Ch 13
Viewers 3k

❓️Chapter 13

သူနဲ့သူ့ရဲ့ညီအစ်ကိုကောင်းမှာ ကောင်းမွန်တဲ့နားလည်မှုမျိုးရှိတယ်



မနေ့ညက နောက်ကျမှအိပ်ရာဝင်လိုက်ရသည့်အတွက် နောက်တစ်နေ့ သူ၏ပုံမှန်အိပ်ရာထချိန်ရောက်သည့်အခါ ကျောင်းယန်ယွိမှာ အိပ်ရာပေါ်တွင် သုံးမိနစ်အပြည့်ထိုင်နေပြီးမှ ဦးနှောက်က ပုံမှန်ပြန်ဖြစ်လာလေသည်။


ကုမ္ပဏီရောက်သည့်အခါ နည်းပညာဝန်ဆောင်မှုဌာနမှာ အလုပ်မရှိသောအနေအထားတွင်ရှိနေသေးသည်။


အင်ဂျင်နီယာဌာနထဲတွင် ဒါရိုက်တာရွှီကကျောင်းယန်ယွိကို နောက်တစ်ကြိမ်အကူအညီခေါ်ချင်သေးသော်လည်း မနေ့က အချိန်ပိုဆင်းပေးခဲ့သည်ကိုပြန်တွေးမိပြီးနောက် မကြာခဏလူခေါ်နေသည်မှာမကောင်းသလိုဖြစ်နေသောကြောင့် တွေးနေသည်ကိုရပ်ကာ ကျောင်းယန်ယွိကို တစ်နေ့မျှကောင်းစွာအနားယူရန်ပြောလိုက်လေသည်။


ဌာနက အလွန်အလုပ်များသလို ကျောင်းယန်ယွိမှာလည်း လုံးဝမအားလပ်ပေ။ သူ့စိတ်ထဲတွင် မနေ့ညကဆိပ်ကမ်းမှ ဉာဏ်ရည်မြင့်စီမံမှုနှင့်ထိန်းချုပ်မှုစနစ်ဖြင့်သာပြည့်နေလေသည်။ လက်ရှိနည်းပညာဖြင့် မူလဖွဲ့စည်းပုံကိုမပြောင်းဘဲ အနည်းငယ်လျင်မြန်အောင်လုပ်နိုင်သေးသည်။


ကျိုးချွမ်က အနားကိုရောက်လာသည်။


"ကျောင်းကော ဘာတွေလုပ်နေတာလဲ.."


ကျောင်းယန်ယွိ: "တစ်ခုခုလုပ်နေတာ.."


ကျိုးချွမ်က ဖန်သားပြင်တွင်ပြွတ်သိပ်နေသောကုဒ်များကိုကြည့်လိုက်ပြီး သိချင်စိတ်မရှိတော့ပေ။ ကျောင်းကောက ဆော့ဖ်ဝဲပရိုဂရိုဂရမ်ငယ်လေးအနည်းငယ်ကို အဆင့်မြှင့်ချင်နေပုံရသည်။ သူက ၎င်းကိုကြည့်လိုက်လျှင် လေးစားစိတ်ပင်ဖြစ်သွားနိုင်သည်။


ကျောင်းကောတွင်အစွမ်းအစရှိပြီး ၎င်းကို အလွယ်တကူကိုင်တွယ်နိုင်မည်ဟု ယုံကြည်နိုင်လေသည်။


ကျိုးချွမ်က အကြည့်လွှဲလိုက်ကာ ကျောင်းယန်ယွိကိုကြည့်လိုက်၏။


"ကျောင်းကော၊ မနေ့ကမလာလိုက်တာ နှမြောစရာကြီး၊ စီနီယာချင် ငါ့​ကိုဝယ်ကျွေးတဲ့ ပင်လယ်စာဘူဖေးဟော့ပေါ့က အရသာရှိတယ်၊ အဓိကကတော့ ဈေးကြီးတာပဲ၊ စီနီယာချင်က အရမ်းစေတနာရှိတာ.."


ကျောင်းယန်ယွိ၏လက်က စာရိုက်မပြတ်ပေ။


"အော်.."


ကျိုးချွမ်ကမူ စိတ်ပါလက်ပါပြောနေခဲ့သည်။


"စီနီယာက မင်းကို ဒီနေ့ရောအားလားလို့ ငါ့ကိုမေးခိုင်းလိုက်တယ်၊ ငါတို့ဒီညရော ထပ်သွားကြမလား.."


ကျောင်းယန်ယွိက ခေါင်းခါပြသည်။


"ကျွန်တော်မလိုက်တော့ဘူး၊ ခင်ဗျားတို့ပဲသွားကြပါ.."


ကျိုးချွမ်မှာ ကျောင်းယန်ယွိက ပင်လယ်စာမကြိုက်၍ဖြစ်မည်ဟုသာတွေးလိုက်ပြီး မေးလိုက်လေ၏။


"မင်းဘာစားချင်တာလဲ၊ ကုမ္ပဏီရောက်တာ ဒီလောက်ကြာပြီ၊ ငါတို့အခုထိ အတူထမင်းမစားဖူးသေးဘူးနော်.."


လုပ်ဖော်ကိုင်ဖက်များကြားမှ ရင်းနှီးသောဆက်ဆံရေးမှာလည်း လူသားများအတွက်အရေးပါလေသည်။ သင်ခန်းစာတစ်ခုမှာ ကလေးများနှင့်အငြိမ်းစားယူပြီးသူများအပ လူသားများက အလုပ်သွားပြီးပိုက်ဆံရှာကြရသည်။


အလုပ်သွားရသည်ဟုပြောလျှင် လုပ်ဖော်ကိုင်ဖက်အသိုင်းအဝိုင်းရှိသည်ဟုဆိုလိုသည်။


မူလက ငြင်းချင်နေခဲ့သောကျောင်းယန်ယွိမှာ ခဏမျှတွေးလိုက်ပြီးနောက် သူ့လက်များက ခဏမျှရပ်သွားခဲ့ပြီး ခေါင်းညိတ်ကာပြောလိုက်၏။


"အိုကေ အလုပ်ပြီးရင်လိုက်ခဲ့ပါ့မယ်၊ ဒါပေမဲ့ စားပြီးရင်တော့ အိမ်ပြန်မှာနော်.."


သူ့အစီအစဥ်ကို ထပ်ပြီးအနှောင့်အယှက်ခံ၍မဖြစ်တော့ပေ။ ခြောက်နာရီခွဲအတိတွင် စားခြင်းကအကောင်းဆုံးဟု ကျောင်းယန်ယွိကတွေးလိုက်သည်။


"အိုကေ.."


ကျိုးချွမ်က အလွန်ပျော်သွားလေသည်။


"ဒါဆို ဘာစားချင်လဲ၊ ဥပမာ ပင်လယ်စာကိုပိုကြိုက်တာလား၊ ဒါမှမဟုတ် စီချွမ်ဟင်းလျာလား၊ တရုတ်ဟင်းလျာလား၊ အရှေ့မြောက်ပိုင်းဟင်းလျာလား၊ ဒါမှမဟုတ် တောင်ပိုင်းက နူးညံ့တဲ့အထူးဟင်းလျာလား.."


ကျောင်းယန်ယွိ: "အရသာကပေါ့နေသရွေ့တော့ အဆင်ပြေပါတယ်.."


ကျိုးချွမ်: "မင်းက အရသာပေါ့တဲ့ဟင်းလျာမျိုးစားရတာကိုကြိုက်တာကိုး၊ ဒါဆို အခြားဟင်းလျာတွေမြည်းကြည့်ဖို့အခွင့်အရေးအများကြီးကိုဆုံးရှုံးသွားရလိမ့်မယ်.."


ကျိုးချွမ်ကဖုန်းကိုထုတ်ပြီး မြေပုံကိုဖွင့်လိုက်သည်။ ထို့နောက် အနားတဝိုက်မှ ကျောင်းယန်ယွိအကြိုက်နှင့်ကိုက်ညီမည့်အရသာရှိစားစရာရှိမည့်နေရာများကို ရှာဖွေလိုက်သည်။


ကျိုးချွမ်က ကျောင်းယန်ယွိကို ညစာစားရန်တကယ်ဖိတ်ခေါ်ချင်လေသည်။ သူသာမရှိလျှင် အင်ဂျင်နီယာဌာနတွင် လေ့လာရန် ကျိုးချွမ်တွင်အခွင့်အရေးအမြောက်အများမရှိပေ။ အင်ဂျင်နီယာဌာနမှ ဒါရိုက်တာရွှီက သူ့ကိုအမြဲခေါ်နေသည်မှာ သူကကျောင်းယန်ယွိနှင့်ရင်းနှီးနေသောကြောင့်ပင်။


ယခင်က ကျိုးချွမ်မှာ အင်ဂျင်နီယာဌာနကို တစ်ပတ်တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာသွားရလေသည်။


သူ မသွားချင်၍မဟုတ်ဘဲ သူက သိပ်ပြီးမထူးချွန်၍ဖြစ်သည်။ သူသွားချင်လျှင်ပင် အင်ဂျင်နီယာဌာနကအကူခေါ်ချိန်တွင် ကျောင်းယန်ယွိကဲ့သို့ ပိုလုပ်နိုင်စွမ်းရှိသည့်လူကိုသာ နှစ်သက်ကြလေသည်။


အချိန်အများစုတွင် သူတို့၌ ရင်းနှီးသူ သို့မဟုတ် တန်ဖိုးထားရသည့်လူရှိတတ်ပြီး ထိုလူများမရှိမှသာ ကျိုးချွမ်အလှည့်ကိုရောက်လာတတ်သည်။


ကျိုးချွမ်က စားသောက်ဆိုင်တစ်ဆိုင်ကိုလိုက်ရှာနေချိန် ချင်ယိယွမ်က ကုမ္ပဏီ၏ OA စနစ်တွင် မက်ဆေ့ချ်တစ်စောင်ပို့လာခဲ့သည်။  ကျိုးချွမ်ကသူ့ကို စားသောက်ရန်အတွက်ချိန်းထားသောကြောင့် ကျောင်းယန်ယွိနှင့်အတူ ညစာစားလိုက်ရန်ပြောလိုက်လေသည်။


ချင်ယိယွမ်: ဒါဆိုအတူသွားကြမယ်လေ။ သူ မနေ့က မလာခဲ့ပေမဲ့ ဒီနေ့တော့အတူသွားလို့ရပါတယ်။ မဟုတ်ရင် မနက်ဖြန်မှာ ငါက ပရောဂျက်လုပ်ဖို့ရှိတော့ အလုပ်ခရီးသွားရလောက်တယ်။ 


ကျိုးချွမ်: ကျွန်တော် ကျောင်းကောကို အရင်မေးကြည့်လိုက်ပါ့မယ်။


ကျိုးချွမ်က ခေါင်းမော့ပြီး ကျောင်းယန်ယွိကိုမေးကြည့်လိုက်သည်။


"ကျောင်းကော၊ စီနီယာချင်က ဒီည ငါတို့အတူညစာစားမယ်ဆိုတာသိသွားပြီ၊ သူကလည်းလိုက်ချင်တယ်တဲ့၊ အဆင်ပြေလား၊ သူက မနက်ဖြန် အလုပ်ခရီးသွားရတော့မယ်နဲ့တူတယ်.."


ကျောင်းယန်ယွိအတွက် လုပ်ဖော်ကိုင်ဖက် တစ်ယောက်နှင့်စားရပါစေ နှစ်ယောက်နှင့်စားရပါစေ ပြဿနာမရှိပေ။


"ရပါတယ်.."


ကျိုးချွမ်က ပျော်ရွှင်စွာပြောလိုက်လေ၏။


"အိုကေ၊ ဒါဆို အခုပဲ ငါစီနီယာချင်ကိုပြောလိုက်တော့မယ်.."


သူတို့နှစ်ယောက်က စားသောက်ရန်အတွက် သီးသန့်နေရာကိုဆွေးနွေးနေချိန် ကျောင်းယန်ယွိက မော့ပင်မကြည့်ဘဲ ဆက်လက်ပြီးစာရိုက်နေလေသည်။


***


အပေါ်ဆုံးထပ်မှ CEO ရုံးခန်းထဲတွင်။


ဝမ်းချန်ရှီးက ကျိကျစ်ယွမ်နှင့်လိရှီးကိုဖုန်းခေါ်ပြီး အသီးများအားလာယူရန်ပြောနေသည်။


သစ်သီးများက သူတို့နောက်ဆုံးတစ်ခေါက်သွားခဲ့သော လယ်တောအိမ်လေးမှ ရွာသားက ပို့ပေးလိုက်မှန်းသိသောကြောင့် ကျိကျစ်ယွမ်မှာ အနည်းငယ်မျှမယုံသင်္ကာဖြစ်နေသေးသည်။


"မင်းက အသီးတွေကို ဒီနေရာအထိ တကယ်ကြီးယူလာတယ်လား.."


ကျိကျစ်ယွမ်မှာ လုံးဝမဖြစ်နိုင်မှန်း အတိအကျသိနေခဲ့သည်။


သူတို့ကဲ့သို့ ဘော့စ်အကြီးအစားများ၏မျက်လုံးထဲတွင် ဤသို့သောသစ်သီးများက မည်မျှတန်ပါမည်နည်း။


ဤသို့သောအသီးများမှာ တဖက်မှပို့ပေးလိုက်၍ရောက်လာခြင်းထက် လမ်းပေါ်တွင်အချိန်ကုန်ခံပြီးသွားယူခြင်းက ပိုတန်ဖိုးရှိသောကြောင့် အများစုက ထိုသို့မလုပ်ကြပေ။(သစ်သီးတွေထက်အချိန်ကတန်ဖိုးရှိ)


သစ်သီးပို့လိုက်သူက သူတို့နှင့်တန်းတူဖြစ်နေသည့်လူမဟုတ်သရွေ့။


သို့သော် တဖက်လူက သာမန်လယ်သမားတစ်ယောက်ဆိုသည်မှာ အသိသာကြီးပင်။


ဝမ်းချန်ရှီးအသံက တုံးတိတိ: "မလိုချင်ဘူးလား၊ ဒါဆို ဖုန်းချပြီ.."


သူတို့မလိုချင်လျှင် ဝမ်းချန်ရှီးက အတင်းမပေးချင်ပေ။


ကျောင်းယန်ယွိက သူ့အဖေမှ သူတို့ကိုပေးခိုင်းလိုက်ကြောင်းမပြောထားလျှင် ဝမ်းချန်ရှီးက ၎င်းတို့အားလုံးကို ယူထားရန်ကြံစည်ထားလောက်သည်။


ကျိကျစ်ယွမ်: "ဟေ့ ဟေ့ ငါမယူဘူးလို့မပြောရသေးဘူး၊ ငါကအံ့ဩသွားလို့ပါကွ၊ ပြီးတော့ အရင်ကလည်း ဘယ်သူမှငါ့ကိုဒါမျိုးမပေးဖူးဘူးလေ၊ ဟုတ်ပြီလား၊ ငါက မင်းအိမ်ကိုလာယူရမှာလား.."


ကျိကျစ်ယွမ်က အမှန်အတိုင်းပြောလိုက်သည်။ လူတစ်ယောက်က သူ့ကိုသစ်သီးပေးလျှင် ခြံထွက်အသီးအနှံဖြစ်လောက်သည်။


ဝမ်းချန်ရှီး: "အင်း.."


ကျိကျစ်ယွမ်: "အိုကေ၊ ငါအလုပ်ပြီးရင်လာခဲ့မယ်၊ ညနေကျရင် ညစာအတူစားကြမယ်.."


ဝမ်းချန်ရှီး: "အိုကေ.."


စကားပြောဆို၍ပြီးသည့်အခါ ဝမ်းချန်ရှီးက ဖုန်းမချသေးဘဲ ဆက်ကိုင်ထားလေ၏။


ကျိကျစ်ယွမ်: "??"


ကျိကျစ်ယွမ်: "လောင်ဝမ်း၊ ပြောစရာရှိသေးလို့လား၊ ငါအခုအစည်းအဝေးထိုင်နေတာနော်.."


ဝမ်းချန်ရှီးက ပေါ့ပါးစွာဖြင့်ထပ်ပြောလိုက်သည်။


"အသီးတွေက ကျောင်းယန်ယွိအဖေပေးလိုက်တာ.."


ကျိကျစ်ယွမ်: "သိတယ်လေ၊ မင်းပဲပြောပြီးတော့.."


ဝမ်းချန်ရှီး: "မင်းသူ့ကိုကျေးဇူးမတင်သင့်ဘူးလား.."


ကျိကျစ်ယွမ်: "...."


သူ့တွင်လည်း ကျောင်းယန်ယွိ၏ဖုန်းနံပါတ်မရှိနေပေ။ လောင်ကျောင်းပြောလိုက်သောစကား၏အဓိပ္ပါယ်ကိုနားထောင်ကြည့်လိုက်သည့်အခါ 'ကျေးဇူးတင်ပါတယ်' ဆိုသည့်စကားကိုသာ ပြောစေချင်နေသည်မှာ မဟုတ်တော့သလိုပင်။


မဟုတ်ရင် သူ့ကို ရုပ်ရှင်အတွက် လူရွေးခံဖို့အခွင့်အရေးပေးသင့်လား။


ဒါမှမဟုတ် သူ့ကို အိမ်တစ်လုံး ဒါမှမဟုတ် ကားတစ်စီးပေးသင့်လား။


ကျောင်းယန်ယွိက အနုပညာလောကထဲမှ လူမဟုတ်သည်ကိုထောက်ဆပြီး ကျိကျစ်ယွမ်က အစမ်းမေးကြည့်လိုက်သည်။


"အယ်..ငါသူ့ကိုအိမ်တစ်လုံးပြန်ပေးရမလား.."


ကျိကျစ်ယွမ်က တစ်ဆယ်ကတ်တီကျော်သစ်သီးကို အိမ်တစ်လုံးနှင့်လဲလျှင် မမှားဟုထင်နေသည်။


ဝမ်းချန်ရှီးမှာ ပြောစရာစကားမရှိတော့ပေ။


သူက နေစရာအိမ်မရှိလို့လား။ ဒါမှမဟုတ် ပိုက်ဆံမရှိတာလား။ ဒါမှမဟုတ် ကျိကျစ်ယွမ်က ဝတ်စုံတစ်စုံရွေးထားတာလား။


ကျိကျစ်ယွမ်က ပြန်ပေးသင့်သည့်ပစ္စည်းကိုမတွေးတတ်တော့ပေ။ ထို့အပြင် သူပြန်ပေးမည့်ပစ္စည်းများက ထိုသူပေးမည့်ပစ္စည်းများဖြစ်နေလေသည်။


ဝမ်းချန်ရှီးက သတိပေးလိုက်သည်။


"မင်းကသူ့ကို ညစာစားဖို့ဖိတ်လိုက်လို့ရတယ်လေ.."


ကျိကျစ်ယွမ်: "ဟုတ်တယ်၊ ဒီညခေါ်လိုက်ရအောင်၊ ရှောင်ကျောင်းကို အတူလာဖို့ခေါ်လိုက်၊ ငါတို့က သိနေကြတာပဲ၊ အတူစားကြမယ်၊ ငါဝယ်ကျွေးမယ်.."


ဝမ်းချန်ရှီး ကျေနပ်သွားလေသည်။ သူက 'အင်း' ဟုပြောပြီး ကျေကျေနပ်နပ်ဖြင့်ဖုန်းချလိုက်သည်။ ထို့နောက် လိရှီးကို ဖုန်းခေါ်ပြန်သည်။


လိရှီးက အဓိပ္ပါယ်မရှိသောစကားမျိုး သိပ်မပြောပေ။ ကျောင်းယန်ယွိအဖေက သစ်သီးပို့ပေးလိုက်သည်ဟုကြားရပြီးနောက် အနည်းငယ်မျှော်လင့်နေဟန်ဖြင့်ပင်ပြောလာလေသည်။


"လောင်ကျောင်းက စိတ်ရင်းကောင်းတာပဲ၊ မင်းကုမ္ပဏီကသူ့ရဲ့သားကလည်း အရမ်းရိုးရှင်းတယ်.."


လိရှီးက ဝမ်းချန်ရှီးနှင့် အသက်အရွယ်တူသည်။ နှစ်ယောက်လုံးက အသက်သုံးဆယ်များပင်ဖြစ်ပြီး ကျောင်းယန်ယွိထက် ခုနစ်နှစ်ကြီးလေသည်။


သူတို့ကဲ့သို့ ကိုယ်ပိုင်လုပ်ငန်းရှိပြီး ရာထူးကြီးသူများအတွက် ကျောင်းယန်ယွိလို ကျောင်းပြီးစလူသစ်လေးများက ရက်စက်သောလက်တွေ့ဘဝမှထွက်ခွာကာ လူ့အသိုင်းအဝိုင်းထဲသို့ဝင်ကာစ လူသစ်များဖြစ်လေ၏။


ဝမ်းချန်ရှီး: "ဟုတ်တယ်.."


သေချာနားထောင်ကြည့်ပြီးနောက် သူ့အသံထဲမှ ရယ်သံသဲ့သဲ့လေးကိုပင်ကြားနိုင်လေသည်။


လိရှီးက ၎င်းကိုကြားရသည့်အခါ အပြုံးတစ်စဖြင့်မေးလာလေသည်။


"မင်း ဒီနေ့ စိတ်ကြည်နေတယ်ထင်တယ်.."


ဝမ်းချန်ရှီး: "မဆိုးပါဘူး.."


လိရှီးက စနောက်လိုက်သည်။


"ဒီညတော့ မင်းရဲ့ဝိုင်ပုလင်းတွေကို နည်းနည်းလောက်ပိုဖောက်လို့ရမယ်ထင်တယ်.."


အလွန်တရာမှ သဘောကောင်းသလိုခံစားနေရသောဝမ်းချန်ရှီး: "သဘောလေ.."


နှစ်စက္ကန့်မျှငြိမ်နေပြီးနောက် သူက လိရှီးကိုသတိပေးလိုက်သည်။


"ကျောင်းယန်ယွိလည်းလာလိမ့်မယ်.."


"ကောင်းတာပေါ့၊ မကြာခင်ရက်ပိုင်းမှာ သူ့ရဲ့မွေးရပ်မြေကို နောက်တစ်ခါသွားလည်ဖို့စီစဥ်ထားတယ်၊ ဒီညတော့ သူ့မှာအချိန်ရှိရင် ငါသူ့ကိုမေးလိုက်မယ်၊ ငါတို့အတူသွားလို့ရတယ်.."


ဖုန်းမချခင် ဝမ်းချန်ရှီးက သတိပေးရန်မမေ့ပေ။


"လက်ဆောင်ပြန်ပေးဖို့လည်းသတိရဦး.."


လိရှီးက ကျသွားသောဖုန်းကိုကြည့်လိုက်သည်။ လက်ဆောင်ပြန်ပေးရမှာလား။ ဘာလက်ဆောင်ပြန်ပေးရမှာလဲ။


လောင်ဝမ်းက အရမ်းထူးဆန်းနေတယ်လို့ ဘာလို့ထင်နေမိတာလဲ။


ဝမ်းချန်ရှီးက သူ့သူငယ်ချင်း၏အတွေးကိုမသိပေ။ နှစ်ယောက်လုံးကိုသတိပေးပြီးနောက် ဖုန်းကိုဖွင့်ကာ မျက်လုံးက ကျောင်းယန်ယွိ၏ WeChat ပရိုဖိုင်အပေါ်ကိုရောက်သွားလေသည်။


စားပွဲကို လက်ချောင်းဖြင့်တောက်နေရင်း ဝမ်းချန်ရှီးက စက္ကန့်အနည်းငယ်မျှတွေးနေပြီးနောက် စာရိုက်လိုက်လေသည်။


[ဝမ်းချန်ရှီး: ဒီည လုပ်စရာရှိသေးလား]


ကျောင်းယန်ယွိမှာ အလုပ်ပြီးစရှိသေးသည်။ သူက သူ၏စိတ်ကူးအကောင်အထည်ပေါ်လာရန် တိကျသောအချက်အလက်များကို ဖန်တီးနေရုံရှိသေးသည်။


ကျန်သည့်အချက်အလက်များကို အင်ဂျင်နီယာဌာနမှ ကွန်ပျူတာထဲတွင်ရေးနိုင်ပြီး သာမန်ဖန်တီးချက်များကိုလည်ပတ်နိုင်သည်။


သို့သော်လည်း ၎င်းမတိုင်ခင်တွင် သူ၏ညီအစ်ကိုကောင်းကို အရင်ပြောရမည်။


သူဖုန်းကိုထုတ်လိုက်သည်နှင့် သူ၏ညီအစ်ကိုကောင်းထံမှမက်ဆေ့ချ်တစ်စောင်ကိုမြင်ရမည်ဟု မထင်ထားခဲ့ပေ။ ကျောင်းယန်ယွိ၏မျက်လုံးများက တောက်ပသွားခဲ့သည်။ သူ၏ညီအစ်ကိုကောင်းနှင့်သူ့တွင် ကောင်းမွန်သောနားလည်မှုမျိုး တကယ်ရှိနေသည်။


ကျောင်းယန်ယွိက ခပ်မြန်မြန်ပင်စာပြန်လိုက်သည်။


[ဒီည ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ညစာစားဖို့ရှိတယ်ဗျ]


ဝမ်းချန်ရှီးက တုံ့ခနဲရပ်သွားပြီး စာရိုက်သည့်နေရာမှ ရိုက်၍မပြီးသေးသောစာ [ကျိကျစ်ယွမ်လည်း အသီးအတွက်ကျေးဇူးတင်လို့ဆိုပြီး မင်းကိုညစာကျွေးချင်လို့ပြော..] ဆိုသည့်စာကို အသံတိတ်ကြည့်နေလေသည်။ 


မထင်မှတ်ဘဲ သူ ခြေတစ်လှမ်းနောက်ကျသွားသည်။


ဝမ်းချန်ရှီးက စာရိုက်၍မပြီးသေးသောစကားလုံးများကို တိတ်ဆိတ်စွာဖျက်လိုက်ပြီး ပြန်ပြင်ရေးလိုက်သည်။


[ဝမ်းချန်ရှီး: မင်းမှာချိန်းထားတာရှိနေတာလား]


[ကျောင်းယန်ယွိ: ဟုတ်တယ်။ စားဖို့နေရာတောင် ရွေးထားပြီးပြီ]


ဝမ်းချန်ရှီးက ဖုန်းထဲမှပင်မစာမျက်နှာကိုပြန်သွားပြီး ကျိကျစ်ယွမ်ကို ဖျက်(delete)ပစ်လိုက်သည်။


ဤပုဂ္ဂိုလ်က အသုံးမကျပေ။


***

စာရေးသူတွင်ပြောစရာရှိပါသည်။


ကျိကျစ်ယွမ်: ??


လူများကို လက်ဆောင်ပြန်ပေးရန် တရားဟောနေသောဝမ်းချန်ရှီး: ယွိယွိကို လစာတိုးပေးမယ်။


ဟယ်လန်: ဝမ်းချန်ရှီးက ကျိကျစ်ယွမ်ကိုဖျက်ပစ်မယ်လို့ လုံးဝမထင်ထားဘူး။


Spoiler~


အဟွတ်..အဟွတ်..ရှောင်ရှီးက 'ဝယ်ကျွေး' ခံရတော့မယ်။ သူက ရှောင်ယွိမှာ ဘာ "သဘော" မှမရှိတာကို လုံးဝမသိသေးဘူး။ (<o>) ရှောင်ရှီးကို ဂုဏ်ပြုပါတယ်~




❓️❓️❓️