Ch 11
Viewers 3k

❓️Chapter 11

ခင်ဗျားကပိုပြီးအရေးကြီးပါတယ်



ကျောင်းယန်ယွိ: "ပိုမြန်လို့မရဘူးလား.."


ချင်ယိယွမ်က သူ့ကို ထူးဆန်းသောမျက်နှာဖြင့်ကြည့်လိုက်လေသည်။


"ညီအစ်ကို၊ လာနောက်နေတာလား၊ ဒါက အမြင့်ဆုံးအမြန်နှုန်းပဲ၊ ငါတို့ဝေ့လန်နည်းပညာကုမ္ပဏီကလွဲရင် ဘယ်ကုမ္ပဏီမှမလုပ်နိုင်ဘူး.."


ဝေ့လန်နည်းပညာကုမ္ပဏီမှာ ရှေ့ဆုံးမှပြေးနေသော အင်အားကြီးနည်းပညာကုမ္ပဏီဖြစ်ပြီး သူတို့မှမမြန်နိုင်လျှင် အခြားကုမ္ပဏီများကိုထည့်မပြောနေတော့ပေ။


ကျောင်းယန်ယွိ အတွေးနက်နေဟန်ရလေသည်။


ဤတစ်ခေါက်တွင် ချင်ယိယွမ်က အလုပ်ကိစ္စဖြင့်ခရီးထွက်သွားကာ ကုမ္ပဏီတွင်မရှိနေသောကြောင့် အင်ဂျင်နီယာဌာနမှ ကျောင်းယန်ယွိ၏အလုပ်ကိုမသိထားပေ။ ထို့ကြောင့် စိတ်အားထက်သန်သောအစ်ကိုကြီးပမာ ကျောင်းယန်ယွိ၏ပုခုံးကိုပုတ်ကာပြောလိုက်လေသည်။


"ရှောင်ကျောင်း၊ မင်းကနည်းပညာဝန်ဆောင်မှုဌာနမှာ အရမ်းတော်မှန်း ငါသိတယ်၊ ဒီလိုလုပ်ပါလား၊ ငါနောက်ပိုင်း ကုမ္ပဏီကိုပြန်ရောက်တဲ့အချိန်ကျရင် နည်းပညာအင်ဂျင်နီယာဌာနမှာ ငါ့ကိုလာရှာလှည့်၊ မင်းသိချင်သလောက် ငါမင်းကိုသင်ပြပေးမယ်.."


ဘေးမှကျိုးချွမ်မှာ စကားပြောရန် တွန့်ဆုတ်နေခဲ့သည်။ သူကစကားပြောချင်သည်။ အင်ဂျင်နီယာဌာနက မန်နေဂျာက သူတို့ရဲ့ကျောင်းကောကို ခဏခဏစကားလာပြောပြီးပြီဆိုတာ သူမသိသေးဘူးလား။


ကျောင်းယန်ယွိက တစ်ခုခုကိုတွေးမိပြီး ပုံမှန်အတိုင်းတုံ့ပြန်လိုက်သည်။


"အိုး..ကျေးဇူးပါပဲဗျ.."


ချင်ယိယွမ်က ထပ်ပြောလိုက်ပြန်သည်။


"ဒါမှမဟုတ် အလုပ်ဆင်းရင် ငါမင်းကိုညစာဝယ်ကျွေးမယ်.."


ကျိုးချွမ်က အနားရောက်လာပြီးပြောလိုက်လေ၏။


"အိုကေ၊ အိုကေ စီနီယာချင်ကဝယ်ကျွေးမှာလား.."


ချင်ယိယွမ်မှာ ထိုအခါမှ ကျိုးချွမ်လည်းရှိနေသည်ကိုသတိပြုမိလိုက်သည်။


ကျိုးချွမ်က အရပ်ရှည်ပြီး ကြည့်ကောင်းသောရုပ်ရည်ရှိသော်လည်း ညိုမှုန်သောအသားအရေကြောင့် အားကစားကျောင်းသားတစ်ယောက်နှင့်တူပြီး သူပြုံးလိုက်လျှင် အရူးကြီးတစ်ယောက်ပမာ အလွန်ကြောင်တောင်တောင်နိုင်လေသည်။ ချင်ယိယွမ်ကဧည့်သည်များကို ညစာဝယ်ကျွေးမည်ဟုကြားလိုက်ရသည့်အခါ သူပါ အလကားစားရမည်ဟုထင်ပြီးပျော်နေလေသည်။


ထူးဆန်းသည်။ သူက ဘယ်လိုဖြစ်ပြီး ဤမျှအရည်ရှည်၍လူကောင်းကြီးသောပုဂ္ဂိုလ်ကို မေ့နေရပါသနည်း။


ချင်ယိယွမ်၏ပါးစပ်ထောင့်က တွန့်သွားလေသည်။ သူက ကျောင်းယန်ယွိကိုသာခေါ်ချင်သည်ဟုပြောလိုက်လျှင် အရှက်ရစရာဖြစ်သောကြောင့် စိတ်အားထက်သန်စွာဆက်ပြောလိုက်လေသည်။


"အိုကေ၊ အတူသွားရအောင်.."


အလုပ်ပြီးလျှင် ညစာစားရန်ချိန်းချင်သည့်အကြောင်းကြားရမှ ကျောင်းယန်ယွိမှာ သူနှင့်ညီအစ်ကိုကောင်း တွေ့ကြရန်ပြောထားသည်ကို သတိရသွားမိသည်။


သူ ဖုန်းကိုထုတ်ကာ ကြည့်လိုက်သည်။ ထင်သည့်အတိုင်းပင် သူ၏ညီအစ်ကိုက မက်ဆေ့ချ်တစ်စောင်ပို့ထားပြီး ပို့ထားသည့်စာများကလည်းအများကြီးပင်။


ကျောင်းယန်ယွိက အခြားသူများကိုလျစ်လျူရှုထားပြီး ခေါင်းငုံ့ကာ အချိန်ပိုဆင်းနေသည်မှာပြီးသွားပြီဖြစ်ကြောင်း စာပြန်လိုက်သည်။


နောက်တခဏတွင် WeChat မှ အသံမြည်လာသည်။ 


ဝမ်းချန်ရှီးဖုန်းခေါ်နေခြင်းပင်။


ဝမ်းချန်ရှီး: "အလုပ်ပြီးပြီလား.."


ကျောင်းယန်ယွိက စာမျက်နှာကိုကြည့်နေပြီးပြောလိုက်သည်။


"ခဏလောက်တော့ကြာဦးမယ်ဗျ.."


ဝမ်းချန်ရှီး: "အင်း၊ ကိုယ်မင်းကိုစောင့်နေတယ်.."


ကျောင်းယန်ယွိမှာ အနည်းငယ်မျှ အပြစ်ရှိသလိုခံစားလိုက်ရသည်။ ခုနစ်နာရီခွဲနေပြီဖြစ်ပြီး သူတို့က ငါးနာရီခွဲတွင်အလုပ်ဆင်းကြသည်။ သူ၏အစ်ကိုကြီးကသူ့ကို နှစ်နာရီကြာစောင့်နေခဲ့ရှာသည်။


ကျောင်းယန်ယွိ: "ကျွန်တော်အလုပ်သိမ်းတာနဲ့ လာခဲ့မယ်.."


ဝမ်းချန်ရှီး: "မလိုတော့ဘူး၊ ကိုယ် ဆိပ်ကမ်းမှာရောက်နေပြီ.."


ကျောင်းယန်ယွိက မျက်လုံးများထဲမှအရောင်ထွက်လာသည်အထိ ပျော်ရွှင်သွားလေ၏။


"ခင်ဗျားက ဒီကိုရောက်လာတာလား.."


ဝမ်းချန်ရှီး: "အင်း၊ ကိုယ်က အကောက်ခွန်ရုံးက စစ်ဆေးရေးဂိတ်မှာရှိနေတာ၊ မင်းအလုပ်ပြီးတာနဲ့ ဒီကိုလာခဲ့လိုက်.."


ဖုန်းချပြီးသည့်နောက်ပိုင်း ကျောင်းယန်ယွိမှာ ငြိမ်ငြိမ်မထိုင်နိုင်သေးပေ။


သူက စိတ်၏လက်ရှိအခြေအနေကိုသုံးသပ်ကြည့်ပြီး သူမစောင့်နိုင်တော့ကြောင်း တွေ့ရှိသွားလေသည်။


ဤမစောင့်ဆိုင်းနိုင်တော့သောစိတ်အခြေအနေမျိုးကို စနစ်ထဲတွင်ရှိနေခဲ့ချိန်က မကြုံတွေ့ခဲ့ရဖူးပေ။


ကျောင်းယန်ယွိက အနည်းငယ်ပိုလေ့လာထားသလိုခံစားလိုက်ရပြီး သူ့မျက်လုံးများက ပို၍ပင်အရောင်တောက်လာလေသည်။


ချင်ယိယွမ်မှာ ထိုသူဖုန်းပြောပြီးသည့်နောက် တကိုယ်လုံးမှာ ကွဲပြားသောစိတ်အခြေအနေကိုဖော်ပြနေပြီး သူ၏နူးညံ့သောမျက်နှာလေးပေါ်တွင် ပျော်ရွှင်မှုကြောင့် အနည်းငယ်နီမြန်းမှုလေးရှိနေသည်ကိုတွေ့လိုက်ရ၏။


ချင်ယိယွမ်မှာ ဤပုဂ္ဂိုလ်က ကြည့်ကောင်းလွန်းသည်ဟုခံစားလိုက်ရပြီး မမေးဘဲမနေနိုင်တော့ပေ။


"ကျောင်းယန်ယွိ၊ ငါမင်းကို ပြီးရင် ညစာစားဖို့ခေါ်လို့ရလား၊ မင်း အခုထိ ညစာမစားရသေးဘူးမလား.."


ကျောင်းယန်ယွိ စိတ်ရှုပ်ထွေးသွားခဲ့သည်။


"ကျွန်တော့်မှာ ချိန်းထားတဲ့သူရှိနေတယ်ဗျ.."


ချင်ယိယွမ် အနည်းငယ်မျှနောင်တရသွားလေသည်။


"အော် ဒီလိုကိုး၊ ရပါတယ်၊ နောက်မှ အတူတူညစာစားကြတာပေါ့.."


နောက်ဆုံးစာမျက်နှာက လည်ပတ်လာပြီး ဉာဏ်ရည်မြင့်ထိန်းချုပ်မှုအားလုံးက ပုံမှန်အခြေအနေကိုပြန်ရောက်သွားခဲ့သည်။ ကျောင်းယန်ယွိက အလုပ်ပြီးသွားပြီဖြစ်ကြောင်းတွေ့လိုက်ရသည့်အခါ သူတို့နှစ်ယောက်ကိုနှုတ်ဆက်ပြီး အမြန်ထွက်သွားလေတော့သည်။


ချင်ယိယွမ်ကသွားရန် ခြေလှမ်းတစ်လှမ်းလှမ်းရုံရှိသေးစဥ် ဘေးမှကျိုးချွမ်ပြောလာသည့်စကားကိုကြားလိုက်ရလေသည်။


"စီနီယာ၊ ကျွန်တော်တို့ ညစာသွားစားကြတော့မလား.."


ချင်ယိယွမ်လှည့်ကြည့်လိုက်သည့်အခါ မျှော်လင့်ချက်ကြီးစွာတံတွေးမျိုချနေပြီး တကယ်ဗိုက်ဆာနေကြောင်း သွားရည်ကျပြနေသည့်ကျိုးချွမ်ကိုတွေ့လိုက်ရလေသည်။


ချင်ယိယွမ်: "...."


ကျောင်းယန်ယွိ အကောက်ခွန်ရုံး စစ်ဆေးရေးဂိတ်ရှိရာသို့ချီတက်သွားပြီးနောက် ရင်းနှီးနေသောကားကိုမြင်လိုက်ရသည်။


သူလာနေသည်ကိုတွေ့ပုံရဟန်ဖြင့် ကားတံခါးကပွင့်သွားပြီး ဝတ်စုံပြည့်ဝတ်ထားသော ဝမ်းချန်ရှီးထွက်လာလေသည်။


"အလုပ်ပြီးသွားပြီလား.."


ကျောင်းယန်ယွိ အသက်ကိုပြင်းပြင်းရှူကာ ခေါင်းညိတ်ပြလိုက်သည်။


"ဟုတ်ကဲ့.."


ဝမ်းချန်ရှီး: "ကားပေါ်တက်နှင့်.."


နှစ်ယောက်သား ကားပေါ်ကိုတက်လိုက်ကြသည်။ ဝမ်းချန်ရှီးက အချိန်ကိုစစ်ဆေးကြည့်လိုက်သည်။ ရှစ်နာရီကျော်ပြီးဆယ်မိနစ်ဖြစ်နေပြီ။ ဝန်ထမ်းလေး အလုပ်လုပ်ချိန်ကိုကျော်လွန်နေပြီဖြစ်၏။


ဝမ်းချန်ရှီး: "မင်းပဲ အချိန်ပိုဆင်းရတာ မကြိုက်ဘူးဆို၊ မင်းကဝန်ဆောင်မှုဌာနကလူလေ၊ မလုပ်ချင်ရင် အင်ဂျင်နီယာဌာနက မင်းကို အချိန်ပိုဆင်းဖို့ ဖိအားမပေးပါဘူး.."


ကျောင်းယန်ယွိ ခေါင်းယမ်းပြလိုက်သည်။


"ဒီတခေါက် အခြေအနေက ​ကွာခြားတယ်လေ.."


ဝမ်းချန်ရှီး: "ကွာခြားတယ်.."


ကျောင်းယန်ယွိက အလေးအနက်ထားပြီးပြောလိုက်သည်။


"ကျွန်တော်အချိန်ပိုမဆင်းချင်လည်း ဒီကိစ္စက ပိုအရေးကြီးတယ်.."


"ဘယ်လိုအရေးကြီးတာလဲ.."


"စီစဥ်ထိန်းချုပ်တဲ့စနစ်က အရမ်းရှုပ်ထွေးနေတယ်၊ တစ်ခုခုမှားသွားရင် ကုမ္ပဏီရောခင်ဗျားရော ထိခိုက်နိုင်တယ်.."


သူ၏ညီအစ်ကိုကောင်းနှင့်နှိုင်းယှဥ်လိုက်လျှင် အချိန်ပိုဆင်းရသည်မှာ ဘာမှမဟုတ်တော့ပေ။


ဝမ်းချန်ရှီးက သူ့ဘေးတွင်ထိုင်နေသောဝန်ထမ်းလေးကို ဖျတ်ခနဲကြည့်လိုက်သည်။ အင်ဂျင်နီယာဌာနက ထိုသူကို မက်လောက်စရာလစာပေးသော်လည်း ထိုသူက အချိန်ပိုမဆင်းချင်၍ ပြောင်းလာချင်စိတ်မရှိခဲ့ပေ။


ယခုမူ သူထိခိုက်မည်ကိုမလိုချင်၍ သူ့ဘက်မှအရင် အချိန်ပိုဆင်းသည်တဲ့လား။


ဝမ်းချန်ရှီးက ဤအဖြေကိုကြားရချိန်တွင် နှစ်နာရီကြာစောင့်ခဲ့ရသည်မှာ အချည်းနှီးမဖြစ်ခဲ့ဟု ရုတ်ချည်းခံစားလိုက်ရလေသည်။

**


အပြန်လမ်းတွင် အထူးလက်ထောက်လင်းက ကားမောင်းကာ ကျောင်းယန်ယွိနှင့်ဝမ်းချန်ရှီးက အနောက်ခုံတွင်ထိုင်ကြလေသည်။


အထူးလက်ထောက်လင်းမှာ ဤအခိုက်အတန့်လေးအတွင်း အလွန်နူးညံ့သိမ်မွေ့သောခံစားချက်ကိုခံစားနေရလေသည်။ အထူးသဖြင့် အနောက်မှဆက်တိုက်ထွက်လာနေသောစကားပြောသံများကိုနားထောင်ရချိန်တွင် အထူးလက်ထောက်လင်းက အလွန်နူးညံ့မှုကိုခံစားရလေသည်။


"ပြဿနာအသေးစားလေးဆိုကတည်းက သိပ်မထိခိုက်ပါဘူး၊ နောက်တစ်ခါဖြစ်ရင် မင်းသွားနေစရာမလိုဘူး.."


"အခြေအနေကို ကျွန်တော်ကိုယ်တိုင် စစ်ဆေးကြည့်ပါ့မယ်.."


"ဟုတ်ပါပြီ၊ မင်းဦးစားပေးရမယ့်ကိစ္စကိုမသိရင် ကိုယ့်ကိုမေးပါ.."


"ခင်ဗျားလည်း ကျွန်တော့်ကို အချိန်ပိုမဆင်းစေချင်ဘူးပဲ.."


"အင်း၊ ကိုယ်ကမင်း.." ခဏမျှရပ်သွားခဲ့သည်။ "မင်းပင်ပန်းမှာစိုးလို့ပါ.."


အထူးလက်ထောက်လင်းမှာ ကားစတီယာတိုင်ကိုတင်းကျပ်စွာကိုင်ထားပြီး သူ့ကိုယ်သူကြိုးစား၍ထိန်းချုပ်ထားလိုက်သည်။ ထိုအခါမှ ကားစတီယာတိုင်က လက်ထဲမှချော်ထွက်မသွားမည်ဖြစ်၏။


မင်းပင်ပန်းမှာစိုးလို့ပါတဲ့လား..


အရင်းရှင်တစ်ယောက်က ယခုလိုစကားမျိုးကို တကယ်ကြီးပြောထွက်နိုင်သည်။


မစ္စတာဝမ်း.. သူ(လင်း) အခုအချိန်ပိုဆင်းနေရတယ်ဆိုတာကိုမှသိသေးရဲ့လား...


အမှန်အတိုင်းပြောရပါက သူ၏လစာက တိုင်းပြည်ထဲမှနယ်ပယ်တူအလုပ်များအားလုံး၏နှစ်ဆမကဘဲ အချိန်နှင့်အမျှ ဘောနပ်စ်ရနေသည်။


သို့မဟုတ်ပါက သူ သေချာပေါက်နှုတ်ထွက်သင့်နေပြီ။သူ့တွင် ပိုက်ဆံအမြောက်အများရှိသောကြောင့် ပင်ပန်းသည်ဟုမခံစားရပေ။


သို့သော် မစ္စတာဝမ်း၏စကားကြောင့် သူအံ့ဩသွားမိဆဲပင်။


သို့သော်လည်း ဤမှတ်ချက်က ဝန်ထမ်းငယ်လေးအတွက် အလွန်အသုံးဝင်သွားသလိုခံစားရစေလေသည်။


ကျောင်းယန်ယွိက စိတ်လှုပ်ရှားသွားပြီး ဝမ်းချန်ရှီးကိုကြည့်သည့်အချိန်တွင် သူ့မျက်လုံးများက အလင်းရောင်များဖြင့်ပြည့်နေခဲ့သည်။


သူ၏ညီအစ်ကိုကောင်းက သူ့ကိုစိုးရိမ်နေပြီး ယင်းက ကျောင်းယန်ယွိကို ပို၍ပင်အပြစ်ရှိစိတ်ဝင်သွားစေခဲ့သည်။


ကျောင်းယန်ယွိ: "တောင်းပန်ပါတယ်၊ ဒီညအတွက် ခင်ဗျားနဲ့လုပ်ထားတဲ့ကတိကိုတည်ဖို့ ကျွန်တော်မေ့သွားခဲ့တယ်.."


ဝမ်းချန်ရှီး: "ရပါတယ်၊ အလုပ်များနေရင် မေ့တတ်တာက ပုံမှန်ပါပဲ.."


ကျောင်းယန်ယွိ: "ဒါက ပုံမှန်မဟုတ်ဘူး.."


ဝမ်းချန်ရှီးက သူ့ဘေး၌ထိုင်နေသည့်လူကိုကြည့်လိုက်သည်။


ဆိပ်ကမ်းမှမြို့သို့အပြန်လမ်းပိုင်းမှာ ဆင်ခြေဖုံးထဲတွင်ရှိလေသည်။ လမ်းပေါ်တွင် ကားအများအပြားမရှိပေ။ လမ်းပေါ်ရှိကားအနည်းငယ်မှာ တိတ်ဆိတ်နေဟန်ရလေသည်။ လမ်းမီးတိုင်များမှာ ကားပြတင်းအပြင်တွင် တောက်ပနေခဲ့သည်။ တဆင့်ချင်းဖြတ်သန်းလာပြီးနောက် အလင်းနှင့်အရိပ်မှာ ကျောင်းယန်ယွိ၏မျက်နှာပေါ်သို့ကျနေကာ သူ့ကိုပင် မျက်စိကန်းသွားစေသည်။ သူ့မျက်နှာပေါ်မှ ရှုပ်ထွေးနေသောခံစားချက်များမှာ ပိုမိုကြီးမားလာခဲ့သည်။


ကျောင်းယန်ယွိ ဇဝေဇဝါဖြစ်နေသေးသည်။ သူက ထိတ်လန့်စွာဖြင့်ခေါင်းကို လုပ်ဆောင်ချက်နှေးနေသောကွန်ပျူတာတစ်လုံးနှယ် ပုတ်လိုက်သည်။ မတိုင်ခင်က ပုံမှန်မဟုတ်မှုက လုပ်ဆောင်ချက်နှေးကွေးသွား၍ဖြစ်ကြောင်း သူအမှတ်ရသွားပြီး နှစ်ချက်မျှတောက်လိုက်ရုံဖြင့် အဆင်ပြေသွားလေသည်။


ဝမ်းချန်ရှီးက မျက်လုံးထဲမှအပြုံးအနည်းငယ်ဖြင်ဘ နှုတ်ခမ်းကိုဖိလိုက်သည်။


ကျောင်းယန်ယွိမှာ တကယ်ကို နားမလည်ဖြစ်နေခဲ့သည်။ သူ တစ်ခါမှ မမေ့ခဲ့ဖူးပေ။ စီစဥ်ထားသည့်အရာအားလုံးကို သူမှတ်မိခဲ့သည်။ သူ့ဦးနှောက်က အလန်းပေးထားသောနာရီတစ်လုံးနှင့်တူသည်။ သူက တိကျသော အစီအစဥ်အမှတ်တစ်ခုကိုရောက်သည့်အခါ လုပ်ဆောင်ရမည့်အရာကို သဘာဝကျစွာဖြင့် အသိပေးခြင်းခံရလေသည်။


ဤတစ်ကြိမ်က သူမေ့သွားခဲ့သည့်ပထမဆုံးအကြိမ်ပင်ဖြစ်၏။


ကျောင်းယန်ယွိမှာ အနည်းငယ်မျှစိတ်ရှုပ်ထွေးနေခဲ့သည်။ ဒါက လူသားဦးနှောက်နှင့် ချစ်ပ်ပြားတစ်ပြားကြားက ကွာခြားချက်လား။


လူသားတစ်ယောက်က အလုပ်တစ်ခုကိုအာရုံစိုက်နေချိန်တွင် အနားမှအရာအားလုံးကို လျစ်လျူရှုထားကြသည်။


သို့သော် စက်များက ထိုသို့မဟုတ်ပေ။ စက်များက မာစတာဘရိန်းမှ အရာအားလုံးကိုစီစဥ်ပေးထားသောကြောင့် လုပ်ရမည့်ကိစ္စကို အသိပေးနေသေးသည်။ 


ဝမ်းချန်ရှီးက စိတ်ရှုပ်ထွေးနေသောဝန်ထမ်းငယ်လေးကို  ကြည့်လိုက်ပြီး တချိန်တည်းမှာပင် ကျိတ်ပျော်နေမိသည်။


တဖက်လူက နားမလည်နိုင်ဖြစ်နေလေ၊ ယနေ့ည၏တွေ့ဆုံမှုက အရေးကြီးလေပင်။


သို့တစေ မကြာမီမှာပင် ကျောင်းယန်ယွိ၏စိတ်ရှုပ်ထွေးမှုကို အခြားကိစ္စတစ်ခုက ဆွဲခေါ်သွားလေသည်။


သူက နာရီကို တစ်ချက်ကြည့်လိုက်ပြီး ၎င်းက "8:02" ဟုပြနေလေသည်။


ဝမ်းချန်ရှီး: "အင်း၊ ခုနက မင်းပြောလိုက်တာက ဘတ်စ်ကားဂိတ်ကနေပစ္စည်းယူရမယ့်အချိန်က နှစ်ဆယ့်လေးနာရီနော်.."


ကျောင်းယန်ယွိ: "ဟုတ်တယ်၊ အခု သွားယူလို့ရပြီလေ.."


ထို့နောက် သူက အချိန်ကိုငုံ့ကြည့်လိုက်သည်။ "8:03"


ဝမ်းချန်ရှီး: "?"


ကျောင်းယန်ယွိက မိနစ်တိုင်းတွင် နာရီပေါ်မှအချိန်ကိုကြည့်နေခဲ့သည်။


***


စာရေးသူတွင်ပြောစရာရှိပါသည်။


ဒီနေရာမှာ ရှန်းတုံဆိပ်ကမ်းရဲ့ဉာဏ်ရည်မြင့်စနစ်ကို သုံးထားတယ်နော်။


Spoiler~


ရှောင်းယွိမှာ OCD ရှိနေတယ်လို့သံသယရှိတယ်။ သူက ဒီတိုင်း ချစ်စရာကောင်းနေတာပါ။




❓️❓️❓️