2
Viewers 701

2


အပြစ်ပေးခန်းမကြီးရဲ့ အလယ်မှာ ငါထပ်ခါထပ်ခါ ဦးတိုက်အရိုအသေပြုနေခဲ့တယ်။ ငါ့သွေးတွေက ချွေ့ဖူလင်ရဲ့ စကပ်မှာပါ စွန်းထင်သွားတဲ့အထိပဲ။


"ဂိုဏ်းချုပ်တွေအားလုံးတိုင်ပင်ပြီးတော့ ချွေ့ဖူလင်ကို ဒီလင်ကျန့်ဂိုဏ်းကနေ နှင်ထုတ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ် မင်းကျေနပ်ရဲ့လား?"


အကြီးအကဲဟာ သူ့ရဲ့မုတ်ဆိတ်ရှည်တွေကို သပ်ရင်း လေးနက်စွာ ကြေညာလိုက်တယ်။


လင်ကျန့်ဂိုဏ်းက သူတို့ရဲ့ ဂုဏ်သိက္ခာကို အလေးအနက်ထားကြတာမို့ မသေမျိုးတွေကို အပြစ်မဲ့သတ်ဖြတ်တဲ့ကိစ္စကို မဖြေရှင်းရင် သူတို့ဂိုဏ်းရဲ့ နာမည်က သေချာပေါက်ပျက်စီးလိမ့်မယ်။


ငါရုတ်တရက် တောင့်တင်းသွားပြီး အမူအရာကင်းမဲ့စွာနဲ့ ခေါင်းကို မော့လိုက်တော့ ငါ့လည်ပင်းထဲကနေ သွေးညှီနံ့ တစ်ခုကဆန်တက်လာခဲ့တယ်။


မိသားစုငါးယောက်ရဲ့အသက်က... သူမအတွက်တော့ ဂိုဏ်းကနေ ထုတ်ပယ်ခံရရုံလောက်ပဲ တန်တာလား?


ငါစကားမပြောနိုင်ခင်မှာပဲ ငါ့ဘေးမှာရှိတဲ့ ချွေ့ဖူလင်က စတင်ငိုကြွေးတော့တယ်။


သူမရဲ့ မျက်လုံးတွေက တောင်စဉ်မရဖြစ်လာပြီး ကြမ်းပြင်ပေါ်ကို ပြင်းထန်စွာနဲ့ ဦးတိုက်အရိုအသေပြုလာခဲ့တယ်။


"ဂိုဏ်းချုပ် ဒီတပည့်မက လင်ကျန်းဂိုဏ်းမှာ ကြီးပြင်းလာခဲ့ရတာပါ... တကယ်လို့ဒီကနေထွက်သွားရမယ်ဆိုရင် တပည့်ကို ဒီနေရာမှာပဲ သတ်လိုက်တာပိုကောင်းပါလိမ့်မယ်..."


အားနည်းနေတဲ့ ငါ့ခန္ဓာကိုယ်ထဲကို ရုတ်တရက်အားအင်တစ်ခုက စီးဝင်လာသလိုခံစားလိုက်ရတယ်။


သူမ ပြောတာမှန်တယ်လို့ ငါထင်တယ် သူမက အဲ့ဒီနေရာမှာပဲ သေသွားသင့်တာ။

ငါ့ရဲ့ ဝတ်ရုံလက်ထဲက သံကြေးတက်နေတဲ့ ဓားမြောင်က စိတ်အားထက်သန်စွာနဲ့ လှုပ်ယမ်းနေသလိုပဲ။


ဒါပေမဲ့လည်း ငါ့လက်ကို မမြှောက်နိုင်လိုက်ခင်မှာပဲ ကြမ်းတမ်းစွာ ဖိနှိပ်ခြင်းကို ခံလိုက်ရတယ်။


ပြီးတော့ ငါ့ရဲ့ လက်ကောက်ဝတ်ဆီကနေ စူးခနဲ နာကျင်မှုကို ခံစားရပြီး အရွတ်ရော အရိုးပါ ကျိုးကြေသွားခဲ့ပြီး သွေးတွေ စီးကျလာခဲ့တယ်။


စင်ပေါ်မှာရှိတဲ့ ဂိုဏ်းချုပ်က သူ့လက်ကို တည်ငြိမ်စွာနဲ့ ပြန်ရုတ်လိုက်ပြီး သူ့မျက်စိရှေ့မှာ ကြီးပြင်းလာတဲ့ ချွေ့ဖူလင်ကို ကြည့်တဲ့ အကြည့်များထဲမှာတော့ စာနာသနားမှုတွေ ပါ၀င်နေတယ်။


ဒါပေမဲ့ ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကသာ အဓိကဖြစ်လေတယ်။


"ဘာမှဆက်ဆွေးနွေးဖို့မလိုဘူး ဖူလင် မင်းထွက်သွားလို့ရပြီ"