Chapter : 66 ( ထာဝရတောက်ပခြင်း [6] )
Viewers 3k

Chapter : 66 ( ထာဝရတောက်ပခြင်း [6] )


ဆံပင်ဝါက တစ်ဝက်တစ်ပျက် နေ့တစ်ဝက်စာ အလုပ်ကို သူ့ဘာသာ လုပ်ခဲ့ရ‌သည်ကြောင့် ဒီလို ကြိုးစားပမ်းစား လုပ်ပြီးနောက်တွင် ပျော်မနေခဲ့ပေ။ ရှန့်ချန့်ယန် နောက်ဆုံးတွင် ပေါ်လာသည်ကို မြင်ရာ သူက ပြောသည်။

"ဪ၊ ခင်ဗျားက ကူညီဖို့ လာတတ်သေးတာပဲလား"

ရှန့်ချန့်ယန်: "ချဉ်တူးတူး မလုပ်နဲ့"

ဆံပင်ဝါ: "ကျွန်တော်ဘာလို့ ချဉ်တူးတူး လုပ်ရမှာလဲ...လူတိုင်းလုပ်ဖူးတာပဲ"

သူက ခေါင်းကို ပြန်ငုံ့လိုက်ပြီး ရှန့်ချန့်ယန်ကို အသံတိုးတိုးဖြင့်

"ခင်ဗျား အတည်လား၊ ကြိုက်တာကိုလေ"

"ကျွန်တော် ခင်ဗျားတို့ကို ကြိုက်တာကို မကန့်ကွက်ပါဘူး"

ဆံပင်ဝါက ပြောလိုက်သည်။

"ဒါပေမဲ့ ဟိုင်ကောက တော်တော်ကောင်းတယ်၊ ကျွန်တော် တော်တော်သဘောကျတယ်၊ ကောတို့နှစ်ယောက် အဆင်မပြေရင် ကျွန်တော်နဲ့သူ သူငယ်ချင်း မဟုတ်တော့ဘူးလား"

ရှန့်ချန့်ယန်၏ အကြည့်က သူ့ကို တိတ်ဆိတ်စွာ ဝေ့ကြည့်သွားသည်။

ဆံပင်ဝါ: "ကျွန်တော် အတည်ပြောနေတာ"

ရှန့်ချန့်ယန်နှင့် ဟိုင်ရိသည် တကယ် ပေါ့ပေါ့ပါးပါး လုပ်ကြပြီး အနာဂတ်၌ ကွဲသွားခဲ့လျင် ဆံပင်ဝါလည်း အခြေအနေမလှ ဖြစ်လိမ့်မည်ဖြစ်၏။

ရှန့်ချန့်ယန်: "ငါ အတည်လုပ်နေတာ"

"သူနဲ့ သူငယ်ချင်းကောင်းလုပ်လိုက်"

ရှန့်ချန့်ယန်က ပြောလိုက်သည်။

"ငါ ဒီမှာရှိနေသရွေ့ နေ့တိုင်း သူ့အပေါ် အတည်ပဲ"

ရှန့်ချန့်ယန် ကျယ်လောင်စွာ ရယ်လိုက်သည်။

ခွန်အားတစ်ချက် ရုန်းထွက်ပြီးနောက် သူက ကုလားထိုင်နှစ်လုံးကို လက်ထဲတွင် ဆွဲယူကာ ကျောနောက်ဘက်တွင် လက်မောင်းပေါ်မှ ဆွဲထားသော ကုလားထိုင်ကို သယ်သွားသည်။

ဟိုင်ရိ: "ဘာလို့ ဒါတွေကို ပြန်ရွှေ့နေတာလဲ၊ မင်း မနက်ဖြန် ဒီနေရာကို မဖွင့်ဘူးလား"

ဆံပင်ဝါ: "ဟုတ်တယ်၊ ကုလားထိုင်တွေ များလွန်းတယ်၊ လာတဲ့လူတွေလည်း များလွန်းတော့ နေရာရှင်းနေတာ"

ဟိုင်ရိက တက်ကြွစွာ မေးလိုက်၏။

"နောက်ပြဇာတ် ဘယ်တော့ ကစားမှာလဲ"

"ဘာလို့ အဲလောက်ပျော်နေတာလဲ"

ဆံပင်ဝါလည်း မျက်နှာပွင့်သွား၏။

"မကြာခင်ရက်ပိုင်းအတွင်း ပြဇာတ်အသစ်ရှိနိုင်တယ်"

ဆံပင်ဝါက ပြောလိုက်၏။

"ခင်ဗျား ပါဝင်ချင်လို့လား"

ဟိုင်ရိ ခေါင်းခါလိုက်သည်။ 

"ရှန့်ချန့်ယန် ဖျော်ဖြေတာကို ကြည့်ချင်တာ"

ဆံပင်ဝါ: "ဟုတ်တယ်၊ ဒီကလူအများစုက ရှန့်ချန့်ယန်ရဲ့ ပရိသတ်တွေပဲ"

ဟိုင်ရိက ပြုံးရုံပဲ ပြုံးလိုက်သည်။ သူကူညီရန် လက်လှမ်းလိုက်သော်လည်း ဆံပင်ဝါက သူ့ကို အလျင်အမြန် ရှောင်လိုက်ပြီး ကုလားထိုင်နှစ်လုံးကို ကောက်ယူလိုက်၏။

"ဟေး...မလိုပါဘူး၊ ခင်ဗျား နားလိုက်ပါ၊ မရီးရေ"

ဟိုင်ရိ ရယ်ရမလား၊ ငိုရမလား မသိပေ။ သို့သော် တစ်ချိန်တည်းမှာပင် အကူအညီမဲ့သလို ခံစားနေရ၏။ ဒီကလေးနှစ်ယောက်သည် တကယ်ကို အူကြောင်ကြောင်လုပ်သည့်နေရာ၌ တော်ကြသည်။

သူတို့သုံးယောက် ပြန်ရောက်သည့်အချိန်မှာ မနက် ၅ နာရီ ရှိနေပြီဖြစ်၏။ ဟိုင်ရိ သောက်ထားသည့် အရက်များကြောင့် အလွန်အိပ်ချင်နေသည်။ ဆံပင်ဝါက သူတို့ကို ကားမောင်းပြီး ပြန်လိုက်ပို့ပေးခဲ့ရာ သူတို့ ခြေချလိုက်သည်နှင့် ဟိုင်ရိက ယိုင်နဲ့နေပြီဖြစ်ကြောင်း သိလိုက်ရသည်။ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ရှန့်ချန့်ယန်က တံခါးကိုတွန်းဖွင့်ရင်း ဟိုင်ရိကို သူ့ကို မှီစေလိုက်၏။

ကြွက်သားများရှိသော ရှေ့ကောင်တာဝန်ထမ်းသည် ယနေ့ အလှည့်ကျတာဝန်ကျပြီး ယခုအချိန်တွင် ဟောက်နေသည်။ သူ မော့ကြည့်လိုက်ရာ သူတို့နှစ်ယောက်ကို မြင်လိုက်ရပြီး ချက်ချင်း မတ်မတ်ထိုင်လိုက်၏။

ရှန့်ချန့်ယန်က သူ့ကို ခပ်ပါးပါးလေးကြည့်လိုက်ပြီးနောက် ဟိုင်ရိကို ဖေးမရင်း ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်သည်။

ဟိုင်ရိက မသက်မသာဖြင့် ပြောလိုက်၏။

“ငါ အဆင်ပြေပါတယ်"

"အိပ်ချင်နေတာလား"

ရှန့်ချန့်ယန်က ညင်သာစွာ မေးလိုက်သည်။

ဟိုင်ရိ: "အိပ်ချင်လို့ သေတော့မယ်"

"အခု ခန်းမထဲမှာ လှဲပြီး အိပ်လို့ရပြီ"

ရှန့်ချန့်ယန်က သူ့ကို နွေဦးလေညင်းလို နှိုင်းယှဉ်မရအောင် ညင်သာသော အပြုံးဖြင့် ကြည့်လိုက်သည်။

ဟိုင်ရိက ရှက်ရွံ့နေ၏။ အကြောင်းအရင်းကို သူ မသိခဲ့သော်လည်း ရှန့်ချန့်ယန်က သူ့အား အရင်လို ဆိုးသွမ်းသည့် ကလေးလို ခံစားရစေတော့ခြင်း မရှိတော့ပေ။ အရင်က သူ ရှန့်ချန့်ယန်ကို မကြာခဏ ခပ်မိုက်မိုက်ပုံစံ သဘောထားသော်လည်း တကယ်တော့ ချစ်စရာကောင်းသည့် ဆိုးသွမ်းသော ကလေးတစ်ယောက်အဖြစ် အမြဲတမ်း မှတ်ယူခဲ့သည်။ သို့ပေမဲ့ ရှန့်ချန့်ယန်၏ ယောကျ်ားဆန်သည့် ဆွဲဆောင်မှုက ယခု သူ့ကို ပိုပြီး ဆွဲဆောင်နေ၏။

တကယ်ကို မှော်ဆန်ပေသည်။ ရှန့်ချန့်ယန် ပြောင်းလဲသွားခြင်း ဖြစ်နိုင်သလို၊ ဟိုင်ရိ၏ မျက်လုံးထဲမှ ရှန့်ချန့်ယန်က ဒီလို ပြောင်းလဲမှုမျိုး ကြုံခဲ့ရခြင်း‌ကြောင့်လည်း ဖြစ်နိုင်ပေသည်။

ဟိုင်ရိက ရှန့်ချန့်ယန်ကို တွန်းဖယ်လိုက်ပြီး မတ်မတ်ရပ်လိုက်၏။

"မင်း အိပ်မငိုက်ဘူးလား"

ရှန့်ချန့်ယန်: "ကျွန်တော် အဆင်ပြေပါတယ်"

"ကျွန်တော်မသောက်ခဲ့ဘူး"

ဟိုင်ရိက သူ့ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။ မနက် ၅ နာရီ ၃၀ မိနစ် ရှိနေပြီဖြစ်သည်။ ဒီကိစ္စက သူတို့ အရက်သောက်ခဲ့သလား မသောက်ခဲ့သလား ဆိုသည့်ကိစ္စ မဟုတ်တော့ပေ။

သူက ရှန့်ချန့်ယန်ကို သံသယမျက်လုံးဖြင့် ကြည့်လိုက်သည်။

"မင်း ပြန်ပြီး အိပ်မပျော်တာ ဖြစ်နေပြီလား"

"မဟုတ်ဘူး"

ရှန့်ချန့်ယန်က လက်နှစ်ဖက်ကို မြှောက်ပြကာ သူ့ကို အနားယူဖို့ အမူအရာပြလိုက်၏။

"ကျွန်တော် နေ့တိုင်း ညသန်းခေါင်မှ အိပ်တာ"

ရှန့်ချန့်ယန် ရုတ်တရက် နည်းနည်း ရှက်သွားပြီး နှာခေါင်းကို တို့ထိလိုက်သည်။

ဟိုင်ရိ: ?

ရှန့်ချန့်ယန်: "ဘာမှမဟုတ်တော့ဘူး"

ဟိုင်ရိ ခေါင်းကို စောင်းလိုက်ပြီး ရှန့်ချန့်ယန်ကို ကြည့်လိုက်သည်။

ဟိုင်ရိ ဤအရပ်ရှည်ပြီး ချောမောသည့် ကောင်လေးအား ဘယ်လိုပဲ ကြည့်ကြည့်၊ သူက ချောသည်ဟု ထင်နေတုန်းပင်။

သူ့ရဲ့ ဝတ်စားဆင်ယင်မှုလည်း ကောင်းမွန်ပြီး ချောတယ်၊ ဂီတတူရိယာတွေလည်း တီးနိုင်တယ်၊ Idol တစ်ယောက်လည်း ဖြစ်တယ်၊ ပြီးတော့ သူက ငါ့ကို ကြိုက်တယ်…

ဟိုင်ရိက သူ့စိတ်ထဲတွင် အေးစက်စက် ထပ်ပြောလိုက်သည်။

ဟိုင်ရိ: "မင်းအဝတ်အစားတွေက ကြည့်လို့ကောင်းတယ်"

ရှန့်ချန့်ယန်က အောက်ကို တစ်ချက်ကြည့်လိုက်ပြီး အံ့အားသင့်သွား၏။

"ခင်ဗျားကို ပေးရမလား"

ဟိုင်ရိက အကူအညီမဲ့စွာ ပြန်ဖြေသည်။

"မလိုပါဘူး"

ရှန့်ချန့်ယန်: "ခင်ဗျားရဲ့ဟာတွေလည်း ကြည့်လို့ကောင်းပါတယ်"

ဟိုင်ရိ: ...

''မင်းပိုင်တာ မဟုတ်ဘူးလား"

ဟိုင်ရိက မှင်တက်သွားသည်။

"ဒါလား" 

ရှန့်ချန့်ယန်က ထိုအကြောင်းကို မမှတ်မိတော့ပေ။

ဟိုင်ရိ: "မင်း အရင်က ငါ့ကို ပေးခဲ့တာ"

ရှန့်ချန့်ယန် နောက်တစ်ကြိမ် ကြည့်လိုက်သည်။ ဟိုင်ရိကို တစ်ပတ်လှည့်ခိုင်းပြီးမှ အဝတ်အစားများကို သူ မှတ်မိပုံရ၏။ သူ မျက်လုံးတွေကို ပွတ်သပ်လိုက်သည်။

"မမှတ်မိဘူး"

ဟိုင်ရိက မှတ်ဉာဏ်လျော့ပါးခြင်းက စိတ်ကျရောဂါ၏ ဘေးထွက်ဆိုးကျိုးဖြစ်ကြောင်း ကြားဖူးသည်။ သူ စကားမပြောခဲ့ပေ။

သို့ပေမဲ့ ခဏတာ တိတ်ဆိတ်ပြီးနောက် သူတို့နှစ်ယောက်စလုံးက တစ်ယောက်၏ အဝတ်အစားများကို ကြည့်လို့ကောင်းသည်ဟု နှစ်ယောက်စလုံး ထင်ကြခြင်းက တော်တော် စိတ်ဝင်စားဖို့ကောင်းသည်ဟုခံစားလိုက်ရသည်။

ခဏတာ တိတ်ဆိတ်ပြီးနောက် သူတို့နှစ်ယောက်စလုံးက ရယ်မောလိုက်ကြ၏။

ရှေ့ကောင်တာမှ ကြွက်သားများရှိသည့်လူက ချဉ်းကပ်ရန် ထရပ်လိုက်သည်။ သို့ပေမဲ့ ထိုမြင်ကွင်းကို သူမြင်လိုက်တော့ မသက်မသာဖြစ်နေသည့် အမူအရာနှင့် ပြန်ထိုင်လိုက်၏။

ဓာတ်လှေကားတံခါးများ ပွင့်လာရာ တံခါးစောင့်က ပြောလိုက်၏။

"မင်း တကယ် အတည်ကြီးလား...ညဘက်ကြီးမှ ပြန်လာတာလား"

"မင်္ဂလာနံနက်ခင်းပါ"

ရှန့်ချန့်ယန်က ယဉ်ကျေးစွာ နှုတ်ဆက်လိုက်၏။

"လေးလွှာ"

တံခါးစောင့်က လေးလွှာအတွက် ခလုတ်ကို နှိပ်လိုက်သည်။

ဟိုင်ရိ: "ဒီနေ့ မင်း အလှည့်ကျတာဝန်ကျပြန်ပြီလား"

တံခါးစောင့်က စိတ်တိုစွာဖြင့် ပြောလိုက်သည်။

"နောက်ထပ် တစ်နာရီ"

ဟိုင်ရိ: "ဪ...ကံကောင်းပါစေ"

"ကျေးဇူးတင်ပါတယ်"

တံခါးစောင့်ကလည်း ယဉ်ကျေးစွာ ပြန်ဖြေသည်။

"နောက်တစ်ခါ မနက် ၅ နာရီခွဲမှ လှေကားကို အသုံပြုပေးပါ"

ဟိုင်ရိ ရယ်လိုက်သည်။ ဓာတ်လှေကား ရပ်သွား၏။ သူတို့ ဆင်းလာပြီး တံခါးစောင့်ကို လက်ပြနှုတ်ဆက်ကာ နှုတ်ဆက်စကားဆိုလိုက်သည်။ တံခါးစောင့်ကလည်း စိတ်ပျက်အားငယ်မှုအပြည့်နဲ့ ပြန်လက်ပြနှုတ်ဆက်လိုက်၏။

ဟိုင်ရိ: "ပျော်ရွှင်စရာ အလုပ်ပိတ်ရက်လေးပါ"

သူ ယခု တကယ်ပင် အနည်းငယ် ပျော်လွန်းနေပြီ။

ရှန့်ချန့်ယန်နှင့် ဟိုင်ရိတို့သည် သူ့အခန်းဘက်သို့ လျှောက်လှမ်းလာခဲ့ကြသည်။ ဟိုင်ရိသည် ရှန့်ချန့်ယန်ကို စိုက်ကြည့်နေမိပြီး ရှန့်ချန့်ယန်ကလည်း ပြန်လည် စိုက်ကြည့်နေခဲ့၏။ ခဏအကြာတွင် ဟိုင်ရိ သတိဝင်လာကာ အရှုံးပေးသည့်အနေဖြင့် လက်နှစ်ဖက်ကို မြှောက်လိုက်သည်။

ရှန့်ချန့်ယန်: "ကျွန်တော်ဘာရည်ရွယ်ချက်မှ မရှိပါဘူး၊ ခင်ဗျားကို ပြန်လိုက်ပို့ရုံပဲ"

ဟိုင်ရိ: "ခြေလှမ်း နည်းနည်းလောက်လေးပဲလား"

ရှန့်ချန့်ယန်သည် သူ့ကို နောက်ကနေ တွန်းလိုက်သည်။

ရှန့်ချန့်ယန်: "မြန်မြန်လုပ်၊ ကျွန်တော် ပြန်သွားအိပ်ချင်ပြီ"

ရှန့်ချန့်ယန်သည် ဟိုင်ရိကို တံခါးဝအထိ လိုက်ပို့ပြီးနောက် သူဝင်သွားသည်ကို ကြည့်ကာ ပြောလိုက်၏။

ရှန့်ချန့်ယန်: "မင်္ဂလာနံနက်ခင်းပါ"

"မင်္ဂလာနံနက်ခင်းပါ"

ဟိုင်ရိ၏သြရှရှ အသံသည် အတွင်းကနေ ထွက်လာသည်။

ရှန့်ချန့်ယန်သည် သူ့ကို စက္ကန့်အနည်းငယ်မျှ ကြည့်ပြီး တံခါးကို ပိတ်ကာ ထွက်ခွာသွားလေတော့သည်။

ဟိုင်ရိသည် ထိုနေ့တွင် ညနေ ၃ နာရီအထိ အိပ်ပျော်နေခဲ့၏။

ခဏတာမျှ သူ့ဖုန်းသည် ဆက်တိုက် မြည်နေခဲ့သော်လည်း ဟိုင်ရိသည် မကိုင်ခဲ့ပေ။ အိပ်ရာထချိန်တွင် သူ၏ ကိုယ်တစ်ပိုင်းလုံး ပင်ပန်းနွမ်းနယ်နေပြီး ကိုက်ခဲနေခဲ့သည်။ သူသည် လှပသော အိပ်မက်တစ်ခု မက်ခဲ့သည်ကိုလည်း ကောင်းစွာ မှတ်မိနေသေး၏။

ဟိုင်ရိသည် ဖုန်းကို ကောက်ကိုင်လိုက်သောအခါ Wechat မက်ဆေ့ချ်များစွာကို တွေ့လိုက်ရသည်။ ခေါင်းကိုက်နေသောကြောင့် သူ မြင်ရသော ပထမဆုံးတစ်ခုဖြစ်သည့် ရှန့်ချန့်ယန်၏ ချတ်မှတ်တမ်းကို နှိပ်လိုက်၏။ ရှန့်ချန့်ယန်သည် နေ့လယ် ၁ နာရီတွင် သူနိုးနေခြင်း ရှိမရှိ မေးသည့်အနေဖြင့် '?' တစ်ခုတည်းသာ ပို့ထားခဲ့သည်။

ဟိုင်ရိသည် ချက်ချင်း စတစ်ကာတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။ ထို့နောက် သူ့ဖုန်းကို အောက်သို့ ရွှေ့ကြည့်လိုက်၏။

ဆံပင်ဝါသည် သူ့ကို မက်ဆေ့ချ် ဆယ့်ရှစ်စောင် ပို့ထားခဲ့သည်။

ဟိုင်ရိသည် ပထမဆုံး မက်ဆေ့ချ်မှ စတင် ဖတ်ရှုလိုက်၏။

[ ဟိုင်ကော ]

[ မဟုတ်ဘူး၊ ဒါ မဟုတ်ဘူး ]

[ မရီး ]

[ နိုးပြီလား ]

[ ယန်ကောက ခင်ဗျားကို ညစာ စားဖို့ ခေါ်ချင်တာ ဒါပေမဲ့ သူ ကိုယ်တိုင် မေးဖို့ ရှက်လို့ ကျွန်တော့်ကို လာမေးခိုင်းတာ ]

[ ခင်ဗျား ခုထိ မနိုးသေးဘူးလား ]

[ ခင်ဗျားက ဝက်လား ]

[ ညနေ ၃ နာရီတောင် ရှိနေပြီ၊ ခင်ဗျား နိုးသင့်ပြီ မဟုတ်လား၊ ခင်ဗျား အိပ်ချင်ယောင်ဆောင်နေတယ်လို့ မပြောနဲ့နော် ]

[ ကျွန်တော်လက်ခံလိုက်မယ်၊ အိပ်နေလိုက်တော့၊ ယန်ကောနဲ့ ကျွန်တော် Haidilao ကို booking လုပ်လိုက်မယ် ]

ပုံအတော်များများမှာ ဆံပင်ဝါကို လမ်းမပေါ်တွင် လျှောက်သွားနေပုံ၊ ကိုယ့်ဘာသာ စကားပြောနေပုံများကို ပြသနေသည်။ ဟိုင်ရိသည် ရယ်မောရင်း ဒေါသထွက်လာပြီး သူ စာရိုက်လိုက်၏။

ဟိုင်ရိ: [ မင်းရဲ့ Wechat အကောင့်က မက်ဆေ့ချ် အရေအတွက်ပေါ် မူတည်ပြီး ငွေကောက်ခံတာလား ]

ဆံပင်ဝါသည် ချက်ချင်း ပြန်ဖြေလိုက်သည်။

ဆံပင်ဝါ: [ ခင်ဗျား နောက်ဆုံးတော့ နိုးလာပြီပဲ...ကျွန်တော် ရဲကို ခေါ်တော့မလို့ ]

ဟိုင်ရိ: [ ဘယ်အချိန်လဲ ]

ဆံပင်ဝါ: [ ည ၇ နာရီခွဲ၊ ညစာစားပြီးရင် ကျွန်တော်တို့ရဲ့ ခမ်းနားတဲ့ အလုပ်ကို ဆက်လုပ်မယ် ]

ဟိုင်ရိသည် ပြန်လှဲချလိုက်သည်။ သူ စကားပြောမှတ်တမ်းမှ ထွက်လိုက်သောအခါ 'နေသာခြင်းကို လိုက်ဖမ်းခြင်း၊ ပျော်ရွှင်မှုကို လိုက်ဖမ်းခြင်း' ဟူသော အမည်ရှိ အကောင့်တစ်ခုမှ သူ့ကို မက်ဆေ့ချ် ပို့ထားသည်ကို တွေ့လိုက်ရ၏။

ထိုအကောင့်မှ သူ့ကို မေးထားသည်။

"မင်း ရှိလား"

ဟိုင်ရိသည် အံ့အားသင့်သွားသည်။ သူ ဘာမှ မှားတာ မလုပ်ထားဟု တွေးမိပြီး ပြန်ဖြေလိုက်သည်။

ဟိုင်ရိ: "တစ်ခုခု ဖြစ်သွားတာလား"

တစ်ဖက်မှ ပြန်ဖြေရန် အချိန်ကြာမြင့်စွာ ယူခဲ့သည်။

"မင်းနဲ့ စကားပြောချင်လို့"

ဟိုင်ရိ: "ဘာအကြောင်း ပြောမလို့လဲ"

တစ်ဖက်က အစ်ကိုကြီးက ပြောလိုက်၏။

"မင်းအတွက် ဖိနပ်တစ်ရံ ဝယ်ခဲ့တယ်... မင်း ကြိုက်မကြိုက်တော့ မသေချာဘူး၊ ဘယ်တော့ လာယူနိုင်မလဲ"

ဟိုင်ရိ: ''?????''

'ဒါ ဘာတွေလဲ'

ဟိုင်ရိ တွေးနေစဉ် ရှန့်ချန့်ယန်၏ မက်ဆေ့ချ် ဝင်လာသည်။

ရှန့်ချန့်ယန်: [ တံခါးဖွင့်ပေး ]

ဟိုင်ရိသည် ချက်ချင်း ထရပ်လိုက်ပြီး ရေချိုးခန်းတံခါးကို ဖွင့်လိုက်သည်။ ထို့နောက် သူ့မျက်နှာကို ရူးသွပ်စွာ ဆေးကြော၊ အသားအရေ ထိန်းသိမ်းမှုများ ပြုလုပ်ကာ သူ့ဆံပင်များကို ဖြီးလိုက်၏။ အရာအားလုံးကို ချောချောမွေ့မွေ့ လုပ်ဆောင်ခဲ့သည်။ ထို့နောက် သူ၏ အသက်ရှူသံကို ပုံမှန်ဖြစ်အောင် ထိန်းညှိကာ ပေါ့ပေါ့ပါးပါး ပုံစံဖြင့် တံခါးကို သွားဖွင့်လိုက်၏။

ရှန့်ချန့်ယန်သည် ဟိုင်ရိကို မြင်သည်နှင့် မေးလိုက်သည်။

ရှန့်ချန့်ယန်: "ခုမှ နိုးတာလား”

"ခုမှ နိုးတာ"

ဟိုင်ရိက လျှို့ဝှက်စွာ သက်ပြင်းချလိုက်၏။ ထို့နောက် ဘေးသို့ တိမ်းလိုက်ပြီး ရှန့်ချန့်ယန်ကို အတွင်းသို့ ဝင်ခွင့်ပြုလိုက်သည်။

ဟိုင်ရိ: "ဘာဖြစ်လို့လဲ"

ရှန့်ချန့်ယန်သည် အရွယ်အစားမျိုးစုံရှိသော အိတ်များကို သယ်ဆောင်လာကာ အတွင်းသို့ ဝင်လာခဲ့သည်။ မမျှော်လင့်ဘဲ အိတ်များ အားလုံးသည် အဝတ်အစားနှင့် ဖိနပ်များသာ ဖြစ်၏။ စင်ပေါ်မှ ခုမှ ယူလာသည့်ပုံ ပေါက်နေသည်။

ရှန့်ချန့်ယန်သည် ထိုအရာများကို ကြမ်းပြင်ပေါ် ချလိုက်ပြီး အိပ်ရာပေါ် ထိုင်ရင်း စိတ်မသက်မသာဖြင့် ပြောလိုက်၏။

ရှန့်ချန့်ယန်: "ခင်ဗျားအတွက် ပစ္စည်းတချို့ ဝယ်လာတယ်"

ဟိုင်ရိ: ''????''

အိတ်တွေ အများကြီး ရှိနေသည်။ ဟိုင်ရိသည် ရှန့်ချန့်ယန်ကို သံသယမျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်၏။

ဟိုင်ရိ: "မင်း ဘယ်အချိန်က နိုးတာလဲ"

ရှန့်ချန့်ယန်သည် ဟိုင်ရိ၏ မျက်နှာကို ထိလိုက်ပြီး ပြောလိုက်သည်။

"မနက် ၈ နာရီကျော်မှ ထွက်သွားတာ... အိပ်လို့ မရဘူး"

ရှန့်ချန့်ယန် မနေ့ညက ခံစားခဲ့ရသော ရှက်ရွံ့မှုသည် နောက်တစ်ကြိမ် ပြန်လည်ပေါ်လာပြန်သည်။ သူသည် ရှက်ရွံ့စွာဖြင့် ပြောလိုက်၏။

ရှန့်ချန့်ယန်: ''ကျွန်တော်နည်းနည်း စိတ်လှုပ်ရှားနေခဲ့တယ်"

ဟိုင်ရိ: ''...''

'ဒါကို စိတ်လှုပ်ရှားမှုလို့ မခေါ်နိုင်တော့ဘူး’

ဟိုင်ရိက တွေးလိုက်သည်။

'ဒါဟာ အားရဝမ်းသာမှု မဟုတ်ဘူးလား’

🌟🌟🌟