သွားကြသည်။ အရက်သောက်ချင်စိတ်ကို ဖြည့်ဆည်းပြီးနောက် ဟိုင်ရိက သောက်ရန် မပြောတော့ပေ။ သူတို့သုံးယောက်သား ပျော်ရွှင်စွာနှင့် သဟဇာတဖြစ်စွာ စားသောက်နေပြီး တစ်စုံတစ်ယောက်က စားနေစဉ် အလယ်၌ ရုတ်တရက် ပေါ်လာသည်။ ဟိုင်ရိ မော့ကြည့်လိုက်သောအခါ ထိုလူကို အဖြစ်အပျက်ထဲမှ လူအဖြစ် မှတ်မိလိုက်သည်။

ရှန့်ချန့်ယန်၏ မျက်နှာအမူအရာ ပြောင်းလဲသွား၏။ သူ အပြင်ထွက်ပြီး စကားပြောရန် ရည်ရွယ်ချက်ဖြင့် ထရပ်လိုက်သော်လည်း ထိုလူက ဆံပင်ဝါဘေးနား၊ ဟိုင်ရိ၏ တစ်ဖက်တည့်တည့်တွင် တိုက်ရိုက်ဝင်ထိုင်လိုက်သည်။

ဟိုင်ရိ: ...

"ကျွန်တော်တို့ ပထမဆုံးအကြိမ်တွေ့တာပါ"

ထိုလူ ယီဝေကပြောလိုက်သည်။

"ကျွန်တော့်မျိုးရိုးက ယီပါ၊ ယီဝေလို့ခေါ်ပါတယ်"

ယီဝေ: "မင်္ဂလာပါ၊ ဟိုင်ရိ"

ယီဝေက ပြုံးလိုက်သည်။

"မင်းက ကပြားလား"

ဟိုင်ရိက ဤအကြောင်းကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ရှင်းပြခဲ့ပြီး ဤတစ်ကြိမ်လည်း အတူတူပင်။

ဟိုင်ရိ: "ငါ့အမေက ရုရှားလူမျိုးပါ"

ရှန့်ချန့်ယန်: "အပြင်ထွက်ပြီး စကားပြောမယ်"

ယီဝေ: "အဲ"

"ငါ ဗိုက်ဆာနေတယ်၊ ထိုင်ပြီး စားရအောင်၊မင်း ပိုက်ဆံ သိပ်မကုန်စေရပါဘူး"

ရှန့်ချန့်ယန်က သူ့ကို ကြည့်လိုက်သည်။

"ထွက်လာခဲ့"

ယီဝေက ရှန့်ချန့်ယန်ကို အားအင်မရှိစွာ ကြည့်လိုက်ပြီး ဘာမှမတတ်နိုင်တော့သလို ဖြစ်နေသည်။ သူ တဖြည်းဖြည်း ထရပ်ပြီးမှ ရှန့်ချန့်ယန်နောက်ကို လိုက်သွား၏။

ထိုအခါမှ ဆံပင်ဝါက သက်ပြင်းချလိုက်သည်။ ဟိုင်ရိက ယီဝေ ရှိနေချိန်တွင် ဆံပင်ဝါသည် ခေါင်းအစ ခြေအဆုံး တင်းမာနေသည်ကို သတိထားမိလိုက်၏။

ဟိုင်ရိ: "ဘာဖြစ်တာလဲ"

"နှာဗူးတစ်ယောက်ပါပဲ"

ဆံပင်ဝါက ပြောလိုက်သည်။

"ရလဒ်ကတော့ ထွက်ပြီထင်တယ်၊ နောက်ဆုံးအခြေအနေကို ဘယ်လို ကိုင်တွယ်မလဲပေါ့"

ဆံပင်ဝါက စိတ်ပူနေသော ဟိုင်ရိကို နှစ်သိမ့်လိုက်သည်။

"ယန်ကော ဘာမှသိပ်မဖြစ်ပါဘူး၊ သူ ဇာတ်အိမ်ထဲမှာ သတ်တာ ဒါပထမဆုံးအကြိမ်မှ မဟုတ်တာ"

ဟိုင်ရိ: ...

ဆံပင်ဝါ: "အပေါ်ကလူတွေက ယန်ကောကို ဘယ်လိုလုပ်ရမှန်းမသိအောင် ဖြစ်နေတယ်၊ သူတို့ သူ့ကို အပြစ်ပေးလို့မရဘူး၊ ဒါကြောင့် သူ့ကို ဒီအတိုင်းပဲ ထားလိုက်လို့ရတယ်... အဆိုးဆုံးကတော့ သူ့ကို ဇာတ်အိမ်တွေထဲမှာ ပါဝင်ခွင့် ပိတ်လိုက်မှာပဲ"

ဟိုင်ရိ: "ဒါပေမဲ့ သူက ဇာတ်အိမ်တွေထဲမှာတော်တယ် မဟုတ်လား"

ဆံပင်ဝါက သူ့ကို ပျော်ရွှင်စွာ ကြည့်လိုက်သည်။

"ဒါဆို ခင်ဗျား သူ Werewolf ကစားတာကို တစ်ခါမှ မမြင်ဖူးသေးဘူးပဲ"

"သူ ခင်ဗျားကို လှည့်စားပြီးသွားရင် ခင်ဗျားရဲ့ အတွင်းခံတောင် ကျန်မှာမဟုတ်ဘူး"

ဆံပင်ဝါ ပြောလိုက်၏။

"ကျွန်တော် သူနဲ့ နှစ်ခါသွားဖူးတယ်၊ နေ့တိုင်းစားပြီး အတူတူနေခဲ့တာပဲ၊ ဒါပေမဲ့ နောက်ဆုံးနေ့မှာတောင် သူဘယ်သူဆိုတာ ကျွန်တော်မသိခဲ့ဘူး"

ဟိုင်ရိက မျက်နှာသေဖြင့်

"ဇာတ်အိမ်တွေမှာလည်း ဒီလိုပဲ"

ဆံပင်ဝါက လက်ညှိုးလှုပ်ယမ်းလိုက်၏။

"မဟုတ်ဘူး"

ဆံပင်ဝါ: "သူက ဇာတ်ကောင်တွေ ပြောင်းလဲနိုင်တယ်၊ ယန်ကော Werewolf ကစားတဲ့အခါ မြူလို၊ မိုးလို၊ လေလိုပဲ...ဒါပေမဲ့ ကောင်းတဲ့လူတစ်ယောက်လို လုံးဝမထင်ရဘူး"

ဟိုင်ရိ ရယ်လိုက်သည်။

ဆံပင်ဝါ: "အတိုချုပ်ပြောရရင်၊ အရမ်း အဆင်မပြေဘူး၊ ဒါပေမဲ့ သူ ခင်ဗျားကို ကာကွယ်ပေးမှာ သေချာတယ်၊ စိတ်မပူပါနဲ့"

ဟိုင်ရိ: "ကာကွယ်ဖိုဖို့နည်းလမ်းမရှိဘူး"

"ယုံလိုက်ပါ"

ဆံပင်ဝါ ပြောလိုက်သည်။

"သူ အရင်က ကျွန်တော့်ကို ကာကွယ်ပေးခဲ့ဖူးတယ်၊ ကျွန်တော် မဲပေးခံရတော့နီးနီးဖြစ်နေတုန်းက ယန်ကောက ကျွန်တော့်ကို မကာကွယ်ခင် သူ့ကို အရင်ရှင်းထုတ်ရမယ်လို့ ပြောပြီး သူက စုန်းဖြစ်တယ်လို့ ကြေညာခဲ့တာ၊ အဲဒီ လုံခြုံမှုက တကယ့်အစစ်အမှန်ပဲ"

ဆံပင်ဝါ: "သူ ခင်ဗျားကို ကာကွယ်ချင်ရင် သူ အောင်မြင်မှာ သေချာတယ်၊ စိတ်မပူပါနဲ့"

ဟိုင်ရိက ယခုတော့ ရှန့်ချန့်ယန်နှင့် ဂိမ်းများတွင် ပါဝင်ရန် တစ်နည်းနည်းဖြင့် မျှော်လင့်နေမိသည်။ ဂိမ်းထဲ၌ ရှန့်ချန့်ယန်နှင့် ဘဝထဲမှ ရှန့်ချန့်ယန်က မတူညီပေ။ ဂိမ်းများထဲတွင် ရှန့်ချန့်ယန်က အမြဲတမ်း ပေါ့ပေါ့ပါးပါးနှင့် အင်အားကြီးသော တတိယပုဂ္ဂိုလ်တစ်ဦးလိုပင်။

ဒါပေမဲ့ ငါ ချစ်နေပြီ။

ဟိုင်ရိ ဘာပဲတွေးတွေး၊ သူ့အတွေးများက ဤမဖြစ်နိုင်သည့် ကိစ္စဆီသို့သာ အမြဲပြန်ရောက်နေ၏။ သူ ရှန့်ချန့်ယန်ကို ချစ်နေပြီ။

ချစ်နေပြီ...ချစ်နေပြီ...ချစ်နေပြီ...ချစ်နေပြီ...ချစ်နေပြီ

ချစ်နေပြီ!! ချစ်နေပြီလို့!

ဟိုင်ရိ စိတ်ထဲမှ တွေးလိုက်သည်။ 'အရမ်း ပျော်တယ်။ အရမ်း ကံကောင်းတာပဲ'

ဆံပင်ဝါသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ဟိုင်ရိအား ကြည့်လိုက်လေသည်။

"ဘာကို ပြုံးနေတာလဲ"

ဟိုင်ရိ: "ဘာမှမဟုတ်ပါဘူး"

သူ ပျော်ရွှင်လို့ပြီးသွားပြီးနောက် ရှန့်ချန့်ယန်အတွက် ပူပန်မှုများ တိုးလာလေသည်။ သူ၏စိတ်ခံစားမှုများက ထိုနှာဗူးနှင့် စကားပြောပြီးနောက် ထပ်မံဆိုးရွားလာမည်ကို စိုးရိမ်မိသည်။ သို့သော်လည်း ရှန့်ချန့်ယန်သည် ပြန်လာပြီးနောက် သေးငယ်သော တုန့်ပြန်မှုသာရှိပြီး တည်ငြိမ်ပုံပေါ်လေသည်။

"အစားအစာတွေ အဆင်သင့်ဖြစ်ပြီလား"

"ကျွန်တော်တို့ ပြီးတောင်ပြီးတော့မယ်"

ဆံပင်ဝါမှ ပြောလိုက်၏။

"အခြေအနေ ဘယ်လိုရှိလဲ"

ရှန့်ချန့်ယန်: "အဆင်ပြေပါတယ်၊ သူတို့ငါ့ကို ဇာတ်အိမ်တွေမှာ ပါဝင်ခွင့် ပိတ်လိုက်ပြီ"

ဆံပင်ဝါသည် အရမ်းကြီး တွေးတော့မနေတော့ဘဲပြောလိုက်၏။

"ကျွန်တော် ထင်ထားတာလောက် မဆိုးရွားသွားဘူးပဲ"

ရှန့်ချန့်ရန်လည်း ဆက်ပြီးမတွေးတော့ဘဲ ဟိုင်ရိအား အသားတစ်အုံး ထည့်ပေးလိုက်သည်။

သူတို့နှစ်ယောက် ဤမျှပေါ့ပေါ့ပါးပါး ဖြစ်နေသည်ကို မြင်သောအခါ ဟိုင်ရိလည်း အကြီးအကျယ် ကိစ္စမဟုတ်ဘူးဟု ခံစားရသောကြောင့် ထပ်ပြီး မပြောရဲတော့ပေ။

သို့ပေမဲ့ ထိုည လုပ်ငန်းစဖွင့်သောအခါ ယီဝေဆိုသည့်လူက ထပ်မံပေါ်လာပြန်သည်။

သူသည် ဘား၏ ထောင့်တစ်နေရာတွင် ထိုင်နေပြီး မှောင်မိုက်ထဲတွင် မှေးမှိန်တော့မည့်နှယ် ponas ကဲ့သို့ ခြောက်ခြားဖွယ်ရာ ပုံပေါက်နေ၏။

ရှန့်ချန့်ယန် သူ့ကို တစ်ချက်ကြည့်ရုံသာ ကြည့်ပြီးနောက် လျစ်လျူရှုလိုက်သည်။ ဟိုင်ရိက ဘား၏ အစွန်ဘက် ဝေးဝေး၌ ပုန်းနေပြီး ရှန့်ချန့်ယန်နှင့် စကားပြောနေ၏။

🌟🌟🌟